Chapter 54.2

2.7K 278 0
                                    

Chapter 54.2
July 25, 2023 by Yamin Aung
အပိုင်း - ၅၄.၂

ယွမ်ချူးရွယ်ဟာ ခဏတာ တွေးတောပြီးသည့်နောက်မှာ ယွမ်ရိ၏စိတ်သဘောထားကို ကိုယ်ချင်းစာနားလည်သွားတော့သည်။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်ကလည်း ယွမ်ရိလိုမျိုး မိသားစုအတွင်းမှာ လျစ်လျူရှုခံနေရသောကြောင့်ပင် ဖြစ်သည်။

ဒါ့ကြောင့် သူမက ယွမ်ရိအား
"အမ၊ ရှေ့လျှောက် ပိုပြီး ဂရုစိုက်နေရမယ်နော်"

ယွမ်ရိကလည်း ခေါင်းညိတ်ကာ
"အင်းပါ၊ ဘာပဲဖြစ်ဖြစ် ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြတာပေါ့"
သူမက သူမအဖေနဲ့အမေအပေါ်မှာ မှီခိုအားထားတာမျိုး လုပ်မှာမဟုတ်သလို၊ သူစိမ်းဆန်ဆန်သွေးအေးစွာ နေထိုင်မှာလည်း မဟုတ်ပေ။ မနက်က သူမအဖေအား ဒေါသထွက်အောင် လုပ်ဆောင်မိလိုက်တာကလည်း အခန့်မသင့်ဖြစ်သွားခြင်းပင်။

သူမစိတ်ထဲမှာ မနက်ကကိစ္စကြောင့် သူမနဲ့သူမအဖေကြားမှာ ဆက်ဆံရေး အေးစက်သွားနိုင်ကြောင်း ကြိုတွေးထားခဲ့သည်။ ဒါပေမယ့် သူမအဖေက မိုးလင်းကနေ မိုးချုပ်ထိအောင် စစ်တပ်ထဲအလုပ်သွားရမှာဖြစ်၍ သူမနဲ့ မျက်နှာချင်းဆိုင်ချိန်သိပ်ရှိမှာလည်း မဟုတ်ပေ။

သူမကိုယ်တိုင်ကလည်း တစ်နေကုန်နီးပါး ကျောင်းတက်ရမှာဖြစ်၍ သူမ၏မိဘများနဲ့ လက်ပွန်းတတီးနေချိန်မရှိတော့ချေ။ ဒါ့ကြောင့် မိဘများနဲ့ဆက်‌ဆံရေး အေးစက်လာတာဘဲဖြစ်ဖြစ်၊ မအေးစက်တာဘဲဖြစ်ဖြစ် သူမအတွက် ကိစ္စမရှိတော့ပေ။

တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့ချိန်နည်းပါးသွားတာကြောင့် ပြဿနာဖြစ်ဖို့ကလည်း အခွင့်အရေးနည်းပါးသွားပြီဖြစ်သည်။
ယွမ်ချူးရွယ်သည်လည်း ထိုအချင်းအရာကို နားလည်သွားတာမို့ ထိုကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ထပ်မပြောတော့ချေ။ စကားမပြောကြတော့သည့်အတွက် သူမက နည်းနည်းပျင်းစရာကောင်းတယ်လို့ ထင်လာ၏။

ကျောင်းဝန်းအပြင်ရောက်ပြီး ခဏမျှလမ်းလျှောက်ပြီးတာနဲ့ ယွမ်ချူးရွယ်က ယွမ်ရိနဲ့ယွမ်ကျဲကို တစ်ခါလှည့်ကြည့်ပြန်ကာ
"အမတို့လည်း ဒီရက်ပိုင်း ယွမ်ချူးယန်က နည်းနည်းထူးဆန်းနေတယ်လို့များ မထင်ကြဘူးလား"

ယွမ်ကျဲက ခေါင်းလှည့်ကာ ယွမ်ချူးရွယ်ကို မေးလိုက်၏။
ယွမ်ချူးယန်က လည်ချောင်းရှင်းလိုက်ကာ
"အမတို့ သိမထားမိကြဘူးလား။ အရင်တုန်းကဆိုရင် ရေချိုးတဲ့အခါ ယွမ်ချူးယန်က အရင်ဆုံးချိုးချင်လို့ အမြဲဦးအောင်လုနေတဲ့ဟာကို။ အခုနောက်ပိုင်းမှာတော့ ယွမ်ချူးယန်က ရေအရင်ဆုံးချိုးဖို့အတွက် မလုတော့တဲ့အပြင် နောက်ဆုံးမှတောင် ချိုးလိုက်သေးတယ်"

ဒီတစ်ခါ ယွမ်ရိက
ဟု မေးလိုက်၏။
"ထူးဆန်းတဲ့ဟာက အခုမှလာမှာ။ သူမက ရေကို နောက်ဆုံးမှ ချိုးတဲ့အပြင် သူမအနားရောက်ရင်လည်း ထူးဆန်းတဲ့အနံ့တစ်ခုကိုရနေတယ်"
ဟု ပြောပြလိုက်တော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲဟာ ယွမ်ချူးယန်အပေါ်မှာ အာရုံထားတာမျိုးမရှိတာကြောင့် ယွမ်ချူးယန်၏ထူးဆန်းမှုများကို သတိထားမိခြင်းမရှိချေ။

ဒါပေမယ့် ယွမ်ချူးရွယ်ကတော့ ယွမ်ချူးယန်၏အနိုင်ကျင့်မှုများကို ခံစားဖူးတာကြောင့် ယွမ်ချူးယန်အပေါ်မှာ အမြဲစောင့်ကြည့်နေခဲ့၏။ ဒါ့ကြောင့် ယွမ်ချူးယန်၏ထူးဆန်းမှုများကို သူမသတိထားမိပေသည်။
"ယွမ်ချူးယန်ရဲ့အနားကို ရောက်တဲ့အချိန်တိုင်း မိတ်ကပ်ရနံ့သင်းသင်းလေးကို ညီမရတယ်။ ဒါပေမယ့် ယွမ်ချူးယန်မှာ မိတ်ကပ်ဗူးမှ မရှိတာ။ ဒီတော့ ဖြစ်နိုင်ချေတစ်ခုဘဲ ရှိတယ်"
ဟု ပြောပြီး စကားစကို ဖြတ်လိုက်၏။

ဒါ့ကြောင့် ယွမ်ရိကဘဲ ယွမ်ချူးယန်၏စကားကို ပြန်ဆက်ပေးလိုက်သည်။
"ယွမ်ချူးယန်က ရဲ့ချူးဝမ်ရဲ့မိတ်ကပ်ဗူးကို ခိုးသုံးနေတယ်လို့ နင်ပြောချင်တာလား"
"ဘင်ဂို"
ယွမ်ချူးရွယ်က လက်နှစ်ချောင်းကိုပူး၍ သေနတ်ပစ်သကဲ့သို့ လုပ်ဆောင်လိုက်ပြီး
"ညီမပြောချင်တဲ့အချက်ကို ဒက်ကနဲထိသွားတာဘဲ။ညီမရဲ့နှာခေါင်းက အရမ်းကောင်းတယ်လေ။ ဒါ့ကြောင့်မို့လို့ ယွမ်ချူးယန်ဆီကထွက်လာတဲ့ ရနံ့က ရဲ့ချူးဝမ်ရဲ့မိတ်ကပ်ရနံ့ဆိုတာကို အနံ့ရလိုက်ကတည်းက သိပြီးသား။ ဒါပေ‌မယ့် အမရဲ့ချူးဝမ်ပြောတာတော့ သူ့မိတ်ကပ်က သူတစ်ယောက်တည်းနဲ့ဘဲ တည့်တာတဲ့။ ကျန်တဲ့သူတွေ လိမ်းရင် အရေပြားကို ယားယံစေတယ်လို့ပြောထားတာ။ ဒါပေမယ့် ယွမ်ချူးယန်ကိုကြည့်ရတာတော့ ယားလို့ကုတ်တာတွေ မတွေ့ရပါဘူး"
ဟု မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

ထိုအခါ ယွမ်ကျဲက လမ်းလျှောက်နေရာကနေ ရပ်လိုက်ပြီး ယွမ်ချူးရွယ်ဘက်ကို ခေါင်းပြန်လှည့်ကာ
"မဟုတ်မှ ဒီတစ်ခါလည်း ရဲ့ချူးဝမ် လိမ်ထားတာများလား။ မဟုတ်ရင် ယွမ်ချူးယန်က ယားလွန်းလို့ သေအောင်ကုတ်နေရလောက်ပြီနော်"
ဟု ဝင်ပြောလိုက်သည်။

"ဖြစ်နိုင်တယ်။ ဒီတစ်ကြိမ်မှာလည်း အမချူးဝမ်က လိမ်ထားတာဘဲ ဖြစ်ရမယ်"

ယွမ်ကျဲလည်း တုန်လှုပ်သွားဟန်ဖြင့် ပါးစပ်အား လက်ဖြင့် ပိတ်ကာ လေသံတိုးတိုလေးဖြင့်
" အမချူးဝမ်က နောက်ထပ်ဘာတွေ လိမ်ထားဦးမယ်ထင်လဲ"
ဟု မေးလိုက်၏။

ထိုအခါ ယွမ်ချူးရွယ်၏မျက်နှာထားက အလေးအနက်ဖြစ်သွားကာ
"အမချူးဝမ်အနေနဲ့ ဘာတွေဘဲ လိမ်ညာဖုန်းကွယ်ထားပါစေ၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အမှန်တရားဆိုတာ ပေါ်ထွက်လာစမြဲဘဲ။ အမချူးဝမ် ဖုန်းကွယ်လိမ်ညာထားတာမှန်သမျှ ‌တစ်နေ့ကျရင် ပေါ်လာမှာပါ"

တစ်ဖက်မှာတော့ ယွမ်ချူးယန်က ‌ကျောင်းဆင်းတာနဲ့ အိမ်တန်းမပြန်သေးဘဲ အထက်တန်းကျောင်းဝမှာ သွားရပ်စောင့်နေ၏။ မကြာခင်မှာဘဲ အထက်တန်းကျောင်းဝန်းအတွင်းမှ ရဲ့ချူးဝမ်ထွက်လာခဲ့၏။


လမ်းမှာ ယွမ်ချူးယန်က ကျောက်စရစ်ခဲလေးများကို ‌ကန်ကျောက်ရင်းဖြင့်
"အမ၊ ယွမ်ရိက ညီမအတွက် လုံးဝကံဆိုးခြင်းဘဲ သိလား။ ကျောင်းမှာဘဲဖြစ်ဖြစ်၊ အိမ်မှာဘဲဖြစ်ဖြစ် သူနဲ့ကြုံလိုက်လို့ ရှိရင် ညီမအမြဲကံဆိုးနေတော့တာဘဲ"
ဟု ညီးညူတိုင်တန်းလိုက်၏။

ရဲ့ချူးဝမ်လည်း လမ်းလျှောက်နေရင်းဖြင့် ယွမ်ချူးယန်ကို စောင်းငဲ့ကြည့်ကာ
"အမ အစတည်းက ပြောသားဘဲ။ သူ့ကို သွားပြီးတော့ အာရုံစိုက်မနေပါနဲ့လို့။ သူက အဖေ့ကိုတောင်မှ ဒေါသတွေထွက်အောင် လုပ်ရဲတဲ့သူနော်။ နင်မို့လို့ သူတို့ကို သွားသွားပြီးအရေးလုပ်တယ်"
ဟု ပြောလိုက်၏။
ရဲ့ချူးဝမ်၏စကားကြောင့် ယွမ်ချူးယန်လည်း နှုတ်ခမ်းကိုအသာကိုက်ကာ
"အမပြောတာမှန်တယ်။ နောက်ဆိုရင် ညီမ သူ့ကိုသွားမစတော့ဘူး။ သူ့ကိုအဖေတို့ဒေါသထွက်ပြီး တောင်ပေါ်ကို ပြန်ပို့မယ့်အချိန်ကိုဘဲ အေးအေးဆေးဆေးစောင့်တော့မယ်"
ရဲ့ချူးဝမ်ကတော့ ယွမ်ချူးယန်အား မယုံသလိုကြည့်ကာ
"ဒီတစ်ကြိမ်တော့ ပြောတဲ့အတိုင်းလုပ်မယ်လို့ မျှော်လင့်ရတာဘဲ"

ဒါ့ကြောင့် ယွမ်ချူးယန်လည်း လက်သုံးချောင်းထောင်လျက်
"ငါကျိန်ဆိုလည်း ကျိန်တယ်နော်"
ဟု ပြန်ပြောလိုက်သည်။

ထိုအချိန်မှာဘဲ သူမတို့အနားကနေ ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်တို့ ဖြတ်ကျော်သွား၏။ သူတို့နှစ်ယောက်က သူမတို့ကို လျစ်လျူရှုကာ ရှေ့ကိုဆက်သွားကြသည်။

ယွမ်ချူးယန် : "........."
'ငါတို့နှစ်ယောက် ဒီမှာရပ်နေတာလေ။ ဘာလို့ လျစ်လျူရှုသွားကြတာတုန်း'

ထို့နောက် သူမက ခပ်သွက်သွက်လေး လျှောက်လိုက်ပြီး ရဲ့ဖန်ရဲ့လက်ကို ဆွဲကာ
"အကို၊ နင်က ဘာလို့ ယွမ်ရိနဲ့ပေါင်းနေရတာတုန်း။နင့်အမတွေ၊ ညီမတွေနဲ့ဘဲ ပေါင်းစမ်းပါ"
ဟု ပြောလိုက်သည်။

ထိုအခါ ရဲ့ဖန်က ယွမ်ချူးယန်အား နားမလည်သလိုကြည့်ကာ
"ယွမ်ရိကရော ‌မောင်နှမ မဟုတ်လို့လား"
ဟု ပြန်မေးလိုက်၏။

ယွမ်ချူးယန် : "........."
'ဒီနေ့ သူမရဲ့စိတ်အခြေအနေက တော်တော်လေးအဆင်ပြေမနေတော့ဘူးနော်'

ရဲ့ဖန်လည်း သူ့လက်ကို ဆွဲထားသည့် ယွမ်ချူးယန်၏လက်ကို ဆွဲဖြုတ်လိုက်ကာ အိမ်ကိုတန်းပြန်လာခဲ့တော့သည်။

အိမ်ကိုရောက်တာနဲ့ လွယ်အိတ်ကိုနေရာမှာ သေချာချထား၍ ထမင်းမစားခင် ဖန်းရှုံးယန်ကို အကူအညီပေးဖို့အတွက် မီးဖိုချောင်ဘက်ကို ထွက်လာခဲ့တော့သည်။

သူဟာ အိမ်မှာနေရင်းဖြင့် အားရင် အားသလိုမိဘများအား တတ်နိုင်သည့်ဘက်ကနေ တတ်စွမ်းသလောက် အကူအညီပေးလေ့ရှိပါသည်။ သူ့မိဘများဟာ သူ့၏မိဘအရင်းများမဟုတ်တာကြောင့် သူမိဘများအား သူ့အတွက်ဖြင့် ဝန်မပိုစေချင်တာကြောင့်လည်း ပါဝင်ပေသည်။

နေ့လည်စာစားဖို့ ပြင်ကြချိန်မှာဘဲ ယွမ်ချန်းဖူလည်း စစ်တပ်ဘက်ကနေ ပြန်လာခဲ့တော့သည်။ သူနဲ့အတူ အထုပ်အပိုး တပွေ့တပိုက်ကြီးလည်း သယ်လာခဲ့သေး၏။

အခြား‌သူတွေက ဘာမှ မလှုပ်ရှားကြပေမယ့် စပ်စုစိန် ယွမ်ဟောင်ဂျန်ကတော့ လှစ်ခနဲဆိုသလို ယွမ်ချန်းဖူအနားကိုရောက်သွားကာ
"အဖေ ဘာတွေ သယ်လာတာတုန်း။ အထုပ်အပိုးတွေကလည်း တပွေ့တပိုက်ကြီးနဲ့"
ဟု မေးလိုက်၏။

"လာယူလှည့်လေ။ ဒါတွေက နင်တို့အတွက်ဝယ်လာတာ"
ဟု ပြောလိုက်သည်ာ

ယွမ်ရိလည်း မနက်တုန်းက ဘယ်လိုဘဲပြဿနာတက်ခဲ့ပါစေ မနက်ကကိစ္စကို၊ မနက်ခင်းမှာဘဲ ထားခဲ့ပြီဖြစ်သည်။ ဒါ့ကြောင့် သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ယွမ်ကျဲကို ခေါ်ကာ သူမအဖေနားသို့သွားလိုက်ပြီး

ယွမ်ချန်းဖူကတော့ ယွမ်ရိအပေါ် နည်းနည်းဒေါသမပြေသေးပေ။ ဒါ့ကြောင့် သူက သူ့သမီးကို စူးစိုက်ကြည့်လိုက်ပြီး သူသယ်လာသည့် အထုပ်ကို ညွှန်ပြလျက်
"ဒီထဲမှာ ကျောင်းသုံးဖတ်စာ‌အုပ်အစုံရယ်၊ အဝတ်အစားအသစ်နည်းနည်းရယ်နဲ့အခြားလိုအပ်မယ်ထင်တာတွေအကုန်ပါတယ်"
လို့ပြောလိုက်၏။

"အိုးးး"
ယွမ်ရိက 'အိုး'ဟု အာမေဍိတ်လေးတစ်ခုသာ တုံ့ပြန်မှုပေးခဲ့သည်။

"မင်းဆီက ကျေးဇူးတင်စကားကို အစတည်းကကြားဖို့ မျှော်လင့်မထားတာမို့ တော်သေးတာပေါ့"
ဟု ပြောလိုက်၏။
ပြီးတာနဲ့ ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်တို့အားကြည့်ကာ
"မင်းတို့ညီအကိုနှစ်ယောက် ဒီအထုပ်ကြီးကို မင်းတို့ရဲ့ဒုတိယအမအခန်းထဲ သွားပို့ထားလိုက်ကြ"
ဟု ပြောလိုက်တော့သည်။

ယွမ်ဟောင်ဂျန်နဲ့ရဲ့ဖန်လည်း ချက်ချင်းဘဲ ယွမ်ချန်းဖူလက်ထဲက အထုပ်အပိုးများကိုယူကာ အပေါ်ထပ်ကိုတက်သွားကြတော့သည်။

"အဖေက အမရှောင်ရိနဲ့ရှောင်ကျဲအတွက် ပစ္စည်းအသစ်၊ အသုံးအဆောင်အသစ်ဝယ်ပေးတာဘဲ။ ငါတော့ မနာလိုဖြစ်လွန်းလို့ သေတော့‌မှာဘဲ"
ဟု စနောက်သည့်သဘောဖြင့်ပြောလိုက်၏။

ထမင်းစားခန်းအတွင်းမှာတော့ လူတိုင်းဟာ ထမင်းကိုသာ စားနေကြပေမယ့် စိတ်ကတော့ တောင်တွေးမြောက်တွေးဖြစ်နေခဲ့၏။
ယွမ်ချူးယန်လည်း သူမ၏စိတ်ကို သူမ မထိန်းနိုင်တော့ဘူးဆိုတာကို သိလိုက်တာနဲ့ မတ်တတ်ထရပ်လိုက်ပြီး ရဲ့ချူးဝမ်အား
"အမ၊ ညီမနဲ့ ‌ရေချိုးခန်းဘက်လိုက်ခဲ့ပေးဦး"

ရဲ့ချူးဝမ်လည်း ခေါင်းညိတ်ကာ ယွမ်ချူးယန်နဲ့အတူရေချိုးခန်းဘက် ထွက်လာခဲ့ကြတော့သည်။

ရေချိုးခန်းဘက်ရောက်တာနဲ့ ယွမ်ချူးယန်က တံခါးကိုပိတ်လိုက်ကာ
"အမ၊ အဖေက မနက်တုန်းကတောင်မှ ယွမ်ရိနဲ့ပတ်သက်ပြီး‌ ဒေါသတွေထွက်နေတာလေ။ အခုကျတော့ ဘယ်လိုဖြစ်ပြီး ဒေါသတွေပြေသွားရတာတုန်း။ သူက ယွမ်ရိအတွက် လိုအပ်တာတွေကိုတောင်မှ ဝယ်လာပေးလိုက်သေးတယ်"

ရဲ့ချူးဝမ်လည်း ယွမ်ချူးယန်၏စကားများကြောင့် အတွေးပေါက်နေတော့သည်။

အစက သူမထင်တာဟာ ယွမ်ရိအပေါ် ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့၏ အလေးပေးဆက်ဆံမှုတွေက အချိန်တော်ကြာအောင် တောင်ပေါ်ဒေသမှာ ပစ်ထားမိသည့်အတွက် လျော်ကြေးပေးချေသည့် သဘောမျိုးလို့ဘဲထင်ခဲ့တာပင်။

ဒါ့ကြောင့် အချိန်ကြာလာတဲ့နဲ့အမျှ ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့၏ ယွမ်ရိအပေါ် စိတ်ရှည်သည်းခံနိုင်စွမ်းတွေဟာ တဖြည်းဖြည်းလျော့နည်းလာမည်ဟု သူမထင်မှတ်နေခဲ့၏။

ဒါပေမယ့်အခုတော့ သူမထင်သလိုမျိုးဟုတ်ပုံမရတော့ချေ။

အဘယ့်ကြောင့်ဆိုသော် ခုနက မြင်လိုက်ရသည့် သူမအဖေ၏ပုံစံဟာ သူမထင်မြင်ချက်တွေကို ရိုက်ချိုးသွားခဲ့လို့ပင်။

ယွမ်ချန်းဖူအား သူမတို့ကသာ ဒေါသထွက်အောင်လုပ်မိပါက သေချာပေါက် အရိုက်မခံရရင်တောင် အခြားနည်းလမ်းတစ်ခုခုဖြင့် အပစ်ပေးခံရမှာပင်။ ဒါပေမယ့် ယွမ်ရိကတော့ ဘာမှအပြစ်ပေးတာမျိုး မခံခဲ့ရပေ။

ရဲ့ချူးဝမ်၏အတွေးလွန်နေသည့်ပုံစံကြောင့် ယွမ်ချူးယန်ဟာ ရဲ့ချူးဝမ်၏ပုခုံးများအား ကိုင်လှုပ်ယမ်းလိုက်ပြီး
"အမ ဘာတွေအတွေးလွန်နေတာလဲ။ ညီမ ပြောနေတာကိုရော နားထောင်နေသေးရဲ့လား"

ထိုအခါမှ ရဲ့ချူးဝမ်လည်း အတွေးလွန်နေရာကနေ သတိပြန်ဝင်လာပြီး ခေါင်းကိုခါယမ်းလိုက်ကာ
"အဲ့ဒီအကြောင်းကို ခေါင်းထဲထည့်ပြီးတွေးတောမနေနဲ့တော့။ လောလောဆယ် ထမင်းကိုဘဲ အရင်သွားစားကြစို့"
ဟု ပြောလိုက်၏။

ယွမ်ချူးယန်လည်း သူ့အမ၏စိတ်မပါ့တပါစကားကြောင့် ခြေဆောင့်လျက်
"ဒီအချိန်မှာ ဘယ်သူက ထမင်းစားဝင်တော့မှာလဲ"
ဟု ပြောလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now