1461 - 1465

96 4 0
                                    

စစ်ဧကရာဇ်(Chapter:1461)
(ကဗျာဆန်သော အတိတ်ရန်ကြွေး)
................................................
     မြေဘုရင်ရောက်လာပြီး နောက်တစ်​နေ့၌ နတ်ရှုံးတောင်ပေါ်မှ ကျင့်ကြံသူအားလုံးထံသို့ သတင်းတစ်ခု ရောက်ရှိလာခဲ့သည်။

     "မျိုးနွယ်ပေါင်းစုံ အစည်းအဝေးတစ်ခု ကျင်းပမည် ..."ထိုသတင်းက မုန်တိုင်းတစ်ခုအလား လျင်မြန်စွာ ပြန့်လာခဲ့သည်။

     "ဘယ်လို ... မျိုးနွယ်ပေါင်းစုံအစည်းအဝေးလို့ ပြောလိုက်တာလား ..."ထိုသတင်းကို ကြားပြီးနောက် နောက်ခံအင်အားတောင့်တင်းသော ကျင့်ကြံသူတွေပင် ထိတ်လန့်သွားကြရသည်။
     "ဒီလိုအစည်းအဝေးမျိုး မဖြစ်တာ အတော်ကြာပြီလေ၊ နောက်ဆုံးအစည်းအဝေးခေါ်တာက အင်မော်တယ်ဧကရာဇ်ရင်ထျန်း ကောင်းကင်စွမ်းအားကို မရသေးခင်က ထင်တယ် ..."

     ဘိုးဘေးအဆင့်များလည်း ထိုသတင်းကြောင့် တုန်လှုပ်သွားခဲ့ကြသည်။
     "ဒီလိုအစည်းအဝေးက လုပ်ချင်တိုင်းလုပ်လို့မှမရတာ၊ ဘယ်လိုလူက ဒီအစည်းအဝေးကို ဦးဆောင်ကျင်းပမှာလဲ ..."

     ထိုနေ့မှာပင် နောက်ထပ်သတင်းတစ်ပုဒ် ထွက်လာပြန်သည်။ ပင်လယ်နတ်ဘုရား၏သားတော်နှင့် ဝါးနဂါးဒုဘိုးဘေးကိုယ်တိုင် ဤအစည်းအဝေးကို ဦးဆောင်ကျင်းပကြမည်ဟူသည့် သတင်းက လူတိုင်းလိုလို၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေခဲ့သည်။

     "ကြောက်စရာကောင်းတဲ့ မုန်တိုင်းတစ်ခုဖြစ်လာတော့မှာလား ..."အချို့ဆိုလျှင် မမျှော်လင့်ထားသော သတင်းကြောင့် အတွေးပေါင်းများစွာဖြင့် ကြောက်လန့်နေကြရတော့၏။

     "မှန်တယ်၊ မုန်တိုင်းလာတော့မယ်၊ ငါတို့ရဲ့ ညှို့ဓာတ်ပြင်းဝိညာဥ်မျိုးနွယ်ရဲ့ နောက်ထပ်အင်မော်တယ်ဧကရာဇ်တစ်ပါး ပေါ်လာတော့မယ်ကွ၊ အဲ့ဒီအချိန်ကျရင် ဝိညာဥ်ကမ္ဘာရဲ့အုပ်စိုးရှင်က ငါတို့ဖြစ်လာလိမ့်မယ် ..."ညှို့ဓာတ်ပြင်းဝိညာဥ်မျိုးနွယ် ကျင့်ကြံသူအများအပြားမှာ ဝမ်းသာအားရ ကြွေးကြော်နေခဲ့ကြသည်။ သူတို့၏အမြင်၌ ဤအစည်းအဝေးတွင် မုန့်ကျန်းထျန်းက အင်မော်တယ်ဧကရာဇ်နေရာအတွက် အဆိုပြုခံရမည်ဟု ထင်မှတ်နေကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now