စစ်ဧကရာဇ်(Chapter:1011)
(ရတနာ)
..............
လီကွမ်ရီက ခေတ္တရပ်တန့်ပြီး မိုးကုတ်စက်ဝိုင်း၏ အဝေးတစ်နေရာသို့ လှမ်းကြည့်သည်။ ပြီးမှ ဖြည်းဖြည်းချင်း ဆက်ပြောသည်။
"ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ အဲ့ဒီရတနာက ကောင်းကင်ကို အမှန်တကယ် မှောက်လှန်ပစ်လိုက်နိုင်တယ်""ဒါဆို ရတနာကို ဘာလို့မလိုချင်တာလဲ၊ ဟိုနေရာကို တိုက်ခိုက်ဖို့ဆိုရင် ဒီပစ္စည်းလေးက မင်းအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုပဲ မဟုတ်လား ..."အဝါရောင် ပိုးထည်လေးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ဟား ... ဟား၊ ကောင်မလေး၊ ငါ့ကို တွန်းအားပေးဖို့ ကြိုးစားမနေနဲ့ ..."လီကွမ်ရီက ပြုံးလျှက်ဖြင့် ဆက်ပြောသည်။
"အိုးခြမ်းပဲ့က မင်းအတွက်လည်း အသုံးဝင်တာပဲ၊ အိုးခြမ်းပဲ့ကိုရရင် မင်းလည်း အကျိုးကျေးဇူးတွေ အများကြီး ရှိလာလိမ့်မယ်၊ ဒါပေမယ့် ဒီလိုပစ္စည်းမျိုးကို ရဖို့ဆို လွယ်ကူမှာ မဟုတ်ဘူး""အလွယ်တကူသာ ယူလို့ရရင် အိုးခြမ်းပဲ့က ဗုဒ္ဓကုန်းပြင်မြင့်မှာ ရှိနေတော့မှာမဟုတ်ဘူး"လီကွမ်ရီက ပြုံး၍ဆက်ပြောသည်။
"သိရှစ်ဆိုတဲ့ နာမည်ကို ဘယ်သူမှမသိတော့ပေမယ့် သူက ထိုးထွင်းသိမြင်မှု၊ အထွတ်အမြတ် တည်ရှိမှုတစ်ခုလေ ... အဲ့ဒီလို ပုဂ္ဂိုလ်တစ်ဦးရဲ့ ပိုင်နက်နယ်မြေထဲက ရတနာကို ဘယ်သူက အတင်းအကျပ် လုယူရဲမှာလဲ ...""ဒါပေမယ့် မင်းက မတူဘူးလေ ..."အဝါရောင် ပိုးထည်လေးက ဆက်ပြောသည်။
"မင်းက အချိန်ကာလ အများကြီး ပြင်ဆင်လာခဲ့ပြီးပြီ၊ မင်းဆီမှာ အားကောင်းတဲ့ ရတနာအများကြီးရှိတယ်၊ တကယ်လို့ အိုးခြမ်းပဲ့ကိုသာ ယူနိုင်ခဲ့ရင် မင်းရဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ သုံးဆယ်ရာခိုင်နှုန်း ပိုလာမှာ""မဟုတ်ဘူး ..."လီကွမ်ရီက ပြုံးပြီး ခေါင်းကို အနည်းငယ် ခါလိုက်သည်။
"မင်းနားမလည်သေးဘူး ထင်တယ်၊ ငါတို့ရင်ဆိုင်ရမယ့်အရာက မင်းထင်ထားတာထက် အများကြီး ပိုတယ်""ကောင်စုတ်လေး၊ ငါက ဘာမှ မသိဘူးလို့ ပြောနေတာလား၊ မင်းထက် အများကြီး ပိုသိတယ်"ချက်ချင်းပင် အဝါရောင်ပိုးထည်လေးက ကက်ကက်လန် ပြန်ရန်တွေ့သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...