စစ်ဧကရာဇ်(Chapter:1156)
(ဝိညာဉ်ကမ္ဘာပေါ် ခြေချခြင်း)
.............................................
ဝိညာဉ်ကမ္ဘာက ပင်လယ်သမုဒ္ဒရာတွေ ပေါများတဲ့ ကမ္ဘာတစ်ခု ဖြစ်သည်။ အချို့သော သမုဒ္ဒယာတွေဆိုလျှင် အခြားတစ်ဖက်ကမ်းကိုပင် မမြင်တွေ့ရပေ။ရှေးယခင်ကတည်းက လူကြိုက်များတဲ့ စာဆိုတစ်ခု ရှိခဲ့သည်။ အကယ်၍ သင်သာ ပင်လယ် သမုဒ္ဒရာတွေကို ကြည့်လိုပါက ဝိညာဉ်ကမ္ဘာသို့ လာပါဟူ၍ ဖြစ်သည်။ ဤစကားစုသည် ဝိညာဉ်ကမ္ဘာရဲ့ အမှတ်သညာဖြစ်သည်။ အခြားကမ္ဘာတွေ၌ ပင်လယ်၊ သမုဒ္ဒရာတွေ ရှိကြသော်လည်း ဝိညာဉ်ကမ္ဘာနဲ့ ယှဉ်လျှင်တော့ ဘာမှမဟုတ်တော့ပေ။
ဒီကမ္ဘာပေါ်တွင် မည်သည့်အရပ်မျက်နှာသို့ သွားသည်ဖြစ်စေ ရေနှင့် မလွတ်ကင်းပေ။ ဒီရေလှိုင်းများသည် ကောင်းကင်ထက်တိုင် မြင့်တက်နေကြသည်။ မိုင်ပေါင်းများစွာ ကျယ်ပြန့်တဲ့ သမုဒ္ဒယာရဲ့ အောက်ခြေမှာလည်း သန့်စင်ကျောက်တုန်းများစွာ ရှိနေသည်ကို တွေ့ရသည်။
ဝိညာဉ်ကမ္ဘာသို့ လာကြပါ၊ တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းများစွာကို မြင်နိုင်လိမ့်မည်ဟူ၏။ ဒီစကားက မမှားပေ။ ဒီကမ္ဘာပေါ်တွင် ရှိသမျှအရာအားလုံးက အခြားကမ္ဘာတွေနဲ့ များစွာ ကွဲပြားနေခဲ့သည်။
ဥပမာအားဖြင့် အချို့သော သမုဒ္ဒရာတွေသည် အလယ်မှ အက်ကွဲနေကြသည်။ ပို၍ ထူးဆန်းသည်မှာ နှစ်ဖက်စလုံးမှ ရေတွေက အက်ကွဲကြောင်းထဲ စီးကျနေခဲ့ကြသည်။
သမုဒ္ဒရာအတွင်းတွင် လွန်စွာ မြင့်မားတဲ့ ကျွန်းစုအများအပြားလည်း ရှိနေကြသည်။ အမှတ်တမဲ့သာ ကြည့်လိုက်က ထိုကျွန်းစုတွေအားလုံးမှာ ရေပြင်ထက် များစွာ မြင့်မားနေ၍ လေပေါ်ပျံဝဲနေသည်ဟုပင် ထင်မှတ်မှားရသည်။
နောက်ထပ်တွေ့ရသည့် ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုမှာမူ သမုဒ္ဒရာအတွင်း မတူညီတဲ့ လမ်းကြောင်းတွေ ရှိနေခြင်း ဖြစ်သည်။ ဒီလမ်းကြောင်းတွေကို ရေပေါ်လမ်းဟု ခေါ်ဆိုနိုင်သည်။ လမ်းအားလုံးကို ကျောက်တုန်းတွေနဲ့ ပြုလုပ်ထားသည်။ မည်သူမဆို ဒီလမ်းတွေကို အသုံးပြုပြီး ပင်လယ်အတွင်း အလိုရှိသည့်နေရာသို့ သွားနိုင်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...