Chapter 108.2

1.9K 158 0
                                    

အပိုင်း - ၁၀၈.၂
ယွမ်ရိလည်း သူမအံ့ဩနေတာကိုကြည့်ကာ မနှောင့်ယှက်တော့ပေ။ သူမကို ဒီအဝတ်တွေကို အရင် ကြည့်ခိုင်းထားလိုက်လေသည်။ 
"ဒီအဝတ်တွေအကုန်လုံး ကိုယ်တိုင်ချုပ်ထားတာလားဟင်?"
ယွမ်ရိခေါင်းညိတ်ပြလိုက်သည်၊ "အင်း ဝါသနာပါတာဆိုတော့လေ အဲ့လိုပါပဲ။"
"ဒါတွေကို မရောင်းဘူးလားဟင်?"
"ဒီအဝတ်တွေက အသုတ်လိုက်ရောင်းဖို့ထဲတော့ မပါပါဘူး။ ဒါ ဒီအတိုင်း ကြိုက်တဲ့သူတစ်ယောက်တည်းအတွက်ပဲ ထုတ်မှာပါ။"
ထိုအဝတ်တွေက အဝတ်အစားဆိုတာထက် အနုပညာတစ်ခုလို့ပင် ပြောလို့ရသည်။

သူမအခုလို ကုမ္ပဏီကြီးထောင်ကာ ဆိုင်နှစ်ဆိုင်ထိဖွင့်ထားပြီးပေမဲ့ သူမဝါသနာကိုလည်း လက်မလွှတ်ချင်သေးပေ။
သူမ ပတ်ဝန်းကျင်တွေ ပုံပန်းသွင်ပြင်တွေ ပြောင်းလဲသွားပါစေဦး သူမနှလုံးသားကတော့ စက်ချုပ်တဲ့အလုပ်ပေါ် တွယ်ကပ်နေဦးမှာပင်။
"ဟို....တစ်ခုလောက် ရွေးကြည့်လို့ရလားဟင်?"
"ဒါပေါ့။ ဒီကအဝတ်တွေ ကြိုက်သလို စမ်းဝတ်ကြည့်လို့ရတယ်နော်။ ကိုယ်ကြိုက်တဲ့ စတိုင်ကိုရွေးကြည့်လိုက်လေ။ ကျွန်မလည်း အကောင်းဆုံးနဲ့ အထူးခြားဆုံး ဝတ်စုံလေးကို ဖန်တီးပေးပါ့မယ်။"
အဆိုတော်တစ်ယောက်အနေနှင့် အဝတ်အစားမျိုးစုံကို ဝတ်ဖူးခဲ့ပေမဲ့ ဒီကအဝတ်တွေကတော့ သူမစမ်းဝတ်ကြည့်ပြီးတာတောင် နောက်တစ်ခုပြီးတစ်ခု စမ်းကြည့်နေချင်သည်အထိပင်။ ညနေစောင်းကာနီးအထိ စမ်းဝတ်ကြည့်လိုက်ရာ ညနေခင်းအထိ သူမစိတ်ကြိုက်ကို ရှာမတွေ့သေးပေ။
တကယ်တော့ သူမ အကုန်လုံး ကြိုက်တာလေ။ တစ်ခုတည်း ဘယ်လိုလုပ် ရွေးနိုင်မှာလဲလို့။

သူမစိတ်ကြိုက်တစ်စုံကို နောက်ဆုံးရွေးလိုက်နိုင်ကာ ယွမ်ရိကိုယ်တိုင် သူမကိုယ်တိုင်းကိုယူလာပြီး၊ "တစ်လလောက် အချိန်ပေးလို့ရမလားဟင်? အရင်ဆုံးကျွန်မဘက်က ပုံကြမ်းဝတ်ကြည့်လို့ရအောင် ပို့ပေးလိုက်မယ်လေ။ အဲ့ဒါမှာ စိတ်တိုင်းမကျတဲ့ နေရာတွေ တိုင်ပင်ပြီးရင် ကျွန်မပြန်ပြင်ပြီး သေချာချုပ်ပေးမယ်နော်။"
ဝမ်ရှောင်ကတော့ ယွမ်ရိကို တစ်ချိန်လုံးဆွဲထားကာ အလုပ်ရှုပ်အောင် လုပ်မိတာကြောင့် အားနာနေကာ၊ "ရတယ် ရတယ် အလျင်မလိုဘူး။ လက်ထပ်ဖို့ကလည်း နှစ်ကုန်လောက်မှရယ်။ အေးဆေးသာလုပ် ရတယ်နော်။ စိတ်မပူလို့ ရတယ်ရှင့်။"
"ဒါနဲ့ ဘယ်မှာ ပိုက်ဆံချေရမှာလဲဟင်? အရင်ပေးသွားမယ်လေ။"

ယွမ်ရိအတွက် ငွေရေးကြေး‌ရေးက အဲ့လောက် မဟုတ်ပေ၊ "ဝတ်စုံအသင့်ဖြစ်တာနဲ့ ရှဲ့တုန်းယန်နဲ့ ပေးလိုက်လို့ရတယ်လေ။"
"အိုခေ၊ ဒါဆိုသူ့ပဲ ပေးခိုင်းလိုက်တော့မယ်။"
အလုပ်ဆင်းချိန်လည်းကပ်နေပြီမလို့ ယွမ်ရိကိုခေါ်ကာ နှစ်ယောက်သား ညစာစားဖို့ ပြင်လိုက်လေသည်။ လင်းယောင်က နောက်ထပ်အတန်းတစ်ခု တက်ဖို့ရှိနေတာမလို့ တကယ်လည်း ယွမ်ရိတို့နှစ်ယောက်သားသာ စားဖြစ်လေတော့သည်။
ရှဲ့တုန်းယန်နဲ့လင်းယောင်မရှိတော့ စကားပြောရတာ ပိုပြောလို့ ကောင်းနေတော့သည်။
"ရှဲ့တုန်းယန်ဆီက ကြားတာတော့ ရှင်က အရမ်းအလုပ်များနေလို့ ပင်ပန်းနေတာဆို။"

"အို ပြောမနေပါနဲ့တော။ ပင်ပန်းနေတာနဲ့ပဲ အပ်စိုက်တဲ့ဆေးဘက်ကို သွားကုကြည့်လိုက်တာ။ ဆိုင်လေးကတော့ လူသိနည်းပြီး ကောင်းတယ်ဆိုပေမဲ့ ထပ်တော့မလုပ်ရဲတော့ဘူး။"
ဝမ်ရှောင်က အဆိုနှင့်အကဘက်မှာ နာမည်ကြီးလှကာ လစာလည်း အတော်ကောင်းမှန်း ယွမ်ရိသိထားသည်။
"အဲ့တော့ နောက်ထပ်စဉ်းစားထားတာရော မရှိဘူးလား? ရှဲ့တုန်းယန်ဆီက ကြားတာတော့ သူ အသံသွင်းကုမ္ပဏီ ထောင်ပေးမလို့ဆို?"
"အင်း အဲ့အလုပ်က ထွက်ဖို့စဉ်းစားပေမဲ့ အဲ့ကထွက်တာနဲ့ ကိုယ့်နာမည်နဲ့အလုပ်တွေရော၊ ကိုယ့်ကိုယ်ပိုင် အကအဖွဲ့ကိုရော မရနိုင်ဘူးတဲ့လေ။ အဲ့ဒါနောက်ထပ်တစ်နေရာလည်း မရှာနိုင်တာမလို့ ဒီမှာလည်းမသေချာဖြစ်နေတာ။ ဒါက ပြည်တွင်းမှာမလို့ အဲ့လောက် မသိသာပေမဲ့ပေါ့။ လူအတော်များများကတော့ သူတို့ ပေါ့ပ်သီချင်းတွေဆိုဖို့ ဟောင်ကောင်နဲ့ထိုင်ဝမ်ဘက်က တောင်ဘက်ပိုင်းအဆိုရှင်ခန်းမဘက်ကို သွားကြပေမဲ့ ဒီမှာဖွင့်ဖို့ကြတော့ ဒီနယ်ပယ်ဘက် အတွေ့အကြုံမရှိရင် အသံသွင်းကုမ္ပဏီထောင်ဖို့က မလွယ်ဘူးရှင်..."
"အင်း ဒီနယ်ပယ်ကလည်း သေချာ တွက်ချက်တတ်ဖို့ လိုသေးတာပဲ။"
"ကိုယ်တိုင်လည်း အဲ့လောက် အလျင်မလိုသေးတာလည်း ပါ,ပါတယ်။ အခုချိန် ကျော်ကြားမှုနဲ့လူသိများမှုရယ်၊ ကိုယ့်အုတ်မြစ်ကိုက မခိုင်သေးရင် အဆင်မပြေပါဘူး။ အဲ့တော့လည်း ဒီအတိုင်းကိုယ့်အဖွဲ့နဲ့ပဲ ဖျော်ဖြေနေလိုက်တာလည်း မဆိုးပါဘူးလေပဲ တွေးထားရတယ်။"
သူမမှာကိုယ်ပိုင် အစီအစဉ်တွေရှိနေတာမလို့ ယွမ်ရိလည်းဘာမှ ဆက်မပြောလိုက်တော့ပေ။

နှစ်ယောက်သား စကားအတန်ကြာ ပြောနေလိုက်ကာ ညစာစားပြီးတာနှင့် ကိုယ်စီအိမ်ပြန်လာခဲ့လိုက်ကြလေသည်။
ယွမ်ရိ အိမ်ပြန်ရောက်လာပေမဲ့ လင်းယောင်ကတော့ ပြန်မရောက်သေးပေ။

သူမ ရေအရင်ချိုးလိုက်ကာ မီးဖိုချောင်ထဲဝင်လိုက်ပြီး ဘူးသီးကနေပြုလုပ်ထားသည့် ရေဓာတ်ဖြည့်မတ်စ် ကပ်ထားလိုက်ရင်း တီဗီကြည့်နေလိုက်လေသည်။
တီဗွီမှာ အနီရောင်စံအိမ်ကြီး၏အိပ်မက်ကားကို ပြနေကာ ယွမ်ရိကြည့်နေတုန်း သူမဖုန်းက မြည်လာလေသည်။
လင်းယောင်ခေါ်တာထင်လို့ ကောက်ကိုင်လိုက်ပေမဲ့ မထင်ထားပဲ တစ်ဖက်က အမျိုးသားတစ်ယောက်အသံက ထွက်လာကာ မေးလာလေသည်၊ "ယွမ်ရိလားဗျ။ ဒီဖုန်းက ယွမ်ရိတို့မိသားစုက ဖုန်းလားဗျ?"
"ဟုတ်ပါတယ်။ ကျွန်မယွမ်ရိပါ။ ဘယ်သူလဲ မသိဘူး?"

"ရှောင်ရိ၊ ငါရွာက ဒါရိုက်တာလျို့ပါ။ ဒီရက်ပိုင်း ဖုန်းခေါ်တာ ဘယ်သူမှမကိုင်ကြတာနဲ့ ငါလည်း ဒီည အဖွဲ့ထဲကနေ ခေါ်ကြည့်လိုက်တာ။"
ယွမ်ရိ ရွာဘက်က လူတွေထဲဒါရိုက်တာလျို့ကိုလည်း မှတ်မိတာမလို့ အလျင်အမြန် ပြန်ဖြေလိုက်လေသည်၊ "ဟုတ်ကဲ့ တောင်းပန်ပါတယ်။ ကျွန်မလည်း ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ အိမ်မှာမရှိတော့ မကိုင်ဖြစ်တာနေမယ်။ ကျွန်မ ဘာကူညီပေးရမလဲရှင့်။"
"အဲ့ကိစ္စကလေ ရှောင်ရိရေ။ နဂိုကတည်းက စီမံကိန်းတွေရှိခဲ့လိုဆိုလား ဦးတို့နေရာ ပြန်လည်ပြင်ဆင်တဲ့အထဲ ပါမယ်တဲ့။ နှစ်စကတည်းက ဆုံးဖြတ်ထားခဲ့ကြတာတဲ့။ ခုတလော ပြန်လည်တည်ထောင်ရေး ချေးငွေတွေကလည်း အကုန်ပြီးပြီမလို့ ဦးတို့တွေလက်ခံကြောင်း လက်မှတ်ထိုးပေးဖို့ပဲ ကျန်တော့တာလေ။ အဲ့ဒါ သမီးအားရင် ဒီဘက်ကိုလာခဲ့ပါဦး။ လာပြီး ဦးလေးတို့နဲ့ သဘောတူစာချုပ်ထိုးပေးဦးနော်။"
ပြန်လည်ပြင်ဆင်ရေးမှာပါဖို့ပါ ဆုံးဖြတ်ပြီးပြီတဲ့လား? ယွမ်ရိ စိတ်လှုပ်ရှားနေတာမလို့ ဖုန်းကိုလက်နှစ်ဖက်နှင့်ကိုင်ကာ ပြောလာလေသည်၊ "ဟုတ်ကဲ့၊ ဦးလေးလျို့၊ ကျေးဇူးတင်ပါတယ်။ သမီးနောက် ၂ ရက်နေရင် လာခဲ့မယ်နော်။"
"အိုး ဟုတ်ပြီသမီးရေ။ ကျန်တာတွေတော့ တွေ့မှ ပြောကြတာပေါ့။ စောစောလာခဲ့နော် သမီး။"

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now