1341 - 1345

105 4 0
                                    

စစ်ဧကရာဇ်(Chapter:1341)
(စုယုန်ဟောင်ကို ပြန်တွေ့ပြီ)
...........................................
     လီကွမ်ရီတို့၏ သင်္ဘောက မယုံနိုင်စရာ အမြန်နှုန်းဖြင့် ရွက်လွှင့်နေခဲ့၏။ ထို့ကြောင့် အချိန်တိုအတွင်း အခြားအရိုးသင်္ဘောတွေကို ကျော်ဖြတ်နိုင်ခဲ့သည်။ တစ်နေရာသို့အရောက် ကျင့်ကြံသူတစ်ဦးတည်းသာ စီးနင်းလာသည့် အရိုးသင်္ဘောကို တွေ့လိုက်ရသည်။

     ထိုအခါ လီကွမ်ရီက သင်္ဘောကို ပြန်လှည့်စေပြီး တစ်ယောက်ထဲ စီးလာသည့် အရိုးသင်္ဘော၏အရှေ့ ပိတ်ရပ်လိုက်သည်။ ပြီးနောက် သင်္ဘောပေါ် မတ်တတ်ရပ်နေသူအား နှောင်ပြောင်ကျီစယ်လိုက်သည်။
     "ဟေး ... ဘယ်သွားမလို့လဲ မိန်းမလှလေး၊ ငါတို့နဲ့ လိုက်ခဲ့မလား ..."

    အဆိုပါ သင်္ဘောပေါ်၌ မိန်းကလေးတစ်ယောက်က မတ်တတ်ရပ် စီးလာသည်ကို တွေ့ရသည်။ သူမသည် အဝါရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ဧကရီတစ်ပါးကဲ့သို့ သွင်ပြင်လက္ခဏာမျိုး ပိုင်ဆိုင်ထားသည်။

    ထိုမိန်းကလေးက လီကွမ်ရီကို ဒေါသတကြီး စိုက်ကြည့်သည်။ ပြီးနောက် အေးတိအေးစက် အမူအရာဖြင့် ...
     "ယဥ်ကျေးမှု မရှိတဲ့ တပည့်လေး ... ကိုယ့်ဆရာကို တွေ့တာတောင် ဘယ်လိုနှုတ်ဆက်နေတာလဲ ..."

    "ဟေ့ ... ဂိုဏ်းချုပ်ဆိုပြီး အခွင့်အရေးယူဖို့ မစဥ်းစားနဲ့နော် ..."လီကွမ်ရီက တစ်ချက်ပြုံးလိုက်ပြီး ...
     "မင်းကိုရှာဖို့အရေး ရေတစ်တန်၊ ကုန်းတစ်တန် ဖြတ်ခဲ့ရတာနော် ... အနည်းဆုံးတော့ ကျေးဇူးတင်သင့်တာပေါ့ ... မဟုတ်ဘူးလား ..."

    "ဟမ် ... ငါ့ကို ရှာဖို့လာတာတဲ့လား ..."ထိုမိန်းကလေးက မကျေမနပ် အမူအရာဖြင့် တုံ့ပြန်သည်။
     "ပေါက်ကရတွေ မပြောစမ်းနဲ့၊ ငါ့ကို မရှာဘဲ နင်လုပ်ချင်တာတွေပဲ လျှောက်လုပ်နေတာ မဟုတ်ဘူးလား ..."

    "အော် ... ငါ့ကို အသိအမှတ် မပြုဘူးပေါ့လေ ... ဝမ်းနည်းသွားပြီ၊ ဒီလိုဂိုဏ်းချုပ်မျိုးရဲ့ တပည့်ဖြစ်ရတာက အရမ်းကံဆိုးလွန်းတာပဲ ..."လီကွမ်ရီက မိန်းကလေးကို ကြည့်ပြီး ရယ်လိုက်သည်။

    တကယ်တော့ ထိုမိန်းကလေးက လီကွမ်ရီ ရှာဖွေနေသည့် စုယုန်ဟောင်ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now