Chapter 107.2

1.8K 161 0
                                    

အပိုင်း - ၁၀၇.၂
သူက ဟိုဟိုဒီဒီလျှောက်ကြည့်လိုက်ကာ၊ "ယွမ်ချန်းရှန် ပြန်မရောက်သေးဘူးလား?"

"ဆရာယွမ်က ဆိုင်ကိုလာတာ ရှားပါတယ်ရှင့်။ သူ့ကိုရှာချင်တယ်ဆိုရင် ဝယ်သူ...."

"မနေ့ကလည်း လာတယ် မဟုတ်ဘူးလား? အဲ့ဒါကို ဘာလို့ ဒီနေ့ ထပ်မလာတာတုန်း သူက?"
"နင်တို့ နှင်းဆီစံအိမ်က အဲ့လိုတွေလုပ်နေ။ ဟိုမှာကြည့် လမ်းတစ်ဖက်က ဆိုင်ကို? သူတို့ကတော့ သူတို့ကိုယ်သူတို့ ဘရန်းထည်လို့တော့ ပြောတာပဲ။"
ပြောပြီးတာနှင့် တစ်ချက်ရယ်လိုက်ကာ ခြေထောက်မြှောက်၍ မြောက်ကြွမြောက်ကြွနှင့် ထွက်သွားလေတော့သည်။
အရောင်းစာရေး : "????"
ဘာကြီး? ဘယ်သူကြီးတုန်း သူကရော?
သူမကလည်း တစ်ဖက်ကဆိုင်နဲ့ သိတယ်လေလို့။ သူတို့က ပိုင်ရှင်တစ်ဦးတည်းပဲဟာကို။

ဒီဆိုင်ဝင်ပြီးတာနှင့် တစ်ဖက်က ယွမ်ချန်းရှန်ကိုရှာဖို့ တစ်ဖန် ယွမ်ရိတို့ဆိုင်ဘက် ထွက်လာပြန်လေသည်။
တစ်ဖက်ကဆိုင်က အမျိုးသမီးဝတ် အဝတ်အစားတွေရောင်းတာမလို့ ဧည့်သည်အတော်များများက အမျိုးသမီးတွေဖြစ်ကာ ယောက်ျားလေးဆိုလို့ ကိုယ့်ကောင်မလေးအတွက် အဝတ်အစားဝယ်ပေးဖို့လာသည့် သူတွေသာရှိလေသည်။
ဝယ်သူက ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ အရောင်းစာရေးလေးက ပြုံးပြီး ရိုသေစွာ နှုတ်ဆက်လာချေသည်။
"ဒီနေ့ကျွန်မတို့ဆိုင် ပထမဆုံးဖွင့်တဲ့ အထိမ်းအမှတ်အနေနဲ့ ဒစ်စကောင့်လည်း ရနိုင်တဲ့အပြင် မဲပါ နှိုက်သွားလို့ရပါတယ်နော်။ တစ်ယွမ်တည်းနဲ့ ကျွန်မတို့ရဲ့မဲနှိုက်တဲ့ အစီအစဉ်လေးကို ဝင်ရောက်ကံစမ်းလို့ ရပါတယ်ရှင့်။ ကံကောင်းရင် ကျွန်မတို့ပြတင်းပေါက်မှာ ပြထားတဲ့အဝတ်အစားတွေထဲက တစ်စုံကိုရမှာပါ။ ကံမကောင်းလို့ မဲမပေါက်ခဲ့ရင်လည်း စိတ်မပူပါနဲ့ရှင့်။ ကျွန်မတို့က ပစ္စည်း ကွာလတီကောင်းတဲ့ ပိုးသားမာဖလာလေး လက်ဆောင်ပြန်ပေးမှာပါရှင့်။"

"ဒါဆို ငါမဲပဲ နှိုက်လိုက်တော့မယ်။"
အရောင်းစာရေးလေးက သူ့ကိုကောင်တာဆီခေါ်လာကာ ငွေတစ်ယွမ်နှင့်လက်မှတ်လေး တစ်ပါတည်း လဲပေးလိုက်လေသည်။
ဆန်းဝေ လက်မှတ်ကိုကိုင်ကာ မဲနှိုက်တဲ့နားသွားလိုက်တာနှင့် ဝယ်သူတွေကို ပိုးသားမာဖလာကမ်းပေးနေသည့် ယွမ်ချန်းရှန်ကို တန်းတွေ့လိုက်ရလေသည်။ သူက ဘာမှမဟုတ်သလိုပင် ပြုံးပြလာကာ၊ "ဒီကဝယ်သူရော ပိုးသားမာဖလာလေး ယူဦးမလား?"
ဆန်းဝေ : "..."
ဘာလဲဟ? ယွမ်ချန်းရှန်က ဒီမှာဘာလို့ရှိနေတာတုန်း?
သူပြန်မပြောတော့ပဲ မဲနှိုက်မယ်လုပ်တော့ ချန်ခွန်းနဲ့ယွမ်ရိတို့ကို တစ်ပါတည်း တွေ့လိုက်ရပြန်တော့သည်။ ဆိုင်ကကြီးလွန်းတာမလို့ သူဝင်လာကာစက သူတို့ရှိမှန်း သတိမထားမိခဲ့တာမလို့ မမြင်ခဲ့လိုက်ပေ။
ခဏလေးအတွင်းမှာပဲ သူ့မျက်နှာပျက်လာတော့သည်။

ယွမ်ချန်းရှန် သူ့မျက်နှာ ပြောင်းသွားတာကို ကြည့်လိုက်ပြီး မေးလာလေသည်၊ "ဝယ်သူ၊ မဲနှိုက်မလို့လားမသိဘူး?"
သူ စိတ်နဲ့ကိုယ်နဲ့ မကပ်တော့ပေ။ ဘာတွေဖြစ်ခဲ့လဲ မသိလိုက်ပေမဲ့ သူ့မျက်နှာဆို ရှက်စိတ်ကြောင့် ပူထူနေတော့သည်။

မဲလက်မှတ်ကို လက်ထဲကျစ်နေအောင် ဆုပ်ထားလိုက်ကာ ပြန်ထွက်ဖို့ပဲ ပြင်လိုက်တော့သည်။
သူပြန်လှည့်တာနှင့် ရုတ်တရက် သူ့ပိုက်ဆံတစ်ယွမ်ကို ဘာမှမလုပ်လိုက်ရပဲ ဖြုန်းလိုက်သလိုဖြစ်ကြောင်း သတိရသွားကာ အသက်ဝဝရှူလိုက်ပြီး ယွမ်ချန်းရှန်ဘက် ပြန်လှည့်လာကာ ပေးလိုက်ပြီး မဲပုံးကို နှိုက်လိုက်လေသည်။
"ဝယ်သူမသိလောက်ဘူးဆိုပေမဲ့ ကျွန်တော်တို့နှင်းဆီစံအိမ်ဘရန်းကလည်း ကွာလတီကောင်းတာတွေပဲ ရောင်းပေးနေတာဆိုတော့ ပိုကောင်းတာလိုချင်ရင် ကျွန်တော်တို့ဆိုင်ဆီ လာခဲ့လို့ရပါတယ်နော်။ ကျွန်တော်တို့ ဝယ်သူစိတ်ကြိုက် ဖြစ်စေရပါမယ်။"
ဆန်းဝေ : "...."
သူ့ကို ယွမ်ချန်းရှန်က တမင်လာမခံချင်အောင် ပြောနေမှန်း သူသိတာမလို့ ခပ်တည်တည်မျက်နှာထားနဲ့ပဲ ကဒ်ကို ဆွဲယူလိုက်ကာ၊ "ခုလို လိုက်ကြည့်ပေးတာ ကျေးဇူးပါ။"
ယွမ်ချန်းရှန် သူ့ကို သာမန်လိုပဲ နှုတ်ဆက်လာကာ ပိုးသားမာဖလာ ကမ်းလိုက်လေသည်။
ယွမ်ချန်းရှန် မျက်နှာကိုကြည့်ကာ ဒီလူက ဆူးလိုပင်။ သူ့မျက်နှာပေါ် နက်နက်နဲနဲစိုက်ဝင်နေကာ သွေးထွက်မတတ် ကုတ်ဝင်ထားသလိုလိုပင်။ ပြီးတော့ မမြင်ရတဲ့လက်သီးတစ်ချက်ကို ထိုးလိုက်ပြီး မျက်နှာပေါ် ယောင်လာအောင် လာလုပ်ထားသလိုပင်။

သူမနေ့ကပြောခဲ့သမျှက အခုတော့ အကုန်ပြန်ခံနေရရှာပြီ။
သူ ပိုးသားမာဖလာလေးကိုယူကာ ပြန်လှည့်ထွက်ဖို့ရှိသေး ဆိုင်ထဲကဝယ်သူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြကာ တစ်ယောက်ပြီးတစ်ယောက်၏ စိတ်လှုပ်ရှားနေသည့် အသံတွေက သူ့နားထဲရောက်လာတော့သည်။
"ကြည့် ကြည့်ဦး အဲ့ဒါ ဝမ်ရှောင်မလား?"
"တူတော့တူသား။ ဟဲ့ ဟုတ်တယ် ထင်တယ်နော်?"
"ငါသတင်းစာတွေနဲ့ တီဗီမှာပဲ မြင်ဖူးတာလေ။ သေချာမသိဘူးလို့။"
"ငါသူ့ပွဲသွားဖူးတယ်။ တကယ်ကြီး သူဟ။"
"ဝါး သူလည်းဒီမှာ လာဝယ်တာ ထင်တယ်။"
...
ယွမ်ချန်းရှန်လည်း လူတွေအသံကြောင့် ကြည့်မိသွားကာ ရှဲ့တုန်းယန်က သူ့ကောင်မလေးဖြစ်သည့် အမျိုးသမီးအဆိုတော် ဝမ်ရှောင်နှင့်အတူ ဝင်လာတာကို တွေ့လိုက်ရလေသည်။
ဝမ်ရှောင်က သူမ၏အဆိုနှင့်အကကြောင့် နာမည်ကြီးလှကာ မနှစ်က လူငယ်အဆိုပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ပြီးကတည်းက ပိုနာမည်ကြီးလာတော့သည်။ သူမက တရုတ်မှာ လူသိများသည့် အဆိုတော်တစ်ယောက်ဖြစ်ပြီး ဟောင်ကောင်နဲ့ထိုင်ဝမ်က ထိပ်တန်းဝင်အဆိုတော်တွေလောက် မဟုတ်ပေမဲ့ ထိုဘက်မှာလည်း နာမည်ကြီးသည့်အထဲတော့ ပါသည်ပြောရမည်။

ဝမ်ရှောင်က လူအတော်များများ၏ အာရုံကိုဆွဲဆောင်လိုက်နိုင်ကတည်းက လူတွေအကုန် အဝတ်ဝယ်တာရပ်ကာ သူမကိုပဲ ကြည့်နေကြတော့သည်။
ချန်ခွန်းက ယွမ်ချန်းရှန်နားကို ကပ်သွားကာ အသံတိုးတိုးဖြင့် မေးလာတော့သည်၊ "အဲ့ဒါဝမ်ရှောင်မလား?"
"ငါမသိဘူးလေ။"
တစ်ဖက်မှာတော့ ယွမ်ရိနဲ့လင်းယောင်က ရှဲ့တုန်းယန်တို့ကို ပြုံးကာနှုတ်ဆက်နေပြီး၊ "ကျေးဇူးပါသူဌေး။ ကျွန်မတို့ ဆိုင်ဖွင့်ပွဲလေးကို လာပေးလို့။ ဒါက တကယ့်ကို..."
ရှဲ့တုန်းယန် စကားပြောမလို့ လုပ်နေတုန်းမှာပင် ဝမ်ရှောင်က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လာလေသည်၊ "တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မက ဝမ်ရှောင်ပါ။"
ဒါ တကယ်ကြီး အဲ့ဒီအဆိုတော်ပဲ။

ဆိုင်ထဲ နောက်ထပ် ဆူညံသံတွေ ထပ်ကြားလိုက်ရတော့သည်။

ယွမ်ရိတို့တွေ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ကြကာ လက်ဖက်ရည်နဲ့ဧည့်ခံမလို့ရှိသေး ဝမ်ရှောင်က ဒီနေ့ အဝတ်အစားပဲ အဓိကဝယ်ဖို့လာခဲ့တာဖြစ်ကာ မဲပါနှိုက်သွားဦးမည်ဆိုပြီး ပြောလာတော့သည်။

ယွမ်ရိလည်း အနောက်ဘက်က ဧည့်ခန်းထဲသို့ ခေါ်မသွားတော့ပဲ ဝမ်ရှောင်ကို မဲနှိုက်သည့်ဘက်ကို ခေါ်လာခဲ့လိုက်လေသည်။
ဝမ်ရှောင် ရောက်လာကတည်းက လူတိုင်း​၏ အာရုံက သူမဆီမှာပင်။
ဘယ်ခေတ်ရောက်နေပါစေ နာမည်ကြီးတွေဆီမှာ အရောင်အဝါတွေက ရှိနေတတ်ကာ ဘယ်နေရာသွားသွား လူတိုင်း​၏အာရုံကို ဆွဲဆောင်ထားနိုင်သည်အထိပင်။
ဝမ်ရှောင် ကဒ်လေးကို ဆွဲထုတ်လိုက်ကာ၊ "ကံကောင်းတဲ့ကြယ်လေး..."
ယွမ်ချန်းရှန်က ဘေးကပြောလာလေသည်၊ "ကံထူးသွားပါပြီ။"
မနက်ခင်းကပဲ ဝယ်သူတစ်ယောက်က တစ်ထည်ကံထူးသွားခဲ့ကာ အခုဆို ဝမ်ရှောင်ကလည်း ဒုတိယမြောက်ဝတ်စုံကို ရသွားခဲ့လေသည်။ အံ့မခန်းကျော်ကြားမှုနှင့်အတူ ကံကောင်းမှုက ဆိုင်ထဲကသူမကို ထပ်လောင်းဖြည့်စွက်ထားသလိုပင်။

ဝမ်ရှောင်ခမျာ အရမ်းပျော်နေကာ သူ့စိတ်ကြိုက်အဝတ်တွေကို ရွေးနေတော့သည်။ ပြီးမှယွမ်ရိလည်း ဝမ်ရှောင်နဲ့ ရှဲ့တုန်းယန်တို့ကို ဧည့်ခန်းထဲခေါ်လာကာ လက်ဖက်ရည်နှင့်အတူ သစ်သီးတချို့ပါ ဧည့်ခံပေးလာပြီး လက်ကမ်းစာစောင်ပြကာ စိတ်ကြိုက်အဝတ်ရွေးလို့ရအောင် ပြလိုက်လေသည်။
"ကျွန်တော့်မှာလည်း အချိန်မရှိတာနဲ့ပဲ ဒီဘက်နဲ့တစ်ယောက်ကိုတစ်ယောက် ရင်းနှီးလာအောင် လုပ်ဖို့ ညစာစားပွဲလေး မဖိတ်ဖြစ်သေးဘူးဗျာ။ ဒါပေမဲ့ ဒီနေ့ဆိုင်ဖွင့်ပွဲဆိုတာနဲ့ပဲ ကျွန်တော်တို့လည်း ထွက်လာခဲ့လိုက်တာ။"
ယွမ်ရိလည်း သူ ဝမ်ရှောင့်ကိုပါ ခေါ်လာမယ်လို့ မထင်ထားခဲ့ပေ။ "တကယ် ကျေးဇူးတင်ပါတယ်။"
နှစ်ယောက်သား စကားစမြည်ပြောပြီးကြတာနှင့် ယွမ်ရိ လင်းယောင်ကို မိတ်ဆက်ပေးလိုက်လေသည်။
"ကျွန်မခင်ပွန်း လင်းယောင်ပါ။"
ရှဲ့တုန်းယန် ချက်ချင်း ထရပ်ကာ၊
"နောက်ဆုံးတော့ ခင်ဗျားကို ကျွန်တော်မြင်ရပြီပဲ။"

"ကျွန်တော်လည်း ရိရိဆီကနေ ဒီဘက်အကြောင်း ကြားထားပါတယ်။"
ရှဲ့တုန်းယန်က ပြုံးလိုက်ကာ တစ်ဖက်က ဝမ်ရှောင်ကို မိတ်ဆက်ပေးလာသည်၊ "တရုတ်ပြည့်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ သုတေသနပိုင်းဆိုင်ရာ အထူးပြုသိပ္ပံပညာရှင် လင်းယောင်တဲ့။"
ဝမ်ရှောင်ပါ အံ့ဩသွားကာ ထနှုတ်ဆက်လာလေသည်၊ "တွေ့ရတာဝမ်းသာပါတယ်။"
လင်းယောင်မှာ အမြဲအခွင့်ထူးခံ ပုဂ္ဂိုလ်လိုမျိုး ပုံစံနဲ့မနေတတ်ပေ။ သူ လူတွေနှင့် ဆက်ဆံနေရတာမကြိုက်ပေမဲ့ ယွမ်ရိအသိတွေဖြစ်တာမလို့၊ "ကျွန်တော်တို့ အနာဂတ်မှာလည်း ရင်းနှီးလာကြမှာပဲကို"
သို့သော်လည်း ပထမဆုံးအကြိမ်တွေ့တဲ့သူတွေအဖို့ ရိုရိုသေသေဆက်ဆံတာ ပုံမှန်ပဲလေ။

တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်နေကြရင်း စကားဝိုင်းက ယွမ်ရိ​၏အဝတ်အစားဒီဇိုင်းပိုင်းကနေ ဝမ်ရှောင်​၏အဆိုတော်အလုပ်ဘက် ရောက်သွားကာ ထို့နောက် လင်းယောင်၏ အံ့အားသင့်ဖွယ် အလုပ်အကိုင်တွေအကြောင်းနှင့် ရှဲ့တုန်းယန်၏ နေ့စဉ်ဘဝတွေဘက်ပါ ရောက်သွားတော့သည်။
ပိုစကားပြောကြည့်လေလေ ပိုသက်သောင့်သက်သာဖြစ်လာကြကာ ယွမ်ရိလည်း ဝမ်ရှောင်နဲ့ရှဲ့တုန်းယန်တို့ကို မေးလိုက်လေသည်, "နှစ်ယောက်က လက်ထပ်ဖို့အသင့်ဖြစ်ကြပြီလား မသိဘူး?"

ဝမ်ရှောင်က ခေါင်းညိတ်ပြလာကာ၊ "ဒီနှစ်ကုန်လောက်မှာ ဖြစ်မယ်ထင်တယ်။ တုန်းယန်ပြောတာတော့ ကျွန်မအတွက် လက်ထပ်ဝတ်စုံလေးကိုယ်တိုင် ဖန်တီးပေးချင်လို့ဆို။ ....တကယ်လားဟင်?"

"ဒီလိုလုပ်ပေးခွင့်ရတာကိုကာ ကျွန်မအတွက် တကယ် ဂုဏ်ယူစရာပါ။"

"ဒီမှာလည်း နှင်းဆီစံအိမ်ရဲ့ သူဌေးကိုယ်တိုင်လုပ်တဲ့ ဝတ်စုံလေးနဲ့ လက်ထပ်ခွင့်ရမှာကို တကယ် ဝမ်းသာလိုက်တာ။"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ချီးကျူးကာ စကားစမြည်ပြောနေကြတုန်း လင်းယောင်နဲ့ရှဲ့တုန်းယန်တို့ကတော့ လက်ဖက်ရည်သောက်နေလိုက်လေသည်။
ဆိုင်ကလည်း အခုထိ လူကျနေကာ အဝတ်တွေကလည်း တစ်ထည်ပြီးတစ်ထည်ကို ရောင်းနေရလေ၏။

ဆန်းဝေလည်း ဆူပုတ်နေတဲ့မျက်နှာကြီးနှင့် မာဖလာလေးကို ယူကာဆိုင်ထဲကနေ ထွက်လာလိုက်လေသည်။ သူ့မျက်နှာကြီးက နီရဲနေကာ အသက်တောင် ဝဝမရှူနိုင်သည်အထိပင်။ အပြင်ဘက်မှာ ခဏရပ်နေလိုက်ကာ ပြုံးနေသည့် ယွမ်ချန်းရှန် မျက်နှာကို လှမ်းကြည့်လိုက်ပြီး ပိုစိတ်တိုလာကာ မျက်နှာကြီးက စိမ်းပုတ်လာတော့သည်။
သူ့မျက်နှာက စိမ်းလိုက်နီလိုက်နှင့်‌ ရောင်စုံပြောင်းနေကာ လက်ထဲက မာဖလာကို ကျစ်နေအောင်ဆုပ်ထားလိုက်ပြီး ထွက်လာခဲ့လိုက်လေသည်။
နောက်ထပ် ခြေလှမ်းအနည်းငယ်လှမ်းပြီးတဲ့ အခါမှာတော့ သူပြန်ဆုတ်လိုက်ကာ နှင်းဆီစံအိမ်ဘက်ကို ဝင်လာပြီး အရောင်းစာရေးလေးကို ဒေါသတကြီးကြည့်ကာ၊ "အဲ့ဒီဆိုင်ကလည်း နင်တို့အပိုင်ပဲလား? ဘာလို့ငါ့ကို စောစောမပြောတာတုန်း?"

စာရေးလေးက
"....ကျွန်မပြောမလို့ပဲလေ အဲ့ဒါဝယ်သူကမှ နားမထောင်သွားတာ။"
ဟု ရိုးရိုးသားသားဟန်လေးဖြင့် ပြန်ပြောလိုက်သည်။

ဆန်းဝေဒေါသထွက်ရလွန်းလို့ သူ့ရင်ဘတ်ကြီး ပေါက်ထွက်တော့မလိုပင်။
ပြီးနောက် သူ့လက်ထဲက မာဖလာကို ကောင်တာပေါ်ပစ်တင်လိုက်ကာ၊
"ရော့ ဒီမာဖလာအစုတ် နင်တို့ပဲယူထားလိုက်။"
ပစ်တင်ပြီးတာနှင့် ဒေါကြီးမောကြီးနှင့် ထွက်လာရာ သူ့ခြေလှမ်းတွေက အလောကြီးနေလို့ထင်၊ တံခါးဘောင်နှင့်တိုက်မိကာ ချော်လဲလေတော့သည်။

စာရေးလေး : ....

ဆန်းဝေ လဲကျတာကြည့်ပြီး မရယ်ဖို့လုပ်ပေမဲ့ နောက်ဆုံး သူ မထိန်းနိုင်တော့ပဲ လက်ကိုအုပ်ကာ ရယ်လေတော့သည်။
ဆန်းဝေ လမ်းလျှောက်လာရင်း လမ်းပေါ်က လူအုပ်တွေကို ဖြတ်သန်းလာရကာ သူတို့စကားတွေထဲ...
"ငါကြားတာတော့ တစ်ယောက်က နောက်ထပ် ဝတ်စုံတစ်စုံ ကံထူးသွားပြန်ပြီဆို၊ ဟုတ်လား?"

"အင်းလေ၊ ဟိုလေ မနှစ်ကလူငယ်အဆင့် သီချင်းဆိုပြိုင်ပွဲက အဆိုတော် ဝမ်ရှောင်လေ။ သူ ဘယ်တစ်ခု ရွေးသွားလဲတော့ ငါလည်းမသိဘူး။"

"တကယ်ကြီး? ဝမ်ရှောင်က အဲ့ဆိုင်မှာ?"

"တကယ်လေ။ လူတွေဆိုတာ သူ့ကို လာကြည့်ကြတာများ။ သူကိုယ်တိုင် သူ့စိတ်ကြိုက် ဝင်ဝယ်သွားတာ။"

"နင်ပြန်ထွက်လာပြီလား? ငါရော လာကြည့်လို့ရလား?"

"ငါမပြန်ရသေးဘူး။ လာခဲ့လေ။ ငါ ခု အနားယူနေတာ။ ပြီးမှ ပြန်ဖြစ်လောက်မယ်ထင်တယ်။"

"ဝမ်ရှောင်တောင် အဲ့က ဝယ်တယ်တဲ့လား? ငါလည်း ဝယ်ရမယ်။"

"ငါဆို ခုလေးတင် စကတ်တစ်ထည် ဝယ်ပြီးတာ။"
....

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ