1026 - 1030

219 6 0
                                    

စစ်ဧကရာဇ်(Chapter:1026)
(ကျန်းဘုရားကျောင်း)
..................................
     ဘုရားကျောင်း တံခါးကို ဖြတ်ကျော်ပြီးနောက် အစိမ်းရောင်အဆောက်အဦတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းကို အဖြူရောင် အုပ်ကြွပ်ပြားတွေနဲ့ အုပ်မိုးထားသည်။ အနီးအနားမှာလည်း သစ်ပင်တွေအများအပြား ရှိနေပြီး လေတစ်ချက်ဝေ့တိုင်းမှာ သစ်ရွက်တွေက တစ်ဖြုတ်ဖြုတ် ကြေွကျနေခဲ့ကြသည်။ လက်ရှိမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ဒီနေရာက တိတ်ဆိတ်ငြိမ်ချမ်းတဲ့ နေရာတစ်ခုမှန်း သိသာစေသည်။

     ထိုစဉ် သံစဉ်တစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် ဝေါ်လုံရွှမ်က ထိုနေရာကို လှမ်းကြည့်သည်။ ဤတွင် ဘုန်းကြီးတစ်ပါးကို တွေ့လိုက်ရသည်။ ထူးဆန်းတဲ့ သံစဉ်က မြေပြင်ပေါ်ရှိ သစ်ရွက်တွေကို အလိုအလျောက် ရှင်းလင်းသွားစေခဲ့သည်။ ဒီဘုန်းကြီးသည် အသက် ၂ဝ အရွယ် ရှိပြီး ချောမောတဲ့ သွင်ပြင် ရှိသည်။

     "ဟိုင်ခို့ထျန်း ..."ဝေါ်လုံရွှမ်ရဲ့ အံ့အားသင့်သံ ထွက်လာခဲ့သည်။ ဤဟိုင်ခို့ထျန်းဆိုသူသည် ဘုန်းကြီးတစ်ပါးသဖွယ် အမှန်တကယ် ပြောင်းလဲသွားခဲ့တာလား ...။ ဒီမြင်ကွင်းက သူမကို အလွန် အံ့အားသင့်စေခဲ့သည်။

     အမှန်ပင် ဟိုင်ခို့ထျန်းက သူမကို ဆွံ့အ တုန်လှုပ်စေခဲ့သည်။ သူမသည် မြောက်ပိုင်း ပင်လယ်ဒေသရဲ့ တောက်ပတဲ့ ပါရမီရှင်တစ်ဦး ဖြစ်သည်။ သို့သော် ဟိုင်ခို့ထျန်းဆိုသူရဲ့ ရှေ့မှောက်မှာတော့ သူမသည် ဘာမှ မဟုတ်တော့ပေ။

     "ဘုရားကျောင်း ၁၈ခု၊ ဒါက စမ်းသပ်မှုတစ်ခုပဲ ... ဒါကို ကျော်ဖြတ်ဖို့ မြင့်မားတဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းတွေ လိုအပ်တယ်၊ နာလန္ဒာရဲ့ တပည့်တစ်ယောက်ဖြစ်ချင်ရင်တော့ ဒီထက် ပိုပြီး ကြိုးစားဖို့လိုတယ်၊ နှစ်ပေါင်းများစွာ မလေ့ကျင့်ထားပဲနဲ့ ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး ..."လီကွမ်ရီက ဟိုင်ခို့ထျန်းဆိုသူကို တစ်ချက်ကြည့်ရင်း ဝေါ်လုံရွှမ်ကို တီးတိုး ရှင်းပြလိုက်သည်။

     ရှုတ်ပွနေတဲ့ သစ်ရွက်တွေအားလုံး ရှင်းလင်းသွားချိန်မှာတော့ ဝေါ်လုံရွှမ်မှာ ပို၍ပင် ထိတ်လန့်သွားရပြန်သည်။ သူမသည် ဟိုင်ခို့ထျန်းကို ယခင်က ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ဖူးသည်။ ဒါ့အပြင် ဟိုင်ခို့ထျန်းအကြောင်းကို သိသင့်သလောက် သိပြီး ဖြစ်သည်။ သူမတို့ နှစ်ယောက်ကို သူငယ်ချင်းတွေအဖြစ်ပင် သတ်မှတ်နိုင်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးHikayelerin yaşadığı yer. Şimdi keşfedin