Chapter 27

3.9K 393 0
                                    

အပိုင်း - ၂၇

လျူရှောင်းတို့သားအဖ ပြန်သွားပြီးတဲ့နောက်မှာ ယွမ်ချီကျီရဲ့ဘဝက ပြန်ပြီးတော့ အေးအေးဆေးဆေး‌ဖြစ်သွားဝောာ့သည်။
ထုံးစံအတိုင်း ရွာထဲမှာအတင်းအဖျင်းတချို့ ပျံ့နှံ့နေဆဲဖြစ်ပေမယ့် သူက အကုန်လျစ်လျူရှုထားခဲ့သည်။
 
ယွမ်ချီကျီ၏ကိစ္စနဲ့ပတ်သက်ပြီး ယွမ်မိသားစုတစ်ခုလုံးဟာ တစ်ရွာလုံး၏အာရုံစိုက်ခြင်းကို ခံနေရပေသည်။ ဒါ့ကြောင့်မို့ မနက်တိုင်းရွှေသရဖူရွာကိုသွားတဲ့လမ်းမှာ ရွာထဲကလူတွေဟာ ယွမ်ရိကိုကြည့်၍ တီးတိုးစကားများ ပြောဆိုကြလေ့ရှိသည်။
 
ယွမ်ရိကလည်း ထိုအရာများအပေါ် အာရုံလုံးဝမထား လျစ်လျူရှုထားခဲ့သည်။
 
ဒါပေမယ့် ယွမ်ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်တို့မိသားစုကတော့ မတူကြပေ။ သူတို့မိသားစုဟာ ယွမ်ချီကျီကိစ္စနဲ့ပတ်သက်ပြီး အပြောခံရမှာစိုး၍ ယွမ်မိသားစုဖြင့်ခပ်ကင်းကင်းသာ နေကြတော့သည်။
 
ဒီရက်ပိုင်းအတွင်း အဖွားကျောင်း၊ အဖွားလီနဲ့အဖွားဟူတို့ဟာ မကြာခဏယွမ်အိမ်သို့လာလေ့ရှိကာ အတူတူစု၍လျူရှင်းဟွာနဲ့ စကားပြောလေ့ရှိကြသည်။ တကယ်တော့ သူတို့စပ်စပ်စုစုလုပ်ဖို့အတွက် လာကြခြင်းဖြစ်ပေသည်။
 
သူမတို့တွေဟာ လျူရှင်းဟွာနဲ့အတွင်းသိအဆင်းသိ တကယ့်သူငယ်ချင်းအရင်း‌ကြီးတွေမို့လို့ တစ်ခုခုဆိုမေးရမြန်းရမှာ မရှက်ကြပေမယ့် ကိုယ့်စည်းသူ့စည်းထားပြီးတော့ မေးမြန်းကြပေသည်။ ဒါ့ကြောင့် သူမတို့က လျူရှင်းဟွာအား
"ချီကျီက အနာဂတ်မှာ ဘာဆက်လုပ်မှာတဲ့လဲ" လို့ ယွမ်ချီကျီ၏ရှေ့ရေးကိုစပ်စုကြ၏။
 
လျူရှင်းဟွာက
"လျူအိမ်ကနေ ကွာရှင်းပြီးရင်တောင်မှ ချီကျီကသုံးဆယ်စွန်းစွန်းပဲ ရှိသေးတာလေ။ ယွမ်ရိကလည်းအပ်ချုပ်ဆရာထံကနေ သင်ယူတတ်မြောက်သွားရင် သူမရဲ့အဒေါ်ကိုသင်ပေးမယ်လို့တော့ ပြောသံကြားတယ်။ အဲ့ဒီအခါကျရင် ချီကျီအနေနဲ့ အပ်ချုပ်ဆရာလုပ်ပြီး အသက်မွေးဝမ်းကြောင်းလုပ်နိုင်တာပေါ့"
 
ဒါကိုကြားတော့ အဖွားကြီးသုံးဦးရဲ့စပ်စုချင်စိတ်တွေဟာ ပိုပြီးတော့ ပြင်းပြလာတော့သည်။
"ငါလည်း နင့်မြေးမကအပ်ချုပ်ဆရာထံမှာ အပ်ချုပ်သင်နေတယ်လို့တော့ ကြားသားပဲ။ အခြေအနေ ဘယ်လိုရှိလဲ"
လျူရှင်းဟွာကပြုံးလိုက်ပြီး
"အခြေအနေက ကောင်းပါတယ်။ သူမက အပ်ချုပ်ဆရာသင်ပေးသမျှကို သေသေချာ‌ချာလေ့လာပြီး တတ်မြောက်အောင် သင်ယူခဲ့တယ်လေ"
အဖွားလီက ပြောသင့်မပြောသင့်ခဏမျှစဉ်းစားလိုက်ပြီး
"ဒါပေမယ့် ငါကြားတာတော့ အပ်ချုပ်ဆရာကယွမ်ရိကို အပ်ချုပ်တာလုံးဝသင်မပေးပဲ ဘာမှမဟုတ်တဲ့ပုံတွေချည်းပဲ ဆွဲခိုင်းနေတာတဲ့နော်။ မင်းရဲ့အခြားမြေး ယွမ်ရွယ်ဂျင်းကပဲ အပ်ချုပ်စက်ပေါ်မှာသင်နေရတာတဲ့"
 
လျူရှင်းဟွာလည်း မဲ့ပြုံးတစ်ခုဆင်မြန်းကာ
"ဒါတွေကိုပြောတာ ဆန်းရှောင်ဟိုင်မှဟုတ်ရဲ့လား"
 
လျူရှင်းဟွာက သူမ၏ဒုတိယသားဖြစ်တဲ့ ယွမ်ချန်းကွေ့နဲ့သူ့ဇနီးဆန်းရှောင်ဟိုင်တို့ကို အိမ်ခွဲသွားကတည်းက အမြင်သိပ်မကြည့်တော့ချေ။ အခုချိန်မှာတော့ ယွမ်ရွယ်ဂျင်းကိုပါ နည်းနည်းအမြင်ကပ်လာပြီဖြစ်သည်။
 
'မိသားစုတစ်စုလုံး ဘာလို့များသူများအပေါ် မကောင်းကြံချင်နေရတာလဲ။ ယွမ်ရိဆိုတာကလည်း တစ်စိမ်းမဟုတ်ပဲ ကိုယ့်ဆွေမျိုးအရင်းကြီး ရှိသေးတာကို၊ တော်တော်လေးမနာလိုဖြစ်ပြီး လိုက်တိုက်ခိုက်နေတဲ့မိသားစုဘဲ'
ယွမ်ချန်းကွေ့တို့မိသားစုအပေါ် လျူရှင်းဟွာ၏အမြင်မှာ ပိုပြီးတော့ဆိုးဝါးလာပြီဖြစ်ပေသည်။
 
ဆောင်းရာသီဝင်တော့မှာဖြစ်သော်လည်း နေ့ခင်းဘက်မှာတော့ နေအပူချိန်ကလျော့ကျခြင်းမရှိသေးချေ။
 
စက်တင်ဘာလအတွင်း စပါးခင်းတွေထဲမှ စပါးနှံတွေဟာ အစိမ်းရောင်မှသည် ရွှေဝါရောင်သို့ပြောင်းလဲသွားကြကာ ရင့်မှည့်ခါနီးနေပြီဖြစ်သည်။ မကြာခင်မှာပဲ စပါးတွေကိုရိတ်သိမ်းရတော့မည်ဖြစ်၏။
 
ဒီအချိန်ဟာ ကျေးလက်နေလူထုအတွက် အလွန်အမင်းပျော်ရွှင်ဖွယ်အခြေအနေလေး‌တစ်ခုပဲ ဖြစ်ပါသည်။
ဖန်းယန်းရွာတွင်လည်း ဒီနှစ်စပါးတွေထွက်နှုန်းကောင်းမယ်လို့ ပြောသံတွေညံနေကြ၏။
 
ညနေပိုင်းမှာ ယွမ်ရိနဲ့ယွမ်ကျဲနဲ့လင်းယောင်တို့ဟာ ဝက်တွေကိုမောင်းလျက် ဖန်းယန်ရွာအတွင်းသို့ ဝင်လာကြတော့သည်။ လမ်းမှာပြုံးပျော်နေသည့်လူ‌တွေကို မကြာခဏတွေ့ရလေ့ရှိကာ သူတို့လည်းပြန်လည်ပြုံးပြပြီး နှုတ်ဆက်ခဲ့ကြ၏။
 
ရွာထဲကိုရောက်တာနဲ့ သူမတို့ဟာ ကိုယ့်အိမ်နဲ့ကိုယ်လမ်းခွဲသွားကြတော့သည်။
 
ယွမ်ရိနဲ့ယွမ်ကျဲတို့ အိမ်မရောက်ခင်မှာပဲ လမ်းမှာအမျိုးသမီးတစ်ယောက်နဲ့ ထပ်တွေ့လိုက်ရ၏။ ထိုအမျိုးသမီးကိုကြည့်ရင်း ယွမ်ရိဟာရင်းနှီးသလို ခံစားလိုက်ရသည်။
 
ဒါ့ကြောင့် သူမမှတ်ဉာဏ်အတွင်း သေချာပြန်စဉ်းစားလိုက်ရ၏။ တခဏကြာမှ ထိုအမျိုးသမီးကိုမှတ်မိသွားတော့သည်။ ထိုအမျိုးသမီးဟာ မူလကိုယ်၏စတုတ္ထအဒေါ်ဖြစ်သူ ယွမ်ချိုင်လန်ဘဲဖြစ်သည်။
ယွမ်ကျဲကတော့ ထိုအမျိုးသမီးကိုမြင်လိုက်ထဲက မှတ်မိသွားကာထိုအမျိုးသမီးထံပြေးသွားလျက်
"လေးယောက်မြောက်အဒေါ် အိမ်ပြန်လာပြီလား"
လို့ ဝမ်းသာစွာဖြင့်ပြောလိုက်၏။
 
ယွမ်ရိလည်း ထိုအမျိုးသမီးထံသွား၍
"အဒေါ်လေး" လို့ခေါ်ကာ နှုတ်ဆက်လိုက်သည်။
 
ထိုအမျိုးသမီးလည်း ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ကာ
"ကြည့်စမ်းပါဦးဟယ်။ နှစ်ယောက်လုံးထွားလာလိုက်ကြတာများ"
 
ထို့နောက် သူမတို့သုံးယောက်လည်း လက်ချင်းတွဲ၍ ယွမ်အိမ်သို့ ပြန်လာခဲ့ကြတော့သည်။
 
အိမ်ကိုပြန်ရောက်တာနဲ့ ယွမ်ကျဲက
"အဖွား။ အဒေါ်လေးပြန်လာပြီ" လို့ အော်ပြောလိုက်သည်။
 
 
ယွမ်ချိုင်လန်က
"တတိယအမ‌အကြောင်း သတင်းအချို့ကြားလို့ အခြေအနေလာကြည့်တာပါရှင်။ အခု အမဘယ်မှာလဲ" လို့ ခပ်ပြုံးပြုံးလေးပြောလိုက်သည်။
"သူမက အလုပ်ကနေပြန်မလာသေးဘူး"
ယွမ်ချိုင်လန်က သက်ပြင်းအသာချပြီး
"အရင်တုန်းက လူတိုင်းကတတိယအမကို မြို့ပေါ်မှာအိမ်ထောင်ကျလို့ ကံကောင်းတယ်လို့ထင်နေကြတာလေ။ ဘယ်သူတွေက ထင်ခဲ့ကြမှာလဲ။ ဒီလိုအဖြစ်တွေ တတိယအမပေါ်မှာကျရောက်လာလိမ့်မယ်လို့"
 
ထိုနှစ်တွေတုန်းက ယွမ်ချီကျီကိုမြို့ပေါ်မှာအိမ်ထောင်ချပေးခဲ့ပြီး သူမကိုတော့ တောင်ပေါ်ကရွာတစ်ရွာမှာပဲ အိမ်ထောင်ချပေးခဲ့သည်။ ဒါ့ကြောင့် သူမရဲ့မိဘတွေဟာဘက်လိုက်တယ်လို့ သူမခံစားခဲ့ရပြီး ယွမ်ချီကျီနဲ့ဆက်ဆံမှုသိပ်မရှိတော့ကာ ခပ်ကင်းကင်းသာနေခဲ့၏။
 
လျူရှင်းဟွာလည်း မျက်မှောင်ကြုတ်ကာ
ယွမ်ချိုင်လန်က မျက်မှောင်ကြုတ်ရင်း
 
 
"ဟုတ်တယ်။ မတွေ့ရတာတောင် တော်တော်ကြာပြီ။နင်ကမြို့ပေါ်မှာအိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ငါတို့တောင်ပေါ်‌မှာနေရတဲ့အခြေအနေတွေကို မေ့ပြီးပျော်လွန်းအားကြီးတာကြောင့် တောင်ပေါ်ကိုပြန်မလာတော့ဘူးလို့တောင်မှ ငါထင်နေတာ"
လို့ ခနဲ့သံပေါက်နေသည့်လေသံဖြင့် ပြောလိုက်၏။
 
"ရပါတယ်အမေရယ်။ ဘာမှမဖြစ်ပါဘူး" လို့ပြောပြီး ယွမ်ချိုင်လန်အား
"လာလေ အိမ်ထဲဝင်ရအောင်" လို့ အတွင်းကိုခေါ်သွားတော့သည်။
လျူရှင်းဟွာကလည်း သူမသမီးတွေ၏နောက်ကနေ အိမ်ထဲကို ဝင်သွားတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ကတော့ အိမ်အပြင်ဘက်မှာနေရင်း ဝက်စာ၊ ကြက်စာတွေကိုကျွေးဖို့အတွက် ပြင်ဆင်နေလိုက်ကြတော့သည်။
 
အိမ်ထဲမှာတော့ ယွမ်ချီကျီနဲ့လျူရှင်းဟွာတို့ဟာ ယွမ်ချီကျီကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအားလုံးကို ယွမ်ချိုင်လန်အားပြောပြနေခဲ့သည်။ ဖြစ်စဉ်အစအဆုံး နားထောင်ပြီးတဲ့နောက်မှာ ယွမ်ချိုင်လန်ဟာလျူရှောင်းအား ရစရာလုံးဝမကျန်တော့သည်အထိ ဆဲဆိုတော့သည်။
 
သူမအနေနဲ့ ယွမ်ချီကျီနဲ့ဘယ်လောက်ပဲ ဆက်ဆံမှုအေးစက်တယ်ပဲပြောပြော အရေးကြီးလာတဲ့အချိန်မှာတော့ ယွမ်ချန်းကွေ့လိုမဟုတ်ပဲ သွေးစည်းပေသည်။
"ဒါနဲ့အမကိုရိုက်တဲ့အချိန်တွေဆိုရင် အမရဲ့ကလေးလေးယောက်က ဘာလုပ်နေကြတာလဲ။ သူတို့က သူတို့အဖေကို နည်းနည်းပါးပါးမတားကြဘူးလား"
 
ယွမ်ချိုင်လန်က
"ဒါတွေအားလုံးက အမသည်းခံခဲ့လို့ဖြစ်ရတဲ့အရာတွေပဲ"
 
ယွမ်ချီကျီလည်း ခေါင်းညိတ်လိုက်ပြီး
"ဟုတ်ပါတယ်။ အမအသုံးမကျတာပါကွယ်" လို့ ပြောရင်း မျက်ရည်များကျဆင်းလာတော့သည်။
 
သူအမရဲ့ဝမ်းနည်းတကြီးဖြစ်နေသည့်ပုံစံကြောင့် ယွမ်ချိုင်လန်လည်း ယွမ်ချီကျီ၏လက်ကိုကိုင်ကာ အားပေးလိုက်၏။
"ဘာပဲဖြစ်ဖြစ် အမဘဝမှာ လျူရှောင်းက အရာရာမဟုတ်ဘူးလေ။ အဲ့လိုပဲ လျုရှောင်းရဲ့ဘဝမှာလည်း အမကအရာရာမဟုတ်ဘူး။ အမကလေးတွေရဲ့မျက်လုံးထဲမှာလည်း အမကအရာရာဖြစ်နေမှာမဟုတ်ဘူး။ သူတို့အတွက် အမကဒုက္ခတွေအများကြီးခါးစည်းခံခဲ့ရပေမယ့် သူတို့ကအမဘက်ကို တစ်ချက်ပြန်ငဲ့ကြည့်မှာ မဟုတ်ဘူးနော်။ သူတို့တွေက အမပြောသလိုဆိုရင် အဖေချစ်၊ အဖေကြောက်။အဖေမှအဖေဖြစ်နေကြတဲ့ ကလေးတွေပဲ။ ဒါ့ကြောင့်မို့လို့လဲ လျူရှောင်းဆီကနေ အမအရိုက်ခံနေရတဲ့အခါ သူတို့ကဘာမှဝင်မတားကြတော့တာပေါ့။ ကျွန်မကတော့ အမလျူရှောင်းနဲ့ကွာရှင်းဖို့ဆုံးဖြတ်လိုက်တာ မှန်တယ်လို့ထင်တယ်"
 
"ဒါပေမယ့် သူတို့ကငါ့ရဲ့သားသမီးတွေ ဖြစ်နေကြတုန်းပဲလေ"
သူမစိတ်ထဲမှာ သူမသားသမီးတွေ သူမကိုမေ့ပျောက်သွားမှာကို စိုးရိမ်နေခဲ့၏။
ယွမ်ချိုင်လန်က
"အမ။ နင်သေချာပြန်စဉ်းစားကြည့်။ နင့်သားသမီးတွေအမြင်မှာ နင်ကသူတို့အတွက် အရာရာလုပ်ကိုင်ပေးရမယ့် ကျွန်မကြီးလိုပဲ။ ငါပြောတာနည်းနည်းရိုင်းသွားရင် ကြိုတောင်းပန်တယ်။ နင်အရိုက်ခံရတဲ့အချိန်တွေမှာတောင်မှ ဘာမှဝိုင်းပြီးတားဆီးပေးတာမျိုး၊ အရပ်ဝိုင်းပါလူကူပါလို့ တစ်ခွန်းအော်မပေးတဲ့သားသမီးတွေအတွက်နဲ့ နင့်ဘဝကိုနင် နစ်မွန်းမခံသင့်ဘူး"
 
လျူရှင်းဟွာ ချောင်းဟန့်လိုက်ပြီး
"မှန်ချင်လည်းမှန်မှာပေါ့အေ"
 
"ဟာအမေကလည်း ဘယ်ကသာမှန်ချင်လည်း မှန်မှာလဲ။ သေချာပေါက်ကိုမှန်မှာ။ အမရဲ့သားသမီးတွေကြီးလာလို့ရှိရင် အမကို ဂရုစိုက်မှမဟုတ်ဘူး။မယုံရင် စောင့်ကြည့်လိုက်လေ"
လျူရှင်းဟွာလည်း ယွမ်ချန်းကွေ့တို့အိမ်ခွဲဖို့အတွက် ဘယ်လိုမူယာမာယာတွေသုံးခဲ့ကြောင်း၊ ဆန်းရှောင်ဟိုင်က ရှောင်ရိကိုစပျစ်သီးသူခိုးလို့ စွပ်စွဲခဲ့ကြောင်း၊ ယွမ်ရွယ်ဂျင်းကလည်း ရှောင်ရိကိုအလုပ်မှာလိုက်နှောင့်ယှက်နေကြောင်းနဲ့ အခု ယွမ်ချန်းကွေ့တို့မိသားစုက ယွမ်ချီကျီရဲ့ကိစ္စအတွက် သူတို့ယွမ်အိမ်နဲ့ခပ်ကင်းကင်းပင် နေကြောင်းတွေကို ရေပတ်ဝင်အောင် သေချာပြောပြလိုက်တော့သည်။
ယွမ်ချိုင်လန်လည်း မဲ့ပြုံးပြုံးကာ

"မိုးတောင်ချုပ်တော့မယ်။ သမီးလည်း လမ်းခရီးဂရုစိုက်ရဦးမှာမို့ ပြန်တော့မယ်"
 
 
"အေးပါကွယ်" လို့ ပြောလိုက်သည်။
ယွမ်ရိကလည်း ဒီရက်တွေအတွင်း အဖိုးဆောင်းထံသို့ အပ်ချုပ်တာသွားမသင်ခဲ့ပေ။ သူမကယွမ်ကျဲနဲ့အတူ စိုက်ခင်းတွေထဲသို့ ထမင်းဟင်းတွေ ပို့ပေးလိုက်၊ ဝိုင်းကူလိုက်ဖြင့် အလုပ်များနေတော့သည်။
 
ရိတ်သိမ်းထားသည့်စပါးပင်များကို ဝိုင်းသယ်ပေးတာတွေလည်း သူမကလုပ်ပေးခဲ့သေး၏။ အရင်ဘဝမှာတုန်းက ဒီလိုအလုပ်မျိုးတွေ လုပ်ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့‌ချေ။
 
တစ်ရက်ပြီးတစ်ရက် လုပ်ကိုင်ပြီးတဲ့နောက်မှာ ယွမ်ရိကတဖြည်းဖြည်းဖြင့် အသားကျကျွမ်းကျင်လာတော့၏။
 
ဒီနေ့မှာလည်း ယွမ်ရိနဲ့ယွမ်ကျဲဟာ ရိတ်သိမ်းထားသည့်စပါးပင်များကို ဝိုင်းသယ်ပေးနေကြတုန်း ယွမ်ကျဲကတစ်နေရာကို ညွှန်ပြလျက်
"အမ။ အဲ့နားက လူတွေအုံနေတာ ဘာဖြစ်တာလဲမသိဘူး"
 
ယွမ်ရိလည်း ယွမ်ကျဲပြသည့်ဘက်ကို ကြည့်လိုက်ရာ ရေကန်တစ်ခုအနီးမှာ စုဝေးနေကြသည့်လူအများအပြားကို တွေ့လိုက်ရတော့သည်။
 
"ဘာဖြစ်တာလဲသိရအောင် သွားကြည့်ကြစို့"

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Donde viven las historias. Descúbrelo ahora