အပိုင်း - ၁၂၂.၁
မှန်အကြည်ကနေ မြင်နေရတာက သည်းထန်စွာရွာသွန်းနေတဲ့ မိုးရေတွေရယ်၊ တံစက်မြိတ်ကနေမြေပြင်ပေါ်ထိ ဖြည်းညင်းစွာစီးကျနေပြီး လေပြင်းတစ်ချက်မှာ ပေါ့ပလာပင်ကြီးအကိုင်းတွေက လှုပ်ရမ်းသွားကြပြီး မိုးရေစက်တွေနှင့်အတူ သစ်ရွက်တွေကပါ ကြွေကြလာကြလေသည်။
ယွမ်ကျီကောင်းကို မြေမြှုပ်ပြီကတည်းက မိုးရွာနေတာ ခုဆို ၇ ရက် ၈ ရက်ခန့် ရှိနေချေပြီဖြစ်သည်။
ကြားထဲမှာ မိုးရပ်သွားသေးလားဆိုတာကိုတော့ ယွမ်ရိတို့ သတိမထားမိပေ။
မသိလျှင် လောကကြီးကပင် ယွမ်ရိတို့နဲ့အတူ ငိုကြွေးပေးနေသလိုပင်။
ယွမ်ရိဟာ ပြတင်းပေါက်ဘေးမှာရပ်ကာ အပြင်ကမိုးရေစက်တွေနဲ့ ပေါ့ပလာပင်ကြီးကို သတိလက်လွတ်ငေးနေမိ၏။
တံခါးခေါက်သံကြားမှသာ သူမအသိပြန်ကပ်နိုင်သည်။
"ဝင်ခဲ့ပါ။"
လက်ထောက်ကောင်မလေးက တံခါးကနေတစ်ဆင့်ဝင်လာကာ စားပွဲရှေ့မှာ ရပ်ကာပြောလာလေသည်။ "မမယွမ်၊ Service expo မှာ ဝင်ပြမယ့် အဝတ်တွေ အကုန်ရောက်ပါပြီ။ အဲ့ဒါ မမတစ်ချက်လောက် လာကြည့်ဦးမလားလို့ပါ?"
သူတို့ company က ခုဆို Service fair တွေမှာ ဝင်ပြိုင်နေကာ ထိုနေရာမှာ ယွမ်ရိရဲ့နာမည်အောက်ကနေသာမက သူတို့ဘရန်းနာမည်နဲ့လည်း ဝင်ပြိုင်ဖြစ်ကြသေးသည်။ နွေဦးဆောင်းဦးပွဲတော်အတွက်လည်း အဝတ်တွေက ထွက်လာပြီမလို့ သူမ သွားကြည့်ရဦးမည်။
"သွားကြည့်ကြတာပေါ့။"
သူမနဲ့သူမ ကုမ္ပဏီဘရန်းက အမြဲလိုလို ဆုတွေသိမ်းလာလေ့ရှိသော်လည်း သူမ ဒီပွဲကို ပေါ့ပျက်ပျက်သဘောမထားပေ။ နှစ်တိုင်း သေချာယှဉ်ပြိုင်ကာ သူမတို့ဘရန်း၏ ထုတ်ကုန်အသစ်ကိုလည်း ပြပွဲနဲ့အတူ မိတ်ဆက်တတ်သေးသည်။
မကြာခင်မှာ ဒီဇိုင်နာအစည်းအရုံးက ထိပ်တန်း ၁၀ ယောက်ဝင် ဒီဇိုင်နာတွေစုပြီး ပွဲကျင်းပဖို့ ပြင်နေကြလေသည်။ ပြည်တွင်းအဝတ်အစားထုတ်လုပ်ရေးပိုင်းကလည်း ပိုပိုတိုးတက်လာကာ အခုဆို ဒီဇိုင်းပိုင်းနာမည်ကျော်ကြားလာသည့် ခေတ်ကိုပင် ထိုးဖောက်ဝင်ရောက်နေလေပြီဖြစ်လေသည်။
Service Fair ပြီးတာနှင့် ဆောင်းဦးမှာ ကျောင်းတွေက ဖွင့်တော့မည်။
ယွမ်ရိနဲ့လင်းယောင်တို့ မနက်ပိုင်းရေမိုးချိုး အဝတ်အစားလဲပြီးတာနှင့် လဲ့လဲ့နဲ့ခိုခိုတို့ပါ အသင့်ဖြစ်ကာ ထမင်းစားပွဲမှာ ခက်ရင်းအသေးလေးတွေကိုကိုင်လျက် ကလေးထိန်း ဖိုးဖိုးဖွားဖွားလင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့နှင့်အတူ ထိုင်နေကြလေသည်။
သူတို့အိမ်ကို အဲ့လောက် မတင်းကျပ်ထားပေ။ သူတို့နာနီကို မိသားစုဝင်တစ်ဦးလို သဘောထားထားလေသည်။ ယွမ်ရိနဲ့လင်းယောင်တို့လည်း အတူတူမနက်စာစားကာ ပြီးတာနှင့် လဲ့လဲ့လေးတို့ခိုခိုတို့ကို မူကြိုဝင်ပို့ခဲ့ကြလေ၏။
လင်းယောင်နဲ့ယွမ်ရိတို့က အမြဲလိုလိုအလုပ်ရှုပ်နေတတ်သူတွေမလို့ ကလေးတွေအကြိုအပို့ ပင်ပန်းမှာစိုးလို့ ကျိုးရွှယ်ယွင်က မေးလာလေသည်။ "သားတို့အလုပ်ရှုပ်မနေဘူးလား?"
"ဒီနေ့က ပထမဆုံးကျောင်းတက်တဲ့နေ့မလို့ ဒီနေ့တော့ သမီးတို့ပဲ ပို့လိုက်မယ်အမေ။"
ပုံမှန်ဆို ကျောင်းအကြိုအပို့ကို လင်းကျီယွမ်တို့ကသာ လုပ်ပေးပေမဲ့ ဒီနေ့လိုနေ့မှာတေ့ သူတို့သာအရုပ်လေးတွေကို ကျောင်းလိုက်ပို့ဖို့ ဆုံးဖြတ်လိုက်လေသည်။
ဒါကလည်း လောကကြီး၏ မှော်ဂါထာတစ်ခုလိုပင်။ တကယ်လို့ကျောင်းမှာသာ ဒီနေ့လို မိဘကျောင်းသားကြား အတူတူရှိစေဖို့ အချိန်သာလုပ်မပေးထားရင် ဒီကလေးလေးနှစ်ယောက် မိဘမပါပဲ နှစ်ယောက်တည်း ကျောင်းမှာကျန်ရစ်မနေလောက်တော့ပေ။
သူတို့ ဒီလိုပြောလာမှတော့ ဖိုးဖိုးဖွားဖွားနှစ်ယောက်လည်း ထပ်မပြောလာတော့ပေ။
ယွမ်ရိနဲ့လင်းယောင်ပဲ လဲ့လဲ့နဲ့ခိုခိုတို့ကို ကျောင်းကိုယ်တိုင်မောင်းပို့ပေးလိုက်ကာ ကျောင်းဂိတ်ဝမှာ နှစ်ယောက်သားယှဉ်ရပ်ရင်း ကလေးလေးနှစ်ယောက်ကို လက်ပြနေလိုက်ချေသည်။
သူတို့တံခါးကနေ ကျောင်းထဲဝင်တိုင်း ကိုကိုလဲ့လဲ့က သူ့ညီမလေးခိုခိုလက်လေးကို ဆွဲကာ ချစ်စရာအလွန်ကောင်းသည့်ပုံလေးတွေဖြင့် အထဲ ဝင်သွားကြလေသည်။
"အခုတော့ ကျွန်မသမီးလေးက မငိုတော့ဘူးပေါ့။"
သူမအခုထိ မှတ်မိတုန်းပင်။ ဒီအရုပ်လေးတွေကို မူကြိုစပို့တုန်းက ညီမပိစိခိုခိုတစ်ယောက် ကျောင်းထဲမဝင်ခင် တံခါးဝမှာကတည်းက ငိုနေခဲ့တာမလို့ သူ့အကိုလဲ့လဲ့က ချော့ကာပို့ခဲ့ရသည်လေ။
"အင်း အချိန်တွေက အလင်းလိုပဲ မြန်လိုက်တာကွာ။"
ကလေးလေးနှစ်ယောက် ကျောတွေက အရင်ကထက်ကြီးကြီးလာကာ နောက်ဆိုလူကြီးလေးတွေပင် ဖြစ်လာကြလိမ့်ဦးမည်။
မျိုးဆက်တစ်ခုကနေတစ်ခု အချိန်တွေက ကူးပြောင်းတာမြန်လွန်းသည်။
အတိတ်တုန်းကတော့ အချိန်နဲ့ပတ်သက်ပြီး ထွေထွေထူးထူးအတွေးမရှိပေမဲ့ ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ကို ဆုံးရှုံးပြီးနောက်မှာတော့ ယွမ်ရိအချိန်ကုန်တာ မြန်သထက်မြန်လာသည်ဟု ခံစားလာရသလိုပင်။
ယွမ်ရိ ဒီနေ့ ကုမ္ပဏီဘက်မသွားဖြစ်ပေ။ Service fair အတွက် အလုပ်တွေကို အပြီးသတ်ပြီးတာနှင့် နားဖို့အကြောင်းဖန်လာတာကြောင့် ယွမ်ချီကျီတို့အိမ်ဘက် ထွက်လာလိုက်လေသည်။
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ မရှိတော့ကတည်းက ယွမ်ရိတို့နဲ့ နီးနီးကပ်ကပ်နေချင်လို့ဆိုကာ ယွမ်ချီကျီတို့တွေ လွန်ခဲ့တဲ့ ၂ ရက်ပဲ သူတို့နားက အိမ်ကိုပြောင်းလာခဲ့ကြလေသည်။
ယွမ်ချန်းရှန်တို့လည်း ထို့နည်းတူပြောင်းလာကြပေမဲ့ အခုထိ မရွှေ့ရသေးပေ။ ယွမ်ရိ ရောက်သွားတော့ ရွယ်ဟောင်ဖန်းအထုပ်တွေကို ကုန်တင်ကားကနေတစ်ဆင့် ရွှေ့နေတာကို မြင်လိုက်ရလေသည်။
ကားကိုပါကင်ထိုးပြီးကာမှ ယွမ်ချီကျီလက်ထဲအထုပ်တွေနဲ့ ဝင်လာတာကိုမြင်လိုက်တာကြောင့် ယွမ်ရိမေးလာလေသည်။ "အထုပ်တွေက ကျန်သေးတယ်လား အန်တီလေး?"
"ဟင်၊ သိပ်တော့ မကျန်တော့ပါဘူး။"
ရှင်းသလောက်ဖြစ်နေပြီမလို့ ယွမ်ရိလည်း ကူမပေးလိုက်တော့ပေ။
ထိုအချိန်မှာပဲ ယွမ်ချွေ့လန်နဲ့သူမ၏အမျိုးသာကပါ ရောက်လာကာ ယွမ်ရိကို ပြုံးပြီးနှုတ်ဆက်လာကြလေသည်။ "ရှောင်ရိ၊ သမီးဒီနေ့ အလုပ်မများဘူးလား?"
"ဒီတလော သမီးသိပ်အလုပ်မများဘူး အန်တီလေးရေ။"
ထရပ်ကားပေါ်က လူတချို့ကပါ သူမကို နှုတ်ဆက် လာကြလေသည်။
နောက်ဆုံးအသုတ်ကို ချပြီးတဲ့အခါမှာတော့ ယွမ်ချီကျီ ခြံတံခါးပိတ်လိုက်ကာ ကြေးသော့ခလောက်ကို ခတ်လိုက်လေသည်။
တံခါးနီက ပိတ်သွားပြီး ကြေးသော့ခလောက်ချိတ်လိုက်တဲ့အခါမှာတော့ ခြံဝင်းထဲတစ်နေ့ကလို့ စိတ်လှုပ်ရှားမှုတွေကို ပြန်သိုလှောင်ထားလိုက်သလိုပင်။
ရွယ်ဟောင်ဖန်းက ကုန်တင်ကားကနေ ချထားတဲ့အထုပ်တွေနားမှာ ထိုင်နေကာ ယွမ်ရိကတော့ ယွမ်ချီကျီနဲ့ယွမ်ချွေ့လန်တို့ကို ကားမောင်းပြန်ပို့ပေးလိုက်လေသည်။
လမ်းထဲကနေအထွက် ယွမ်ရိက ယွမ်ချွေ့လန်ကို မေးလာလေသည်။ "အန်တီလေး၊ အန်တီရော အနာဂတ်မှာ ထွက်သွားမှာလား?"
လျူရှင်းဟွာနဲ့ယွမ်ကျီကောင်းတို့ ထွက်သွားကတည်းက လူတိုင်းလိုလို နေရာဟောင်းကိုပြန်ကုန်ကြပေမဲ့ ယွမ်ချွေ့လန်တို့လင်မယားကတော့ မထွက်သွားသေးတာမလို့ မေးကြည့်လိုက်ချင်းဖြစ်လေသည်။
သူတို့ကြည့်ရတာ ပြန်မယ့်ပုံမပေါ်တာကြောင့် ယွမ်ရိခဏခဏမေးဖြစ်လေသည်။
ရလဒ်ကတော့ "အန်တီပြန်မှရမှာ သမီးရေ၊ သမီးဦးလေး အဖေအမေတွေက တစ်ယောက်ယောက် ဘေးက စောင့်ရှောက်ပေးဖို့လိုသေးတယ်လေ။"
မိသားစုတိုင်းမှာ ကိုယ်ပိုင်အခြေအနေလေးတွေရှိတတ်ကာ အိမ်မှာလည်း သက်ကြီးရွယ်အိုတွေပါ ရှိသေးတာမလို့ ယွမ်ရိ ဆက်မမေးဖြစ်တော့ပေ။
ချန်းဖုန်းနဲ့လျို့ဟုန်မေတို့ကတော့ အခြေကျနေပြီမလို့ သူတို့ အချိန်မရွေးလာနိုင်သေးသည်။
မြို့ကြီး၏ ဖြစ်လေ့ဖြစ်ထရှိသည့် ကားလမ်းကြပ်ခြင်းကို သူတို့ကားလေးက တိုးနေလေသည်။
ကားလမ်းက ရေစီးကြောင်းကဲ့သို့ပင် စီးဝင်နေကာ လမ်းပုံစံတွေကလည်း နှစ်စဉ်ပြောင်းနေတတ်ပြီး တိုက်တွေဆိုတာလည်း မြေကြီးပေါ်ကနေ ထိုးထွက်နေကြလေသည်။ အခုက ခေတ်ဟောင်းကနေ ခေတ်သစ်ဆီသို့ စီးဝင် ပြောင်းလဲစပြုလာချေပြီဖြစ်လေသည်။
လူတွေက အိုမင်းလာပေမဲ့ ခြံဝင်းထဲက ပန်းတွေကတော့ တစ်နှစ်ပြီးတစ်နှစ် ဖူးပွင့်နေဆဲပင်။
နံရံတစ်လျှောက် အစိမ်းရောင်သစ်နွယ်တွေနှင့် အပြာရောင်သစ်ရွက်တွေက ရောပြွမ်းနေကာ အစိမ်းရောင်သစ်ရွက်တွေကလည်း လျှောက်လမ်းကို ကျောက်စိမ်းစီသော လမ်းသဖွယ်ဖုံးအုပ်ထားလေသည်။
လေအဝှေ့မှာ ပန်းတွေက ယိမ်းနေကြပြီး သူ့လေအကြောမှာ လိပ်ပြာငယ်နှစ်ကောင်က လိုက်ပါစီးနင်းနေကြကာ ပြီးတာနဲ့လူတွေဆီ ကူးလာခေါက်တုံ့ပျံနေလိုက်သေးသည်။
မာကျောက်ဆော့နေသံက အခန်းထဲကနေ အော်သံတွေနဲ့အတူ ပျံ့လွင့်လာချေသည်။
"ငါရှုံးတော့မလို့ကွာ။"
"သိရင် ရှင့်ပေးနိုင်ပါတယ်။"
"အဲ့လိုတော့ မလုပ်ပါနဲ့ကွာ ဟား ဟား ဟား"
...
မီးဖိုချောင်ထဲမှာတော့ အန်တီကျိုးက သစ်သီးတွေကို လှီးလိုက်ကာ ပြီးတာနှင့်အပြင်သို့ ယူလာပေးလေသည်။
မာကျောက်စားပွဲနား ယူလာကာ ကျိုးရွှယ်ယွင်၊ ယွမ်ချီကျီနဲ့လင်းကျီယွမ်၊ ရွယ်ဟောင်ဖန်းတို့ကို ပြောလာလေသည်။ "အသီးလေး စားကြပါဦးနော်။"
ကျိုးရွှယ်ယွင် အံစာတုံးကို လှိမ့်လိုက်ကာ ပြောလာလေသည်။ "ပင်ပန်းနေရင် ကျွန်မတို့အသီးလေးစားပြီး ခဏနားကြရအောင်လား ဟမ်။"
လူလေးယောက် ခုမှသာ ဆိုဖာဆီထလာကာ အသီးလာစားကြလေသည်။
လေးယောက်စလုံး အခုဆို အသက်ကြီးလာပြီဖြစ်ရာ ကျိုးရွှယ်ယွင်ဆို အခုထိ ခေတ်ဟောင်းပုံမျက်မှန်ကြီး တတ်နေတုန်းပင်။ ဒီပတ်ဝန်းကျင်မှာနေကြတဲ့ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေးက နည်းနည်းကျဲတာကြောင့် သူတို့လေးယောက် ခုလိုဆုံကာ စကားပြောလိုက်၊ မာကျောက်ဆော့လိုက် လုပ်တတ်ကြသည်။
"ချွေ့လန် ဘယ်တော့ ရောက်မှာပါလိမ့်? ဒီနေ့ဆိုရင်ပဲ ရောက်သင့်နေပါပြီ။"
မွေးရပ်မြေက ဖြစ်သမျှ သူမလက်ထဲကနေ လွတ်သွားတယ်ကိုမရှိ၊ ချွေ့လန်တို့ဆိုတာလည်း မငယ်တော့တာမလို့ ချန်းဖုန်းကို တစ်နေ့ကလွှတ်လိုက်ကာ သူတို့ကိုအနားယူဖို့ပြောပြီး ဒီလာခဲ့ဖို့ပြောထားတာဖြစ်လေသည်။
ယွမ်ချီကျီ အသံပျောက်သွားတာနှင့် လျို့ဟုန်မေအသံကို ကြားလိုက်ကြရလေသည်။ "အန်တီသုံး၊ ဦးလေးသုံးတို့ရေ လူရှိလား?"
"ကဲ ရောက်လာကြပါပြီရှင်။" ယွမ်ချီကျီက ထပ်တိုးပြောလာလေသည်။
ပြောရင်းဆိုရင်းဖြင့် လျို့ဟုန်မေဟာ ယွမ်ချွေ့လန်တို့နှင့်အတူ အိမ်ထဲဝင်လာကြသည်။
ညီအစ်မတွေ ပျော်နေကြကာ ယွမ်ချီကျီဆို အပြုံးကိုမရပ်ပေ "နောက်ဆုံးတော့ အတူတူနေဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့။"
"ခုရောက်ရောက်ချင်းကို အစ်မရဲ့အရင်အိမ်သွားပြီး ကြည့်လိုက်သေးတယ် အဲ့မှာ မရှိမှသာ ဒီကိုလာရှာရတာ။"
"ငါတို့က ဒီမှာ မာကျောက် ကစားကြသေးတယ်လေ။"
သူတို့အကုန်လုံးက မိသားစုဝင်တွေဖြစ်ကာ အသက်ကလည်း သိပ်မကွာကြပေ။ အသီး အတူတူစားကာ လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောနေလိုက်ကြသည်။
လျို့ဟုန်မေက အလုပ်ရှုပ်နေတာကြောင့် ခုမှသာ ယွမ်ချွေ့လန်တို့နှင့်အတူ ယွမ်ချီကျီကိုပါ တစ်ပါတည်း တွေ့နိုင်လေသည်။
အတန်ကြာ စကားပြောနေလိုက်ကြကာ ယွမ်ချီကျီက ဒီမှာ ညစာစားမယ်ပြောလာကာမှ ကျိုးရွှယ်ယွင်လည်း ကလေးထိန်းအန်တီကျိုးကို လှမ်းခေါ်လိုက်ပြီး "ဒီနေ့ည အိမ်မှာ ဧည့်သည်တွေ အရမ်းများမှာ ရှောင်ကျိုး အဲ့ဒါ သမီးအများကြီးချက်နိုင်ရဲ့လား? ချွေတာနေစရာမလိုဘူးနော် ဖောဖောသီသီသာချက်။"
ရှောင်ကျိုးလည်း ဈေးဝယ်ဖို့ အပြင်ထွက်သွားလိုက်သည်။
"ကျွန်မတို့ ဒီည ဒီမှာစားမယ်ဆိုတာ ခုမှ ပြောလိုက်ရတာ အဆင်မပြေဖြစ်သွားမှာပဲ။"
"အမလေး ရှင်တို့ ငယ်တုန်းသာ မလာရင် အိုမှပဲသာ လာခဲ့ကြတော့။"
ယွမ်ချီကျီ ရယ်လိုက်ကာ "အတူတူပါပဲနော်။ ကဲ ဒီမှာပဲ စားသွားတော့မယ်။"
နာနီ ဟင်းချက်ပြီးကာနီးတော့ ယွမ်ရိနဲ့လင်းယောင်တို့လည်း အလုပ်ကနေပြန်လာကြကာ လဲ့လဲ့လေးနှင့်ခိုခိုတို့လည်း တစ်ပါတည်း ပါလာကြလေသည်။
ယွမ်ချွေ့လန်တို့ကို မြင်တော့ ယွမ်ရိတို့နှုတ်ဆက်လာကြလေသည်။ ထို့နောက် လဲ့လဲ့နဲ့ခိုခိုတို့ကို သင်ပေးလာသည်။ "အန်တီလေးနဲ့ ဦးလေးလေးလို့ ခေါ်ပြီးနှုတ်ဆက်လိုက်ပါဦး။"
"ဟယ်လို ဦးလေး လေးနဲ့ အန်တီလေး။"
သူတို့တွေ ခုထိ ယွမ်ချွေ့လန်တို့နဲ့ မရင်းနှီးသေးကြပေ။
ယွမ်ချွေ့လန်က ပြုံးလိုက်ကာ ပြောလာလေသည်။ "ကလေးလေးတွေကို အန်တီတို့ မမြင်လာတာကြာပြီပဲ။ အခုဖြင့် မျက်စိရှေ့တင် ထွားလာလိုက်ကြတာကွယ်။ အရပ်တွေက အရင်တစ်ခေါက် တွေ့တုန်းကထက်တောင် ပိုရှည်လာကြပါလား။ အန်တီ့ကို ပြောပါဦး အသက်ဘယ်လောက်ရှိကြပြီတုန်း ကလေးလေးတို့က?"
လဲ့လဲ့ : "အန်တီလေး၊ သားတို့ တစ်ဆယ့်လေးနှစ် ရှိပါပြီ။"
ယွမ်ချွေ့လန် သက်ပြင်းချလိုက်ကာ "မြန်လိုက်တာ။ အန်တီတို့ တကယ် အသက်တွေ ကြီးလာပြီပဲ။"
တစ်ယောက်နဲ့တစ်ယောက် ဧည့်ခန်းထဲမှာ မိတ်ဆက်လိုက်ကြကာ ပြီးနောက်မှာတော့ ညစာစားဖို့ ထမင်းစားခန်းထဲ အတူတူထိုင်လိုက်ကြလေသည်။ ညစာစားပွဲ၌ စကားပြောစရာကတော့ ဒီလူအိုကြီးအကြောင်းတွေပဲ မေးမြန်းနေကြကာ ခိုခိုနှင့်လဲ့လဲ့ကတော့ ဝင်မပြောလာပေ။
ထမင်းစားပြီးတော့ လူကြီးတွေကို နှုတ်ဆက်ကာ အပေါ်ထပ်က သူတို့အခန်းတွေထဲ ဝင်သွားကြလေသည်။
သူတို့တွေ အန်တီလေးရော ဦးလေး လေးရောကို စိတ်မဝင်စားနိုင်ကြပေ။ ကိုယ့်အခန်းကိုယ် ပြန်ကာ ကွန်ပြူတာကိုဖွင့်၍ Q.Q ထဲ ဝင်လိုက်ကြဖို့သာ အလျင်လိုနေကြတော့သည်။
ဂိမ်းထဲဝင်လိုက်သည်နှင့် ကွန်ပျူတာ ညာဘက်ထောင့်နားကနေ မောင်လေးဆိုတဲ့အိုင်ကွန်လေးက လင်းလာချေသည်။
ခိုခို ထိုလင်းနေတဲ့ပုံလေးကို နှိပ်လိုက်တော့ ရှဲ့သိုးသိုးဆိုတဲ့ နာမည်လေးက ပေါ်လာလေသည်။
ရှဲ့သိုးသိုး : (ဂိမ်းဆော့ရအောင်)
ခိုခို : (အဲ့ဒါ မကောင်းဘူး၊ လာမပြောနဲ့။)
ရှဲ့သိုးသိုး လဲ့လဲ့ဆီ ရောက်လာပြန်သည်။
လဲ့လဲ့က ပိုပြတ်သားသည်။ (ဘာမှလာမပြောနဲ့)
ရှဲ့သိုးသိုး : (TT)
ယွမ်ရိနဲ့လင်းယောင်တို့ လူကြီးတွေကိုသာ အဖော်ပြုပေးလိုက်ကာ သူတို့မပြန်မချင်း အိပ်ရာမဝင်ကြသေးပေ။ လူကြီးတွေပြန်သွားတော့ သူတို့တွေနောက်ထပ် မိနစ် ၄၀ ကို လေ့ကျင့်ခန်းအတူတူ လုပ်လိုက်ကြသေးသည်။
ချွေးတွေ စိုနေတာမလို့ ယွမ်ရိ အရင် ရေချိုးဖို့ထွက်သွားချေသည်။
ရေချိုးပြီးတာနှင့် အိပ်ရာပေါ်မှာ ဖုန်းခဏကိုင်ကြည့်လိုက်ပေမဲ့ ခဏသာ ပြီးတာနှင့် အိပ်ရာဘေးကစားပွဲပေါ်မှာသာ တင်ထားလိုက်လေသည်။
အခုက ၂၁ ရာစုထဲ ရောက်နေပြီဆိုပေမဲ့ စမတ်ဖုန်းတွေ ထွက်မလာသေးပေ။ ပြီးတော့ ခု မိုဘိုင်းဖုန်းတွေကလည်း Q.Q ကို ချိတ်လို့ရသေးသည်။
ယွမ်ရိ အသက်အရွယ်အရ Q.Q မှာလည်း အားယားမနေနိုင်ပေ။
ဒီလိုအရာမျိုးက ခိုခိုနဲ့လဲ့လဲ့တို့အတွက်တော့ ကွက်တိပင်။
မိုဘိုင်းဖုန်းကို ပစ်ချလိုက်ပြီး စားပွဲပေါ်တင်ထားသည့် စာရွက်ပုံထဲက တစ်ခုကိုယူကာ ၂ မျက်နှာခန့်ဖတ်နေတုန်း လင်းယောင်က ရေချိုးပြီးလို့ ထွက်လာလေသည်။
ယွမ်ရိဘေးမှာ ဝင်လှဲလိုက်ကာ မေးလာလေသည်။ "မ ဘာတွေ ကြည့်နေတာတုန်း?"
"မ မနက်ဖြန်ကျရင် အင်တာဗျူးတစ်ခု ဖြေဖို့ရှိတာလေ။ အဲ့ဒါ လိုလိုမယ်မယ် ခုကတည်းက စကားပြောရတာ အဆင်ပြေအောင်လို့ ကြိုကြည့်ထားတာ။ ရိုက်နေတုန်း အမှားမလုပ်ဖို့က အရေးကြီးလို့ ခုကတည်းက ပြင်ဆင်ထားမှဖြစ်မှာ။"
"ဒါနဲ့ မနက်ဖြန်ကျ မ ပရိသတ် လာလုပ်ပေးချင်သေးလား?"
လင်းယောင် ပြုံးလိုက်ကာ "အိုခေ၊ ကိုယ်လည်း မနက်ဖြန် အလုပ် အဲ့လောက် မရှုပ်ဘူးဆိုတော့ အဆင်ပြေပါတယ်။"
ယွမ်ရိ ပြုံးလိုက်ကာ ဆက်ဖတ်နေလိုက်လေသည်။
လင်းယောင်နဲ့လည်း စကားလှမ်းပြောနေလိုက်ကာ ပြီးနောက် မီးပိတ်လိုက်ပြီး အိပ်ဖို့ပြင်လိုက်လေသည်။