1291 - 1295

100 1 0
                                    

စစ်ဧကရာဇ်(Chapter:1291)
(မိန်းမလှလေးနှစ်ယောက်)
........................................
     အရှက်အကြောက် ကြီးလွန်းသည့် ကျိုးကျန့်ရှစ်ကို ကြည့်ပြီး လီကွမ်ရီမှာ ပြုံးလိုက္မိသည်။ သူက ပခုံးပေါ် လက်ဖြင့် ပုတ်ပြရင်း လှမ်းပြောသည်။
     "လာ ... ငါ့ပခုံးကို နှိပ်ပေး ..."

     နှိပ်ပေးရမှာလား ... ကျိုးကျန့်ရှစ်မှာ အနည်းငယ် တုံ့ဆိုင်းသွားခဲ့ရ၏။ ဤသည်မှာ သူမအတွက် အတွေ့အကြုံရှိသည့်အရာ မဟုတ်ပေ။ သို့သော် မနှိပ်ပေးချင်ဘူးလားဟု ဆိုပြန်လျှင်လည်း မဟုတ်ချေ။ လီကွမ်ရီစကားကြောင့် သူမ၏ စိတ်ထဲ ပျော်ရွှင်မှုအချို့ပင် ကိန်းအောင်းလာခဲ့သေးသည်။

     ထိုအချိန်၌ လျှိုရူယန်က ပြုံးသည်။ လက်တစ်ဖက်ကလည်း အလိုက်သိစွာဖြင့် လီကွမ်ရီအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

     ကျိုးရှန့်ရှစ်၏ နူးညံ့သိမ်မွေ့သည့် အပြုအမူနှင့် လျှိုရူယန်၏ ပွင့်လင်းပြီး ဆွဲဆောင်မှုရှိသည့် စရိုက်လက္ခဏာက လီကွမ်ရီကို နှစ်သက်သဘောကျစေခဲ့သည်။ သူက မိန်းကလေးနှစ်ယောက်ကို ကြည့်သည်။ ပြီးနောက် ပြုံး၍ ပြောသည်။
     "မဆိုးဘူး၊ လေဟာနယ်ပြစ်ဒဏ်ကျောင်းတော်သုံးခုက တစ်ခုနဲ့တစ်ခု ပြိုင်ဆိုင်နေကြတယ်လို့ ဆိုပေမယ့် နောက်ကွယ်မှာ အတော်လေး စည်းလုံးကြပါတယ်၊ ဒီပုံစံအတိုင်း ဆက်ထိန်းထားကြပါ ..."

     “သခင်လေးရဲ့စကားက မှားနေပြီ"လျှိုရူယန်က လီကွမ်ရီ၏ မှတ်ချက်ကြောင့် ရယ်လိုက်သည်။
     "အခု အစ်မကြီးကို ကူညီနေပေမယ့် ငါတို့နှစ်ယောက်ကြား ပြိုင်ဆိုင်မှုတွေက ရပ်သွားမှာ မဟုတ်ဘူး၊ ကမ္ဘာတည်သရွေ့ ဆက်ပြီး ပြိုင်ဆိုင်နေဦးမှာ သိလား ... ခစ် ... ခစ် ..."

     "အဲ့လိုလား ..."လီကွမ်ရီက အထွေအထူး ပြန်ပြောခြင်း မရိှဘဲ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။

     တကယ်တော့ ဤသိုင်းညီအစ်မနှစ်ယောက်၏ ရည်ရွယ်ချက်က ရိုးရှင်းသည်။ ဘိုးဘေးတွေ၏ ဆန္ဒအရ ကျိုးကျန့်ရှစ်က လီကွမ်ရီကို ဖျားယောင်းသွေးဆောင်ဖို့ ကြိုးစားရမည်။ လျှိုရူယန်မူကား ကျိုးကျန့်ရှစ်ကို ကူညီပေးရမည် ဖြစ်သည်။ အမှန်မှာ သူတို့နှစ်ယောက်သည် အများအမြင်၌ မတည့်ကြသော်လည်း လက်တွေ့၌ ထိုသို့ မဟုတ်ချေ။ တစ်ခါတစ်ရံ အမြင်ကွဲလွဲပြီး ပြိုင်ဆိုင်မှု ရှိကြသော်လည်း ညီအစ်မ သံယောဇဥ္ရှိကြသည်။ ရန်ဖြစ်စကားများခြင်းနှင့် ငြင်းခုံရုံလောက်က သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို မထိခိုက်စေနိုင်ပေ။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now