အပိုင်း - ၁၀၆.၁
ရှဲ့တုန်းယန်က ကားကို ယွမ်ရိဆီပို့လိုက်ကာ စကားအတန်ကြာပြောနေရင်း နေ့လယ်စာပါ အတူတူစားလိုက်ကြလေသည်။
နေ့လယ်ဘက် ဘာမှ လုပ်စရာမရှိတာမို့
ယွမ်ရိလည်း ယွမ်ချူးရွယ်နဲ့ယွမ်တပေါင်တို့ကို အိမ်ပြန်ခေါ်လာကာ ယွမ်ချန်ရှန်နဲ့ချန်ခွန်းတို့ကတော့ အိမ်ဝန်းဘက်ကို ပြန်သွားကာ သန့်ရှင်းရေးဆက်လုပ်နေကြကြသည်။
ယွမ်ရိက နောက်နှစ်ရက်အတွင်း ရှဲ့တုန်းယန်ထံပိုက်ဆံပို့ကာ ကားဖိုးငွေချေမည်ဖြစ်ပြီး ကားပိုင်ဆိုင်ခွင့်ကို လျှောက်မည်ဖြစ်သည်။
ယွမ်ချန်ရှန်နဲ့ချန်ခွန်းတို့ ခြံဝင်းကိုရက်အတန်ကြာ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါမှာတော့ အိမ်နဲ့ဝန်းဟာ အလွန်သန့်ပြန့်သွားပြီး အသစ်အတိုင်း ဖြစ်သွားတော့သည်။ သူတို့တွေက အိမ်အသုံးအဆောင်တွေ လိုက် ဝယ်လိုက်ကြသည်။ ပြီးနောက် ယွမ်တပေါင်တို့ကိုပါ ခေါ်လိုက်ကာ အိမ်ပြောင်းသွားကြသည်။
ယွမ်ချန်ရှန်တို့ထွက်သွားသည်နှင့် ယွမ်ရိခြံဝင်းလေးက ပြန်လည်တိတ်ဆိတ်ကာ လူသူကင်းမဲ့သွားပြန်လေသည်။
လူစုနဲ့နေနေကြမလို့ အစမှာ သူမ မနေတတ်ပေမဲ့ နောက်ပိုင်းမှာ အဆင်ပြေသွားသည်။
နေ့လယ်ဘက်တွေဆို ယွမ်ရိကအိမ်မှာပဲ ဒီဇိုင်းပုံကြမ်းတွေဆွဲရင်ဆွဲ မဟုတ်လည်း ကုမ္ပဏီနေရာဆောက်လုပ်ရေးဘက်ကို သွားကြည့်လေ့ရှိတတ်သည်။ ပုံမှန်ဆို သူ အဝတ်အစားစက်ရုံဘက်တွေသာ သွားနေတတ်ကာ ညဘက်တွေမှသာ သူမကို အိမ်မှာ တွေ့နိုင်လေသည်။
လင်းယောင်အလုပ်ကပြန်လာပြီဆိုတာနှင့် နှစ်ယောက်သား အတူတူ ချက်ပြုတ်စားသောက်ကြကာ လင်းယောင် အချိန်ပိုဆင်းရတဲ့နေ့တွေဆိုရင်တော့ ယွမ်ရိလည်း ပုံမှန်လိုအလုပ်လုပ်လိုက်၊ ပြီးမှထမင်းစားစရာရှိတာ စားကာ လင်းယောင် ပြန်မရောက်မချင်း အလုပ်ပဲ ပြန်လုပ်နေတတ်သည်။
အိမ်မှာ ကလေးတွေမရှိတာမလို့ ထင်သည်၊ သူတို့အတွက် နေ့စဉ်ဘဝနဲ့ သူတို့နှစ်ယောက်၏ နှစ်ဦးတည်းအချိန်ဆိုတာမျိုးက သိပ်ပြီးထူးခြားမနေပေ။
ပိတ်ရက်တွေမှာ အားတယ်ဆိုရင် နှစ်ယောက်သားရုပ်ရှင်ကြည့်ရင်ကြည့်၊ မဟုတ်လည်း ပြဇာတ်သွားကြည့်တတ်ကာ ပြဇာတ်တစ်လျှောက်လုံး အကအဖွဲ့က ကပြဖျော်ဖြေတာကို ကြည့်တတ်ကြလေသည်။
ပင်ပန်းလို့အပြင်မထွက်ချင်ဘူးဆိုလည်း နှစ်ယောက်သားအတူတူ ချက်စရာရှိတာချက်ကာ တီဗွီကြည့်ရင်း အနားယူလိုက်ကြသည်။
နှစ်ယောက်တည်းရှိရာ သူတို့အတွက် အလွန်ပင်လွတ်လပ်ပြီး အလုပ်ကဖိအားတွေကနေလည်း သက်သာရာရအောင် နေနိုင်လေသည်။
တစ်နှစ်တာ အဆုံးသတ်မှာတော့ ယွမ်ရိ၏ကုမ္ပဏီအဆောက်အဦးက ပြီးစီးသွားကာ အခုဆိုအပြင်အဆင်ပိုင်းတွေ စလုပ်နေချေပြီဖြစ်သည်။
နှင်းဆီစံအိမ် (ယခင် ရို့ပါဗီလီယမ်) စတိုး၏ စီးပွားရေးက အမြဲလိုလိုကို ကောင်းနေကာ အခုဆို ပိုတောင် တိုးတက်လာသေးသည်။ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့လည်း ဈေးမှာရောင်းရာကနေ ငွေတော်တော်များများ ရှာနိုင်လာပြီး စတိုးတွေ ဒီ့ထက်ဖွင့်ဖို့ ခုဆို အဝတ်အစားပြခန်းဖွင့်ကာ ငွေပိုရှာနိုင်လာလေသည်အထိပင်။
ထိုအချိန်တုန်းက ပြည်မကြီးမှာ အရမ်းကောင်းတဲ့ပြခန်းမျိုးရှိတာ မဟုတ်ပေ။ အတော်များများက ဟောင်ကောင်ကနေ ဆွဲယူလိုက်ပြလိုက်နှင့်ပဲ ပြခန်းတော်တော်များများက သူတို့ဘရန်းကို ကြော်ငြာကာပိုက်ဆံရှာခဲ့ကြသည်ကြီးပင်။
အလယ်အလတ်ရှိကာ တန်ဖိုးကြီးဘရန်းဆိုင်ဖွင့်နိုင်ဖို့ ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့လည်း စတိုးတော်တော်များများကို လိုက်ရှာနေရလေသည်။
စတိုးတော်တော်များများကို ကြည့်ပြီးကာမှ ချန်ခွန်းက ယွမ်ရိကို ပြောလာသည်၊ "ဦးလေးငါးနဲ့ အန်တီတို့တွေ နေရာသုံးနေရာလောက်တော့ တွေ့ထားတာ၊ ရှီးသန်ရယ် ဝမ်ဖူကျင်းရယ်နဲ့သာ့ရှီးလန်ရယ်၊ အဲ့ဒါ သမီး ဘယ်တစ်ခု သဘောကျတုန်း?"
ယွမ်ရိ နေရပ်လိပ်စာ သိရုံလောက်နှင့် မကျေနပ်ပေ၊ ကိုယ်တိုင်ထိုနေရာတွေကို သေချာလိုက်ကြည့်ကာ နောက်ဆုံး သေချာဆုံးဖြတ်ချက်ချလိုက်ပြီး ဝမ်ဖူကျင်းကို ရွေးလိုက်လေသည်။
စတိုးနေရာကို ရွေးပြီးတာနှင့် ငှားလိုက်ကာ ပြင်ဆင်ဖို့လူပါတစ်ခါတည်း ငှားလိုက်လေသည်။
ယွမ်ရိ အပြင်အဆင်ပိုင်းကို သေချာဂရုစိုက်ထားလေသည်။ သူမဆိုင်ပုံက အလယ်အလတ်ကနေ အဆင့်မြင့်တဲ့ထိသွားမှာဖြစ်ရာ အပြင်အဆင်က နှင်းဆီစံအိမ်နဲ့တော့ မတူပဲ ကွဲပြားသွားလေသည်။
ပြင်ဆင်ပြီးတာနှင့် ဆိုင်းဘုတ်အတွက် သူတို့စာလုံးပုံစံတွေနဲ့ စာအနေအထားကို တိုင်ပင်ကြရပြန်သည်။
သူတို့ကိုယ်စားပြုတံဆိပ်က အစကတည်းက မှတ်ပုံတင်ထားသကဲ့သို့ ရှန်းဖန်ဟုပင် လုပ်လိုက်လေသည်။
စတိုးကိုပြန်လည် ပြင်ဆင်ပြီးပေမဲ့ ယွမ်ရိ ဖွင့်ဖို့ထိတော့ မလောသေးပေ။ သူမ မှန်ပြတင်းကနေ မြင်ရမည့် အရုပ်တွေမှာသုံးမယ့် အဝတ်အစားတွေကို သေချာဒီဇိုင်းဆွဲကာ နေရာချလိုက်လေသည်။
မှန်ပြတင်းနားက အရုပ်အားလုံးကို အဝတ်အစားနှင့်လိုက်ကာ ပြင်ဆင်ထားလိုက်ပြီး ထိုအရုပ်တွေအားလုံးကို ယွမ်ရိက မစ္စရှန်ဟု နာမည်ပြောင် ပေးထားလိုက်သည်။
အပူချိန် အနှုတ် ၁၀ အောက် ရောက်နေသည့် ဆောင်းရာသီမှာ မစ္စရှန်က အထက်တန်းဆန်ဆန် သားမွေးကုတ်ကို စတိုင်ကျကျ ဝတ်ဆင်ထားကာ လက်အိတ်နှင့်ဦးထုပ်ပါ ဆောင်းထားပြီး လက်တစ်ဖက်မှာက စကိတ်ကိုပါ ကိုင်ထားလိုက်သေးသည်။ သူမအချစ်ဆုံးသူတွေနှင့် စကိတ်စီးဖို့ သွားရန်ပြင်နေပုံပင်။
....
နွေဦး၏ ၁၅ ဒီဂရီ အပူချိန်မှာတော့ မစ္စရှန်က ပေါ့ပေါ့ပါးပါး ဂါဝန်လေးဝတ်ထားကာ စွန်လွှတ်ဖို့သွားမည့်ပုံပင်။
....