စစ်ဧကရာဇ်(Chapter:1366)
(မုန့်ကျန်းထျန်း၏ တာအိုဉာဏ်အလင်း)
......................................................
ဝုန်း ... နောက်ထပ် ပေါက်ကွဲသံတစ်ချက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ တာအိုနတ်ဓားသခင်၏ သွေးသားစွမ်းအင်က မယုံနိုင်ဖွယ် အားကောင်းလာခဲ့၏။ လက်ရှိအချိန်၌ သူသည် ကောင်းကို ပိုင်စိုးရုံမက သူကိုယ်တိုင်သည်လည်း ကောင်းကင်လိုပင် အထူးတောက်ပနေခဲ့သည်။ချွင် ... တာအိုနတ်ဓားသခင်၏ ဓားမှ ဓားတေးသွားတွေ ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်ထဲမှာ ဓားက သွေးကဲ့သို့ နီရဲသွားခဲ့၏။ ပြီးနောက် စွမ်အားအကုန်လုံးကို ဓားနှင့် ပေါင်းစပ်စေလိုက်သည်။ ချက်ချင်းပင် ဓားက ယခင်ထက်များစွာ ကြောက်စရာကောင်းသည့် အငွေ့အသက်တွေကို ထုတ်လွတ်လာခဲ့သည်။ ဤဓားသည် ကောင်းကင်နှင့်မြေကြီးကို ထက်ခြမ်းပိုင်းပစ်နိုင်စွမ်း ရှိသည်။
ထို့ပြင် ဓားသည် ကိုယ်ပိုင်စိတ်ဝိညာဥ်တစ်ခု ရှိနေသည့်အလား အသက်ဝင်လာခဲ့သည်။ ကြောက်စရာကောင်းသည့် အငွေ့အသက်တွေကိုလည်း ထုတ်လွတ်နေခဲ့သည်။ အားလုံးမှာ သူတို့အရှေ့မှ မြင်ကွင်းကိုကြည့်ပြီး စိတ်လှုပ်ရှားတုန်လှုပ်နေခဲ့ကြ၏။ တာအိုနတ်ဓားသခင်နှင့် နတ်ဓား ... ဤနှစ်ခုလုံးက အရာရာကို ဖြတ်ကျော်နိုင်စွမ်းရှိသည့် စစ်သူကြီးတွေအလား ထင်မှတ်ရ၏။ အားလုံး၏စိတ်ထဲ နတ်ဘုရားနှစ်ပါးကို ကိုယ်တိုင်ကိုယ်ကျ တွေ့နေရသည့်အလား ခံစားနေကြရတော့သည်။
"အရမ်း အားကောင်းတာပဲ ... ဒါပေမယ့် ကံဆိုးပြီး မုန့်ကျန်းထျန်းထွက်လာတဲ့အချိန်နဲ့ ကြုံနေရတယ်လေ ... သူသာ အခြားမျိုးဆက်တစ်ခုမှာ မွေးဖွားခဲ့ရင် အင်မော်တယ်ဧကရာဇ်တစ်ပါး သေချာပေါက်ဖြစ်လာမှာ ..."အားလုံးမှာ တာအိုနတ်ဓားသခင်ကို ကြည့်ပြီး လွန်စွာ စိတ်လှုပ်ရှားနေမိကြ၏။
ထိုအချိန်မှာပင် တာအိုနတ်ဓားသခင်က ရှေ့သို့ဆက်သွားလိုက်သည်။ တစ်ဖက်တွင် မျှော်စင်ပုံတူလေးကလည်း ဆက်လက်ခုခံခဲ့နေခဲ့၏။ အနီးသို့ တိုးကပ်သွားတိုင်း မျှော်စင်ပုံတူလေး၏ စွမ်းအားက ပိုမိုပြင်းထန်လာခဲ့သည်။ ထို့ကြောင့် တာအိုနတ်ဓားသခင်မှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာခဲ့သည်။ သွေးသားစွမ်းအင်အားလုံး ထုတ်ဖော်ထားသော်လည်း ပိုမိုပြင်းထန်လာသည့် ဖိအားတွေအောက် ဒူးညွှတ်ကျတော့မလို ဖြစ်လာခဲ့သည်။ သို့သော် သူသည် စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက် ဖြစ်သည်။ တော်ရုံအလျှော့ပေးတတ်သူ မဟုတ်ပေ။ ထို့ကြောင့် မာန်တင်းပြီး အရှေ့ကို ဆက်တိုးနေခဲ့သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...