စစ်ဧကရာဇ်(Chapter:1056)
(ပြိုင်ဘက်ကင်းအသွင်)
....................................
လေထုသည် အလွန်အမင်း တင်းမာနေခဲ့သည်။ နှစ်ဖက်စလုံးက အလျော့မပေးကြဘဲ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြသည်။ ကျန်တဲ့ အဖွဲ့တွေမှာမူ စကားလုံးမှ ဝင်မပြောကြပေ။ နေသူရိန်ဂိုဏ်းပါဝင်ပတ်သက်နေတဲ့ ပြဿနာကို သူတို့က ဝင်မရှုပ်ရဲကြပေ။ထိုအချိန်မှာပင် ကမ္ဘာမြေကြီးတစ်ခုလုံး ပြင်းစွာ တုန်ခါသွားခဲ့သည်။
"အား ..."တစ်ဆက်ထဲမှာ နာကျင်စွာ အော်ညည်းသံတွေက တည်းခိုဆောင်ပြင်ပ၌ ဆူညံသွားခဲ့သည်။ ကျင့်ကြံသူများစွာမှာ အပြင်ဘက်မှ အသံကြောင့် တစ်ဦးကိုတစ်ဦး စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်မိကြသည်။ အပြင်၌ မည်သူက ပြဿနာ လာရှာနေသနည်း။ ဒီအချိန်သည် နေသူရိန်ဂိုဏ်းသံတမန်အပြင် ကမ္ဘာအနှံ့မှ ပါရမီရှင်များစွာ စုရုံးနေသည့်အချိန် ဖြစ်သည်။ တစ်ယောက်ယောက် ပြဿနာလာရှာပါက ထိုသူသည် သေချင်လို့သာ ဖြစ်ရပေလိမ့်မည်။
ကျိခွမ်းဝူတိမှာ ဆူညံသံတွေကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ပြီးမှ လင်းယုန်နတ်ဆိုးကို အမိန့်ပေးသည်။
"လင်းယုန်နတ်ဆိုး၊ အခုသွားကြည့်ပါ၊ ပြဿနာလာရှာတဲ့ ဘယ်သူပဲဖြစ်ဖြစ် သတ်ပစ်လိုက် ..."အစည်းအဝေးကို သံတမန်က ဦးဆောင်ကျင်းပခြင်း ဖြစ်သော်လည်း ကမ္ဘာကို ကာကွယ်ရန်မူ ရက်စက်တောင်တန်း၌ တာဝန်ရှိသည်ဟု သူက ယူဆထားခဲ့သည်။
ပြဿနာလာရှာသူ ရှိပါက ဒါသည် လွန်စွာ ထူးဆန်းသည်ဟု ဆိုနိုင်သည်။ ဗုဒ္ဓမြို့တော်သို့ ဓားကိုးလက်သခင်လိုလူမျိုး ရောက်နေတာကို လူတိုင်းသိပြီး ဖြစ်သည်။ ဒါတောင်မှ ပြဿနာလာရှာလျှင်တော့ ထိုသူသည် ရှင်သန်ရတာကို ငြီးငွေ့နေလို့သာ ဖြစ်ရပေမည်။
လင်းယုန်နတ်ဆိုးက အမိန့်ရရှိသည်နှင့် ကျယ်လောင်စွာ အော်ဟစ်သည်။ ပြီးနောက် သူ့အတောင်ပံတွေကို ဖြန့်ကားရင်း ပျံသန်းသွားလိုက်သည်။
"ကောင်းပြီ၊ အခု ဘယ်သူမှ မနှောက်ယှက်ရဲတော့ဘူး ..."ကျိခွမ်းဝူတိက တစ်ဖွဲ့လုံးကို ကြည့်ပြီး ပြောသည်။
"နောက်ထပ် ပြဿနာ လာရှာတဲ့သူရှိရင် ငါ့လူတွေက တာဝန်ယူဖြေရှင်းပေးလိမ့်မယ် ..."
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...