စစ်ဧကရာဇ်(Chapter:1276)
(အနိုင်ယူမရသည့်စစ်တပ်)
.........................................
တုံထင်ရေကန်ဧရိယာတစ်ခုလုံး တိတ်ဆိတ်နေခဲ့၏။ အများစုမှာ သွေးငါးမန်းဘိုးဘေးကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေကြသည်။ ပင်လယ်နတ်ဘုရားတစ်ပါး မဖြစ်ခဲ့သော်လည်း သွေးငါးမန်းဘိုးဘေး၏ အင်အားကို မည်သူမှ အထင်မသေးရဲကြပေ။"ပင်လယ်နတ်ဘုရား အတုပဲ၊ တုံထင်ရေကန်ကို လာပြီး ဝင့်ကြွားရဲနေတာလား ..."လီကွမ်ရီက သွေးငါးမန်းဘိုးဘေးကို အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
"မင်းလိုလူ မပြောနဲ့၊ ပင်လယ်နတ်ဘုရားအစစ် ရောက်လာရင်တောင် သူ့ကို သတ်ပစ်မယ်"ထိုစကားက အားလုံးကို ကြက်သေသေစေခဲ့သည်။ ပင်လယ်နတ်ဘုရားကို သတ်မည်ဟု ကြွေးကြော်ရဲခြင်း ...။ ထိုသို့သော စကားမျိုးကို လီကွမ်ရီလို လူငယ်မျိုးဆက်တွေ မဆိုထားနှင့် နတ်ဘုရားသခင်အဆင့်တွေပင် မပြောရဲကြပေ။
သွေးငါးမန်းဘိုးဘေးမှာ ဒေါသထွက်သွားရတော့၏။ သူ့တစ်ကိုယ်လုံးရှိ သွေးတွေ ဆူပွက်လာခဲ့သည်။ သူသည် ပင်လယ်နတ်ဘုရား မဟုတ်လျှင်တောင်မှ လူတိုင်း ဖြုံရလောက်သည့် အင်အားမျိုးရှိ၏။ ဝိညာဉ်ကမ္ဘာတစ်ခုလုံးက သူ့ကို ကြောက်ရွံ့လေးစားကြရသည်။ ယခုမူကား လူငယ်လေးတစ်ယောက်က အထင်အမြင်သေးဟန်ဖြင့် စော်ကားနေခဲ့၏။ အဘယ်မှာ ဒေါသကို ချုပ်တည်းနိုင်တော့မည်နည်း။
"အရူးကောင် ..."သွေးငါးမန်းဘိုးဘေးက သွေးဆာနေသည့် အကြည့်တွေဖြင့် ကြည့်လိုက်သည်။ ကြယ်နှစ်စင်းအလား စူးရှလင်းလက်နေသည့် မျက်လုံးတွေက မြင်သူတကာကို ကျောချမ်းစေခဲ့၏။ ထို့ပြင် သတ်ဖြတ်ချင်သည့် အငွေ့အသက်တွေကလည်း လေထုကို တဖြည်းဖြည်း တင်းမာလာစေခဲ့သည်။
"မင်းကို သတ်ပြီးတာနဲ့ တုံထင်ရေကန်ကို ဖျက်ဆီးပစ်မယ်၊ မနက်ဖြန်နေထွက်တာနဲ့ တုံထင်ရေကန်ဆိုတာ မရှိတော့ဘူး ..."သွေးငါးမန်းဘိုးဘေးက အေးစက်စွာ ပြောလိုက်သည်။ ရေခဲသည်ပင် သူ့အသံလောက် အေးစက်မည်မထင်ချေ။
ဝုန်း ... "သွေးငါးမန်းဘိုးဘေး၏ ခန္ဓာကိုယ်မှ တောက်ပသည့် ရောင်ဝါတွေ ထွက်ပေါ်လာခဲ့သည်။ အကန့်အသတ်မဲ့သည့် အလင်းရောင်တွေက မိစ္ဆာနဂါးပင်လယ်ဒေသကို အချိန်တိုအတွင်း လွှမ်းခြုံသွားခဲ့သည်။ တစ်ချိန်ထဲမှာပင် သူ့အနောက်၌ ဧရာမ သွေးအိုင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုသွေးအိုင်အတွင်း လှည့်ပတ်ကူးခတ်နေသည့် ဧရာမငါးမန်းတစ်ကောင် ရှိနေခြင်းပင်။ ငါးမန်းကြောင့် မိုင်ထောင်ချီ မြင့်မားသည့် လှိုင်းလုံးတွေ ဖြစ်ပေါ်လာခဲ့၏။ အားလုံးကို သွေးပျက်စေသည်မှာ ငါးမန်း၏ ကြီးမားခိုင်ခံ့သည့် မေးရိုးတွေ ဖြစ်၏။ သူ့ပါးစပ်ကို ဟလိုက်ပါက တုံထင်ရေကန်တစ်ခုလုံးကို မျိုချနိုင်သည်ဟု ထင်ရသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...