1441 - 1445

93 6 0
                                    

စစ်ဧကရာဇ်(Chapter:1441)
(လွတ်မြောက်ခြင်း၏စမှတ်သစ်ပင်)
................................................
     ဧရာမသစ်ပင်ကြီးအောက်၌ သက်ရှိပေါင်းစုံ မှီတင်းနေထိုင်နေကြသည်။ ထို့ပြင် လွန်စွာရှားပါးပြီး အဖိုးတန်လှသော ဆေးဖက်ဝင်မြက်အများအပြားကိုလည်း တွေ့ရ၏။ ထိုမျှသာမက အကိုင်းအခက်တစ်ခုစီတိုင်းသည် အစွမ်းထက်သော နတ်ဘုရားများအတွက်ပင် နေထိုင်ရန်အိမ်တစ်ခုတည်ဆောက်ဖို့ လုံလောက်ပေသည်။

     ဤသစ်ပင်သည် ကမ္ဘာသုံးထောင်အား ကိုယ်စားပြုသည်။ ကမ္ဘာသုံးထောင်သည် ဤသစ်ပင်မှ ဆင်းသက်လာပုံရသည်။ ယခုတွေ့ရသည့် သစ်ပင်မရှိလျှင် ကမ္ဘာသုံးထောင်လည်း ရှိမည်မဟုတ်ချေ။

     "အရမ်းရှေးကျတဲ့ မျိုးဆက်သွေး၊ ဒါနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ သိပ်မရှိတော့ဘူး ..."လီကွမ်ရီက ဧရာမသစ်ပင်ကြီးကိုကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
     "လောကကြီးမှာ အရာအားလုံး ပျောက်ကွယ်သွားမယ်ဆိုရင်တောင် ဒီမျိုးဆက်သွေးကတော့ ဆက်ပြီးတည်ရှိနေအုန်းမှာပါပဲ ..."

     လီကွမ်ရီသည် ဧရာမသစ်ပင်ကြီးကို ကြည့်ပြီး ကျေနပ်စွာပြုံးလိုက်သည်။
     "အဲ့ဒီသစ်ပင်အိုကြီးက ပြာအဖြစ်နဲ့ ပျောက်ကွယ်သွားပြီ၊ အခုလိုမျိုး သူ့သွေးကို ဆက်ခံသူတစ်ယောက် ထပ်ပေါ်လာမယ်လို့ ဘယ်သူ​ကထင်​ထားမှာ​လဲ ... မယုံနိုင်စရာကောင်းလိုက်တာ ... ဒါက သဘာဝတရားကို လွန်ဆန်နေပြီလို့တောင် ပြောလို့ရတယ် ..."

     အမှန်ပင်။ ယဲ့ရှောင်ရှောင်း၏ မျိုးဆက်သွေးနှင့်ပတ်သက်သော မှတ်တမ်းများမှာ မရှိသလောက်ဖြစ်သည်။ လီကွမ်ရီကိုယ်တိုင်ပင် ထိုအကြောင်းနှင့်ပတ်သက်သည့် ဒဏ္ဍာရီအချို့ကိုသာ ကြားဖူးသည်။ ထို့ကြောင့် မည်သူမှ မသိကြခြင်းဖြစ်၏။ အတိအကျဆိုရလျှင် ဤမျိုးသွေးနှင့်ပတ်သက်သည့် စကားစုအနည်းငယ်သာရှိ၍ ခြေရာခံရန် မဖြစ်နိုင်ပေ။ ထို့ပြင် လူအများစုသိထားသည့် အချက်အလက် အများစုမှာ လွဲမှားနေရကား ယဲ့ရှောင်ရှောင်း၏ မျိုးဆက်သွေးကို ခြေရာခံဖို့ ပို၍ပင် ခက်ခဲခဲ့ရသည်။

     လီကွမ်ရီကိုယ်တိုင်ပင် အစောပိုင်း၌ မရေရာမသေချာ ဖြစ်ခဲ့ရသည်။ သို့သော် အချိန်အတော်ကြာ လေ့လာပြီးနောက် သူ၏ထင်မြင်ချက်မှန်ကန်သည်ကို အတည်ပ​ြုနိုင်ခဲ့သည်။ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ထိုမျိုးဆက်သွေးအမျိုးအစားမှာ လုံးဝ ပြန်မပေါ်လာနိုင်သည်တော့ မဟုတ်ပေ။ ယခုတော့ နှစ်ပေါင်းများစွာအကြာ၌ ရှေးခေတ်မျိုးဆက်သွေးတစ်ခု ပြန်လည်မွေးဖွားလာခဲ့ပေပြီ။ ဤမျိုးဆက်သွေးအမျိုးအစားသည် ရှေးခေတ်ကတည်းက ရှိခဲ့ဖူးသည်။ ၎င်းသည် သစ်ပင်မျိုးနွယ်၏ ရှေးအကျဆုံးနှင့် အထူးခြားဆုံး သွေးအမျိုးအစားဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now