စစ်ဧကရာဇ်(Chapter:1601)
(မဟာဘိုးဘေးယု)
..........................
ဘိုးဘေးယုကိုယ်တိုင်ပင် အချိန်အတော်ကြာသည်အထိ ငြိမ်သက်နေမိသည်။ ပြီးမှ တပည့်တွေကိုကြည့်ကာ အလေးအနက် ပြောသည်။
"လောလောဆယ် ဘယ်သူမှ အပြင်မထွက်ရဘူး၊ အခု မဟာဘိုးဘေးနဲ့ သွားတွေ့လိုက်ဦးမယ်"တပည့်အားလုံးမှာ တုန်လှုပ်သွားကြရသည်။ ဘိုးဘေးယုသည် အရေးကြီးကိစ္စမဟုတ်ဘဲ မဟာဘိုးဘေးနှင့် တွေ့ဆုံမည်မဟုတ်ပေ။
နောက်ဆုံးတွင် ဘိုးဘေးယုက စံအိမ်၏ အနက်ရှိုင်းဆုံးနေရာအထိ သွားသည်။ သူ၏ အဝတ်အစားများကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်သည်။ ပြီးမှ အိမ်တံခါးအရှေ့ ဒူးထောက်လိုက်ပြီး ...
"အဘိုးရဲ့မြေး လာနှုတ်ဆက်တာပါ""အထဲဝင်ခဲ့ပါ"အတွင်းမှ အားပြင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဘိုးဘေးယုက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အဆောက်အဦအတွင်း ဝင်သွားလိုက်သည်။ အတွင်းမှာတော့ ကောက်ရိုးဖြာတစ်ချပ်ပေါ် ထိုင်နေသည့် အဘိုးအိုတစ်ယောက် ရှိနေသည်။
အဘိုးအိုသည် အရပ်မြင့်သည်။ ချည်သားဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်တုံးကဲ့သို့ တည့်မတ်စွာ ထိုင်နေသည်။ သူ၏ ဆံပင်များမှာမူ လွန်စွာ ဖြူဖွေးနေပြီဖြစ်၏။
ထိုအဘိုးအိုကား ယုအိမ်တော်၏ မဟာဘိုးဘေးဖြစ်သည်။ ယုမိသားစု၏ နောက်ဆုံးမျိုးဆက်များမှာ သူ၏အမည်ကို မသိကြချေ။ သူသည် ယုထိုက်ကျွင်း၏ တစ်ဦးတည်းသောသားဖြစ်သည်။
ဤအဘိုးအိုသည် လွန်စွာ အစွမ်းထက်သည်။ ကိုးကမ္ဘာနတ်ဘုရားသခင်အဆင့်၌ ရှိပြီး ယုအိမ်တော်၏ ဒုတိယမြောက် နတ်ဘုရားသခင် ဖြစ်သည်။
တစ်ချိန်က ယုအိမ်တော်တွင် နတ်ဘုရားသခင်အဆင့် ငါးယောက်ရှိသည်။ ဧကရာဇ်ပြိုင်ဘက်အဆင့်ဖြစ်သည့် ယုထိုက်ကျွင်း၏ ခင်ပွန်းသည်လည်း ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားသခင်အဆင့်တစ်ယောက် ဖြစ်သည်။
နောက်တစ်ယောက်ကတော့ ယုဘိုးဘေး၏အဖေ၊ သို့မဟုတ် မဟာဘိုးဘေးယု၏ သားဖြစ်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...