အပိုင်း - ၁၃
ဆန်းရှောင်ဟိုင်၏ ပါးကို ရိုက်ပြီးသည့်နောက် လျူရှင်းဟွာက သူမအား လက်ညိုး တထိုးထိုးဖြင့်
"ဟဲ့ ကောင်မ၊ နင့်ရဲ့ အတွင်းစိတ်က ပုပ်အဲ့နေလှပါလား။ ရှောင်ရိက နင့်တူမလေး တစ်ယောက်လေ။ဘာလို့ သူမကို အသရေ ဖျက်ရတာလဲ။ အခန့်မသင့်ရင် သူမ အဖမ်းခံရနိုင်တယ်ဆိုတာ မသိဘူးလား ဟမ်။ မြေခွေးလို ကောက်ကျစ်တဲ့ မိန်းမ၊ ဒီနေ့မှ နင့်ကို ငါ မရိုက်နိုင်ရင် ငါ့ နာမည် လျူရှင်ဟွာ မဟုတ်တော့ဘူး ဟဲ့"
ထို့သို့ ပြောပြီးတဲ့နောက် လျူရှင်းဟွာလည်း ဆန်းရှောင်ဟိုင်၏ ပါးအား ထပ်မံ ရိုက်ချလိုက်သည်။ ထိုနောက် ဆန်းရှောင်ဟိုင်အား အံ့အားသင့်ချိန်တောင် မပေးတော့ပဲ သူမ၏ နေကာဦးထုပ်ကို ဆွဲချွတ်ကာ အဆက်မပြက် ရိုက်တော့သည်။
အချိန်ခဏကြာမှ လူတွေလည်း သတိဝင်လာကြကာ လျူရှင်းဟွာအား ဝိုင်းဆွဲကြတော့သည်။
ဆန်းရှောင်ဟိုင်နဲ့ လျူရှင်းဟွာအား ခွဲထုတ်ပြီးတဲ့နောက် ယွမ်ရိလည်း လျူရှင်းဟွာ အနီးသွားကာသူမ၏ လက်ကာ ကိုင်ရင်း ကူတွဲလိုက်၍ ...
"အဖွား ဒေါသကို လျော့ပါ။ ဒေါသတွေ အရမ်းထွက်တာက ကျန်းမာရေးအတွက် မကောင်းဘူး"
လျူရှင်းဟွာလည်း အသက်ကို မောကြီးပန်းကြီး ရှူထုတ်လိုက်သည်။
"သူမက ရှောင်ရိလေးကို ဒုက္ခရောက်အောင် လုပ်ဖို့ကြံနေတာလေ။ ဒီတော့ အဖွားက ဘယ်လိုလုပ်ပြီး သူမကို လွယ်လွယ် ခွင့်လွှတ်နိုင်ပါ့မလဲ"
ထို့နောက် သူမက အသက်ကို ခပ်ပြင်းပြင်းလေး ရှုလိုက်ပြီး
"အခုတော့ သူမကို ကောင်းကောင်း အပြစ်ပေးပြီးပြီဆိုတော့ နည်းနည်းလေး နေသာ ထိုင်သာ ရှိသွားပြီ"
ယွမ်ရိလည်း အဖွား မောနေမှာ စိုး၍ အဖွားရဲ့နောက်ကျောကို အသာပွတ်ပေးနေခဲ့ကာ စကားပြောခြင်းတော့ မပြတ်ခဲ့ပေ။
သူမက ဆန်းရှောင်ဟိုင်ကိုလည်း အကဲခတ်လိုက်၏။ သူမရဲ့ဆံပင်တွေဟာ ရှုပ်ပွနေပြီး မျက်နှာကလည်း ဖူးရောင်နေ၏။