အပိုင်း - ၁၁၁.၁
ယွမ်ချီကျီတစ်ယောက် ပြန်မပြောသေးပဲ အတန်ကြာ ရပ်နေပြီးကာမှ "ဝင်ခဲ့ကြလေ။"ဟု ပြောလိုက်သည်။
ဘယ်လိုပဲဆိုစေဦး ရဲကိုယ်တိုင်ကတောင် လာပို့ရတဲ့ သူ့ရဲ့သားပဲလေ။ သူရှက်ပေမဲ့ ဝင်လာနေတဲ့ လူတွေကိုလည်း မတားနိုင်ပေ။ ထိုအပြုအမူက သင့်တော်မနေသလို အကျိုးသင့်အကြောင်းသင့်လည်း မရှိလှပေ။
ယွမ်ချီကျီတစ်ယောက် လျို့ရှောင်းဟူနဲ့ဝူဟွေ့ကျွမ်တို့ကို အိမ်ထဲခေါ်လိုက်ကာ ရေမိုးအရင်ချိုးဖို့ ပြောထားလိုက်လေသည်။ ကျန်တဲ့မိသားစုဝင်တွေကလည်း ရှုပ်ထွေးမနေကြတော့ပေ။ ပင်မဆောင်ထဲပြန်လာကြကာ တစ်ဖက်က ယွမ်ကျီကောင်းနဲ့ လျူရှင်းဟွာတို့ကိုသာ ကြည့်လိုက်ကြလေသည်။
နဂိုက တက်ကြွလန်းဆန်းနေတဲ့ အခြေအနေကို နည်းနည်းဖျက်ဆီးလိုက်သလို ဖြစ်သွားပေမဲ့ ရလဒ်ကတော့ သိပ်မဟန်ပေ။ ပြောရမယ်ဆိုရင် ဒါကသိပ်ကြီးတဲ့အဖြစ်အပျက်မှ မဟုတ်တာကို အရေးကြီးတဲ့လူတွေပဲ လာပါစေဦး။
ယွမ်ကျီကောင်း သူ့တူကို မြှောက်လိုက်ကာ ပြောလာလေသည်။ "အရင်စားကြရအောင်။"
သူတို့ မိသားစုညစာစားပွဲလေးက ဒီလိုလျို့ရှောင်းဟူ ရုတ်တရက်ပေါ်လာတာမျိုးနဲ့တော့ မသက်ရောက်နိုင်ပေ။
ဒီအချိန်မှာပဲ ကျန်တဲ့လူတွေကပါ သူတို့တူတွေကို တစ်ယောက်ပြီးတစ်ယောက် မြှောက်လာကြကာ ဆက်ပြီး စားစရာရှိတာစားကြကာ စကားပြောနေကြတော့သည်။
ယွမ်ချီကျီ ခဏအကြာ၌ ပြန်လာကာ သူ့တူကိုမြှောက်လိုက်ပြီး စားစရာရှိတာစားကာ ဘာမှတော့ပြောမလာပေ။ ကြည့်ရတာတော့ လူတွေကြားတဲ့ မပြောပဲ နားလည်ကြသည့်ပုံပင်။
စားသောက်နေစဉ်အတောအတွင်း ဘာမှ မေးမြန်းလာခြင်းမရှိကြပဲ နဂိုအခြေအနေကိုပဲ ထိန်းထားကာ ဆက်လက်စားသောက်နေကြလေသည်။
စားသောက်ပွဲက အခြေအနေ ပြန်တက်ကြွလာတဲ့အခါမှပဲ လျို့ရှောင်းဟူနဲ့ ဝူဟွေ့ကျွမ်တို့ကို မေ့သွားကြတော့သည်။
လျို့ရှောင်းဟူနှင့် ဝူဟွေ့ကျွမ်တို့ ရေချိုးပြီး သန့်ရှင်းသောအဝတ်တို့ကို ပြောင်းဝတ်လိုက်ကြလေသည်။ သူတို့ဆီ ထိုအဝတ်တွေကို ယွမ်ချီကျီက ယူလာပေးတာဖြစ်ပြီး လျို့ရှောင်းဟူကို ရွယ်ဟောင်ဖန်းက လဲပေးလိုက်ကာ ဝူဟွေ့ကျွမ်ကိုတော့ ယွမ်ချီကျီက လဲပေးလိုက်လေသည်။
သူတို့ ရေမိုးချိုးနေတုန်းမှာပင် တစ်ဖက်မိသားစုကတော့ သူတို့စားစရာတွေကို စားသောက်လို့ ပြီးသွားကြချေပြီ ဖြစ်လေသည်။
ပင်မဆောင်ကြီးထဲသို့ ရိုးရှင်းကာ လုပ်ယူထားရသည့်ပုံနှင့်တူသည့် အပြုံးတုတွေကိုဆင်မြန်းကာ မိသားစုတွေကို လာရောက်နှုတ်ဆက်ဖို့ ဝင်လာကြလေသည်။ သို့သော် သူတို့ တစ်ယောက်ကိုတစ်ယောက် သေချာမသိတာမလို့ ယွမ်ချီကျီက သူ့ကိုမိတ်မဆက်ရန် ဦးစွာပြောလိုက်ပေမဲ့ ဒါက သူ့ကို ပိုရှက်အောင်လုပ်လိုက်သလိုပင်။
ယွမ်ကျီကောင်းနဲ့ လျို့ရှင်းဟွာတို့အတွက်တော့ ရုတ်တရက် မြေးပေါ်လာခြင်းကို ဂရုမစိုက်ပေ။ သူတို့က ဒီအတိုင်း ကျေးလက်ဘက်က သာမန်မျိုးရိုးသာသာပဲလေ။ စိတ်လှုပ်ရှားစွာ စကားတစ်ခွန်းသာ ပြောလာလေသည်။ "ညစာ အရင်သွားစားလိုက်ကြဦး"
ဤနည်းအားဖြင့်ပဲ သူတို့လူတိုင်းကို နှုတ်ဆက်စကားပြောရမည်ကို ရှောင်လိုက်နိုင်ကြလေသည်။
ဟင်းပွဲတွေဆိုတာ ညစာစားပွဲကနေ အနည်းငယ်ကျန်တဲ့ ဟင်းပွဲတွေဖြစ်ပေမဲ ဟင်းကျန်ထမင်းကျန် တော့လည်း မဟုတ်ပေ။
လျို့ရှောင်းဟူနဲ့ဝူဟွေ့ကျွမ်တို့က ဒီလိုကောင်းတဲ့အရာမျိုးကို ဘယ်မှာစားဖူးပါလိမ့်? ထိုအရာတွေ ဟင်းပွဲတွေက ငါးအကြီးတွေနဲ့အသားကြီးတွေကြီးပဲလေ၊ သူတို့ထိုင်ချလိုက်သည်နှင့် ထမင်းပန်းကန်ကိုကိုင်ကာ ရှိသမျှဟင်းတွေကို အားရပါးရ စားလေတော့သည်။ နှစ်ရက်ကြာ ထမင်းမစားခဲ့ရတာကြောင့် ပါးစပ်တစ်ခုလုံးအပြည့် စားသောက်နေတော့သည်။
သူတို့ဗိုက်ပြည့်သွားသည်နှင့် အရှိန်ကိုသတ်လိုက်ကာ အိမ်ခြံဝင်းကို သေချာသတိထားကြည့်လိုလ်ကြလေသည်။
ခြံဝင်းထဲက လူတိုင်းလိုလို ပျော်ရွှင်စွာ စကားပြောနေကြလေသည်။
ဝူဟွေ့ကျွမ် တိုးတိုးလေးပြောလာလေသည်။
"သူတို့အကုန် ဖက်ရှင်ကျကျတယ်နော်။"
လျို့ရှောင်းဟူလည်း သူ့အကြည့်တွေကို ရပ်လိုက်ကာ
"မင်းမှာသာ ပိုက်ဆံရှိရင် ဝတ်သမျှက ငွေနဲ့ရွှေပဲလေ။"
ဝူဟွေ့ကျွမ်သူ့ကို တစ်ချက်ကြည့်လိုက်ကာ
"ရှင့်အမေက ခုလိုချမ်းသာတာသိခဲ့ရင် စောစောလာပါတယ်"
လျို့ရှောင်းဟူ ပြန်ပြောလာလေသည်။
"သူ ဒီလောက် ချမ်းသာလာမယ်လို့ ဘယ်သူကရော ထင်မှာတုန်း?"
ပထမ ယွမ်ချီကျီတစ်ယောက် သူ့အဖေကို ကွာရှင်းဖို့မေးတုန်းက သူတို့မိသားစုထင်ခဲ့တာက သူမနောင်တတွေရပြီး ငိုနေရမယ်လို့ပေါ့။ ယောက်ျားကောင်းရှာမတွေ့ပဲ ဘဝတစ်လျှောက်လုံး အထီးကျန်ပြီး ကောင်းကောင်းမနေရလောက်ဘူးပေါ့။
အခုလို နတ်ဘုံနတ်နန်းမှာ နေ,နေရမယ်လို့ ထင်မထားခဲ့ဘူးလေ။
ပထမတော့ သူ သူမဆီကိုလာဖို့ တုံ့ဆိုင်းနေခဲ့ပေမဲ့ အခု ဒါကိုမြင်လိုက်ရမှ ဒီခရီးက တန်မှန်း သိသွားလေတော့သည်။
ထမင်းကို နောက်ဆုံးတစ်လုတ် စားပြီးသည်နှင့် ဝူဟွေ့ကျွမ်က သူမတူကိုချလိုက်ကာ တိုးတိုးလေးပြောလာပြန်သည်။ "ငါတို့ ရုတ်တရက်ကြီး ရောက်လာလို့ထင်တယ်၊ ရှင့်အမေကြည့်ရတာ မပျော်သလိုပဲ။ သူက ငါတို့ကို ဒီမိသားစုထဲက လူတွေနဲ့ မိတ်လည်းမဆက်ပေးတဲ့အပြင်ကို နှုတ်ခွန်းဆက်တဲ့စကားတောင် ပြောခွင့်မပေးဘူးနော်။"
လျို့ရှောင်းဟူက ပြန်ပြောလာလေသည်။
"မိတ်ဆက်ပေးခံရသည်ဖြစ်စေ၊ မိတ်ဆက်မပေးခံရသည်ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် သူမက ငါ့ကိုတော့ မှတ်မိသားပဲ။ သူက ငါ့ကို မွေးထားတဲ့သူပဲလေ။ အဲ့တော့ ငါက သူ့သား၊ သူက ငါ့အမေပဲ"
ဝူဟွေ့ကျွမ် အပြင်ကို ပြန်ကြည့်နေလိုက်ကာ
"မှန်တယ်"
ယွမ်ရိနဲ့တခြားသူတွေက ထမင်းစားပြီးပြီးချင်း ဗိုက်ချောင်အောင် ခြံဝင်းထဲ စကားစမြည်ထွက်ပြောနေကြသည်။ ညစာစားပြီးနောက် သူမအား လျို့ရှောင်းဟူတို့အကြောင်းကို ချန်ခွန်းက ပြောလာလေသည်။
"သူတို့ကိုလွှတ်လိုက်တဲ့သူက သူ့တို့အဖေပဲ နေမယ်။"
လျူရှင်းဟွာဘေးကနေ ဖြေလာလေသည်။
"သူတို့အဖိုးအဖွားတွေလည်း ဖြစ်နိုင်တာပဲလေ။"
ချန်ခွန်း ယွမ်ချီကျီကို မေးလိုက်လေသည်။
"တတိယအစ်မ ဘာဆက်လုပ်မှာတုန်း?"
ယွမ်ချီကျီ ခဏလောက် တွေးနေလိုက်ကာ ပြန်ပြောလာလေသည်။
"သူတို့ဘက်က ဘာပြောမလဲ အရင် ကြည့်ရတာပေါ့။"
တံခါးဝကနေ ဝင်လာတဲ့ ထိုလူနဲ့ကြားထဲမှာ သွေးချင်းယှက်ထားတဲ့ ဆက်ဆံရေးရှိတာကြောင့် လက်လွတ်စပယ် နှင်ထုတ်လို့မဖြစ်ပေ။ တစ်ဖက်ကလည်း လျို့ရှောင်းဟူကို အရမ်းချစ်ပြပြီး သားအမိနှစ်ယောက်သား ထွက်သွားဖို့ကလည်း မဖြစ်နိုင်ပေ။
ဆင်းရဲသားဆိုတာ လူချမ်းသာတွေနှင့်မဆိုင်သလို လူချမ်းသာတွေမှာလည်း ဆွေမျိုးဆိုတာ တောနက်တောင်ကြားထဲမှာပဲ ရှိတတ်တယ်ဆိုတဲ့ စကားကို အခုမှ နားလည်လာသလိုပင်။
ယွမ်ချီကျီနှင့် ရွယ်ဟောင်ဖန်းတို့က ဒီကိစ္စသေးသေးလေးကို ကိုင်တွယ်နိုင်တာကြောင့် ယွမ်ရိလည်းသိပ်စိုးရိမ်မနေတော့ပေ။
ပြီးတော့ ယွမ်ချီကျီအတွက်လည်း လျို့ရှောင်းဟူနဲ့ အမေနှင့်သားဆက်ဆံရေး မရှိတော့တာ ၁၅ နှစ်လောက်ကြာပြီလေ၊ သူမဘက်က အနည်းငယ်တော့ စိတ်မကောင်းဖြစ်တာမျိုးနှင့် စိတ်ထားနူးညံ့ပေးနေတာမျိုး ဖြစ်လာနိုင်တာအတွက်တော့ သူမ သိပ်ပြီးစိတ်ပူမနေပေ။
သူတို့မှာ နောက်နေ့ဆို ကျောင်းသွား အလုပ်သွားနှင့်မလို့ ယွမ်ရိတို့ဆိုသည်မှာ ယွမ်ချီကျီတို့အိမ်မှာ မနေဖြစ်ပေ။ အချိန်ကလည်း လင့်နေပြီမလို့ အကုန် ထပြန်လာကြလေသည်။ ယွမ်ချီကျီနှင့် ရွယ်ဟောင်ဖန်းတို့က ဂိတ်ဝထိ လိုက်ပို့ပေးကြလေသည်။
လူတိုင်းလိုလို ဂိတ်ကနေ ထွက်လာကြကာ အလျှိုလျှို ပြန်ကုန်ကြလေသည်။
ယွမ်ရိလည်း ကားထဲထိုင်လိုက်ကာ ခါးပါတ် ပါတ်လိုက်ပြီး ပြောလာလေသည်၊ "ဝန်မခံချင်ပေမဲ့ ငါငယ်ငယ်တုန်းကများတော့ ဘယ်သူမှ ငါ့အဒေါ်ကို လာလည်းမတွေ့ကြဘူး။ တတိယအဒေါ် မြို့ထဲထိဆင်းပြီးသွားရှာခဲ့တာတောင် မျက်နှာသာမပေးကြပဲ အခုမှ တံခါးဝလာပြီး အမေလာခေါ်နေသေး"
လင်းယောင် ကားစမောင်းလိုက်ကာ ပြောလေသည်။ "သူတို့မှတ်မိတာ ပိုက်ဆံလေ။"
ယွမ်ရိ အနောက်ကို မှီလိုက်ကာ "အဲ့ဟာကို ချီးပဲပေါက်လွှတ်လိုက်။"
ဝူဟွေ့ကျွမ် ညစာစားပြီးတာတောင် လျို့ရှောင်းဟူကတော့ နောက်ထပ် ထမင်းတစ်ပွဲတောင်းလိုက်သေးသည်။
လျို့ရှောင်းဟူ နောက်ဆုံး ဗိုက်တင်းသွားကာမှ တူကိုချလိုက်ရာ ရွယ်ဟောင်ဖန်းက စားထားသည်များကိုရှင်းကာ စားပွဲကိုသုတ်နေလေသည်။
အခုက နောက်ကျနေပြီဖြစ်ရာ ယွမ်ချီကျီလည်း အနောက်ဘက်ခန်းမှာ အိပ်ယာခင်းပြင်ပေးလိုက်ပြီး လျို့ရှောင်းဟူနှင့် ဝူဟွေ့ကျွမ်တို့ကိုခေါ်လာရင်း ပြောလိုက်သည်။
"မင်းတို့ ဒီမှာ ခဏ တည်းလို့ရတယ်။ တခြားလုပ်စရာတွေရော ရှိသေးလား?"
လျို့ရှောင်းဟူနှင့် ဝူဟွေ့ကျွမ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လာကာ ယွမ်ချီကျီကို ပြန်ကြည့်လာလေသည်။
လျို့ရှောင်းဟူကပဲ ပြုံးကာ "ကျွန်တော်တို့ ဒီကလူတွေကို တစ်ယောက်နဲ့တစ်ယောက် မသိကြသေးဘူးလေ။ ပြီးတော့ ကျွန်တော့်မှာ တခြားလုပ်စရာ မရှိပါဘူး။ ဒီနေ့ အမေ့ကို မြင်ရတာ တော်တော်စိတ်ချမ်းသာနေတာ။"
ယွမ်ချီကျီ လုပ်ပြုံးလေး ပြုံးလိုက်ကာ,
"ပေကျင်းလိုမြို့ကြီးမှာ စိတ်ကူးယဉ်နေလို့ပဲ မရဘူးနော် ကိုယ့်ကိုယ်ကိုယ်လည်း အားကိုးနေရသေးတယ်။ တကယ်လို့မင်းမှာ လုပ်စရာမရှိသေးဘူးဆိုလည်း ငါတစ်ခုခု စီစဉ်ပေးပါ့ရစေ။"
ဒါပေါ့ သိပ်ကောင်းတယ်!
လျို့ရှောင်းဟူနှင့် ဝူဟွေ့ကျွမ်တို့နှစ်ယောက် ရယ်လိုက်ကာ တစ်ပြိုင်တည်းပြောလာကြလေသည်။
"ကျေးဇူးပါ အမေ"
ယွမ်ချီကျီ သူမနှုတ်ခမ်းထောင့်စွန်းလေးကို မနည်းပင့်တင်လိုက်ရတာ ပြောလိုက်ရလေသည်။
"အိပ်ယာဝင်ဖို့ ပြင်ကြတော့"
ပြောပြီးသည်နှင့် တံခါးကိုပိတ်ကာ အနောက်ဖက်ခြမ်းကနေ ထွက်လာလေတော့သည်။
ယွမ်ချီကျီခြေသံကို ကော်ရစ်တာတစ်လျှောက် ကြားသည်နှင့် ဝူဟွေ့ကျွမ်အိပ်ယာဘေးထိုင်ကာ ဘယ်ညာကို ပျော်နေသည့်ပုံနှင့်ကြည့်၍ ပြောလာလေသည်။
"ဒါဆို ငါတို့ ပေကျင်းမှာနေလို့ရပြီပေါ့? ကောင်းလိုက်တာ။"
လျို့ရှောင်းဟူဆို ပိုတောင် ဂုဏ်ယူနေသေးသည်။
"သေချာပေါက် ဒါ ငါ့အမေပဲ။"
ဝူဟွေ့ကျွမ် လည်ချောင်းရှင်းလိုက်ကာ လျို့ရှောင်းဟူ နားကပ်လာပြီး တိုးတိုးလေးလာပြောလေသည်။
"သတိထားမိလား ရှင့်အမေနဲ့ပထွေးက သမီးလေးတစ်ယောက်ပဲ မွေးထားတာကို"
ဒီအသက်အရွယ်ရောက်မှတော သူတို့ ကလေးယူဖို့ဆိုတာ မဖြစ်နိုင်ပေ။ ကြည့်ရတာ သူ့အမေမှာ လက်ရှိ ကလေးတစ်ယောက်တည်း ရှိပုံပင်။
ဒါကိုတွေးမိသွားတာနဲ့ လျို့ရှောင်းဟူရဲ့ မျက်ဝန်းတွေ တဖျက်ဖျက်တောက်ပသွားပြီး "ဒါဆိုရင် အမွေတွေကို ခွဲယူရမယ့်လူက တစ်ယောက်တည်းဘဲ ရှိတာပေါ့" ဟု ဝမ်းသာအားရ ရေရွတ်လိုက်မိတော့သည်။