စစ်ဧကရာဇ်(Chapter:1036)
(ဆရာရှာတဲ့ တောင်ပိုင်းအင်ပါယာ)
.....................................................
များပြားလှတဲ့ လူအုပ်ကြီးမှာ မိန်းမောတွေဝေနေကြသည်။ အကုန်လုံး အသက်ရှူမှားနေကြသည်။ ရတနာကျောက်တိုင်သခင်ရဲ့ အပြတ်အသတ် ရှုံးနိမ့်မှုက သူတို့ကို အကြီးအကျယ် စိတ်ရှုပ်ထွေးစေခဲ့သည်။"ဒီမျိုးဆက်မှာ ဘယ်လိုလူမျိုးကများ သူနဲ့ ယှဉ်ပြိုင်နိုင်တော့မှာလဲ ..."လူငယ်တစ်ယောက်က စိတ်ပျက်စွာ ညည်းညူလိုက်သည်။
"ဒါက ခေတ်ရှောင်လွဲခဲ့တဲ့ ပါရမီရှင်တစ်ရဲ့ အင်အားပဲ ..."ဘိုးဘေးတစ်ယောက်က လူငယ်တွေကို ရှင်းပြသည်။
"လက်ရှိမျိုးဆက်ထဲက လူငယ်တွေသာ အလုံအလောက် အားမကောင်းလာဘူးဆိုရင် သူ့ကို ယှဉ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး ...""သူက ဧကရာဇ်ကိုယ်စားလှယ်အဆင့်လား၊ စစ်ဘုရင်ကိုတောင် လက်တစ်ဖက်ထဲနဲ့ အနိုင်ယူနိုင်တာဆိုတော့ ..."ရတနာကျောက်တိုင်သခင်ရဲ့ ပရိတ်သတ်တစ်ဦးက စိတ်ရှုတ်ထွေးစွာ ရေရွတ်သည်။
လီကွမ်ရီမှာမူ ဖြစ်ပျက်သွားသမျှကို လှည့်၍ပင် မကြည့်ပေ။ သူ့က သူ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာသာ နစ်မြှုပ်နေဆဲ ဖြစ်သည်။
ထိုစဉ် တောင်ပိုင်းအင်ပါယာက လီကွမ်ရီရဲ့ အရှေ့မှာ အသာအယာ ဝင်ထိုင်လိုက်သည်။
"ဒီဂျူနီယာလေးကို ခဏလောက် စကားပြောခွင့်ပြုပါ ..."သူက ပြောပြီးတာနဲ့ လက်တစ်ဖက် ဝေ့ရမ်းသည်။ ချက်ချင်းပင် နှစ်ယောက်လုံးမှာ အဝေးတစ်နေရာသို့ ရောက်သွားခဲ့ကြသည်။
မျက်စိတမှိတ်အတွင်းမှာ နှစ်ယောက်လုံးက အားလုံးရဲ့ ရှေ့မှ ပျောက်ကွယ်သွားကြသည်။ ကြည့်ရှုနေသူတွေမှာ တဒင်္ဂ ဆွံ့အသွားကြပေမယ့်လည်း တောင်ပိုင်းအင်ပါယာက ပေါ်တယ်တစ်ခုအသုံးပြုသွားတာကို နားလည်လိုက်ကြသည်။
တောင်ပိုင်းဒေသရှိ တစ်နေရာတွင် ဖြစ်သည်။ နေရာတိုင်း၌ စိမ်းလန်းတဲ့ ထင်းရှူးပင်များနှင့်အတူ ရေတံခွန်တစ်ခု ရှိသည်။ ကြည့်လိုက်ရုံနှင့် နတ်ဗိမာန်တစ်ခုဟုပင် ထင်မှတ်မှားရသည်။
أنت تقرأ
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
مغامرةReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...