စစ်ဧကရာဇ်(Chapter:1406)
(နတ်ရှုံးတောင်)
.....................
လီကွမ်ရီသည် တာအိုဂိတ်တံခါးတစ်ခုကို ဖန်တီးလိုက်သည်။ ပြီးနောက် အတွင်းသို့ဝင်ပြီး နတ်ရှုံးတောင်သို့ သွားလိုက်သည်။ တာအိုဂိတ်တံခါးအတွင်း ဝင်ပြီးနောက် ပြင်းထန်သော လေထုဖိအားတစ်ခုက သူ့အပေါ် ကျဆင်းလာခဲ့သည်။နတ်ရှုံးတောင်သည် သေမျိုးများသာမက ကျင့်ကြံသူတွေနှင့်ပါ မသက်ဆိုင်သည့် နေရာတစ်ခုဟု ယေဘုယျအားဖြင့် သတ်မှတ်နိုင်သည်။ သို့သော် နတ်ရှုံးတောင်ကို ဖုန်းဆိုးတောတစ်ခုဟု အထင်မမှားသင့်ပေ။ နတ်ရှုံးတောင်သည် သစ်ပင်တောတောင်များဖြင့် စိမ်းလန်းနေသည့်အပြင် ရတနာများစွာရှိသော နေရာတစ်ခုဖြစ်သည်။
မှတ်တမ်းများအရ ဝိညာဥ်ကမ္ဘာ၏ ဆေးဖက်ဝင်အပင်နှင့် ဆေးဖက်ဝင်မြက်အများစုသည် နတ်ရှုံးတောင်မှထွက်သည်ဟု ယူဆနိုင်သည်။ ထို့ပြင် ရှားပါးသတ္တုများစွာလည်း ရှိသည်။
ထိုမျှသာမက သဘာဝတောရိုင်းကောင်များဖြစ်သည့် သမင်အစရှိသော ကုန်းနေသတ္တဝါများနှင့် လင်ယုန်ငှက်လို ကောင်းကင်သားရဲများလည်း ရှိသည်။ ထို့ပြင် အခြားသော သက်ရှိသတ္တဝါတွေကိုလည်း တွေ့ရနိုင်သည်။ ထို့ကြောင့် နတ်ရှုံးတောင်ကို ကျင့်ကြံသူတွေ အခြေချနေထိုင်သင့်သည့် နေရာတစ်ခုဟု ထင်မှတ်နိုင်ပေသည်။
ထို့ပြင် အကန့်အသတ်မရှိသော အသက်စွမ်းအားများက နတ်ရှုံးတောင်အနှံ့ ရှိနေကြသည်။ အသက်စွမ်းအားများက နတ်ရှုံးတောင် ဖြစ်တည်စဥ်မှစ၍ ယနေ့ထိတိုင် တစ်ခါမှမပျက်စီးဖူးသည့်အလား အားကောင်းသည်။ ဤနေရာရှိ ကမ္ဘာ့စွမ်းအင်များသည် အခြားနေရာများနှင့် လုံးဝမတူဘဲ သိပ်သည်းဆ ကြီးမားသည်။
"နေရာကောင်းတစ်ခုပဲ ..."လီကွမ်ရီက နတ်ရှုံးတောင်ကို တစ်ချက်ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။
"ဒီနေရာက ပြီးပြည့်စုံတဲ့နေရာတစ်ခုဆိုပေမယ့် အများစုက မနေရဲကြဘူး ... ဘယ်လောက်နှမျှောစရာကောင်းသလဲ ..."တကယ်တော့ ထိုသို့ယူဆသူမှာ လီကွမ်ရီတစ်ယောက်ထဲ မဟုတ်ပေ။ ဝိညာဥ်ကမ္ဘာတစ်ခုလုံး၏ ယူဆချက်ဖြစ်သည်။ ကျင့်ကြံသူများစွာသည် နတ်ရှုံးတောင်ကို ပိုင်ဆိုင်ချင်ကြသော်လည်း အခြေချနေထိုင်ဖို့ပင် မစွမ်းနိုင်ခဲ့ကြပေ။ အင်မော်တယ်ဧကရာဇ်များပင် နတ်ရှုံးတောင်ပေါ်၌ မနေချင်ကြပေ။ ခြွင်းချက်အနေနှင့် အင်မော်တယ်ဧကရာဇ်ပုစစ်တစ်ပါးသာ ဂိုဏ်းကို နတ်ရှုံးတောင်ပေါ်၌ အခြေစိုက်ထားခဲ့သည်။
CITEȘTI
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AventurăReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...