စစ်ဧကရာဇ်(Chapter:1181)
(ထန့်ကျိဝမ်ရဲ့ အရည်အချင်း)
.............................................
လီကွမ်ရီရဲ့ အားမနာတမ်း ဝေဖန်မှုတွေက ထန့်ကျိဝမ်ရဲ့အရှိုက်ကို ပြင်းပြင်းထန်ထန် ထိုးနက်နေခဲ့သည်။ ဒီစကားတွေက စပျစ်ရဲတိုက်ရဲ့ အသုံးမကျမှုတွေကို ထင်ဟပ်စေခဲ့သည်။"ဟုတ်ပါတယ်၊ ငါတို့က ဘိုးဘေးစပျစ်အုပ်ထိန်းသူအတွက် အမှိုက်တွေ၊ ကပ်ပါးကောင်တွေပါပဲ"နောက်ဆုံးမှာတော့ ထန့်ကျိဝမ်က အားလျော့နွမ်းလျနေဟန်ဖြင့် ဝန်ခံလိုက်သည်။
လီကွမ်ရီက ထန့်ကျိဝမ်ရဲ့ စကားကြောင့် ရယ်မောလိုက်သည်။
"မင်းဆီမှာ အခွင့်အရေးတစ်ခု ရှိပါတယ်၊ စိတ်ဓာတ်မကျပါနဲ့၊ လူအိုကြီးတွေကို စည်းရုံးပြီး စပျစ်အုပ်ထိန်းသူရဲ့ မျိုးဆက်ဖြစ်ဖို့ အရည်ရှိကြောင်း သက်သေပြပါ"ထန့်ကျိဝမ်က အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
"ဆရာ၊ ငါ့ကို စောင့်နေပါ၊ နှစ်ရက်အတွင်း ဆရာလိုချင်တဲ့ အဖြေကို ပြန်ပေးမယ်"ထန့်ကျိဝမ်က စကားဆုံးသည်နှင့် လှည့်ထွက်သွားခဲ့သည်။
လီကွမ်ရီမှာမူ ပြုံးရုံသာ ပြုံးပြီး ဘာမှ ပြန်မပြောပေ။ ထန့်ကျိဝမ် အောင်မြင်သည်ပဲဖြစ်ဖြစ်၊ ကျရှုံးသည်ပဲဖြစ်ဖြစ် သူဂရုမစိုက်ပေ။ အချိန်တန်လျှင်တော့ နတ်ဘူးသီးခြောက်ကို ရယူသွားမည်သာ ဖြစ်သည်။
ထန့်ကျိဝမ် ထွက်သွားပြီးနောက် အဆောက်အဦလေးက တိတ်ဆိတ်သွားခဲ့သည်။ ထိုအတောအတွင်း လီကွမ်ရီကို ဖမ်းဆီးဖို့ မည်သည့်တပည့်မှ ရောက်မလာခဲ့ပေ။ ကြည့်ရသည်မှာ ဟောက်ယွီကျန်းက သူ့ကို ဖမ်းဆီးဖို့ ဘိုးဘေးတွေဆီ သွားရောက်တိုင်တန်းခဲ့ပုံ မရှိပေ။
အချိန်နှစ်ရက် ပြည့်ခါနီး နောက်ဆုံးနေ့ ညနေခင်းမှာတော့ ထန့်ကျိဝမ်က အလျင်အမြန် ပြန်ရောက်လာခဲ့သည်။ သူ့ရဲ့ မျက်နှာထက်မှာလည်း အပြုံးပန်းတွေ ဝေဆာနေခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းပြီး လီကွမ်ရီကို ကြည့်လိုက်သည်။
"ဆရာ၊ မဟာဘိုးဘေးတွေက သဘောတူတယ်တဲ့၊ စပျစ်အုပ်ထိန်းသူရဲ့ ကပ်ဘေးဆိုးကို ဖယ်ရှားနိုင်တာနဲ့ နတ်ဘူးသီးခြောက်ကို ပေးမယ်လို့ ပြောခဲ့တယ်"
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...