Chapter 59
August 1, 2023 by Yamin Aung
အပိုင်း - ၅၉ယွမ်ရိနဲ့ယွမ်ကျဲလည်း ယွမ်ဟောင်ဂျန်၊ ရဲ့ဖန်နဲ့ယွမ်ချူးရွယ်တို့ကို ခေါ်၍ ခြံဝန်းအတွင်းသို့ ဝင်ခဲ့လိုက်သည်။
ယွမ်ရိက ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့အား ကြည့်ကာ
"အဖိုး၊ အဖွား။ သမီးတို့ ပြန်လာပြီ"
ဟု ခံစားချက်များ ပြည့်နေသော လေသံဖြင့် ပြောလိုက်သည်။
ပြီးတာနဲ့ သူမက ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်တို့ကိုညွှန်ပြကာ
ဟု မိတ်ဆက်ပေးလိုက်၏။
ဒီလိုမျိုးမှာဆိုရင် သွက်သွက်လက်လက်ရှိသည့် ယွမ်ဟောင်ဂျန်က ချက်ချင်းဘဲ ရှေ့ကိုထွက်ကာ
"အဖိုးအဖွားတို့ မင်္ဂလာပါဗျ။ ကျွန်တော်က အမရှောင်ရိရဲ့ငါးယောက်မြောက်မောင်လေး ယွမ်ဟောင်ဂျန်ပါဗျ"
ဟု ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်၏။
"သူကတော့တတိယအကို ရဲ့ဖန်ပါ"
ဟု မိတ်ဆက်ပေးလိုက်သည်။
ယွမ်ချူးရွယ်ကတော့ ယွမ်ဟောင်ဂျန်မိတ်ဆက်မပေးသေးခင်မှာဘဲ ရှေ့ထွက်လာကာ သူမကိုယ်သူမမိတ်ဆက်လိုက်သည်။
"ဖိုးဖိုး၊ ဖွားဖွားတို့ မင်္ဂလာပါရှင့်။ သမီးက ခြောက်ယောက်မြောက်ညီမဖြစ်ပြီး ယွမ်ချူးရွယ်လို့ ခေါ်ပါတယ်ရှင့်"
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့လည်း တစ်ကြိမ်တစ်ခါမှ မမြင်မတွေ့ဖူးသေးသည့်မြေးတွေကို မြင်လိုက်ရတာမို့ စိတ်လှုပ်ရှားသွားခဲ့ကြသည်။
တစ်ဖက်မှာလည်း ဆန်းရှောင်ဟိုင်နဲ့ယွမ်ချန်းကွေ့တို့ဟာ သူတို့အိမ်ဘက်ကနေ ယွမ်ရိတို့အား ချောင်းကြည့်လို့နေ၏။
ဆန်းရှောင်ဟိုင်က
"အဲ့ကောင်မလေးကြည့်ရတာ နှစ်သစ်ကူးကို ဒီမှာဘဲ ဖြတ်သန်းချင်လို့နဲ့တူတယ်"
ဟု သူမယောက်ျားအား ပြောလိုက်၏။
ယွမ်ချန်းကွေ့သည်လည်း ခေါင်းတညိတ်ညိတ်ဖြင့် သူမိန်းမ၏စကားအား ထောက်ခံလိုက်သည်။
တစ်ဖက်မှာတော့ ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ဟာ သူတို့၏မြေးတွေကို ခေါ်လျက် အိမ်ထဲကိုဝင်ဖို့ပြင်လိုက်၏။
ထိုအချိန်မှာဘဲ ခြံဝန်းအပြင်ကနေ
"အိမ်မှာ ဧည့်သည်ရောက်နေတာလား"
ယွမ်ရိတို့လည်း နောက်ကို လည်ပြန်ကြည့်လိုက်သည့်အခါ ယွမ်ချန်းရှန်နဲ့သူ့ဇနီးချန်ခွန်းတို့ကို မြင်တွေ့လိုက်ရ၏။
ယွမ်ချန်းရှန်သည်လည်း ထိုအချိန်မှ ယွမ်ရိတို့ကိုမြင်သွားကာ ပျော်ရွှင်စိတ်လှုပ်ရှားသွားသော လေသံဖြင့်
"ဟာ၊ ငါ့တူမတွေပြန်လာတာဘဲ"
ဟု ဝမ်းသာအားရ အော်ဟစ်လိုက်၏။
ယွမ်ရိနဲ့ယွမ်ကျဲလည်း ယွမ်ချန်းရှန်နဲ့ချန်ခွန်းကိုကြည့်ကာ
"မင်္ဂလာပါ၊ ဦးလေးငါးနဲ့ဒေါ်လေးငါး"
ဟု နှုတ်ဆက်လိုက်ကြ၏။
ယွမ်ချန်းရှန်က ယွမ်ရိတို့ကိုကြည့်ကာ ပြုံးလိုက်ပြီး
"နင်တို့တွေ ပြန်လာလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ဘူး"ဟု ပြောလိုက်၏။
သူကဆက်လက်ပြီးတော့
"ကဲ၊ အပြင်မှာ စကားတွေရပ်ပြောနေလို့မကောင်းဘူး။ အိမ်ထဲဝင်ကြရအောင်"
ဟု ပြောလိုက်တော့သည်။
"အဟမ်း"
ထိုအချိန်မှာဘဲ ချောင်းဟန့်သံတစ်ချက်ထွက်ပေါ်လာ၏။ ထိုချောင်းဟန့်သံဟာ ယွမ်ဟောင်ဂျန်ထံမှ ဖြစ်ပေသည်။
ထိုအခါမှ ယွမ်ချန်းရှန်လည်း မျက်နှာစိမ်းသုံးယောက်ကိုမြင်တွေ့သွားကာ
"ရှောင်ရိ၊ ဒီကလေးသုံးယောက်က ဘယ်သူတွေလဲ"
ဟု ယွမ်ရိကို မေးမြန်းလိုက်တော့သည်။
ယွမ်ရိမိတ်ဆက်မပေးခင်မှာဘဲ ယွမ်ဟောင်ဂျန်က
"ကျွန်တော်တို့က ကလေးတွေမဟုတ်တော့ဘူး"
ဟု ဝသ်ပြောလိုက်၏။
ယွမ်ချန်းရှန်လည်း မျက်ခုံးအသာပင့်လိုက်ကာ
"ဒါဆိုရင် ဘာတွေလဲ"
ဟု တုံဏီဘာဝေသဘောမျိုးဖြင့် ပြန်မေးလိုက်၏။
ဒါ့ကြောင့် အကုန်လုံး ရယ်မောမိသွားကြတော့သည်။
ယွမ်ဟောင်ဂျန်လည်း ဘာဆက်ပြောလို့ ပြောရမယ်မှန်းမသိတော့ချေ။
တစ်ခဏကြာမှ ရဲ့ဖန်က ရှေ့ထွက်လာကာ
ဟု သေချာလေးမိတ်ဆက်ပေးလိုက်သည်။
ထိုအခါမှ ယွမ်ချန်းရှန်က
"ဪ၊ ငါ့တူတွေတူမတွေကိုးး"
ဟု ရေရွတ်လိုက်တော့သည်။
နောက်ထပ် စကားတွေထပ်မပြောကြခင်မှာဘဲ လျူရှင်းဟွာက
ဟု ပြောကာ အိမ်ထဲကို ခေါ်သွားတော့သည်။
သူတို့တွေအိမ်ထဲဝင်သွားကြတာကို တစ်ဖက်မှာ ချောင်းကြည့်နေကြသည့် ဆန်းရှောင်ဟိုင်တို့လင်မယားကလည်း မြင်လိုက်ကြသည်။
ဆန်းရှောင်ဟိုင်က ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်တို့ကိုကြည့်ကာ
"ဟိုကောင်မလေးကတော့ သူတစ်ယောက်တည်းတင်မကဘူး သူ့မောင်နှမသုံးယောက်ကိုတောင်မှ ခေါ်လာလိုက်သေးတယ်"
ဟု သူမ၏ယောက်ျားအား ပြောလိုက်၏။
ယွမ်ချန်းကွေ့က
"ဘာပဲဖြစ်ဖြစ် အကိုကြီးကို ခေါ်မလာခဲ့တာနဲ့တင် ကောင်းနေပါပြီကွာ။ မဟုတ်ရင် အရင်တစ်ခါကလို ဟန်ဆောင်ပန်ဆောင်လုပ်နေရဦးမှာ"
ဆန်းရှောင်ဟိုင်လည်း သူမယောက်ျား၏စကားကို ခေါင်းညိတ်လို့ထောက်ခံလိုက်တော့သည်။
တစ်ဖက်မှာတော့ ယွမ်ရိတို့ဟာ အိမ်ထဲကိုဝင်လာကြပြီး ထိုင်ခုံတွေမှာ ဝင်ထိုင်လိုက်ကြ၏။ မှိန်ပြပြမီးတစ်လုံးသာ ထွန်းထားသော်လည်း သူမတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပြက်ပြက်သားသားမြင်တွေ့နိုင်ကြတုန်းပင်။
"ဒါနဲ့ငါ့မြေးတို့က ဘယ်အရွယ်ရှိကြပြီတုန်း"
ယွမ်ကျီကောင်းက လူကြီးပီပီစကားကိုစတင်ပြောလိုက်၏။
ဒီတစ်ကြိမ်မှာလည်း သွက်သွက်လက်လက်ရှိသည့် ယွမ်ဟောင်ဂျန်ကဘဲ အရင်ဆုံးပြန်ဖြေလိုက်သည်။
"အဖိုး၊ ဒီနှစ်သစ်ကူးပြီးရင်း ကျွန်တော့်အသက်က ဆယ့်နှစ်နှစ်ပြည့်ပါပြီ"
ယွမ်ကျီကောင်းလည်း ယွမ်ဟောင်ဂျန်ကို ကြည့်ပြီး ပြုံးလိုက်ကာ
ထိုအခါ ယွမ်ဟောင်ဂျန်၏မျက်နှာပေါ်တွက် ကျေနပ်သောအပြုံးတစ်ခုဖြစ်တည်လာကာ
"အဲ့တာတော့ ဟုတ်သားဗျ။ ကျွန်တော်လည်း ကျွန်တော့်ကိုယ်ကျွန်တော် အဖေနဲ့အရမ်းတူမှန်း သတိထားမိနေတာကြာပြီဗျ"
ဟု အရေထူစွာဖြင့် ပြောလိုက်တော့သည်။
ဒါ့ကြောင့် လူတွေအကုန်လုံး နည်းနည်းကြောင်တောင်တောင်ဖြစ်ကုန်ကြတော့သည်။
တစ်ခဏကြာမှ ယွမ်ချန်းရှန်က ချောင်းအသာဟန့်၍
"ဒီကောင်ကတော့ တကယ့်ကို စိတ်ဝင်စားစရာကောင်းတာဘဲ"
ဟု ရေရွတ်လိုက်တော့သည်။
ဒါ့ကြောင့် မိသားစုဝင်တွေအကုန်လုံး နှစ်နှစ်ခြိုက်ခြိုက်ရယ်မောမိကုန်ကြတော့၏။
"ကဲ၊ စကားကောင်းနေတာနဲ့ ညဉ့်နက်တော့မယ်။ညစာစားပြီးရင် အိပ်ကြစို့ကွယ့်။ ပြောစရာတွေကျန်နေသေးရင်လည်း နောက်ရက်ကျမှ ဆက်ပြောကြပါတော့ကွယ်"
ဟု တားဆီးလိုက်ရတော့သည်။
သူမဟာ တားသာတားနေရပေမယ့် ယခုကဲ့သို့ အခြေအနေမျိုးကို သူမတကယ်သဘောကျပါသည်။ သူမတို့၏အိမ်လေးဟာ ယနေ့လိုမျိုး လှုပ်လှုပ်ရှားရှားဖြင့် အသက်ဝင်မလာတာတောင် တော်တော်လေးကြာနေပြီဖြစ်၏။
ထို့နောက် သူတို့ဟာ ညစာစားဖို့အတွက် ပြင်ဆင်ကြတော့သည်။
ယွမ်ရိဟာ လျူရှင်းဟွာအား ဟင်းခွက်၊ ထမင်းခွက်များ ဝိုင်းခူးပေးနေရင်းဖြင့်
"အဖွား၊ တတိယအဒေါ်ရော ပြန်မလောသေးတာလား"
ဟု မေးလိုက်၏။
"ရှောင်ရိရယ်၊ အခုကနှစ်သစ်ကူးလေ ဒီတော့ သိတဲ့အတိုင်း သမီးရဲ့တတိယအဒေါ်အလုပ်များရတဲ့ကာလပေါ့။ ဒါ့ကြောင့် ပြန်မလာသေးဘူး"
ထိုအခါမှ ယွမ်ရိလည်း နှစ်သစ်ကူးအတွက် အဝတ်အစားအသစ်တွေကို လိုက်လံချုပ်လုပ်ပေးရသည်ကို အမှတ်ရသွားတော့သည်။ ဒါ့ကြောင့်လည်း ယွမ်ချီကျီတစ်ယောက် အိမ်ပြန်မလာနိုင်သေးခြင်းဖြစ်ပေ၏။
ယွမ်မိသားစုထမင်းဝိုင်းလေးဟာ စကားပြောသံတညံညံဖြင့် နွေးထွေးချိုမြိန်လို့နေပါ၏။ မိသားစုဝင်တစ်ယောက်နဲ့တစ်ယောက်ကြား ပြောနေစရာမလိုသည့် တရင်းတနှီးဖြစ်မှုလေးတွေကြောင့် လေထုလေးဟာ အလွန်ဘဲ ကြည်နူးဖွယ်ကောင်းနေတော့သည်။
ညစာစားနေကြရင်းဖြင့် ယွမ်ဟောင်ဂျန်က သူ့အဖိုးယွမ်ကျီကောင်းအား ကျေးလက်၏ဘဝနေထိုင်မှုပုံစံတွေ၊ သူအဖေယွမ်ချန်းဖူ၏ငယ်ဘဝအကြောင်းတွေ အစရှိသဖြင့် စုံလင်နေအောင်မေးမြန်ခဲ့သည်။
ယွမ်ကျီကောင်းသည်လည်း ယွမ်ဟောင်ဂျန်မေးသမျှကို စိတ်ရှည်ရှည်ဖြင့် ပြောပြနေသည်။
ယွမ်ဟောင်ဂျန်ဟာ သူ့အဖိုးပြောပြသမျှအကြောင်းတွေကို စိတ်ဝင်တစားဖြင့် နားထောင်နေခဲ့၏။ တစ်ခါတစ်ရံ ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက တောင်ပေါ်မှာ မကြီးပြင်းလာရတာလဲဟုပင်တွေးမိကာ ကိုယ့်ကိုယ်ကိုယ်မချင့်မရဲဖြစ်နေမိတော့၏။
ညစာစားပြီး အိပ်ရာဝင်ခါနီးတော့ ယွမ်ဟောင်ဂျန်ဟာ သူ့ဦးလေးငါး ယွမ်ချန်းရှန်နားကိုကပ်လျက်
"ဦးလေးငါး၊ ဒီညဦးလေးနဲ့ အတူတူအိပ်လို့ရမလား"
ဟု စကားစလိုက်၏။
ယွမ်ချန်းရှန်က ယွမ်ဟောင်ဂျန်ကိုကြည့်ပြီး ပြုံးလိုက်ကာ
"အင်း၊ မင်းရဲ့ဒေါ်လေးငါးကို အရင် သွားမေးချည်လေ"
ဟု ပြန်ပြောလိုက်သည်။
ထိုအချိန်မှာဘဲ ရဲ့ဖန်ရောက်လာပြီး ယွမ်ဟောင်ဂျန်၏ခေါင်းကိုအသာရိုက်ပုတ်ကာ
"ဦးလေးငါး ဒီကောင့်ကို ဂရုစိုက်မနေနဲ့။ ဒီကောင်က အိမ်မှာလည်း အဲ့အတိုင်းဘဲမို့လို့"
တကယ်တော့ ယွမ်အိမ်မှာ အိပ်စရာအခန်းလွတ်မရှိတော့ချေ။ ဒါ့ကြောင့် ယွမ်ရိက ယွမ်ကျဲ၊ ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်ကို ခေါ်ကာ ရွှေသရဖူရွာရှိ အဖိုးဆောင်း၏အိမ်ကိုဘဲ ခေါ်လာခဲ့တော့သည်။
တတိယအဒေါ်ယွမ်ချီကျီသည်လည်း ရွာအသီးသီးကိုသွား၍ ဝတ်စုံများသွားချုပ်နေ၍ အဖိုးဆောင်းအိမ်မှာ ရှိမနေချေ။ ဒါ့ကြောင့် ဒီညမှာ သူမတို့ငါးယောက်ဘဲ အဖိုးဆောင်းအိမ်မှာ ရှိနေမှာဖြစ်၏။
ယွမ်ရိက ရဲ့ဖန်နဲ့ယွမ်ဟောင်ဂျန်တို့အတွက် အခန်းတစ်ခုစီစဉ်ပေးခဲ့ပြီး သူမရယ်၊ ယွမ်ကျဲရယ်နဲ့ယွမ်ချူးရွယ်တို့ကတော့ တစ်ခန်းအတူတူအိပ်ကြမှာ ဖြစ်ပေသည်။
ရဲ့ဖန်နဲ့ယွမ်ဟောင်ဂျန်တို့ဟာ ရှည်လျားလှသည့် လမ်းခရီးကြောင့် အလွန်ပင်ပန်းညောင်းညာကိုက်ခဲနေကြပြီဖြစ်၍ ကုတင်ပေါ်မှာ လှဲလျောင်းပြီးမကြာခင်မှာဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြတော့သည်။
တစ်ဖက်မှာတော့ ယွမ်ရိအခန်းထဲကို ပြန်ဝင်လာသည့်အခါ ယွမ်ချူးရွယ်က သူမ၏ခြေထောက်အား နှိပ်နယ်နေတာကိုမြင်လိုက်ရ၏။ ထို့အတူ ချူးရွယ်၏ခြေထောက်မှာ အရည်ကြည်ဖုများဖြင့် ပြည့်နေတာကိုလည်း တွေ့လိုက်ရသည်။
ဒါ့ကြောင့် သူမက မျက်မှောင်ကြုတ်ကာ
"ချူးရွယ်၊ ခြေထောက်က ဒီအခြေအနေဖြစ်နေတာကို လမ်းမှာတုန်းက ဘာလို့မပြောတာလဲ"
ဟု စိုးရိမ်စွာဖြင့် ပြောလိုက်၏။
ထိုအခါ ယွမ်ချူးရွယ်က ပြုံးလိုက်ပြီး
"အမရယ်၊ ဒီလောက်လေးကတော့ ညီမခံနိုင်ရည်ရှိပါတယ်အမရယ်။ အခုလိုနာကျင်မှုလေးကိုမှ ညီမသည်းမခံနိုင်ရင် နောက်ပိုင်းစစ်တပ်ထဲဝင်တဲ့အခါ ဒီထက်ပိုဆိုးရွားတာတွေ ကြုံလာခဲ့ရင် ညီမခံနိုင်ရည်မရှိတော့မှာ စိုးလို့"
ဟု ပြန်ပြောလိုက်၏။
ယွမ်ရိလည်း ယွမ်ချူးရွယ်ဘေးမှာ ဝင်ထိုင်လိုက်ပြီး
"ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် ဆရာဝန်နဲ့သွားပြရအောင်"
ယွမ်ချူးရွယ်က ခေါင်းယမ်းကာ
"အမရယ်။ ညီမအတွက် အဲ့လောက်ကြီး မလိုပါဘူး"
ဟု ငြင်းလိုက်၏။
"မရပါဘူး။ မနက်ကျရင် ဆရာဝန်နဲ့လိုက်ပြပေးမယ်"
ယွမ်ရိက ထပ်ပေါင်းပြောလိုက်၏။
ကြာတော့ ကြားထဲက ယွမ်ကျဲကဘဲ ယွမ်ချူးရွယ်အား
"ချူးရွယ်၊ အမရှောင်ရိစကားကို နားထောင်လိုက်ပါကွယ်"
ထိုအချိန်မှ ယွမ်ချူးရွယ်လည်း ဆရာဝန်နဲ့ပြဖို့ လက်ခံလိုက်တော့သည်။
ထို့နောက် သူတို့ညီအမသုံးယောက်ဟာ အိပ်ရာဝင်ခဲ့ကြတော့သည်။
နောက်ရက်မနက်အိပ်ရာနိုးတာနဲ့ မျက်နှာသစ်၊တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး ဖန်းယန်ရွာကိုမောင်နှမငါးယောက်ထွက်လာခဲ့ကြ၏။
ယွမ်အိမ်မှာ မနက်စာစားပြီးတာနဲ့ ယွမ်ရိက သူမ၏မောင်နှမတွေကို ခေါ်ကာ မိုးပျံမျှော်စင်ဘက်ကို ထွက်လာခဲ့ကြတော့သည်။
လမ်းမှာ ယွမ်ဟောင်ဂျန်က သာယာသည့် ကျေးလက်ရဲ့သဘာဝပတ်ဝန်းကျင်ကိုကြည့်ကာ
"ဝါးးး ဒီနေရာလေးက အရမ်းသာသာယာယာရှိတာဘဲ။ မြို့နဲ့များတခြားစီဘဲနော်"
ဟု ပျော်ရွှင်နေသော လေသံဖြင့် ပြောလိုက်၏။
ယွမ်ချူးရွယ်နဲ့ရဲ့ဖန်သည်လည်း ခေါင်းညိတ်ကာ ယွမ်ဟောင်ဂျန်၏စကားကို ထောက်ခံခဲ့ကြသည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ကတော့ ပြုံးရုံသာပြုံးနေခဲ့ကြ၏။
မိုးပျံမျှော်စင်ကိုရောက်တာနဲ့ ယွမ်ချူးရွယ်၏ခြေထောက်မှအရည်ကြည်ဖုများကို ကျောင်းရွယ်ယန်နဲ့ပြသလိုက်၏။ ကျောင်းရွယ်ယန်သည်လည်း ယွမ်ရိတို့ကိုမြင်လိုက်ရ၍ ဝမ်းသာသွား၏။
ယွမ်ချူးရွယ်အား ကျောင်းရွယ်ယန်ကုသပေးနေချိန်မှာဘဲ ယွမ်ရိက မိုးပျံမျှော်စင်တဝိုက်ကို မျက်စိကစားလိုက်ပြီးမှ
"အဒေါ်ကျောင်း၊ လင်းယောင်ကို မတွေ့ပါလား။ဘယ်သွားနေတာတုန်း"
ဟု မေးလိုက်သည်။
"အခုချိန်လောက်ဆို တောင်စောင်းပေါ်မှာ ထိုင်နေလောက်တယ်။ သူက သမီးထွက်သွားပြီးကတည်းက ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်တော့ဘဲ တစ်ယောက်တည်းနေပြီး အရင်ကလို ပြန်ဖြစ်သွားတော့တာဘဲ"
ဟု လေးပင်သော လေသံဖြင့်ပြောလိုက်၏။
ယွမ်ရိလည်း
"အဲ့တာဆို သမီးလင်းယောင်ဆီ ခဏသွားလိုက်ဦးမယ်"
ယွမ်ကျဲက
"အင်း။ အမသွားချင်ရင်လည်း သွားလေ။ ညီမ၊ ချူးရွယ်ကို စောင့်ပေးနေလိုက်မယ်"
ယွမ်ရိလည်း ခေါင်းညိတ်ပြပြီးတာနဲ့ တောင်စောင်းထံသို့ ဦးတည်လာခဲ့တော့သည်။
တောင်းစောင်းထံမရောက်ခင်မှာဘဲ တောင်စောင်ပေါ်မှာ ထိုင်နေသည့်လူရိပ်တစ်ခုကို သူမမြင်နေရ၏။ နီးကပ်လာသည်နဲ့အမျှတိုးညှင်းသော လွမ်းဆွတ်ဖွယ်ပုလွေသံစဥ်လေးကိုပါ သူမကြားလာရသည်။
ယွမ်ရိဟာ လင်းယောင်၏နောက်သို့ တိတ်တိတ်လေးလျှောက်သွားခဲ့ပြီး လင်းယောင်ပုလွေမှုတ်နေသည်အား အသာနားထောင်နေခဲ့သည်။
လင်းယောင် ပုလွေမှုတ်နေရင်းဖြင့် သူ့နောက်မှာ တစ်ခုခုရှိနေသည်ဟု ခံစားလိုက်ရသည်။ ဒါ့ကြောင့် ပုလွေမှုတ်နေတာကို ရပ်တန့်လိုက်ပြီး နောက်ကို လှည့်ကြည့်မိလိုက်၏။
ထိုအခါ သူ့နောက်မှာ ရပ်နေသည့် ယွမ်ရိအား ရုတ်တရက်မြင်တွေ့လိုက်ရတော့သည်။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားကာ ခဏမျှတိတ်ဆိတ်သွား၏။ ပြီးတာနဲ့ ပြိုင်တူ ရယ်မောကြကုန်တော့သည်။