Chapter 57
July 28, 2023 by Yamin Aung
အပိုင်း - ၅၇ရုပ်ရှင်ကြည့်ရာကနေ ပြန်လာတော့ တော်တော်လေးမိုးချုပ်နေပြီဖြစ်၍ ယွမ်ရိတို့ဟာ စာလေ့လာတာမျိုး မလုပ်ကြတော့ဘဲ တန်းအိပ်ရာဝင်ခဲ့ကြတော့သည်။
ကုတင်ပေါ်မှာလှဲလျောင်းရင်း မီးပိတ်ပြီးသည့်နောက် ယွမ်ကျဲက
"အမ၊ ညီမလေ ရုတ်တရက်ကြီး အဖိုးအဖွား၊ ဦးလေးနဲ့ဒေါ်လေးတို့ကို လွမ်းလာတယ်။ သူတို့တွေ အခုဘယ်လိုနေကြလဲမသိဘူး"
ဟု လွမ်းဆွတ်တမ်းတနေသည့် အသံဖြင့် ပြောလိုက်၏။
အထူးသဖြင့် ယခုကဲ့သို့ညမှောင်မှောင်မိုက်မိုက်ထဲမှာ ပိုပြီးတော့ လွမ်းဆွတ်ဖွယ်ကောင်းလို့နေ၏။ သူမတို့နှစ်ယောက်၏ မျက်ဝန်းအတွင်း ဖန်းမင်းတောင်ပေါ်က လူတွေ၏ပုံရိပ်တွေဟာ တဖြည်းဖြည်းဖြစ်တည်လာကြတော့သည်။
တစ်ခဏနေတော့ ယွမ်ကျဲက
"အမ၊ ငါတို့ ဖန်းမင်းတောင်ပေါ်ကိုတော့ ပြန်ဦးမှာမလား"
"ပြန်မှာပေါ့။ နှစ်သစ်ကူးမရောက်ခင်ပြန်ကြမယ်လေ"
ယွမ်ရိက ပြောလိုက်၏။
ထိုအခါ ယွမ်ကျဲကလည်း ပြုံးလိုက်ကာ
"ဟုတ်တယ်။ နှစ်သစ်ကူးကို တောင်ပေါ်မှာဘဲ ဖြတ်သန်းကြတာပေါ့"
ဟု ပြန်ပြောလိုက်၏။
ထို့နောက် ညီအမနှစ်ယောက်လုံး မျက်စိမှိတ်ကာ အိပ်စက်လိုက်ကြတော့သည်။ အိပ်မက်ထဲမှာ သူမတို့နှစ်ယောက်ဟာ ဖန်းမင်းတောင်သို့ ပြန်ရောက်သွားကြပြီး တောင်ပေါ်မှာ လွတ်လပ်ပေါ့ပါးစွာဖြင့် ဆော့ကစားလို့နေကြသည်။
နောက်ရက်၊ တနင်္လာနေ့သို့ ရောက်သည့်အခါ ရဲ့ချူးဝမ်နဲ့ယွမ်ချူးယန်အား ယွမ်ချန်းဖူအပြစ်ပေးထားသည့်အချိန်ပြည့်သွားပြီဖြစ်သည်။
ဒါ့ကြောင့်သူမတို့နှစ်ယောက်ဟာ ရေချိုး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီး မနက်စာစားဖို့အတွက် အောက်ထပ်သို့ ဆင်းလာခဲ့ကြတော့သည်။
ထမင်းစားဝိုင်းအတွင်း ယွမ်ချန်းဖူက ရဲ့ချူးဝမ်ကိုကြည့်ကာ
"ကိုယ့်အမှားကို ပြန်သုံးသပ်တာ အခြေအနေဘယ်လိုလဲ"
ဟုမေးလိုက်၏။
ရဲ့ချူးဝမ်က
"သမီးအမှားကို သမီးသိသွားပြီမို့လို့ နောက်မဖြစ်ရအောင် ဂရုစိုက်ပါ့မယ်"
ဟု ပြန်ပြောလိုက်သည်။
ယွမ်ချန်းဖူလည်း ခေါင်းတညိတ်ညိတ်လုပ်ပြပြီး ယွမ်ချူးယန်ကိုကြည့်ကာ
"နင်ကကော အခြေအနေဘယ်လိုလဲ"
ဟု တစ်ဖန်မေးလိုက်သည်။
ယွမ်ချူးယန်လည်း တိုးညှင်းသောလေသံလေးဖြင့်
"သမီးလည်း သမီးရဲ့အမှားကို သိပါပြီအဖေ။ နောက်ဆိုရင် သမီး အမရဲ့ပစ္စည်းတွေကို ခိုးမသုံးတော့ပါဘူး။ ဘယ်သူ့ကိုမှလဲ ပြဿနာမရှာတော့ပါဘူး"
ထိုအခါ ယွမ်ချန်းဖူက
"အေးပါကွာ၊ ငါ့သမီးတို့နှစ်ယောက်လုံး ကိုယ့်အမှားကိုယ်သိကြရင် ပြီးတာပါဘဲ"
ဟု ဆုံးမလိုက်၏။
တစ်ဖန်သူက ယွမ်ရိနဲ့ယွမ်ကျဲတို့ကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ
"ဘာလို့ အဖေဝယ်ပေးထားတဲ့ ကျောင်းဝတ်စုံအသစ်ကို မဝတ်ခဲ့ကြတာလဲ။ လွယ်အိတ်အသစ်ကိုရော ဘာလို့မသုံးကြတာလဲ"
ဟု မေးလိုက်၏။
ယွမ်ရိက
"သမီးတို့က အခု ကျောင်းကို တရားဝင်သွားတက်နေတာမဟုတ်ဘူးလေ။ ဒီတိုင်းဘဲ အတန်းချိန်တွေမှာ သွားနားထောင်ကြတုန်းဘဲ ရှိသေးတာ။ နောက်နှစ်မှဘဲ ကျောင်းကိုတရားဝင် စတက်မှာလေ။ဒီတော့ ကျောက်းဝတ်စုံအသစ်၊ လွယ်အိတ်အသစ်တွေကို တရားဝင်ကျောင်းတက်တဲ့အချိန်မှဘဲ သုံးတော့မလို့"
ဟု ပြန်ပြောလိုက်၏။
ယွမ်ချန်းဖူလည်း သူ့သားသမီးတွေထံမှာ ကိုယ်ပိုင်အတွေးတွေ ရှိနေတာကို သိလိုက်ရ၍ ဘာမှထပ်မမေးတော့ချေ။
ယွမ်ရိလည်း ထိုစကားကိုပြောပြီးမှ သူမ၏အဖေအား နောက်နှစ်မှ ကျောင်းတက်မည့်အကြောင်း အသိမပေးရသေးဘူးဆိုတာကို သတိရသွား၏။
ဒါ့ကြောင့်သူမက
"အဖေ။ သမီးတို့ စနေနေ့တုန်းက ကျောင်းကိုသွားခဲ့ကြသေးတယ်။ အဲ့မှာ သင်တဲ့စာတွေကို သမီးတို့တစ်နေကုန်နားထောင်ခဲ့ကြတာ။ ဒါပေမယ့် သင်ခန်းစာတွေက တစ်ဝက်ကျိုးနေပြီဆိုတော့ သမီးတို့ သိပ်နားမလည်ခဲ့ကြဘူး။ ဒါ့ကြောင့် ဒီနှစ်ကို အိမ်မှာဘဲ စာကို သေချာလေ့လာပြီး နောက်နှစ်မှဘဲ ကျောင်းကိုတရားဝင်တက်ဖို့ ဆုံးဖြတ်ထားပါတယ်၊ အဖေ"
ဟု ပြောလိုက်၏။
ယွမ်ချန်းဖူလည်း ခေါင်းညိတ်ကာ
"အင်း၊ မင်းတို့ အဆင်ပြေသလို ကြည့်လုပ်လိုက်ကြလေ။ ဒါပေမယ့် နောက်နှစ်ကျရင်တော့ ဒါမျိုးမရဘူးနော်"
ဟု ပြောလိုက်သည်။
ယွမ်ရိကလည်း ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ပါ၊ အဖေ"
ဟု ပြန်ပြောခဲ့၏။
မနက်စာစားပြီးကြသည့်နောက်မှာ တစ်ယောက်ပြီးတစ်ယောက် ကျောင်းသို့ထွက်ခွာလာခဲ့ကြ၏။
ရဲ့ချူးဝမ်က သူမ၏မနက်စာကိုအပြီးသတ်ပြီးတာနဲ့ ယွမ်ချူးယန်ကိုမစောင့်တော့ဘဲ တစ်ယောက်တည်း ကျောင်းကိုထွက်လာခဲ့၏။ ဒါ့ကြောင့် ယွမ်ချူးယန်ခဗျာ တစ်ယောက်တည်း အဖော်မဲ့နေတော့သည်။
ကံကောင်းစွာဖြင့် သူမက လမ်းမှာ စုမန်မန်ဖြင့်တွေ့ဆုံခဲ့၏။ ဒါ့ကြောင့် စုမန်မန်အနီးကိုသွားကာ
"မန်မန်ရေ၊ အမချူးဝမ်က ငါ့ကိုစိတ်ဆိုးပြီး စကားမပြောတော့ဘူး"
ဟု ရင်ဖွင့်လိုက်၏။
ထိုအခါ စုမန်မန်က ယွမ်ချူးယန်အား
"စိတ်အားငယ်မနေပါနဲ့။ နင့်မှာ ငါရှိပါသေးတယ်"
ဟု ပြောလိုက်၏။
စုမန်မန်၏စကားကြောင့် ယွမ်ချူးယန်လည်း ပျော်သွားတော့သည်။ ဒါပေမယ့် သူမဝအောက် မပျော်ရသေးခင်မှာဘဲ စုမန်မန်က
"ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်လုံးကို ပေါင်းသင်းမယ့်သူမှ မရှိတာ။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ရမှာပေါ့"
ယွမ်ချူးယန် : "........."
စုမန်မန်ပြောတာလည်း မှန်နေ၍ ယွမ်ချူးယန် တိတ်ဆိတ်သွားရတော့သည်။ တကယ်လည်း သူမမှာ ပေါင်းသင်းမယ့်သူမရှိချေ။
အရင်တုန်းကတော့ ရဲ့ချူးဝမ်နဲ့တပူးပူးတတွဲတွဲနေခဲ့ပေမယ့် အခု ရဲ့ချူးဝမ်ကသူမကို မခေါ်တော့ချေ။
ယွမ်ရိ၊ ယွမ်ကျဲ၊ ယွမ်ချူးရွယ်တို့ကျတော့လည်း သူမနဲ့က မတည့်ကြပေ။ ကျောင်းမှာဆိုရင်လည်း သူမက အပေါင်းအသင်းချေးများသေး၏။
ဒါ့ကြောင့် သူမမှာ သူငယ်ချင်းဟူ၍ စုမန်မန်တစ်ယောက်တည်းသာ ရှိပေသည်။
စုမန်မန်နဲ့သူငယ်ချင်းဖြစ်သွားတာကလည်း စုမန်မန်ဟာ သူမနဲ့စိတ်တူ၊ ဝါသနာတူဖြစ်နေလို့ပင်။
စုမန်မန်ဟာလည်း စစ်တပ်အရာရှိတစ်ဦး၏သမီးဖြစ်ပြီး သူမကဲ့သို့ပင် လှပသောအရာလေးတွေ၊ ဝတ္ထုဖတ်တာတွေကို နှစ်သက်၏။ ဒါ့ကြောင့်လည်း စုမန်မန်နဲ့သူမက အဖွဲ့ကျနေခဲ့ကြခြင်းဖြစ်ပေသည်။
ထို့နောက် ယွမ်ချူးယန်နဲ့စုမန်မန်တို့နှစ်ယောက်ဟာ တစ်ယောက်လက်တစ်ယောက်တွဲလို့ ကျောင်းကို ထွက်လာခဲ့ကြတော့သည်။
ဖန်းရှုံးယန်ဟာ ယွမ်ရိအပေါ် စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးနေပြီဖြစ်သည်။
သူမက ယွမ်ရိနဲ့ယွမ်ကျဲတို့အား နှစ်နှစ်သုံးနှစ်လောက် ကျွေးမွေးစောင့်ရှောက်ပြီးတာနဲ့ အိမ်ထောင်ချပေးလိုက်ဖို့ စီစဉ်ထား၏။
သူမစိတ်ထဲမှာ ယွမ်ရိဟာ ရိုင်းရိုင်းစိုင်းစိုင်းကလေးတစ်ယောက်ဖြစ်ပြီး သူတစ်ပါးဒေါသထွက်စေမည့် စကားလုံးတွေချည်း ပြောဆိုတတ်သည့် လူတစ်ယောက်အဖြစ် မြင်နေပါသည်။
ယွမ်ချန်းဖူကတော့ မည်သူကိုမျှ ဘက်မိလိုက်ဘဲ အပြစ်ပေးစရာရှိရင် အပြစ်ပေးသလို၊ ချီးမွမ်းစရာတွေ၊ ဆုချစရာတွေရှိရင်လည်း ချီးမြှင့်၏။
ဒါပေမယ့် ယွမ်ရိက သူမအဖေကို ထမင်းစားချိန်များမှအပ ကျန်သည့်အချိန်များတွင် အိမ်မှာမတွေ့ရချေ။ တစ်ချို့ရက်တွေမှာ ထမင်းစားချိန်တောင်မှ သူမအဖေကို မတွေ့ရတာမျိုးရှိ၏။ အဘယ်ကြောင့်ဆိုသော် ယွမ်ချန်းဖူက အလုပ်ကိစ္စများဖြင့် ခရီးထွက်ရတာမျိုးတွေ၊ အလုပ်ရှုပ်လွန်းသဖြင့် ထမင်းစားချိန်ရောက်တာတောင်မှ စစ်တပ်အတွင်းကနေ ပြန်မလာနိုင်တာမျိုးတွေ ရှိနေလို့ပင်။
ထိုကဲ့သို့သော ရက်တွေမှာဆိုရင် အိမ်မှာ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးယန်တို့ တစ်ယောက်နဲ့တစ်ယောက် သတ်ကြတဲ့နေ့ဘဲဖြစ်သည်။ ဒါပေမယ့် ယွမ်ရိကတော့ ဘယ်သူ့ဘက်မှ ဝင်မပါခဲ့ချေ။
ထိုအတူ ဖန်းရှုံးယန်ကလည်း အမေတစ်ယောက်ဖြစ်နေပြီး ဘာမျှဝင်မပြောခဲ့။ သူမ၏မျက်စိထဲမှာတော့ သူမ၏သမီးကြီးရဲ့ချူးဝမ်သည်သာ ပထမ၊ ရဲ့ချူးဝမ်သည်သာ အရာရာဖြစ်လို့နေ၏။
ဖန်းရှုံးယန်ဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့အား ဂရုစိုက်တာမျိုး လုံးဝမရှိတော့ဘဲ သူမတို့၏အခန်းထဲလည်း တစ်ကြိမ်တစ်ခါမှ မဝင်တော့ချေ။ သူမတို့နှစ်ယောက်၏ အခန်းအောင်းနေသည့် ပုံစံက သူမမြင်ကွင်းထဲမှာ တော်တော်လေး ကိုးလိုးကန့်လန့်နိုင်နေ၏။
ဒါ့ကြောင့် သူမက ယွမ်ရိကို တောင်ပေါ်ကနေ ခေါ်လာမိတာက သူမတို့မိသားစုအတွက် အကြွေးဆပ်ဖို့လားဟုပင် တွေးလိုက်မိ၏။ ယွမ်ရိတို့ရောက်ပြီးသည့်နေ့ကစပြီး မိသားစုအတွင်း ပျော်ရွှင်မှုဆိုတာက ရှားပါးသွားခဲ့ပြီဖြစ်သည်။
ဒါ့ကြောင့် သူမက ယွမ်ရိကို နှစ်နှစ်လောက်စောင့်ရှောက်ပြီးတာနဲ့ အိမ်ထောင်ချပေးလိုက်ဖို့ ကြံစည်ထားခြင်းဖြစ်ပေသည်။
အစီအစဉ်ကတော့ ထွေထွေထူးထူးမဟုတ်ပေ။သူမ၏အဖေအား လိုက်မယ်၊ မလိုက်ဖူးမေးပြီး လက်မှတ်ဝယ်ခိုင်းရုံလေးပင်။
နှစ်သစ်ကူးနီးမှ အသိပေးသည်မဖြစ်ရလေအောင် ယွမ်ရိက သူမတို့ တောင်ပေါ်ကိုအလည်ပြန်မည့်အကြောင်းအား ကြိုအသိပေးထားဖို့ ဆုံးဖြတ်လိုက်၏။
ဒါ့ကြောင့် ယွမ်ချန်းဖူရော အတူတူရှိနေသည့် ညစာစားချိန်မှာဘဲ ယွမ်ရိက
ယွမ်ရိက
"အဲ့ဒီရထားနဲ့ပြန်ရမည့်ကိစ္စကို အဖေပြောနေတာမဟုတ်ဘူး။ အဖေက စစ်တပ်ထဲမှာ အလုပ်အရမ်းများတော့ အားလပ်ရက်က တစ်ရက်နှစ်ရက်လောက်ဘဲရတာ။ ဒီရက်နည်းနည်းလေးအတွင်း သမီးနဲ့အတူ တောင်ပေါ်ကိုလိုက်ပို့ပေးလို့ရပေမယ့် အပြန်ကျရင် သမီးကို ဘယ်သူလိုက်ပို့မှာတုန်း"
ဟု ယွမ်ချန်းဖူက ပြန်မေးလိုက်၏။
"ဒါပေမယ့် အမေရော လိုက်လာမှာလေ"
ယွမ်ချန်းဖူက မျက်မှောင်ကြုတ်ရင်းဖြင့်
ဟု ပြောပြလိုက်၏။
ဟု စိုးရိမ်စွာပြောလိုက်၏။
"လမ်းပျောက်မှာ စိတ်မပူပါနဲ့။ သမီးကလမ်းတွေ အကုန်မှတ်မိပါတယ်။ ပြီးတော့ လမ်းမှာ ဆိုင်းဘုတ်တွေလည်း ချိတ်ထားတာဘဲဟာ။ ဒီကနေ တုန်းဖန်မြို့ကို ရထားစီးသွားပြီး ဟိုရောက်ရင် သမီးအတွက် လမ်းကျွမ်းသွားပါပြီ"
ဟု ရှင်းပြလိုက်၏။
ယွမ်ချန်းဖူလည်း လူရည်လည်လွန်းလှသည့် သမီးဖြစ်သူကြောင့် ရင်ထဲမှာ ပီတိဖြစ်သွားရတော့သည်။ သူ့တုန်းကဆိုရင် တောင်ပေါ်ကနေ စစ်တပ်ထဲကိုရောက်တော့ ဘာမှမသိ၍ မျက်နှာငယ်လေးဖြစ်ခဲ့ရသည် မဟုတ်ပေလော။
"တကယ်လို့ သမီးလမ်းပျောက်သွားခဲ့ရင်ရော"
ယွမ်ချန်းဖူက စိတ်မချသေး၍ ဖြစ်နိုင်ချေရှိသည်တို့ကို ထပ်မေးလိုက်၏။
"အဲ့တာဆိုရင် သမီးကနီးစပ်ရာ ရဲစခန်းတစ်ခုခုကို သွားမှာပေါ့။ ရဲစခန်းရောက်ရင် အဖေ့ကိုဆက်သွယ်ရမယ့် အချက်အလက်တွေပြောပြပြီး အိမ်ကို လိုက်ပို့ပေးဖို့ အကူအညီတောင်းလိုက်မှာ"
ဟု ယွမ်ရိက သူမသာ လမ်းပျောက်သွားခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပြောပြလိုက်သည်။
ယွမ်ချန်းဖူလည်း သူသမီးထံကနေ အခုလိုမျိုး ဖြေရှင်းနည်းကိုကြားရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။တစ်ခဏကြာမှ
"သမီးကိုအခုလောက်ထိ သိနေလိမ့်မယ်လို့ အဖေမျှော်လင့်မထားခဲ့ဘူး"
ဟု ချီးမွမ်းလိုက်၏။
ယွမ်ရိလည်း ပြုံးလိုက်ကာ
"သမီးက ဒီမြို့ကိုရောက်တာ တစ်နှစ်နီးနီးရှိနေပြီဘဲဟာ ဒီလောက်တော့ သိပါတယ်"
ဟု ပြန်ပြောလိုက်၏။
"ဒါပေမယ့် သမီးနဲ့ရှောင်ကျဲတို့နှစ်ယောက်တည်းဘဲ လွှတ်လိုက်ရမယ့်ကိစ္စကိုတော့ အဖေပြန်စဉ်းစားကြည့်ဦးမယ်"
ယွမ်ဟောင်ဂျန်လည်း ဖခင်ထံကနေ စိုက်ကြည့်ခံလိုက်ရတာကြောင့် ခန္ဓာကိုယ်ကျုံ့ဝင်သွားကာ ဘေးမှာထိုင်နေသည့် ရဲ့ဖန်ကို လက်တို့လိုက်၏။
ဟု ဝင်ပြောလိုက်၏။
ဟု ဂုဏ်ဆာသောလေသံဖြင့် ပြန်ပြောလိုက်သည်။
ဟု လေသံခပ်အေးအေးလေးဖြင့် ပြန်ပြောလိုက်သည်။
ယွမ်ချန်းဖူလည်း ခေါင်းညိတ်လိုက်ပြီးနောက် ယွမ်ရိကိုကြည့်ကာ
"ရှောင်ရိ။ သမီးရဲ့မောင်လေးတွေ၊ ညီမလေးတွေကလည်း သမီးနဲ့လိုက်ချင်နေကြတယ်။ အတူတူသွားလို့ အဆင်ပြေပါ့မလား"
ယွမ်ရိအတွက်တော့ အဆင်မပြေဖြစ်စရာမရှိပေ။ ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်တို့က အသက်အရွယ်တစ်ခုကို ရောက်နေပြီဖြစ်၍ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်နေကြပြီဖြစ်သည်။
ဒါ့ကြောင့် သူမက ခေါင်းညိတ်ကာ
"အဆင်ပြေပါတယ်၊ အဖေ"
"မင်းတို့အကုန်သွားချင်နေကြတော့လည်း အဖေ မတားတော့ပါဘူးလေ။ ဟိုရောက်ရင် မဆိုးကြနဲ့၊ပြောစကားနားထောင် လိမ်လိမ်မာမာနေကြ။ အဖိုးအဖွားတွေကိုလည်း ဂရုစိုက်ပေးခဲ့ကြဦး"
ဟု မှာလိုက်တော့သည်။
ယွမ်ချန်းဖူထံကနေ ခွင့်ပြုချက်ရလိုက်ပြီဖြစ်တာမို့ အကုန်လုံး ပျော်ရွှင်သွားကြတော့သည်။ ယွမ်ဟောင်ဂျန်ကတော့ ပျော်ရွှင်လွန်းသဖြင့် ထမင်းစား စားပွဲကို လက်ဖြင့် ပုတ်ကာ
ကနဲ အော်ဟစ်လိုက်တော့သည်။