စစ်ဧကရာဇ်(Chapter:1541)
(ထွက်ခွာချိန်)
...................
စစ်မှန်သော သိုင်းပင်လယ်နတ်ဘုရား၏ အသံကြောင့် လီကွမ်ရီက ရပ်လိုက်သည်။ ထို့နောက် နောက်ပြန်လှည့်မကြည့်ဘဲ ရယ်မောကာပြောသည်။
"ရူနန်လား၊ အခု သူအရမ်းပျော်နေပါတယ်၊ ဒီလိုသမီးလေးကို ပိုင်ဆိုင်ထားရလို့ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်"သူက အားလုံးကို အမှန်အတိုင်းမပြောခဲ့ပေ။ စစ်မှန်သော သိုင်းပင်လယ်နတ်ဘုရားသည် သူ၏သမီးကို ဝိညာဥ်ကမ္ဘာနှင့် အဝေးဆုံးနေရာအထိ ထွက်သွားစေချင်သည်။ ထို့ကြောင့်လည်း အဖိုးအခများစွာ အကုန်ခံပြီး ပင်လယ်နတ်ဆိုးမျိုးနွယ်နှင့် သွေးဆက်နွယ်မှုကို ဖြတ်တောက်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ရူနန်က ဖခင်၏ဆန္ဒအတိုင်း မလုပ်ခဲ့ချေ။ သူမသည် ဝိညာဥ်ကမ္ဘာ၌သာနေပြီး ကပ်ဘေးဆိုးကိုရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။ ဤသည်ကို လီကွမ်ရီကိုယ်တိုင်လည်း သဘောမကျပေ။ မည်သို့ပင်ဆိုစေကာမူ သူက ရူနန်၏ ရွေးချယ်မှုကို လေးစားမှုအပြည့်ပေးခဲ့သည်။
အမှန်ဆိုလျှင် ရူနန်သာ အင်မော်တယ်ဧကရာဇ်ဖြစ်လိုပါက သူကူညီပေးနိုင်သည်။ ကောင်းကင်ကိုးပါးအထက်သို့လည်း ခေါ်သွားပေးနိုင်သည်။ သို့သော် ရူနန်က ထိုအခွင့်အရေးအားလုံးကို ငြင်းပယ်ပြီး ဝိညာဥ်ကမ္ဘာအတွက် ကျန်ရှိနေရန် ရွေးချယ်ခဲ့သည်။
စစ်မှန်သော သိုင်းပင်လယ်နတ်ဘုရားက ရူနန်၏ ရွေးချယ်မှုကို မသိပေ။ လီကွမ်ရီကလည်း စိတ်မကောင်းဖြစ်မည်စိုး၍ ထိန်ချန်ထားလိုက်သည်။ ထို့ကြောင့် 'ထက်မြက်တဲ့သမီးတိုင်းရဲ့နောက်မှာ ဖခင်ကောင်းတစ်ယောက်ရှိတယ်'ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဤမှတ်ချက်သည် သားအဖနှစ်ယောက်လုံးကို ချီးကျူဖို့ထိုက်တန်ပေသည်။
နောက်ဆုံးတွင် သိုင်းခုနှစ်ပါးစံအိမ်သို့ ပြန်လာခဲ့ပြီး မြင့်မြတ်သောဘိုးဘေး၏ သက်တမ်းကို ဖြည့်ဆည်းပေးရန်အတွက် ပြင်ဆင်ခဲ့သည်။ သိုင်းခုနှစ်ပါးစံအိမ်က လိုအပ်သည့် ဆေးဝါးများကို အဆင်သင့် စုစည်းထားပေးသည်။ ဤသည်က လီကွမ်ရီကို များစွာသက်သာစေခဲ့သည်။ သက်တမ်းဖြည့်ဆည်းနေချိန်အတွင်း ကောင်းကင်ပြစ်ဒဏ် ကျဆင်းလာပြီး ဖျက်လိုဖျက်ဆီးလုပ်သည်။ ကောင်းကင်တစ်ခွင် လျှပ်စီးလှိုင်းများအပြည့် ဖြစ်နေသည့်အပြင် ပေါက်ကွဲသံများလည်း နားကွဲမတတ် ဆူညံနေခဲ့၏။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...