စစ်ဧကရာဇ်(Chapter:1396)
(ရန်သူကို နှိပ်ကွပ်ခြင်း)
................................
တာအိုသခင်လင်း၏ ခန္ဓာကိုယ်က ငှက်မွေးအလား ပေါ့ပါးလာပုံရသည်။ ထို့ပြင် ခန္ဓာကိုယ်တစ်ခုလုံးသည် အတိုင်းအဆမရှိ ထွန်းလင်းတောက်ပလာခဲ့၏။ ထိုအလင်းသည် ကမ္ဘာကိုးခုလုံးကို လင်းထိန်စေဖို့ လုံလောက်ပေသည်။ အလင်းထုအတွင်း၌ အင်မော်တယ်အငွေ့အသက်များစွာ ရောထွေးယှက်တင်နေခဲ့သည်။အင်မော်တယ်အငွေ့အသက်များ၏ အောက်၌ ကမ္ဘာကိုးခုသည်ပင် သေးသိမ်သလို ဖြစ်သွားခဲ့၏။ အလင်းတန်းတွေက အမှောင်ကိုဖြိုခွင်းပြီး အရာခပ်သိမ်းကို သန့်စင်ပေးနိုင်စွမ်းရှိသည်။ ထို့ပြင် ထိုအလင်းတန်းတွေသည် ထာဝရတည်ရှိပုံရသည်။ ၎င်းတို့ကို မည်သည့်အရာနှင့်မှ ဖျက်ဆီးလို့မရပေ။
ကျင့်ကြံသူအများအပြားမှာ သူတို့၏အရှေ့မှ မြင်ကွင်းကိုကြည့်ပြီး တံတွေးကို အကြိမ်ကြိမ် မျိုချနေကြရတော့သည်။ အရူးတစ်ယောက်ပင်လျှင် ပြီးပြည့်စုံသောအင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင်၏ သက်ရှည်သွေးရည်ကြည်အား သောက်ရသည့် အကျိုးကျေးဇူးကို သိသည်။ ထိုအဆင့်ရှိသော သက်ရှည်သွေးရည်ကြည်ကို သောက်ခွင့်ရပါက တိုက်ခိုက်ရေးစွမ်းရည် မြင့်မားလာစေနိုင်သလို အခြားသော အပေါင်းလက္ခဏာဆောင်သည့် ရလဒ်များစွာကိုလည်း ရရှိပေလိမ့်မည်။ ထို့ပြင် အသုံးပြုသူ၏ သွေးသားစွမ်းအင်ကိုလည်း နှစ်ဆအထိ မြင့်မားလာစေနိုင်သည်။
"အသက်ဝင်စမ်း ..."ထိုစဥ် ယန်သခင်ကြီးက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။ မျက်စိတစ်မှိတ်စာ အချိန်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်က ယခင်ထက်များစွာ ကြီးမားလာခဲ့သည်။
လက်ရှိအချိန် သူ၏တစ်ကိုယ်လုံးမှ နေရောင်ခြည်တွေ ဖြာထွက်နေခဲ့သည်။ ဆံပင်တွေက မီးလျှံစမ်းချောင်းတွေအလား ရဲရဲတောက်နေခဲ့သည်။ ထို့ပြင် မျက်လုံးနှစ်လုံးက နေနှစ်စင်းအလား ပြောင်းလဲသွားခဲ့၏။ သူတစ်ချက်ကြည့်လိုက်တိုင်း စူးရှသည့် အလင်းတန်းများစွာ ထွက်ပေါ်လာခဲ့သည်။ သူ၏ ခြေတစ်လှမ်းစီတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်ကို သယ်ဆောင်ထားကြသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေအောက်ရှိ ရွှံ့တွေအရည်ပျော်သွားပြီး ချော်ရည်ပူအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ ( Book 2 ) ( Ch 991 - ) ခွင့်ပြုချက်ရပြီး
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...