1171 - 1175

120 2 0
                                    

စစ်ဧကရာဇ်(Chapter:1171)
(ဥဒေါင်းသစ်ပင်ရဲ့ သက်တမ်းဖြည့်ခြင်း)
.............................................................
     အကိုင်းအခက်တွေက မြွေတွေအလား ဥဒေါင်းသစ်ပင်၏ အမြစ်အတိုင်း မြေအောက်ကို ဆင်းသွားခဲ့သည်။

     "ဒါက ..."ခုန်းချင်ရုမှာ အံ့အားသင့် ဆွံ့အနေမိသည်။ သစ်အုပ်ထိန်းသူတစ်ဦးရဲ့ အမြစ်တွေက မြေအောက် နေရာအနှံ့အပြားမှာ ရှိသည်။ သို့သော် ထိုအမြစ်တွေရှိရာသို့ ကျူးကျော်ဝင်ရောက်ဖို့ မဖြစ်နိုင်ပေ။ အင်မော်တယ်ဧကရာဇ်တွေပင် ထိုသို့ ပြုလုပ်လိုပါက ကြီးမားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရမည် ဖြစ်သည်။

     သို့သော် ယခုမူကား လီကွမ်ရီက မြေအောက်ရှိ အမြစ်တွေကို စစ်ဆေးဖို့ သစ်ကိုင်းတစ်ခုကို ထိန်းချုပ်ပြီး ထိုးဖောက်နေခဲ့သည်။ မည်သူမဆို ဒီမြင်ကွင်းကို တွေ့ပါက မယုံနိုင်လောက်အောင် အံ့အားသင့်မိပေလိမ့်မည်။

     ထိုစဥ် လီကွမ်ရီက မျက်လုံးမှတ်လိုက်သည်။ သူက ဥဒေါင်းသစ်ပင်ကို စစ်ဆေးရန် သက်တော်ရှည်သစ်ပင်ကို အသုံးပြုနေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် သစ်အုပ်ထိန်းသူတစ်ဦးဖြစ်သည့် ဥဒေါင်းသစ်ပင်ရဲ့ အမြစ်တွေကို ဘယ်သူမှ ထိတွေ့လို့ မရပေ။ သို့သော် သက်တော်ရှည်သစ်ပင်ကတော့ မတူပေ။ ဒါက အင်မော်တယ်အဆင့် အသက်ရှည်ဆေးဝါးတစ်မျိုးနဲ့ နှိုင်းယှဉ်နိုင်သည့် ရတနာတစ်မျိုး ဖြစ်သည်။

     ဒါ့အပြင် လီကွမ်ရီထံ၌ မကောင်းတဲ့ အကြံအစည်တွေ မရှိပေ။ ရောဂါဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေဖို့ စစ်ဆေးခြင်း ဖြစ်သည်။ ဒါကြောင့်လည်း ဥဒေါင်းသစ်ပင်က ဟန့်တားခြင်း မရှိဘဲ အလွယ်တကူ ဝင်ရောက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

     အချိန်အနည်းငယ် ကြာပြီးနောက်မှာတော့ သူက မျက်လုံးပြန်ဖွင့်ပြီး ခုန်းချင်ရုကို ပြောလိုက်သည်။
     "သွားကြရအောင် ..."

     စကားဆုံးသည်နှင့် သူ့ရဲ့ လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်။ ချက်ချင်းပင် လေဟာနာ် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ တစ်ဆက်ထဲမှာ တံခါးတစ်ချပ် ပွင့်လာခဲ့သည်။ ဤတွင် သူက ခုန်းချင်းရုကို ဆွဲခေါ်ပြီး တံခါးပေါက်အတွင်း ဝင်လိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now