Chapter 105.1

1.9K 170 0
                                    

အပိုင်း - ၁၀၅.၁

ယွမ်ချန်းရှန်ရဲ့စကားများကြောင့် ဆန်းဝေ၏ မျက်နှာကြီးမှာ ရှုံ့မဲ့သွားရတော့သည်။

သူက အိမ်ရောင်းချင်တာမှန်ပေမယ့် ဝယ်ယူဖို့ လာစုံစမ်းကြသူများမှာ သူ့ရဲ့ရန်သူဟောင်းယွမ်ချန်းရှန်တို့ ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ချေ။

ဆန်းဝေတစ်ယောက် မျက်နှာကြီးရှုံ့မဲ့ကာ ဘာမှပြန်မပြောဘဲ အပေါက်ဝမှာ ငူငူကြီး ရပ်နေမိသည်။

ကြာတော့ ယွမ်ရိလည်း စိတ်မရှည်တော့ဘဲ
"ရှင့်အိမ်ကို မရောင်းချင်ဘူးဆိုရင်လည်း ရှင်းရှင်းပြောပါလား။ အခုလိုမျိုး ရေငုံနှုတ်ပိတ်နေတာတော့ မကောင်းပါဘူး။ အိမ်မရောင်းချင်ဘူးဆိုရင်လည်းကျွန်မတို့ ပြန်တော့မယ်"
လို့ ပြောကာ လှည့်ပြန်ဖို့ပြင်လိုက်သည်။

"ခဏလေး နေပါဦး"
ထိုအချိန်ကျမှ ဆန်းဝေလည်း သတိဝင်လာကာ ယွမ်ရိအား ပြန်ပြောလိုက်သည်။

ဤအချိန်မှာ အိမ်တစ်လုံးရောင်း ရောင်းထွက်ဖို့ ခက်ခဲလှသည်။ ငွေကြေးသိပ်မရှိတဲ့သူတွေကလည်း အိမ်မဝယ်ချင်ကြသလို၊ ငွေကြေးပြည့်စုံတဲ့သူတွေကလည်း သူတို့ရဲ့ငွေကို အိမ်‌ဝယ်ဖို့ မသုံးကြဘဲ အခြားသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။

ဒါ့ကြောင့် သူ့အိမ်ကို ဝယ်ယူရန်အတွက် လာရောက်စုံစမ်းသည့် ရှားရှားပါးပါးလူများကို မမောင်းထုတ်နိုင်ချေ။

'အင်းးးယောက်ျားကောင်းဆိုတာ အခြေအနေနဲ့ အညီ လိုက်လျောညီထွေ နေတတ်ရတယ်'
ထိုသို့ တွေးပြီး တံခါးဝမှာ ပိတ်ရပ်နေတာကို ဖယ်ပေးလိုက်သည်။

ဆန်းဝေက ဖယ်ပေးလိုက်တာကြောင့် ယွမ်ရိက အရင်ဆုံးဝင်လိုက်သည်။ သူမနောက်ကနေ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့က ဝင်လိုက်ကြ၏။

အထဲကိုဝင်ပြီးတာနဲ့ အိမ်ထဲကို တန်းမဝင်သေးဘဲ ခြံဝန်းတစ်လျှောက် လိုက်ပတ်ကြည့်ကြသည်။ ပြီးမှ အိမ်ထဲကို လိုက်ကြည့်ကြသည်။

ထိုသို့ လိုက်ကြည့်နေစဉ်အတွင်း ယွမ်ချန်းရှန်က ဆန်းဝေအနားကို ကပ်ကာ မိတ်ရင်းဆွေရင်းတစ်ယောက် ဟန်ပန်ဖြင့်
"အိမ်တောင် ရောင်းနေရပြီဆိုတော့ ဒီ‌နှစ်တွေ အတွင်း အဆင်မပြေဘူးလား ငါ့ကောင်ရ"
ဟု မေးလိုက်သည်။

ဆန်းဝေက နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်သွားသော်လည်း ဘာမှပြန်မပြောခဲ့ချေ။

ရို့ပါဗီလီယမ်နဲ့ မူပိုင်ခွင့်ပြဿနာတက်ပြီးသည့်နောက်မှာ သူ့ဘက်ကနေ ယွမ်ရိတို့ထံအပါအဝင် အစိုးရကိုပါ ငွေကြေးအများကြီးပေးချေခဲ့ရသည်။

ထို့နောက် တောင်ပိုင်းဒေသကိုသွားကာ အလုပ်လုပ်ခဲ့သည်။ သူက သူများလက်အောက်မှာ အလုပ်လုပ်ရခြင်းအား သဘောမကျသူတစ်ယောက်မို့ ကိုယ်ပိုင်စီးပွားရေးတစ်ခု တည်ထောင်ကာ လုပ်ကိုင်ခဲ့သည်။

ဒါပေမယ့် နှစ်,နှစ်လောက် ကြာသွားတာတောင်မှ တိုးတက်မှုဘာမှ မရှိဘဲ အရှုံးတွေပင် ပေါ်ခဲ့သည်။ ဒါ့ကြောင့် ဆန်းဝေဟာ ပေကျင်းကို ပြန်လာပြီး စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ဘဲ ဆုံးဖြတ်လိုက်သည်။

ဒါ့ကြောင့် သူ့အိမ်ကိုရောင်းဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။ အိမ်ရောင်းဖို့အတွက် သူ့မိန်းမနဲ့လည်း စကားများခဲ့ရပြီး မိန်းမက သူ့ကိုစိတ်တိုသွားကာ ကလေးတွေကို ခေါ်လျက် သူမ၏မိဘအိမ်ကို ပြန်သွားခဲ့သည်။

သူ့မိန်းမက သူ့အား စီးပွားရေးအကြီးကြီးတွေကို စွန့်စွန့်စားစားမလုပ်စေချင်ပဲ အသေးစားလုပ်ငန်းများဖြင့်သာ စစေချင်သည်။

ဒါပေမယ့် သူကတော့ တစ်ခါတည်း လုပ်ငန်းကြီးတစ်ခုကိုသာ လုပ်ကိုင်လို၏။ ဒါ့ကြောင့်လည်း သူ့မိန်းမနဲ့ စကားများခဲ့ရခြင်းပင်။

ဆန်းဝေက ဘာမှပြန်မပြောဘဲ တိတ်နေတာကို မြင်တော့ ယွမ်ချန်းရှန်လည်း အရေးမပါတာတွေ မပြောတော့ဘဲ အလုပ်ကိစ္စကိုဘဲ ပြောလိုက်တော့သည်။
"မင်း၊ ဘယ်လောက်နဲ့ ရောင်းဖို့ မှန်းထားလဲ"

ဤတစ်ကြိမ်မှာတော့ ဆန်းဝေက ပြန်ဖြေလိုက်သည်။
"ယွမ်နှစ်သောင်း"

ယွမ်ချန်းရှန်က ချန်ခွန်းဘက်ကို လှည့်ကာ
"ဈေးနည်းနည်း များသလိုဘဲနော်"
ဟု ပြောလိုက်သည်။

ဆန်းဝေက နှုတ်ခမ်းတွ့န်ရုံမျှ ပြုံးလိုက်ပြီး ယွမ်ချန်းရှန်ကို ကြည့်ကာ
"မတတ်နိုင်ဘူးလား"
ဟု မေးလိုက်သည်။

ယွမ်ချန်းရှန်လည်း ဆန်းဝေကို မျက်ခုံးအသာပင့်ကြည့်ကာ
"ဒီနှစ်တွေအတွင်း ငါတို့ရဲ့ရို့ပါဗီလီယမ်က ဆိုင်ခွဲတွေ အများအပြား ဖွင့်လှစ်နိုင်ခဲ့ပြီး အဲ့ဒီဆိုင်ခွဲတွေကနေ ဝင်ငွေအမြောက်အမြားကိုလည်း ရနေခဲ့တာကွ။ အဲ့တော့ ဒီအိမ်ကို ဝယ်နိုင်လား မဝယ်နိုင်ဘူးလာကို မင်းခန့်မှန်းကြည့်ပါလား"
ဟု ပြန်ခနဲ့လိုက်၏။

"ဒီအိမ်ရဲ့တန်ဖိုးက ယွမ်နှစ်သောင်းဆိုရင် များတယ်။ လျော့ပါဦး"
ယွမ်ရိက ဝင်ပြောလိုက်သည်။

"မင်းက ဘယ်လောက်နဲ့ ဝယ်ချင်လို့လဲ"
ဆန်းဝေက ပြန်မေးလိုက်သည်။

ယွမ်ရိက မဆိုင်းမတွပင်
"ယွမ်တစ်သောင်း"
ဟု ပြန်ဖြေလိုက်၏။

"ထက်ဝက်ကြီးတော့ မဆစ်နဲ့လေဗျာ။ တစ်သောင်းရှစ်ထောင်ဆိုရင်ရော"
ဆန်းဝေက ယွမ်ရိပြောသည့်ဈေးကို ငြင်းကာ သူ့မူရင်းဈေးအား နှစ်ထောင်လျော့ပြောလိုက်သည်။

ဒီလိုနဲ့ ခြံအား ဟိုဆစ်ဒီဆစ်ဖြင့် နောက်ဆုံး ယွမ်တစ်ထောင့်ငါးရာဖြင့် ဈေးတည့်သွားခဲ့သည်။

ဒါပေမယ့် ယွမ်ရိတို့က အိမ်ကို လေ့လာရုံဘဲ လာကြကာ ချက်ချင်းဝယ်ဖြစ်သွားမယ် ထင်မှတ်မထားတာကြောင့် ငွေပါမလာခဲ့ပေ။ ဒါ့ကြောင့် ယွမ်ချန်းရှန်က
"လောလောဆယ် ငါတို့ ငွေယူမလာခဲ့မိဘူး။ ဒါ့ပြင် စာချုပ်စာတမ်းတွေလည်း ဘာမှ မပြင်ဆင်ထားရသေးဘူး။ ဒါ့ကြောင့် မနက်ကျရင် အကုန်ပြင်ဆင်ပြီး တစ်ခေါက် ထပ်လာခဲ့မယ်"
ဟု ဆန်းဝေကို ပြောလိုက်သည်။

ဒါပေမယ့် ဆန်းဝေက ယွမ်ချန်းရှန်တို့ စိတ်ပြောင်း၍ အရောင်းအဝယ်ပျက်သွားမည်ကို စိုးရိမ်ကာ
"နောက်ရက်တွေ လုပ်မနေပါနဲ့။ ခုချက်ချင်း စာချုပ်ချုပ်ကြ‌တာပေါ့။ လိုအပ်တဲ့ စာချုပ်စာတမ်းတွေ အကုန်လုံးကို ကျွန်တော့်ဘက်က အသင့်ပြင်ထားပြီးသားပါဗျ"
ဟု ပြောလိုက်သည်။

ထိုစကားကြောင့် ယွမ်ရိ၊ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့လည်း တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်မိကြသည်။

ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ဦးလေးအား
"အဲ့တာဆို ဦးလေးက ငွေပြန်ယူလိုက်ပါ။ လိုအပ်တာ တချို့လည်း ပြင်ဆင်ခဲ့ဦး။ သမီးနဲ့အဒေါ်တို့ ဒီမှာဘဲ စောင့်နေပါ့မယ်"
ဟု ပြောလိုက်သည်။

ဒါ့ကြောင့် ယွမ်ချန်းရှန်လည်း ငွေနဲ့အခြားလိုအပ်တာတွေ ယူဆောင်ဖို့ အိမ်ပြန်သွားခဲ့သည်။

ယွမ်ချန်းရှန် ပြန်ရောက်လာတာနဲ့ တစ်ခါတည်း စာချုပ်ချုပ်ကာ ငွေချေခဲ့ကြသည်။ ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသွားကာ အသိသက်သေလုပ်လျက် လက်မှတ်လည်း ထိုးခဲ့ကြသည်။

နောက်ဆုံးအဆင့်အနေနဲ့ ထိုရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံစာလေးဘဲ လိုတော့သည်။

အုပ်ချုပ်ရေးမှူးအိမ်က ပြန်ခဲ့တာနဲ့ ယွမ်ချန်းရှန်က ဆန်းဝေကိုကြည့်ကာ
"ထောက်ခံစာ ရောက်တာနဲ့ ကျန်တဲ့ ငွေကို အကျေချေပေးပါ့မယ်။

ဆန်းဝေက ခေါင်းညိတ်ကာ
"ကောင်းပြီ"
ဟု ပြန်ဖြေလိုက်သည်။

ထို့နောက် ယွမ်ရိတို့ တူဝရီးသုံးယောက်ဟာ ဆန်းဝေနဲ့ လမ်းခွဲခဲ့ကြသည်။

သူတို့သုံးယောက်ဟာ အိမ်တန်းမပြန်ကြသေးဘဲ ဈေးမှာ ဟင်းသီးဟင်းရွက်တချို့ ဝယ်ယူခဲ့ကြသေးသည်။ ပြီးမှ အိမ်ကိုပြန်ခဲ့ကြ၏။

အိမ်ရောက်တာနဲ့ ညစာအတွက် ပြင်ဆင်ချက်ပြုတ်ကြတော့သည်။ ချက်ပြုတ်နေစဉ်မှာပင် လင်းယောင်လည်း ပြန်လည်ရောက်ရှိလာပြီး ယွမ်ရိတို့နဲ့အတူ ဝိုင်းဝန်းချက်ပြုတ်ပေးခဲ့၏။

ညစာ စားချိန်။
ယွမ်ချန်းရှန်က
"ကိုင်းးးး နောက်ပိုင်း ငါတို့ အိမ်ပြောင်းသွားခဲ့ရင်  အခုလိုမျိုး အတူတူစားရဖို့က သိပ်မလွယ်တော့ဘူး"
ဟု ရေရွတ်လိုက်သည်။

"လွယ်ပါတယ် ဦးလေးရယ်။ အိပ်ချိန်ပဲ အဲ့ဒီကို သွားပြီး ကျန်တဲ့ အချိန်တွေမှာ ဒီကို လာနေပေါ့"
ယွမ်ရိက အပြုံးလေးဖြင့် အကြံပေးလိုက်သည်။

ယွမ်တူဝရီးနှစ်ယောက် ပြောစကားကို နားထောင်နေရင်းဖြင့် လင်းယောင်က ယွမ်ချန်းရှန်အား
"ဦးလေးတို့က ဝယ်ဖို့အတွက် အိမ်ရှာတွေ့သွားတာလား"
ဟု မေးလိုက်သည်။

ယွမ်ချန်းရှန်က ခေါင်းညိတ်ကာ
"ဟုတ်တယ်ကွ။ အရင်တုန်းက စီးပွားရေးလုပ်ရင်း ကြုံခဲ့ဖူးတဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဆီကနေ ဝယ်လိုက်တာ"
ဟု တစ်မျိုးတစ်မည်ဖြစ်နေသော အပြုံးလေးဖြင့် ပြန်ဖြေပေးလိုက်သည်။

ထို့နောက် ညစာကို စားရင်းဖြင့် စကားတွေ အများကြီး ဖောင်ဖွဲ့ခဲ့ကြသည်။ ပြီးနောက် အိပ်ရာဝင်ခဲ့ကြတော့သည်။

အိပ်ရာထဲတွင် ယွမ်ရိက လင်းယောင်၏လက်မောင်းအား ခေါင်းအုံးရင်းဖြင့်
"ဦးလေးတို့ အိမ်ခွဲသွားခဲ့ရင် ဒီအိမ်ကြီးမှာ ငါတို့နှစ်ယောက်တည်း ကျန်ခဲ့မှာနော်"
ဟု စိတ်မကောင်းဟန်လေးဖြင့် ပြောလိုက်သည်။

"အင်းး။ အဲ့ဒီအခါကျရင် လုပ်စရာရှိတာ တချို့ကို အကောင်အထည်ဖော်ရမယ်"
လင်းယောင်က ပြန်ပြောလိုက်သည်။

လင်းယောင်စကားကြောင့် လက်မောင်းပေါ်အိပ်နေသည့် ယွမ်ရိ၏ခေါင်းလေးထောင်လာကာ
"ဘာလုပ်စရာတွေလဲ"
ဟု မေးလိုက်၏။

လင်းယောင်က နှုတ်ခမ်းတွန့်ရုံမျှ ယောင်ယောင်လေးပြုံးကာ
"မောင်ပြောတဲ့ စကားရဲ့အဓိပ္ပာယ်ကို 'မ' နားလည်ရဲ့သားနဲ့"
ဟု ပြောလျက် ယွမ်ရိအပေါ်ကနေ အုပ်မိုးလိုက်တော့၏။

ထို့နောက် မိုးလင်းသွားတော့သည်။

နောက်ရက်များတွင် လင်းယောင်၏သုတေသနဌာနမှာ အရေးတကြီး သုတေသနပြုရမည့်အရာများ ရှိလာ၍ ‌အလုပ်ထဲမှာဘဲ အချိန်ကုန်တာ များတော့သည်။

ယွမ်ရိကတော့ အိမ်အပြင်ကို ဈေးဝယ်ထွက်လိုက်၊ဒီဇိုင်းဆွဲလိုက်ဖြင့်သာ သူမရဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့သည်။

ဒီနေ့မှာတော့ ယွမ်ရိက အိမ်မှာဘဲ နေကာ ယွမ်တပေါင်စာလုပ်နေသည်ကို စောင့်ကြပ်ပေးနေသည်။ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ကတော့ ဆန်းဝေထံမှ ဝယ်ယူထားသော ခြံဝန်းအား သန့်ရှင်းရေးသွားလုပ်နေကြသည်။

စာတွေပြန်လေ့လာပြီးသွား‌သည့်နောက် ယွမ်တပေါင်က ယွမ်ရိအား
"အမ ကျွန်တော် စာလုပ်ပြီးသွားပြီ။ TV ကြည့်လို့ ရမလား"
ဟု တောင်းဆိုလိုက်၏။

ယွမ်ရိလည်း ယွမ်တပေါင်၏အိမ်စာ စာအုပ်တွေကို ယူစစ်လိုက်သည်။ ပြီးမှ ခေါင်းညိတ်ကာ
"အွန်းး ကြည့်လို့ရတယ်။ ဒါပေမယ့် ခဏပဲ ရမယ်နော်"
ဟု ပြောလိုက်သည်။

ယွမ်တပေါင်လည်း ပျော်ရွှင်စွာဖြင့် TV ကို အမြန်ဖွင့်ကာ သူ့ကြည့်ချင်နေသည့်လိုင်းကို ခပ်သွက်သွက်လေး ပြောင်းလိုက်သည်။ ယွမ်ရိသည်လည်း ယွမ်တပေါင်ဘေးမှာ ထိုင်လျက် TV မှာ လွှင့်နေသော ဇာတ်လမ်းကို ကြည့်ရှုနေလိုက်သည်။

ထိုအချိန်မှာဘဲ ခြံထဲကို လူတစ်ယောက် ဝင်လာသံကို ကြားသဖြင့် ယွမ်ရိ လှည့်ကြည့်မိလိုက်သည်။ထိုအခါ တရွေ့ရွေ့ဖြင့် လာနေသော ယွမ်ချူးရွယ်ကို မြင်တွေ့လိုက်ရ၏။

ယွမ်ချူးရွယ်ဟာလည်း ပေကျင်းမှာ ကောလိပ် တက်နေခြင်းဖြစ်ကာ တနင်္ဂနွေနေ့တိုင်း ယွမ်ရိထံ အလည်လာလေ့ရှိသည်။ ယွမ်ချူးရွယ်က မိသားစုဝင်ဖြစ်တာမို့ အိမ်ကိုလာလည်တိုင်း ခြံတံခါးကို တိုက်ရိုက်ဖွင့်ကာ ဝင်လာလေ့ရှိသည်။ ဒါကိုလည်း ယွမ်ရိက ခွင့်ပြုထား၏။

ယွမ်ရိလည်း ယွမ်ချူးရွယ်အား လက်ဝှေ့ကာ နှုတ်ဆက်လိုက်ပြီး
"ချူးရွယ် လာ TV တူတူ ကြည့်ရအောင်"
ဟု ဖိတ်ခေါ်လိုက်၏။

ယွမ်ချူးရွယ်လည်း သူမ၏အမကို ပြုံးပြကာ အနီးမှာ ဝင်ထိုင်ဖို့ပြင်လိုက်သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now