အပိုင်း - ၂၄.၁
ယွမ်ချီကျီဟာ ရေစချိုးပြီးတာနဲ့ တန်းအိပ်ရာဝင်ခဲ့တော့သည်။ နောက်ရက်ရောက်တာနဲ့သူမဟာ မိုးမလင်းခင် အိမ်ကလူတွေတစ်ယောက်မှ မနိုးသေးသည့်အချိန်မှာ အိပ်ရာထခဲ့သည်။ သူမဟာ သူမမိဘတွေ၏အိမ်မှာ အလကားကပ်မနေချင်၍ ကြက်စာ၊ ဝက်စာများ ကျွေးတာတွေ၊ ထမင်းဟင်းချက်ပြုတ်ပေးတာတွေ၊ အဝတ်လျှော်ဖွပ်တာတွေကို ပြုလုပ်ပေးခဲ့သည်။
ယွမ်ကျီကောင်း၊ ယွမ်ရိ၊ ယွမ်ကျဲနဲ့လျူရှင်းဟွာတို့နိုးလာချိန်မှာတော့ ယွမ်ချီကျီကမိသားစု၏ဝေယျာဝစ္စများကို လုပ်ကိုင်ပေးခဲ့ပြီးဖြစ်၍ လုပ်စရာမရှိတော့ချေ။ ဒါ့ကြောင့် သူမတို့ဟာ မနက်စာတန်းစားလိုက်ကြတော့သည်။
ယွမ်ချန်းရှန်ကတော့ အိပ်ရာကနေကို မထသေးချေ။ဒါ့ကြောင့် ယွမ်ကျဲက
"ဦးလေးငါးကို သွားနှိုးလိုက်ရမလား" လို့ မေးလိုက်သည်။
ယွမ်ကျီကောင်းက
"သူ့ကိုသွားမနှိုးနဲ့။ ဒီရက်တွေထဲ သူပင်ပန်းထားတာမို့လို့ အိပ်ပါစေ" လို့ ပြောလိုက်သည်။
မနက်စာ စားကြရင်းဖြင့် လျူရှင်းဟွာက ယွမ်ချီကျီအား
"သမီးရယ်။ အိမ်အလုပ်တွေကို အမေတို့လုပ်ပါ့မယ်။ သမီးကသက်သက်သာသာနေစမ်းပါဦး။ရထားတဲ့ဒဏ်ရာတွေကလည်း သက်သာသေးတာမဟုတ်သေးပဲနဲ့။ ညှော်နံ့ခံရလိမ့်မယ်ကွဲ့"
"သမီးရဲ့ဒဏ်ရာတွေက သက်သာနေပါပြီ။ ပြီးတော့ ဒီအလုပ်တွေကလည်း အပန်းမကြီးပါဘူးအမေရဲ့"
ယွမ်ကျီကောင်းလည်း သူမကိုကြည့်လိုက်ကာ "ဒီနေ့တော့ ဘာအလုပ်မှထပ်မလုပ်တော့နဲ့။ အိမ်မှာပဲ နားနားနေနေ နေနော်"
ယွမ်ချီကျီက
"အဲ့လိုတော့ ဘယ်ဖြစ်မလဲအဖေရဲ့။ သမီးက ဒီနေ့စိုက်ခင်းထဲမှာ အလုပ်လုပ်မလို့တောင် ပြင်ပြီးသွားပြီ"
သူမအနေနဲ့ ဒီအိမ်ဟာဘယ်လိုပဲ သူမမိဘတွေ၏အိမ် ဖြစ်တယ်ပြောပြော တစ်ရက်ကလေးတောင်မှ အလုပ်မလုပ်ပဲ မနေချင်ပေ။
ယွမ်ကျီကောင်းလည်း မျက်လုံးပြူးကာ
"မင်းအလုပ်မသွားရဘူး။ ဒါတစ်ချက်လွှတ်အမိန့်ပဲ"
သူ့သမီးက ယောက္ခမအိမ်မှာအရိုက်ခံလာရတဲ့အပြင် အိမ်မှာလည်းမနက်စောစောထပြီး အိမ်အလုပ်တွေလုပ်ပေးခဲ့၏။ အခုလည်း ထုတ်လုပ်ရေးအဖွဲ့မှာ အလုပ်လုပ်ဖို့ပြင်နေပြန်သည်။
သူ့သမီးလေးဟာ အိမ်ရောက်မှ သူမ၏ယောက္ခမအိမ်ထက်ပိုပြီး ဒုက္ခခံနေရသလိုဖြစ်နေပြီဖြစ်သည်။
တစ်ချက်လွှတ်အမိန့်ထုတ်ပြီး တားဆီးလိုက်သည့်ဖအေဖြစ်သူကြောင့် ယွမ်ချီကျီလည်းနာခံစွာဖြင့်
"ဟုတ်ကဲ့ပါ အဖေ အဲ့ဒါဆို သမီး ဒီနေ့အလုပ်မသွားတော့ပါဘူး" လို့ ကတိပေးလိုက်ရတော့သည်။
မနက်စာ စားပြီးတဲ့နောက်မှာ ယွမ်ကျီကောင်း၊ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ အိမ်ကနေ ထွက်လာခဲ့ကြတော့သည်။
ယွမ်ကျီကောင်းက အလုပ်သွားခြင်းဖြစ်သည်။ ယွမ်ရိကတော့ ရွှေသရဖူရွာသို့ သွားခြင်းဖြစ်ကာ ယွမ်ကျဲကတော့ အခြားသောလူတစ်စုဖြင့်အတူ ထင်းကောက်သွားခြင်းဖြစ်ပေသည်။
လျူရှင်းဟွာကတော့ မနက်စာ စားပြီးတာနဲ့ယွမ်ချီကျီအား အနားယူခိုင်းလိုက်ပြီး အိပ်ခန်းထဲထိတောင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့လိုက်တော့သည်။
ယွမ်ချီကျီလည်း ကုတင်ပေါ်မှာ လဲလျောင်းလိုက်ပြီးမကြာခင်မှာပဲ အိပ်ပျော်သွားတော့သည်။
သူမကမိန်းမသားဖြစ်၍ ယွမ်းချန်းရှန်ကဲ့သို့ အားကောင်းမောင်းသန်ယောက်ျားသားနဲ့ ယှဉ်၍မရချေ။
ယွမ်ချန်းရှန်ဟာ နေ့လည်ခင်းအထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပြီး နိုးလာတာနဲ့ပင်ပန်းထားသမျှ အကုန်ပျောက်ကွယ်သွားတော့သည်။
ဒါပေမယ့်သူမကတော့ ပင်ပန်းနေရာကနေ နလံထူဖို့နှစ်ရက်လောက် အနားယူခဲ့ရပေသည်။
နှစ်ရက်ကြာအနားယူပြီးတဲ့နောက်မှာ သူမက တစ်ကိုယ်လုံး လန်းဆန်းသွားပြီဖြစ်လို့ အလုပ်လုပ်ဖို့အတွက် အိမ်ကနေထွက်လာခဲ့တော့သည်။
ယွမ်ချန်းရှန်ဟာ ယွမ်ချီကျီအား အိမ်ကိုပြန်ခေါ်လာချိန်မှာ ကလေးတွေတစ်ယောက်မှမပါပဲ ပြန်ခေါ်လာခဲ့သည့်အပြင် အဝတ်ထုပ်ကိုပါ ယူလာတာမို့ ဖန်းယန်ရွာအတွင်းမှ လူတချို့ဟာ ယွမ်အိမ်အကြောင်း အတင်းတုပ်နေကြတော့သည်။
စိုက်ခင်းတစ်ခုအတွင်းမှာတော့ အမျိုးသမီးတစ်စုဟာ ပေါင်းနုတ်မြက်သင်လုပ်နေကြသည်။ ဆန်းရှောင်ဟိုင်လည်း ထိုအုပ်စုအတွင်းပါဝင်ပေသည်။ အမျိုးသမီးတစ်ဦးက မြက်နုတ်နေရင်းဖြင့် ဆန်းရှောင်းဟိုင်အား
"နင့်ယောက်မက အိမ်ပြန်လာတယ်ဆို။ ဘာလို့ပြန်လာတာတဲ့လဲ နင်သိလား"
ဆန်းရှောင်ဟိုင်က
"အိုးဘယ်ရယ်ကြောင့် မဟုတ်ပါဘူးအေ။ သူ့ယောက်ျားက ရိုက်လိုက်လို့ဆိုလားပဲ။ ဒါ့ကြောင့်မို့ ယွမ်ချန်းရှန်က သူ့အမကို ပြန်ခေါ်လာတာပေါ့"လို့ စကားကိုဆွဲပြောလိုက်သည်။
ထိုအခါမေးခွန်းမေးလိုက်သည့်အမျိုးသမီးက မြက်ကိုကုန်းနုတ်နေရာကနေ မတ်တတ်ရပ်လိုက်ပြီး
ဆန်းရှောင်ဟိုင်က ပုခုံးတွန့်လျက်
"အဲ့တာတော့ ငါလည်း အကြောင်းအရင်းသေသေချာချာ မသိဘူးလေ" လို့ ပြောလိုက်သည်။
ထိုအမျိုးသမီးကပင် ဆက်လက်ပြီးတော့ စပ်စုလိုက်သည်။
"ဒီတော့ချီကျီက အခုယွမ်အိမ်မှာပဲနေရင်း သူ့ရဲ့ယောက္ခမတွေပြန်လာခေါ်မယ့်အချိန်ကို စောင့်နေမှာလား"
"ငါကြားတာတော့ သူက သူ့ယောက်ျားနဲ့ကွာရှင်းဖို့ ပြင်နေပြီတဲ့"
"ကွာရှင်းမယ်ဟုတ်လား"
ထိုစကားကြောင့် မြက်နုတ်နေကြသည့်အခြားသောအမျိုးသမီးတွေလည်း ခေါင်းထောင်လာကြတော့သည်။
ဆန်းရှောင်းဟိုင်က
"ငါတော့ အဲ့တိုင်းကြားတာပဲလေ အမှန်ဖြစ်မလား၊အမှားဖြစ်မလားတော့ မသေချာသေးဘူးရယ်။ ဒါပေမယ့် တကယ်လို့သာ ယွမ်ချီကျီက ကွာရှင်းဖို့ဆုံးဖြတ်ခဲ့လို့ကတော့ သူမကလူတွေရဲ့တံတွေးခွက်အတွင်း မျောသွားမှာတောင် စိုးရတယ်။ ဘာလို့လည်းဆိုတော့ သူမမှာကလေး လေးယောက်တောင် ထွန်းကားခဲ့ပြီးပြီဖြစ်လို့ဘဲ"
"အဲ့တာပြောတာပေါ့။ ဘဝမှာ လူရွေးမမှားဖို့ကအရေးကြီးတယ်ဆိုတာကို"
ထိုအချိန်မှာပဲ အမျိုးသမီးတစ်စုဟာ အဝေးကနေယွမ်ချီကျီလာနေတာကို မြင်လိုက်ကြရသည်။ ဒါ့ကြောင့်မို့ သူမတို့လည်း အတင်းတုပ်နေကြတာကို အမြန်ရပ်လိုက်ကြတော့သည်။
ယွမ်ချီကျီဟာ သူမရောက်သည့်နေ့ကတည်းက ရွာထဲမှအခြားသောမိန်းမများနဲ့အတူ အလုပ်လုပ်ဖို့အတွက် သွားပြောထားခဲ့သည်။ ဒါပေမယ့် သူမအဖေ၏တားဆီးမှုကြောင့် ပထမနေ့မှာအလုပ်မသွားလိုက်ရပေ။ ထိုအချိန်တုန်းက ဒီအမျိုးသမီးတွေအကုန်လုံး သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံကြကာ 'နေကောင်းရဲ့လား'၊ 'မတွေ့ရတာနှစ်အတော်ကြာပြီနော်' အစရှိသဖြင့် နှုတ်ဆက်ကြသည်။
ဒါပေမယ့် ဒီနေ့မှာတော့ ထိုအမျိုးသမီးတွေရဲ့သူမအပေါ်အကြည့်တွေဟာ နည်းနည်းထူးဆန်းနေကြောင်း ယွမ်ချီကျီ ခံစားမိလုက်၏။ ဒါပေမယ့် သူမကအဲ့တာကို အမှုမထားတော့ပဲ အလုပ်ကိုစတင်လုပ်ကိုင်လိုက်တော့သည်။
သူမဟာအရင်တုန်းက ရွာထဲမှာရှိသည့် အမျိုးသမီးများနဲ့ရင်းနှီးခဲ့ပေမယ့် တောင်ခြေကမြို့ပေါ်မှာ အိမ်ထောင်ကျပြီးတဲ့နောက် အဆက်အသွယ်သိပ်မရှိတော့တာမို့ နည်းနည်းပြန်စိမ်းသွားပြီဖြစ်သည်။ ဒါ့ကြောင့် သူမအနေနဲ့ ဒီအမျိုးသမီးတွေနဲ့ စကားတရင်းတနှီးပြောဖို့ တွန့်ဆုတ်နေခဲ့သည်။
နောက်ဆုံးမှာတော့ ထိုအရာတွေကို တွေးမနေတော့ပဲ အလုပ်ထဲမှာစိတ်နှစ်ကာ လုပ်ကိုင်လိုက်တော့သည်။
လျူရှင်းဟွာဟာ အသက်အရွယ်ရလာပြီဖြစ်ပြီး ခါးလည်းသိပ်မကောင်းတော့၍ စိုက်ခင်းတွေထဲအလုပ်လုပ်တာကို ရပ်နားခဲ့သည်။ သူမက အိမ်မှာနေရင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် စိုက်ခင်းကို ဂရုစိုက်ခြင်း၊ မွေးမြူထားသောတိရိစ္ဆာန်များကို ဂရုစိုက်ခြင်းနဲ့ အိမ်၏ဝေယျာဝစ္စများကို လုပ်ကိုင်ခြင်းတို့ကိုဆောင်ရွက်ခဲ့၏။
ဒါ့အပြင် ဖန်းယန်ရွာထဲမှာ လျူရှင်းဟွာကဲ့သို့ အသက်အရွယ်ရနေပြီဖြစ်သည့် အဖွားများလည်းရှိနေကြပါသေးသည်။ ထိုအဖွားတွေဟာ မကြာခဏ အိမ်တစ်အိမ်မှာစု၍ ခြင်းတောင်းများရက်လုပ်ကာ အတင်းတုပ်ကြလေ့ရှိပေသည်။
ထိုသို့သောအဖွဲ့ထဲမှာ အဖွားလျူရှင်းဟွာလည်း အပါအဝင်ဖြစ်၏။
ဒီနေ့မှာလည်း သူမက အိပ်ရာထပြီးတာနဲ့ အိမ်အလုပ်များကို လုပ်ကိုင်နေခဲ့သည်။ ထိုအချိန်မှာပဲ သူမတို့ခြံထဲကို အဖွားလီနဲ့အဖွားကျောင်းတို့နှစ်ယောက်ဟာ ရက်လုပ်လက်စခြင်းတောင်းတွေကိုင်၍ ဝင်လာကြသည်။
အဖွားလျူရှင်းဟွာလည်း အဖွားကျောင်းနဲ့အဖွားလီတို့အား ဧည့်ခံလိုက်ပြီး သုံးယောက်သား ဟိုအကြောင်းဒီအကြောင်း စပ်မိစပ်ရာတွေပြောကြ၏။ ထိုသို့စကားပြောနေကြရင်း အဖွားလီနဲ့အဖွားကျောင်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက် မကြာခဏကြည့်ကြသည်။
ထို့နောက် နှစ်ဦးသားအကြည့်ဖြင့်ပင် သဘောတူညီမှုရသွားကြပြီး အရင်ဆုံး ချောင်းဟန့်လိုက်ကြသည်။
"အဖွားကြီး တော့သမီး ချီကျီလေ။ ကွာရှင်းတော့မလို့ဆို ဟုတ်လား"
ဒါကိုကြားတော့ တောင်းရက်နေသည့် အဖွားလျူရှင်းဟွာ၏လင်တွေတုန်သွားပြီး
"ဘယ်ကကြားခဲ့ရမှာလဲ။ ဒီအကြောင်းတွေက တစ်ရွာလုံးပျံ့နေတဲ့ဟာကို။ နင်မသိဘူးလား။ ဒီမယ်ဆရာကြီးလုပ်တာတော့ မဟုတ်ဘူးနော်။ ရင်းနှီးနေလို့အကြံပေးတာ။ နင့်သမီးကို ကွာရှင်ဖို့ နင်ရော နင့်ယောက်ျားပါ ခွင့်မပြုသင့်ဘူးသိလား။ ကိုယ့်သမီးက အိမ်ထောင်ကျပြီးတာဖြင့် ဆယ်နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ကလေး လေးယောက်လည်းရှိနေပြီလေ။ သေချာပြန်စဉ်းစားခိုင်းဦးမှပေါ့ဟယ်"
လျူရှင်းဟွာလည်း ထိုစကားတွေကိုနားထောင်ရင်း သူမ၏အရည်တွေ တွန့်နေပြီဖြစ်သည့်လက်အား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်တော့သည်။
ကွာရှင်းမှုအကြောင်းကို ယွမ်ချီကျီပြန်လာခဲ့သည့်ညမှာပဲ ယွမ်ရိက တိတ်တဆိတ်ပြောခဲ့ခြင်းဖြစ်သည်။ယွမ်ကျီကောင်းနဲ့ယွမ်ချန်းရှန်တို့ကတော့ ထိုအကြောင်းတွေကို အပြင်ကိုပျံ့နှံ့စေမှာမဟုတ်ပေ။
'ဒါဆိုရင်ယွမ်ရိနဲ့ ယွမ်ကျဲများလား'
ညနေခင်းတစ်မိသားစုလုံး အိမ်ပြန်လာပြီး ညစာစားကြတော့သည်။ ညစာ စားနေစဉ်မှာ လျူရှင်းဟွာကယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ကာ
"နင်တို့တွေ နင်တို့ရဲ့တတိယအဒေါ် ကွာရှင်းမယ့်အကြောင်းတွေကို အပြင်မှာ ပြောမိကြသေးလား" လို့ မေးလိုက်၏။
ယွမ်ရိနဲ့ယွမ်ကျဲလည်း ထိုမေးခွန်းကိုကြားတော့ အံ့အားသင့်သွားပြီး ခေါင်းယမ်းလိုက်ကြသည်။
ယွမ်ရိက ဝါးလက်စထမင်းကို မြိုချလိုက်ပြီး
"ဒီကိစ္စက ပြောပြရုံလေးပဲရှိပြီး အတည်မဖြစ်သေးဘူးလေ။ ပြီးတော့အတည်ဖြစ်ရင်တော့ လူကြားသူကြားပြောလို့ကောင်းတဲ့အရာမှ မဟုတ်တာကြီးကို"
ယွမ်ချီကျီအနေနဲ့ ကွာရှင်ဖို့ဆုံးဖြတ်ခဲ့ရင်တောင်မှ သူမကအပြင်ကို လျှောက်ပြောနေမှာ မဟုတ်ပေ။ဘာလို့လဲဆိုတော့ ဒီအကြောင်းအရာတွေက တတိယအဒေါ်အတွက် မကျက်နိုင်သည့်အနာတွေ ဖြစ်နေတာကြောင့်ပင်။
လျူရှင်းဟွာလည်း ယွမ်ချန်းရှန် ဘက်ကို လှည့်ပြီး
"ဒါဆိုရင် မင်းပြောလိုက်သေးလား" လို့ ထပ်မေးလိုက်သည်။
ယွမ်ချန်းရှန်က
"ဘာကိစ္စနဲ့ကိုယ့်အမရဲ့အကြောင်းကို အပြင်ပြောရမှာလဲ"
လျူရှင်းဟွာတစ်ယောက် အတွေးများနေရတော့သည်။
'ငါ့မိသားစုထဲမှာ ယွမ်ချီကျီကို ကောင်းကောင်းမွန်မွန် နေစေချင်ကြတဲ့သူတွေချည်းဘဲ။ သူမအပေါ် ဒုက္ခရောက်အောင်လို့ ကွာရှင်းမယ့်အကြောင်းတွေကို လျှောက်ပြောမယ့်သူတွေလည်း မဟုတ်ပါဘူး။ ဒါဆိုရင် ရွာထဲကို ဒီအကြောင်းတွေပျံ့နှံ့သွားရတဲ့ အဓိကအရင်းအမြစ်က ဘယ်သူဖြစ်မလဲ'
သူမက ထိုသို့လျှောက်တွေးရင်းဖြင့် တစ်ခုခုကို တွေးလိုက်မိသည်။ ထိုအရာကို တွေးလိုက်မိတာနဲ့ စားပွဲအား ဒေါသတကြီးပုတ်လိုက်တော့သည်။ သူမကိုယ်တိုင်ကလည်း အလောတကြီး မတ်တပ်ထရပ်လိုက်မိ၏။
လျူရှင်းဟွာ၏ ရုတ်တရက်အပြုအမူကြောင့် လူတိုင်းလန့်သွားကြသည်။
ယွမ်ရိက
"အဖွားဘာဖြစ်တာလဲ" လို့ မေးလိုက်၏။
လျူရှင်းဟွာက ပြန်မဖြေ။ သူမကအိမ်အပြင်ကိုထွက်ကာ ဆန်းရှောင်ဟိုင်တို့အိမ်ဘက်ကို ဦးတည်သွားလိုက်ပြီး
"ဆန်းရှောင်းဟိုင်။ နင်တော့ သေချင်နေတာပဲ"
ထိုအချိန် ယွမ်ချန်းကွေ့တို့အိမ်မှာလည်း ညစာ စားနေကြသည်။
လျူရှင်းဟွာ၏ဒေါသတကြီးအော်သံကို ကြားတာနဲ့ထမင်းစားနေသည့် ဆန်းရှောင်ဟိုင်၏လက်တွေ တုန်ယင်သွားတော့သည်။
ယွမ်ချန်းကွေ့က
"ဘာဖြစ်တာလဲ"
ဆန်းရှောင်းဟိုင်လည်း အသံတွေပါ တုန်နေတာကို ထိန်းလျက်
လို့ ယုံကြည်မှုကင်းမဲ့နေသည့် လေသံဝိုးတဝါးဖြင့် ပြန်ဖြေလိုက်တော့သည်။