1521 - 1525

79 5 0
                                    

စစ်ဧကရာဇ်(Chapter:1521)
(ပြိုင်ဘက်ကင်းသူ)
...........................
     ဝုန်း ... ဝုန်း ... ဝုန်း ... ငါးယောက်သား အဆုံးစွန်သော အင်အားကို ထုတ်ဖော်ခဲ့ပြီး အမြင့်ဆုံးသော လက်နက်များကို အသုံးပြုခဲ့ကြသည်။

     နောက်ဆုံးတွင် လက်နက်များ၏အကူအညီဖြင့် ကိုယ်ပွားများကို နှိမ်နင်းနိုင်ခဲ့သည်။ အမှန်မှာ အနိုင်ရခဲ့သော်လည်း သူတို့အကြား ကွာဟချက်အနည်းငယ်သာ ရှိပေသည်။

     ဤနေရာ၌ မင်းနှစ်ပါးသားတော်က အားလုံးထက် ပိုသာသည်။ ဧကရာဇ်အဆင့် စစ်မှန်သော ရတနာလက်နက်များကို ပိုင်ဆိုင်ထား၍ အခြားသူတွေထက် အခြေအနေကောင်းသည်။ သူ၏လက်နက်က သစ်အုပ်ထိန်းသူ၏ တံဆိပ်နှင့် ပင်လယ်နတ်ဘုရားလက်နက်များထက် အစွမ်းထက်၍ ကိုယ်ပွားများကို ပိုမိုဖိနှိပ်နိုင်ခဲ့သည်။

     "အစ်ကို၊ ဒီဘက်လည်း ကူညီပါဦး၊ နောက်မှ အကြွေးပြန်ဆပ်မယ်"အမှောင်ရိပ်သခင်က အခြေအနေကို ရိပ်မိပြီး မင်းနှစ်ပါးသားတော်အား အကူအညီတောင်းလိုက်သည်။

     "ကျေးဇူးပြုပြီး ကူညီပေးဦး အစ်ကိုရေ၊ ဒီပြဿနာကြီးပြီးရင် မင်းကို ကျေးဇူးပြန်ဆပ်ပါ့မယ်"ချောင်းဝါးအင်မော်တယ်ကလည်း ပြောသည်။

     "ကောင်းပြီ"မင်းနှစ်ပါးသားတော်က ခေါင်းညိတ်ပြသည်။ ဤအချိန်၌ သူတို့သည် တစ်ခရီးထဲသွားများ ဖြစ်သည်။ လီကွမ်ရီကို သတ်နိုင်မှသာ အားလုံးလွတ်မြောက်နိုင်မည်ဖြစ်၍ အင်အားကို ထိန်ချန်ထားစရာ အကြောင်းမရှိချေ။

     ဝုန်း ... မင်းနှစ်ပါးသားတော်က သက်ရှည်သွေးကို မနှမျောတော့ဘဲ စစ်မှန်သောရတနာနှင့် ပေါင်းစပ်လိုက်သည်။ ထိုအခါ ကောင်းကင်ဖြိုခွင်းခြင်းအဆင့် တိုက်ပွဲစွမ်းအားများ ထွက်ပေါ်လာခဲ့၏။

     အရာအားလုံး ပြာဖြစ်သွားသည်။ လောကနိယာမအားလုံးလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရ၏။ ထို့ပြင် နတ်ဘုရားကမ်းပါး၏ သုံးပုံတစ်ပုံခန့်သည် အခိုးအငွေ့များဖြင့် ဖုံးအုပ်သွားခဲ့ရသည်။ ဤသည်ကား ကောင်းကင်ဖြိုခွင်းခြင်းအဆင့် တိုက်ပွဲတစ်ခု၏ စွမ်းအားဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora