စစ်ဧကရာဇ်(Chapter:1131)
(တြိဂံစံအိမ်)
....................
ရက်စက်တောင်တန်းရဲ့ တောင်ကုန်းပေါ်မှ ထွက်လာတဲ့ စစ်တပ်ကြီးက ကြောက်စရာအကောင်းဆုံး မဟုတ်သေးပေ။ တကယ်တော့ ဧရာမ စစ်တပ်ကြီးရဲ့ အလယ်၌ ရှိနေသူကသာ အားလုံးကို တုန်လှုပ်အောင် ခြိမ်းခြောက်နေနိုင်သူဟု ဆိုရပေမည်။သူ့ရဲ့ မျက်နှာအသွင်အပြင်ကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်ကြရပေ။ သူက မည်သည့် အရှိန်အဝါမှလည်း ထုတ်ဖော်ထားခြင်း မရှိပေ။ သို့သော် နတ်ဘုရားစစ်သည်တော်အဆင့်တွေပင် သူ့ကို ကြည့်ပြီး ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်လာပေလိမ့်မည်။
ထိုသူသည် ဤလောကရဲ့ အထက်၌ ရပ်တည်နိုင်စွမ်း ရှိပုံရသည်။ သူ့ရဲ့ အစွမ်းအစဖြင့် မိုးကောင်းကင်နှင့် ကမ္ဘာကို ဖိနှိပ်နိုင်စွမ်းအပြည့် ရှိသည်။
"ရက်စက်တောင်တန်းရဲ့ အားအကောင်းဆုံး ဗိုလ်ချုပ်တွေထဲကတစ်ဦး၊ ထာဝရဗိုလ်ချုပ် ..."ဘိုးဘေးအဆင့်တစ်ဦးက ရက်စက်တောင်တန်း၏ စစ်တပ်အတွင်းမှ ပုဂ္ဂိုလ်ကို ကြည့်ပြီး တုန်တုန်ရင်ရင်နဲ့ ရေရွတ်လိုက်သည်။
"ထာဝရဗိုလ်ချုပ်၊ ဒဏ္ဍာရီထဲက ပြိုင်ဘက်ကင်း ပါရမီရှင်လား ..."ကျင့်ကြံသူအများအပြားမှ အကြီးအကျယ် တုန်လှုပ်သွားကြရတော့သည်။ သူတို့အားလုံးက ထိုသူရဲ့ ဒဏ္ဍာရီဆန်တဲ့ ပုံပြင်များစွာကို ကြားဖူးကြသည်။
ထာဝရဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ပုံပြင်များစွာ ရှိသည်။ သူသည် ဧကရာဇ်တကောင်းနဲ့ မိတ်ဆွေတွေ ဖြစ်သည်။ ဧကရာဇ်တကောင်းနဲ့အပြိုင် ကျော်ကြားခဲ့ဖူးပြီး ငယ်စဉ်အချိန်၌ ဧကရာဇ်တကောင်းကို တစ်ကြိမ်တစ်ခါမှ မရှုံးခဲ့ဖူးပေ။ သို့သော် ယခု တွေ့ရသည်မှာ တာအိုပုံရိပ်တစ်ခုသာ ဖြစ်သည်။ ထာဝရဗိုလ်ချုပ်အစစ်က ဒီနေရာကို လိုက်ပါမလာခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ တာအိုပုံရိပ်တစ်ခုကပင် အားလုံးကို တုန်လှုပ်စေဖို့ လုံလောက်နေပြီ ဖြစ်သည်။
မိစ္ဆာအဘိုးအိုကိုယ်တိုင်ပင် မျက်နှာအမူအရာတွေ လေးနက်လာခဲ့သည်။ ယခုရောက်လာသည့် ပြိုင်ဘက်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သူသိသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...