1091 - 1095

164 5 0
                                    

စစ်ဧကရာဇ်(Chapter:1091)
(သက်တော်ရှည်သစ်ပင်ကို ကုသခြင်း)
..........................................................
     ထာဝရအသက်ဟူသည့် စကားကို စဉ်းစားရင်း လီရှောင်းရန်အပါအဝင် မိန်းကလေးအားလုံးမှာ ငြိမ်သက်နေမိကြသည်။ သူတို့အားလုံးက အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ဖြစ်သည်။ အိုမင်းရင့်ရော်ခြင်းနှင့် ပတ်သက်ပြီး အရမ်းစိုးရိမ်နေစရာ မလိုပေ။ အနည်းဆုံး နှစ်ပေါင်း ၅သောင်းအထိ ကောင်းကောင်းမွန်မွန် ရှင်သန်လို့ရသည်။ ဒါကြောင့် ထာဝရအသက်ဟူသည့်အရာကို အရမ်းကြီး မက်မက်မောမောတော့ မဖြစ်မိကြပေ။

     အားနည်းတဲ့ ကျင့်ကြံသူတွေမှာမူ အသက်မရှည်ကြပေ။ အထူးသဖြင့် အထွတ်အထိပ်ကို မရောက်နိုင်သူတွေအတွက် အသက်ရှည်ရှည်နေရဖို့က အခွင့်အရေးတစ်ခုသာ ရှိသည်။ ၎င်းက ထာဝရအသက်ကို ရအောင်လုပ်ဖို့ ဖြစ်သည်။

     "ကောင်းပြီ၊ အလုပ်လုပ်ကြရအောင် ..."နောက်ဆုံးမှာတော့ လီကွမ်ရီက အလေးအနက် ပြောလိုက်သည်။
     "သက်တော်ရှည်သစ်ပင်ကို ကယ်တင်ပေးဖို့ လိုတယ်"

     "ဒါ ... ဒါက ဖြစ်နိုင်ပါ့မလား ..."လီရှောင်းရန်က ကျိုးနေတဲ့ သစ်ပင်အိုကြီးကို ကြည့်လိုက်သည်။ သူမရဲ့ အမြင်အရဆိုပါက ဒီသစ်ပင်ကို ရှင်သန်အောင်လုပ်ဖို့မှာ မဖြစ်နိုင်တော့ပေ။

     "အသက်ကယ်ရေစင်သာ မရှိရင် အပင်ကို ရှင်သန်အောင် လုပ်ဖို့ အရမ်းခက်ခဲလိမ့်မယ်"လီကွမ်ရီက ခေါင်းတစ်ချက် ညိတ်ပြသည်။
     "ဒါပေမယ့် အခု ငါ့လက်ထဲမှာ အသက်ကယ်ရေစင် ရှိနေပြီလေ"

     မိန်းကလေး လေးယောက်လုံးက ဘာမှ ပြန်မပြောတော့ပေ။ သူတို့က လီကွမ်ရီရဲ့ စေခိုင်းချက်မပါဘဲ လူကောင် သေးကွေးတဲ့ အဘိုးအိုရဲ့ အလောင်းကို မြေမြုပ်သင်္ဂြိုဟ်ပေးလိုက်သည်။ ပြီးနောက် အမည်မပါတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူပေးလိုက်ကြသည်။ သူတို့အားလုံးက အဘိုးအိုရဲ့ အမည်၊ ဒါမှမဟုတ် ဇာစ်မြစ်ကို မသိကြပေ။

     သို့သော် မှတ်တိုင်စိုက်ထူပြီးနောက်မှာတော့ လီကွမ်ရီက ဗလာဖြစ်နေတဲ့ နေရာ၌ စာလုံးအချို့ကို ရေးလိုက်သည်။ ယင်းက ယန္တရားကမ္ဘာရဲ့ သခင် ...

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now