1301 - 1305

113 3 0
                                    

စစ်ဧကရာဇ်(Chapter:1301)
(လှေတစ်စင်းကို ငှားရမ်းခြင်း)
.............................................
     အရိုးသခင်သည် လီကွမ်ရီကို ကြည့်ပြီး ငြိမ်သက်သွားခဲ့ရ၏။ သူ့အမှားတွေကို လီကွမ်ရီက ဖော်ထုတ်လာခဲ့၍ အောင့်သက်သက် ဖြစ်နေခဲ့ရ၏။ နောက်ဆုံးတွင် သူက ရယ်ကျဲကျဲ လုပ်ပြီး ပြန်ပြောသည်။
     "ဟားဟား ... အဲ့ဒီအဖြစ်အပျက်တွေက အရမ်းကြာနေပြီဆိုတော့ ငါမမှတ်မိတော့ပါဘူး ..."

      အရိုးသခင်သည် ခေတ္တမျှ တိတ်ဆိတ်နေခဲ့၏။ ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဖြည်းဖြည်းချင်း ဆက်ပြောသည်။
     "အခု ငါကြုံနေရတာတွေက ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်သလဲဆိုတာ မင်းလည်း သိပါတယ်၊ ဘဝသက်တမ်းတစ်ဝက်လောက်ကို ဒီနေရာမှာ ပိတ်လှောင်ခံထားရတာလေ ... ရတနာတွေ အများကြီး ရှိနေရင်တောင် အဲ့အချိန်တွေအတွင်း ငါသုံးလို့ ကုန်ပြီပေါ့ ..."

      "ဟေ့ ... ငါ့ကို လှည့်စားဖို့ ကြိုးစားမနေနဲ့"လီကွမ်ရီက စိတ်ပျက်နေဟန်ဖြင့် ခေါင်းကို ခါလိုက်သည်။
     "ဘယ်လို ရတနာမျိုး ငှားချင်တယ်လို့တောင် မပြောရသေးဘူးလေ ... မင်းက ကြိုပြီး ညည်းပြနေရသလား ..."

      "မြင့်မြတ်တဲ့အရှင်၊ ငါ့ဘက်ကိုလည်း ငဲ့ကြည့်ပေးပါဦး ..."အရိုးသခင်က အသနားခံသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ လီကွမ်ရီလိုချင်သည့် ရတနာကို သူသိသည်။ ထိုပစ္စည်းသည် သူ့အတွက်လည်း အသက်တမျှ အရေးကြီးသည်။

      "ဟမ် ... ငါက အပိုင်မယူပါဘူး၊ သုံးပြီးတာနဲ့ ချက်ချင်း ပြန်ပေးမှာပါ ..."

      "မဟုတ်ဘူးလေ၊ ငါ မငှားပေးချင်လို့ မဟုတ်ပါဘူး ..."အရိုးသခင်က သက်ပြင်းရှည်ကြီးချပြီး ဆက်ပြောသည်။
     "အဲ့ဒီလှေက ငါ့အတွက် အသက်တမျှ အရေးကြီးတာ၊ ပြီးတော့ တစ်ကြိမ် အသုံးပြုပြီးရင် စွမ်းအားပြန်ဖြည့်ဖို့ အချိန်လိုတယ်လေ ... မင်းကို ငှားပေးလိုက်ရင် ငါလိုအပ်တဲ့အချိန်ကျ သုံးဖို့ အဆင်သင့် မဖြစ်တော့ဘူးလေ ..."

      "ငါနားလည်ပါတယ် ..."လီကွမ်ရီက ခေါင်းညိတ်ပြသည်။
     "တခြားရွေးချယ်စရာ မရှိလို့ မင်းရဲ့လှေကို ငှားရတာပါ၊ မဟုတ်ရင် လာမငှားပါဘူး၊ အရမ်းကြီး စိတ်မပူနဲ့ ... အဲ့ဒီလှေကို အချိန်ပြည့် မသုံးပါဘူး၊ နောက်ဆုံး ပန်းတိုင်ကို ရောက္မှ ဒီလှေကို အသုံးပြုမှာပါ ..."

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now