အပိုင်း - ၁၀၉.၂
ထိုလူလည်း မလှုပ်ရဲတော့ပဲ အနောက်ကိုနှစ်လှမ်းပြန်ဆုတ်လိုက်လေသည်။
ရဲလည်း သူ့လက်ထဲက လျှပ်စစ်တုတ်တံကို ကိုင်ထားကာ နောက်ကလူအုပ်ကိုပါ မေးလာလေသည်၊ "မင်းတို့ကရော? ဘာကိစ္စရှိသေးလဲ?"
ပြောရမယ်ဆိုရင် သူတို့တွေအိမ်ကို ရောင်းတုန်းက လက်နဲ့ပဲ လက်မှတ်ထိုးခဲ့လိုက်ကာ အိမ်သော့ပေးလိုက်ရုံပင်။ သူတို့တွေ စာချုပ်ဘာညာလည်း မသိပေ။ သူတို့လုပ်နိုင်တာ လှမ်းအော်ကာပြောရုံပင်၊ "ဒါငါတို့အိမ်ကွ၊ ငါတို့မရောင်းနိုင်ဘူး။"
ယွမ်ချန်းရှန် : "နောက်ကျသွားပြီလေ။ ခင်ဗျားတို့ အရင်တုန်းက ဘာလို့ရောင်းခဲ့တုန်း?"
လွန်ခဲ့တဲ့ နှစ်,နှစ်လောက်ကသာ ပြောခဲ့ရင်ခုလို ဒီချိန်ဒီအိမ်က ဒီလောက်တန်မှန်းသိခဲ့ရင် သူတို့ရောင်းမိမှာမဟုတ်ပေ။ ဒီလောက်ကောင်းတာမျိုး ရှိမယ်ဆိုတာ သိခဲ့ရင်လေ? ခုလိုနှစ်တွေကြာကာမှ သူတို့နောင်တတွေ ရနေကြတော့သည်။
ယွမ်ရိ ဆက်အချိန်မဖြုန်းချင်တော့တာမလို့ ရဲသားကြီးကို ကြည့်လိုက်ကာ၊
"ရဲသားကြီးရှင့် ကျွန်မတို့ ဒီကကိစ္စတွေ အကုန်ရှင်းပြပြီးပြီဆိုတော့ ပြန်လို့ရမလားရှင့်?"
ရဲတွေက ယွမ်ရိတို့နဲ့နောက်ကလူအုပ်ကိုကြည့်လိုက်ပြီး ဒီလိုကိစ္စတွေမှာ သူတို့တွေ ဝင်ဖျန်ဖြေပေးရုံသာဖြစ်ပြီး နောက်ထပ် ပြဿနာတက်ခံလို့မရမှန်း သိတာကြောင့် အခုဆိုလည်း ဖြစ်ကြောင်းကုန်စင်က အတော်ပင်ရှင်းလင်းနေပြီမလို့ ယွမ်ရိကို ပြန်ခိုင်းလိုက်လေသည်။
"အိုခေ။ ပြန်လို့ရပါတယ်။"
ကျန်တဲ့လူအုပ်ကတော့ မပြန်စေချင်ကြပေ။ ယွမ်ရိ၊ယွမ်ချန်းရှန်နဲ့လင်းယောင်တို့ ထွက်မယ်ပြင်တော့ သူတို့တွေ တစ်ယောက်ပြီးတစ်ယောက်ထပ်ကာ တားလာလိုက်သေးသည်။ သူတို့ဘက်က လုပ်နိုင်တာမရှိမှတော့ ထိုသို့လုပ်လာကြခြင်းပင်။ ရဲတွေက လက်ထဲက လျှပ်စစ်တုတ်တံတွေကိုင်ကာ လမ်းဖယ်ပေးဖို့ အော်ပြောရင်း ယွမ်ရိတို့အတွက် လမ်းရှင်းပေးလာလေသည်။
နောက်ဆုံးတော့ သူတို့တွေ ထိုလူအုပ်နဲ့ မျက်နှာချင်းဆိုင်တွေ့နေရာကနေ ပြန်လာခဲ့လိုက်ကြလေသည်။
မြို့ကိုပြန်နေတုန်း ယွမ်ချန်းရှန်က နောက်ခုံကနေ ပြောလာလေသည်၊ "သူတို့တွေ မြို့ထဲကိုပါ လိုက်လာကြရင်ရော?"
"ရဲသာခေါ်လိုက် ဦးလေး။"
သူမ ဒီအိမ်တွေကို လွန်ခဲ့တဲ့ နှစ်,နှစ်ကမဟုတ်ပဲ ၇ နှစ်ကျော် ၈ နှစ်လောက်က ဝယ်ခဲ့တာဖြစ်လေသည်။ ဈေးအနိမ့်ဆုံးအချိန်မှာတောင်မှ ဈေးကြီးပေးဝယ်ခဲ့ကာကြောင့် သူတို့တွေ ငွေကြေးအဆင်ပြေပြီး ကောင်းကောင်းနေနိုင်ခဲ့ကြတာလေ။ ခုမှ သူ့ဆီက ပြန်ယူချင်လို့ပေးရအောင် သူမကလည်း သူတော်စင်မဟုတ်ပေ။
"ရှောင်ရိ။ သမီးက ကံကောင်းတယ်ပြောတာ တကယ်ပဲကိုး။ လွန်ခဲ့တဲ့နှစ်,နှစ်က ဦးတို့တွေ မြို့မှာနေနိုင်လာပြီး ခုဆိုစက်ရုံနဲ့ ကုမ္ပဏီပါရှိနေပြီ။ ဦးတို့တွေ သမီး ဒီအိမ်တွေ ဝယ်တုန်းက ပိုက်ဆံဆုံးပြီထင်ထားတာ ခုတော့ သူတို့ရမယ့် လက်တွေရိုက်ချလိုက်သလိုပဲ။"
ဒီကံကောင်းမှုကြီးက ကြောက်ဖို့ကောင်းလိုက်တာ။
သူ့ရှေ့မှာဖြစ်လာတာမဟုတ်ဘူးဆိုရင် သူ့မျက်လုံးနဲ့ မြင်ခဲ့ရတာမဟုတ်ရင် သူယုံနိုင်မှာမဟုတ်ပေ။
ယွမ်ရိ လင်းယောင်ကို ကြည့်လိုက်ကာ ပြုံးလိုက်ပြီး စိတ်ထဲမှာတော့ ဒါကံကောင်းတာပါလို့ ဝန်ခံရမှာတော့ ရှက်နေတုန်းပင်။
စာချုပ်ကို လက်မှတ်ထိုးပြီးတာနှင့် ယွမ်ရိ ယွမ်ချန်းရှန်ကိုပဲ သူနဲ့အတူတူ နယ်ဘက်ကို တစ်ခါတလေဆင်းကာ လုပ်ထုံးလုပ်နည်းတွေလုပ်ဖို့ အကူအညီတောင်းထားရလေသည်။ များသောအားဖြင့်တော့ ထိုလုပ်ထုံးလုပ်နည်းတွေက အတွင်းရေးမှူးလီဆီကနေ ငွေလက်ခံရုံလောက်သာ။
သူတို့ကုမ္ပဏီမှာ ခုဆို ကားရှိတာမလို့ ယွမ်ချန်းရှန်အတွက်လည်း နယ်ဘက်ကိုဆင်းဖို့ အဲ့လောက်ကရိကထမများပေ။
နယ်ဘက်ကိုဆင်းပြီးတာနှင့် ယွမ်ချန်းရှန်က ယွမ်ရိကို ပြောလာလေသည်။ "အကုန်ပြီးသွားပြီ သမီးရေ။ ဒါပေမယ့် ဦးလေးကြားတာတော့ သူတို့ကရှေ့နေတစ်ယောက်ရှာပြီး သမီးကိုတရားစွဲဖို့ လုပ်နေတယ်တဲ့။"
"အဲ့ဒါဆိုလည်း သမီးလည်း တရားရုံးတက်လိုက်တာပေါ့။"
ယွမ်ချန်းရှန်ကတော့ ယွမ်ရိလောက် စိတ်မအေးနေပေ၊ "ဒါနဲ့ သူတို့တရားစွဲရင် သူတို့နိုင်လောက်လားဟင်?"
"သူတို့မှာ ဘာမှမရှိပါဘူး ဦးလေးရယ်။ သူတို့ သမီးအကြောင်း ဘာတွေပြောကြသေးတုန်း? ထပ်ဆင်ခြေတက်နေကြတုန်းလား?"
ယွမ်ချန်းရှန် ခုမှ စိတ်သက်သာရာရသွားကာ ခေါင်းညိတ်ပြလိုက်လေသည်။
ဂျွန်လထဲ နေမင်းကြီးက တောက်ပနေကာ ပေါ့ပလာပင်ကြီးကတော့ စိမ်းစိုနေလေသည်။
ယွမ်ရိ ဘဏ်ထဲကနေ ထွက်လာလာချင်း မျက်မှန်တပ်လိုက်လေသည်။
အခုဆို လျှော်ကြေးငွေတွေက ဘဏ်အကောင့်ထဲအကုန်ရောက်လာပေမဲ့ အခုထိ သူမဆီ တရားရုံးဆင့်ခေါ်စာတော့ ရောက်မလာသေးပေ။ နယ်ဘက်က အခြေအနေလည်း သူမအသေးစိတ်ထပ်မမေးဖြစ်ပေ။ သူတို့မြို့ထိတော့ တက်လာပြီး ပြဿနာရှာရဲမှာမဟုတ်ပေ။
ကုမ္ပဏီကို ပြန်လာလာချင်း သူမလက်ထောက်ချန်းနော်နော်က မိတ်ဆက်လာပြီး ပြောလာလေသည်။ "မမယွမ်၊ မစ်စတာရှဲ့နဲ့ မစ္စဝမ်တို့ ရောက်နေပါတယ်။ သူတို့ ခု ရုံးခန်းထဲမှာ စောင့်နေကြတယ်ရှင့်။"
ယွမ်ရိ ခေါင်းညိတ်ပြလိုက်ကာ အခန်းထဲဝင်လာလိုက်သည်နှင့် ရှဲ့တုန်းယန်တို့ကို ပြုံးပြလိုက်လေသည်.။
ဝမ်ရှောင်တို့ မတ်တတ်ရပ်ကာ နှုတ်ဆက်လာကာ ယွမ်ရိနဲ့အတူ ပြန်ထိုင်လိုက်ကြလေသည်။
"အဖြူရောင်ပုံကြမ်းကြီးပဲတော့ ပြီးသွားပြီ။ အဲ့ဒါခုစမ်းဝတ်ကြည့်ဖို့ ယူလာပေးရမလား?"
တစ်လလောက်အထိ ဝမ်ရှောင်တစ်ယောက် သူမဝတ်စုံလေးကို မျှော်နေတာဖြစ်ပေမဲ့ တစ်ဖက်က ရှဲ့တုန်းယန်မှာလည်း ပြောစရာရှိပုံပေါ်တာကြောင့်၊ "ချန်းနော်နဲ့ပဲ စမ်းဝတ်ကြည့်လိုက်မယ်နော်။ အရင်စကားပြောကြလေ။"
ယွမ်ရိလည်း နော်နော့်ကိုပဲ ဝမ်ရှောင်ကို ကူဝတ်စေလိုက်လေသည်။
ရှဲ့တုန်းယန် သူ့ရှေ့က လက်ဖက်ရည်ခွက်ကို ကိုင်ကာတစ်ဂျိုက်သောက်လိုက်ပြီး တိုက်ရိုက်ပြောလာလေသည်၊ "ဒီရက်ပိုင်း တစ်ခုခု အချီကြီးရသွားသေးလား?"
"ဘာကြားထားလို့လဲ?"
"မနေ့ကမှ တခြားသူတွေနဲ့ ညစာစားပွဲကနေ ကြားလာတာ နယ်ဘက်မှာ ပြန်လည်ပြင်ဆင်ရေးတွေ လုပ်တယ်ဆိုပဲ။ အဲ့ဘက်မှာ အိမ်ဝယ်ထားတာဆိုတာ ကြားမိသလားလို့ ပြီးတော့ ထပ်ဝယ်သေးတယ်ဆိုလားပဲလေ?"
"အဲ့ဒါက ဒီအတိုင်း နေရာမလောက်တာနဲ့ပဲ နောက်ထပ်သုံးခုလောက် ထပ်ဝယ်လိုက်တာလေ။"
"လေးခုတောင်ပေါ့။"
"ငါပြောမယ် မနေ့ညက အဲ့အကြောင်းကြားပြီး အိပ်တောင် မပျော်ဘူးဆိုနေ။ အဲ့တုန်းက နင် တစ်ခုလောက်ဝယ်ဖို့ ပြောတုန်းကလေ မှတ်မိလား? ဘာလို့မဝယ်ခဲ့တာလဲ မသိဘူး? အဲ့အတွေးက ခု ငါ့နှလုံးတွေ အဆုတ်တွေကို လာကုတ်နေသလိုပဲ။ မနေ့ညကဆို အိပ်မပျော်လို့ မနက်မိုးတောင် လင်းတယ်ဆို။"
ယွမ်ရိ အရယ်မရပ်တော့ပေ၊ "အဲ့အချိန်တုန်းကလည်း ဘယ်သူမှ ဒီလိုဖြစ်လာမယ် မထင်ထားခဲ့လို့နေမှာပေါ့။"
"ငါ တကယ် အဲ့လိုကိစ္စအကြီးကြီးဖြစ်လာမယ်ကို မထင်ထားခဲ့တာ။ ဘယ်သူကရော ထင်မှာတုန်း? အခုဆို အဲ့အိမ်ရောင်းခဲ့တဲ့လူတွေ နောင်တရနေလောက်ပြီ။ ဟုတ်တယ်မလား?"
"အင်း နယ်ဘက်ဆင်းကြတုန်းကဆို သူတို့တွေရောက်လာကြသေးတယ်လေ။ နောက်ပိုင်းတော့ မသွားဖြစ်တော့ဘူးလေ။ ဒါပေမယ့် သူတို့တွေ ဒီအထိတော့လာပြီး ပြဿနာ လာမရှာကြပါဘူး။ ရှေ့နေငှားပြီး တရားစွဲဖို့လုပ်နေတယ်ကြားပေမဲ့ ခုထိလည်း ဘာမှတော့ ဖြစ်မလာသေးဘူး။"
"အဲ့တုန်းက သူတို့နဲ့လက်မှတ်ထိုးခဲ့တာရော သူတို့ပြန်ပြောတာတွေရောက ဝန်ခံတာပဲလေ။"
"အဲ့တုန်းက လက်မှတ်သွားထိုးခဲ့တာ အဆင်ပြေလို့တော်သေးတယ် ပြောရမယ်။"
ရှဲ့တုန်းယန်လည်း ဒါကံကောင်းတာလို့ ထင်နေတုန်းပင်။ သူတို့ပဲ လက်မှတ်ထိုးခဲ့ပြီး ခု လာပွက်လောရိုက်နေတာလည်း သူတို့ပဲလေ။ အိမ်ဝယ်စာချုပ် ချုပ်ထားတယ်ဆိုတာထက် ဘယ်အရာမှ ပိုတိကျမနေတော့ပေ။
ယွမ်ရိ ရှဲ့တုန်းယန်ကို လက်ဖက်ရည် ထပ်ငှဲ့ပေးလာကာ၊ "အခုတော့ ဒီဆိုင်ကလည်း အောင်မြင်သလောက်ပဲဆိုတော့ ငါလှည့်ကြည့်ဖို့ မလိုတော့ဘူးလေ။ ငါ့ပိုနေတဲ့ စွမ်းအင်တွေကို တစ်နေရာရာမှာ အသုံးချရမှာပေါ့။ အခုဆို လက်ထဲမှာလည်း ပိုက်ဆံလေးရှိနေတော ငါတို့တစ်ခုခု လုပ်ကြည့်ကြရင်ရော?"
ယွမ်ရိဘက်က နှစ်ဦးနှစ်ဖက် စပ်တူအလုပ်လုပ်ဖို့ ပြောလာမှာကို ရှဲ့တုန်းယန်ခမျာ စောင့်နေခဲ့သည်ဖြစ်ရာ အခုပြောလာမှတော့ သူစောင့်မနေတော့ပဲ မေးလိုက်လေသည်။ "ဘာလုပ်ကြမလို့တုန်း ဒီတစ်ခါက?"
"အိမ်ခြံမြေ ရောင်းဝယ်ရေး။"
ယွမ်ရိက ပြန်ဖြေလိုက်သည်။
"အိမ်ခြံမြေ ရောင်းဝယ်ရေး?"
ဒါက ဘယ်ကနေ ပေါ်လာရပြန်တာတုန်း? ဘယ်နေရာမှာ သွားလုပ်မလို့တုန်း? ငါဖြင့်သူများတွေ လုပ်မယ်ပြောတာ မကြားဖူးပါနော်။
"တစ်ခုခုတော့ လုပ်ကြမယ်လို့ ပြောသားပဲ။ တခြားလုပ်စရာမရှိတာနဲ့ပဲ အဲ့ဒါလုပ်ဖို့ ဆုံးဖြတ်လိုက်တာ။ တွေးကြည့်လေ အစိုးရက ပြန်လည်ပြင်ဆင်ရေးဘက်ကို ဘာလို့အဲ့လောက် အားစိုက်ထားတယ်ထင်တုန်း?"
"ဒါကြီးကိုတော့ တကယ် မတွေးမိခဲ့တာပါဟာ။"
"ပြန်လည်ပြင်ဆင်ရေးဆိုတာ တကယ်တော့ အစီအစဉ်အသစ်တွေချပြီး ဆောက်လုပ်ရေးလုပ်ဖို့ပဲ။ အစိုးရက ဆောက်လုပ်ရေးမပြီးခင် ဒီလောက်များတဲ့ ပိုက်ဆံတွေကို ပြန်လည်ပြင်ဆင်ရေးဘက်မှာ အလကားသုံးပစ်မယ်ထင်လို့လား? အခုဆို ဆောက်လုပ်ရေးကုမ္ပဏီတွေဆိုတာကလည်း သူတို့မားကတ်တင်းကို သေချာလုပ်လာကြတာလေ။ အိမ်တွေဆောက်တဲ့နေရာဆိုတာကလည်း နဂိုကတည်းက ကုမ္ပဏီတွေမားကတ်တင်းဆင်းများတဲ့ဘက်တွေပဲ သွားကြတာမလား? အထူးသဖြင့် တစ်နေ့နေ့ကျရင် မြေနေရာကို တရားဝင် လေလံဆွဲလာတာမျိုးတွေ ရှိလာနိုင်တာပဲလေ?"
ဒါပေါ့ အိမ်တစ်အိမ်ဝယ်ဖို့နဲ့ မြေနေရာတစ်ခုရောင်းဖို့ဆိုတာမလွယ်ပေ။ မြေနေရာဆိုတာ ပြည်နယ်အစိုးရဘက်နဲ့လည်း သက်ဆိုင်သေးသည်။
"အဲ့လိုနေ့မျိုး ရှိလာမယ်လို့တော့ မပြောရဲပေမဲ့ ခုပြောသွားတာတွေကလည်း အကျိုးအကြောင်းကသင့်နေတော့ တကယ်လို့ အဲ့လိုသာဆို ဘာဆက်လုပ်ကြမတုန်း...?"
"အရင်ဆုံး အိမ်ခြံမြေကုမ္ပဏီတစ်ခုထောင်ပြီး အဲ့ထဲရင်းနှီးမြုပ်နှံထားလိုက်။ အချိန်ကျရင် မြေနေရာရဖို့ အခွင့်အရေးစောင့်ကြမယ်လေ။ မြေနေရာရမှတော့ ငါတို့ဘာဆက်လုပ်ကြမှာတုန်း? စားသောက်ဆိုင်ဖြစ်ဖြစ်၊ ဟိုတယ်၊ အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီ၊ ဒါမှမဟုတ်လည်း ဈေးဝယ်စင်တာကြီးလား၊ ကြိုက်တာဆောက်လိုက်ရုံပဲလေ။"
"အဲ့လောက်ကြီးကျ နင် ကစားနိုင်လို့လား?"
"ကစားရဲလားအပေါ်ပဲ မူတည်တယ်လေ။
မကစားရဲရင် တစ်ဘဝလုံး ကူးသန်းရောင်းဝယ်တဲ့ ကုမ္ပဏီလေးပဲ လုပ်နေပေါ့။ လုပ်ရဲရင် ဖြစ်လာမှာတွေက အများကြီးလေ။"
ခေတ်က တိုးတက်ဖို့ဆာလောင်နေကာ မလုပ်ရဲရင် အုတ်မြစ်မချရဲရင် ကျန်ခဲ့မှာပင်။
ရှဲ့တုန်းယန် ယွမ်ရိပြောတာ ကြားကြားချင်း ထခုန်မတတ်ဖြစ်သွားလေသည်။ တကယ်လည်း သူလေပေါ်မြောနေသလိုပင်။ ယွမ်ရိ ပြောသွားတာတွေက သီးသန့်သိထားရမည့် အရာတွေလိုပင်။ ဒီနိုင်ငံက ဒီလိုလူတွေကို ဘာလုပ်ခိုင်းထားတာပါလိမ့်?
သူ သိပ်တော့ မသေချာသေးပေ။ ဘေးက လက်ဖက်ရည်တစ်ခွက်ကို ယူကာသာ မော့လိုက်လေသည်။
ယွမ်ရိ ဒါကို တစ်ယောက်တည်းမလုပ်တာလည်း သူမမှာ ဒါကြီးကိုလုပ်ဖို့ ထင်သလောက် အားကမရှိသလို လုပ်ရမှာတွေကလည်း များသည်လေ။ သူမအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ထုတ်ပေးကာ ရှဲ့သုန့်ရန် (မူလ ရှဲ့တုန်းယန်အား ရှဲ့သုန့်ရန်အဖြစ် သုံးသွားပါမည်ဗျ) နှင့်အတူ ပါတနာတူကုမ္ပဏီသာ ထောင်လိုက်မှာဖြစ်လေသည်။ ကုမ္ပဏီကို ရှဲ့သုန့်ရန်အား ဦးစီးခိုင်းပြီး သူကတော့ အနာဂတ်မှာဆက်လုပ်မည့် ပရောဂျက်တွေကိုသာ ဂရုစိုက်လိုက်မည်ပင်။
ရှဲ့သုန့်ရန်က လက်ဖက်ရည်သာ ဆက်သောက်နေကာ ယွမ်ရိလည်းစကားဆက်မပြောတော့ပေ။ ရုံးက တိတ်ဆိတ်နေတုန်း တံခါးခေါက်သံကြားလိုက်ကာ ယွမ်ရိ မော့ကြည့်လိုက်တော့ အဖြူရောင်ဝတ်စုံလေးနှင့် ဝမ်ရှောင့်ကို နော်နော်နှင့်အတူ တွေ့လိုက်ရလေသည်။
ဝမ်ရှောင်က အဝတ်သာမက ဆံပင်ကိုပါ လိုက်ဖက်အောင် ပြင်ဆင်ထားသေးသည်။
ရှဲ့သုန့်ရန်ကတော့ ဝမ်ရှောင့်ကိုမြင်တာနှင့် နေရာမှာကြောင်ရပ်နေတော့သည်။
"ဘယ်လိုနေလဲဟင်?"
"ငါ ငါ ဘာပြောရမှန်းတောင် မသိဘူး။"
ဝမ်ရှောင်လည်း ရယ်လိုက်ကာ ယွမ်ရိကို ပြောလာလေသည်၊ "တကယ်ကို နတ်သမီးလေးနဲ့ တူအောင် ချုပ်ပေးထားတာပဲ။ တကယ် အရမ်းကြိုက်တယ်။"
ယွမ်ရိ ဒီဝတ်စုံအပေါ် သေချာအာရုံစိုက်ကာ ချုပ်ထားခြင်းဖြစ်လေသည်။ မတ်တတ်ရပ်လိုက်ကာ ဝမ်ရှောင်ကိုပတ်ကြည့်လိုက်ပြီး၊ "တခြားရော ဒီပုံစံနဲ့ချုပ်ထားပုံမှာ သဘောမကျတာရှိသေးလား? စိတ်တိုင်းမကျရင် သေချာပြန်လုပ်ပေးမယ်နော်။"
"စိတ်တိုင်းမကျစရာ မရှိပါဘူးနော်။ အကုန်လုံးကို ကြိုက်တယ်။"
ထိုစကားကိုကြားကာမှ ယွမ်ရိလည်း ရယ်လိုက်ကာ သူမပျော်နေတာကိုပင် မဖုံးနိုင်တော့ပေ၊ "အိုခေ၊ ဒါဆို ကိုယ်အတိုင်းသေချာထပ်ယူပြီး ပုံကြမ်းမဟုတ်ပဲ သေချာချုပ်လိုက်တော့မယ်နော်။"
"ခုကတည်းက မစောင့်နိုင်တော့ဘူး။ ဘယ်လိုလုပ်ရပါ့။ ဒီမှာလာပြီး ချုပ်တာကိုနေ့တိုင်း လာကြည့်ရရင် ပျော်ဖို့ကောင်းမှာပဲနော်။"
မိန်းကလေး တစ်ယောက်အနေနဲ့ ဝမ်ရှောင်၏ မျှော်လင့်ထားတာတွေကို သဘောပေါက်တာမလို့ ယွမ်ရိလည်း၊ "အရင်ချုပ်ထားလိုက်မယ်လေ။ ပြီးကာနီးကျ လာကြည့်,ကြည့်လေ ရတယ်နော်။"
"အိုခေ၊ ဒါဆို အချိန်ရတာနဲ့ လာ,လာကြည့်ရမယ်။"
ယွမ်ရိနဲ့ဝမ်ရှောင်တို့ ဝတ်စုံကိုသဘောတူညီချက်ရပြီးသွားတာမလို့ ဝမ်ရှောင်လည်း ချန်းနော်နော်နောက်ကနေလိုက်ကာ အဝတ်လဲဖို့ စတူဒီယိုထဲ ပြန်ဝင်လာလိုက်လေသည်။
ယွမ်ရိလည်း ဆိုဖာပေါ်ပြန်ထိုင်လိုက်ကာ ရှဲ့သုန့်ရန်ကို ပြောလိုက်လေသည်၊ "နောက်မှအေးဆေး ပြန်စဉ်းစားကြည့်ပေါ့။"
ရှဲ့သုန့်ရန် ခေါင်းညိတ်လိုက်ကာ၊ "အိုခေ၊ ငါနှစ်ရက်အတွင်း သေချာစဉ်းစားကြည့်လိုက်မယ်။"