စစ်ဧကရာဇ်(Chapter:1481)
(ဝတ်လုံဖြူစစ်သူကြီး)
...............................
ဝင်ပေါက်၌ အဖြူရောင်ဝတ် ယောက်ျားတစ်ဦး စောင့်ကြပ်နေသည်။ သူသည် သက်လတ်ပိုင်းအရွယ်ဖြစ်သည်။ သူ၏အင်အားကို လျှို့ဝှက်မထားဘဲ ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဝတ်ရုံက သပ်ရပ်ပြီး ရိုးရှင်းသည်။ အတော်လေး ကြည့်ကောင်းသည့် ရုပ်ရည်သွင်ပြင်ကိုလည်း ပိုင်ဆိုင်ထားသည်။အဖြူဝတ်ရုံသည် သူ၏ရောင်ဝါကို ပေါ်လွင်စေသည်မဟုတ်ဘဲ သူ၏ကိုယ်ရောင်ကိုယ်ဝါကသာ ဝတ်ရုံကို ပို၍ထင်ရှားနေစေသည်။ သူ၏အသွင်အပြင်က စစ်ဝတ်စုံဝတ်ထားသည့် စစ်သူကြီးတစ်ယောက်ဖြစ်၏။
ထိုသူက ဝင်ပေါက်အရှေ့၌ လှံကိုကိုင်ပြီး ဒူးထောက်လျက် ထိုင်နေသည်။ သူ၏ခန္ဓာကိုယ် တောင်တန်းတစ်ခုသဖွယ် ပြုမူပြီး ချိုင့်ဝှမ်းကို ပိတ်ဆို့ထားသည်။ ထို့ကြောင့် မည်သူမှ ခြေတစ်လှမ်းပင် မလှမ်းဝံ့ကြချေ။
ထိုသူကား မုန့်ကျန်းထျန်း၏ တပည့်တစ်ယောက်ဖြစ်ပြီး ဝိညာဥ်ကမ္ဘာ၌ အရှိန်အဝါ ကြီးမားသည်။ ငယ်ရွယ်စဉ်ကတည်းက မုန့်ကျန်းထျန်း၏နောက်သို့ လိုက်လာပြီး လေ့လာသင်ယူခဲ့သည်။ မုန့်ကျန်းထျန်းအတွက် သစ္စာရှိစွာဖြင့် အလုပ်လုပ်ပေးခဲ့သည်။ ထို့ကြောင့် မုန့်ကျန်းထျန်းက သူ့ကို ကောင်းကင်ဖြိုခွင်းသောတပ်တော်၏ တပ်မှူးတစ်ယောက်အဖြစ် ချီးမြင့်မြောက်စားခဲ့သည်။
သူ့ထံ၌ မြင့်မားသော အရည်အချင်းများ ရှိသည်။ ထို့အကြောင်းကြောင့်လည်း မုန့်ကျန်းထျန်း၏ တန်ဖိုးထားခြင်းကို ခံခဲ့ရခြင်းဖြစ်၏။ မုန့်ကျန်းထျန်း နာမည်ကျော်လာချိန်၌ သူသည်လည်း အထိုက်အလျောက် ထင်ရှားလာခဲ့သည်။
ကောလဟာလများအရ သူသည် အထွတ်အထိပ် နတ်ဘုရားသခင်အဆင့်၌ ရှိသည်။ သာမန်နတ်ဘုရားသခင်အဆင့်ထက် များစွာ အားကောင်းသည်။ ဤအဆင့်သည် မဟာတာအို၏ နောက်တစ်ဆင့်သို့ တက်လှမ်းရန်အတွက် လုပ်ဆောင်ရမည့်အဆင့်တစ်ခုဖြစ်၏။
အထွတ်အထိပ် နတ်ဘုရားသခင်အဆင့်သည် အင်မော်တယ်ဧကရာဇ်များအတွက် သီးသန့်အလုပ်လုပ်ပေးရမည့်သူမျိုး ဖြစ်သည်။ ထို့ပြင် သူသာ ကောင်းကင်လမ်းစဥ်ကို ရွေးချယ်ခဲ့လျှင် ဆရာဖြစ်သူ မုန့်ကျန်းထျန်းနှင့် အပြိုင်ဖြစ်လာနိုင်သည်။ မုန့်ကျန်းထျန်းလိုပင် အင်မော်တယ်ဧကရာဇ်ဖြစ်ရန် အခွင့်အရေးရှိလာနိုင်ပေသည်။
KAMU SEDANG MEMBACA
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
PertualanganReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...