စစ်ဧကရာဇ်(Chapter:1286)
(နဂါးတောင်တန်း)
............................
နဂါးတောင်တန်းတစ်လျှောက် တိမ်စိုင်မြူခိုးများ ဖုံးလွှမ်းထား၏။ အဝေးမှ ကြည့်လိုက်ပါက တောင်တန်း၏ အသွင်အပြင်ကို သဲသဲကွဲကွဲ မြင်နိုင်မည် မဟုတ်ပေ။ ထိုအရာသည်ပင် နဂါးတောင်တန်း၏ အမှတ်သင်္ကေတဖြစ်၏။ အလွယ်တကူ မမြင်နိုင်ခြင်းကပင် နဂါးတောင်တန်း၏ လျှို့ဝှက်ဆန်းကြယ်မှုကို ပိုမိုပေါ်လွင်စေသည်။လူအများစုသည် နဂါးတောင်တန်း၏ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ချင်ကြသည်။ ရှာဖွေစူးစမ်းလိုကြသည်။ သို့သော် တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွေသို့ ဝင်ခွင့်မရကြ၍ အချည်းနှီးသာ ဖြစ်ခဲ့ရ၏။ ဒဏ္ဍာရီမှတ်တမ်းတွေအရ တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ၌ နိုင်ငံတစ်ခုရှိခဲ့သည်ဟု ဆိုကြသည်။ သို့သော် ရောက်ဖူးသူ မရှိ၍ အတိအကျ ပြောနိုင်သူ မရှိပေ။ ထိုဒဏ္ဍာရီ မှန်မမှန်ကိုလည်း မည်သူမှ မပြောနိုင်ကြပေ။
နဂါးတောင်တန်း၏ တစ်နေရာ၌ လီကွမ်ရီက ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူသည် အထပ်ထပ် ကာရံထားသည့် တောင်တန်းတွေကို ငေးမောရင်း ငြိမ်နေမိ၏။ တစ်ကြိမ်တွင် အကြည့်တွေက အများနှင့်မတူ တစ်မူထူးခြားနေသည့် တောင်ထိပ်တစ်ခုပေါ် ကျရောက်သွားခဲ့၏။ ထိုနေရာသည် ဝိညာဥ္ကမ္ဘာ၏ နာမည်ကျော် တောင်ထိပ်တစ်ခုဖြစ်သည်။ အားလုံးက နတ်ကြောက်တောင်ဟု ခေါ်ဆိုကြ၏။ အကြောင်းမှာ ထိုနေရာကို နတ်ဘုရားတွေပင် ကြောက်ရွံ့ကြရ၍ ဖြစ်သည်။
နတ်ကြောက်တောင် ... ထိုနေရာသည် နဂါးတောင်တန်းနှင့် ဆက်စပ်နေသော်လည်း သီးခြားရပ်တည်နေသည့် ကျွန်းကြီးတစ်ခုအလား ထင်မှတ်မှားရ၏။ နတ်ကြောက်တောင်သည် လူတိုင်းဝင်ခွင့်ရသည့် နေရာတစ်ခု မဟုတ်ပေ။ ထို့ပြင် နတ်ကြောက်တောင်အတွင်း ဝင်ခွင့်ရသူတွေကလည်း တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်တွေကို အခြားတစ်ယောက်အား ပြန်ပြောပြလေ့ မရှိချေ။
"မဆိုးဘူး၊ နဂါးအိုကြီးက အကောင်းဆုံးနေရာတစ်ခုကို ရှာတွေ့ထားတာပဲ"လီကွမ်ရီက နတ်ကြောက်တောင်ကို လှမ်းကြည့်ရင်း ပြုံးလိုက်သည်။ သူက ခေါင်းကို တစ်ချက်ခါလိုက်ရင်း ခရီးဆက်လာခဲ့၏။ ယခုခရီးစဥ္၌ ကျန့်လုံဝေ လိုက်ပါလာနိုင်ခြင်း မရှိ၍ သူတစ်ယောက်ထဲ ဖြစ်နေခဲ့ရသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...