Chapter 120.1

1.8K 138 0
                                    

အပိုင်း - ၁၂၀.၁
စမ်းသပ်ပြီးတာနဲ့ ဆေးရုံက ထွက်လာခဲ့လိုက်ကြလေသည်။ အာထရာဆောင်းရိုက်တုန်းက အရမ်းရယ်ရခဲ့လိုက်တာမလို့ ယွမ်ရိ သူမကားခါးပတ်ကို ပြုံးကာပတ်နေရင်း "သူတို့ခြေလေးချောင်း လက်လေးချောင်းနဲ့ ကလေးဆိုတော့ ချစ်ဖြင့် နီကျားကိုလွယ်ထားရပြီတောင် ထင်သွားတာ"

"ကိုယ်လည်း လန့်သွားတာ"

အခုတော့ ကြောက်နေတာတွေက ပျော်စရာအဖြစ်သို့ ကူးပြောင်းသွားလို့ တော်သေးသည်။

အိမ်အပြန်လမ်းက မီးတွေဖြင့်လင်းထိန်နေကာ နွေဦးပွဲတော် အငွေ့အသက်တွေကိုပင် စတင်ခံစားလာမိတော့သည်။
နွေဦးပွဲတော်က မိသားစုတိုင်းအတွက် နှစ်တစ်နှစ်အတွင်း အသက်ဝင်ဆုံးအတက်ကြွဆုံး ပြန်လည်စုံစည်းရေးပွဲတော်ဖြစ်တာကြောင့် လူတိုင်းလိုလို အိမ်ပြန်လာကြကာ အသားတွေ၊ ငါးတွေ၊ ပုစွန်တွေအပြည့်ရှိတဲ့ စားသောက်ပွဲကို ပြင်ဆင်ရင်းအလုပ်ရှုပ်နေကြတော့သည်။

ပြီးနောက်မှာတော့ အကုန်လုံး နွေဦးပွဲတော်ညနေခင်း ညစာစားပွဲကို အတူတူစားကြရင်း ညကောင်းကင်ယံကတော့ မီးရှူးမီးပန်းတို့ဖြင့် ဝေဆာနေလေတော့သည်။

ညစာစားပွဲက သက်ဝင်လှုပ်ရှားလှကာ ယွမ်ရိတစ်ခုခုကို တွေးမိသွား၍ ယွမ်ချန်းရှန်ကို မေးလာလေသည်။ "ဒါနဲ့ ဦးလေးငါး၊ အခုတလော အလုပ်ရှုပ်နေတာလားဟင်?"

"သမီးသတိထားမိသွားတာလား?"

"အဲ့တော့ ဦးလေး ဘာတွေလုပ်နေတာလဲလို့?"

သူကထမင်းဝိုင်းကျမှ ပြောမလို့ပေမဲ့ ခု ယွမ်ရိမေးလာတာနှင့် ယွမ်ချန်းရှန်လည်း ပြောလာလေသည်။ "ဦးလေး ခုခန်းမတစ်ခုနဲ့အကကဖို့ နေရာတစ်ခု ဖွင့်မလို့။ အဲ့ဒါသူဌေးကတော့ ချန်းဖုန်းပဲလုပ်ခိုင်းထားလိုက်မလို့ပဲ။ ဦးလေးတို့ ဒီနှစ်နွေဦးပွဲတော်ပြီးတာနဲ့ ဖွင့်မလို့ပဲ"

ချန်းဖုန်းနဲ့လျို့ဟုန်မေတို့က ဒီနှစ်ပွဲတော်ကို အိမ်ပြန်မလာပဲ ခရီးထွက်နေတာကြောင့် အတူတူရှိမနေကြပေ။

ယွမ်ကျီကောင်းက သူ မသိတာကြောင့် ထမေးလာလေသည်။ "ဒါနဲ့ ကပွဲခန်းမက ဘာကြီးတုန်း?"

"အခုခေတ် လူငယ်တွေက အလုပ်ပြီးတဲ့အချိန် အနားယူရင်း အရက်ကလေးသောက်ပြီးရင် ကချင်သေးတာဗျ။ ကျွန်တော်ဒီနှစ်ထဲ ဟိုတယ်တစ်ခုက ကလပ်တစ်ခုကို ရောက်ဖူးတယ်။ ညတိုင်းကလူပြည့်နေပြီးတော့ ပိုက်ဆံကလည်း ရှာလို့ကောင်းမှာဆိုတော့ ကျွန်တော်လည်း တစ်ခုလောက်ဖွင့်ကြည့်မလို့"

ပြောပြီးပြီးချင်း ယွမ်ရိကိုကြည့်ကာ မေးလာလေသည်။ "ရှောင်ရိ၊ သမီးရော ဘယ်လိုထင်တုန်း?"

"မဖွင့်ခင် သမီးကိုပြောပေးတာ တော်သေးတာပေါ့ ဦးလေးရယ်။ ဒါက သိပ်တော့ မကောင်းဘူးနော်"

"ရှောင်ရိ၊ ဦးကိုနည်းနည်းလေး အားပေး ပေးပါဦး"
ယွမ်ရိ အထင်တော့ ဒီအကြံက သိပ်တော့မကောင်းပေ။ ယွမ်ချန်းရှန် သူမကို ကြိုမပြောခဲ့လို့တော့မဟုတ်ပေမဲ့ သူမမှာလည်း အကြံတချို့ရှိတာကြောင့် ခုလိုထုတ်ပြောလိုက်ရတာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ကပွဲခန်းမတွေဆိုတာ မကြာခင်မှာပဲ ခေတ်မစားတော့ပေ။

၁၉၈၀ နဲ့ ၁၉၉၀ နှစ်တွေမှာ လူငယ်အတော်များများက သီချင်းနားထောင်ပြီး ကပွဲခန်းမမှာကရတာကြိုက်ကြသော်လည်း နောက်ပိုင်းမှာ လူကြိုက်နည်းလာလေသည်။ 

အခုခေတ်လို အသံသွင်းအနုပညာ company တွေ မရှိသေးတာမလို့ အဆိုတော်တွေက ကပွဲခန်းမတွေမှာနေတတ်တာကာ ခန်းမတွေအတွက် အဓိကအကြောင်းပင်။ နောက်ပိုင်း ထိုအဆိုတော်တွေသာ company တစ်ခုခုနှင့် လက်မှတ်ထိုးလိုက်ပါက ခန်းမအတွက် မလွယ်ပေ။
၁၉၈၀ နှင့် ၁၉၉၀ နောက်ပိုင်း လွမ်းဆွတ်တမ်းတစရာက ဒစ်စကိုပင်။
ကပွဲခန်းမတွေက ဖွင့်ပြီးမကြာခင် ပိတ်ပစ်ရတာမျိုးတောင် ဖြစ်လာနိုင်လောက်လေသည်။

သူ့ဦးလေးကို နည်းနည်းလောက် စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးလို့ အဆင်ပြေလောက်တာကြောင့် "ဒါဆိုလည်း ဦးလေးအရင်ဆုံး အတွေ့အကြုံရအောင် ဖွင့်ကြည့်လိုက်ပေါ့။ နောက်မှ အသံသွင်း company ဖွင့်ပြီး ဦးလေးအဆိုတော်တွေကို စီဒီတွေထုတ်ပေးလို့ရအောင် ကူညီပေးလိုက်လေ။ ဒါဆို အိုခေပြီပဲ"

အခုခေတ် ကပွဲခန်းမတွေပုံစံကလည်း အသံသွင်း company တွေလိုပင်။ သို့သော် ဒီမှာက ဧည့်သည်တွေလာအောင်လုပ်ဖို့ လိုက်ဖ်ဆိုပေးရန် လက်မှတ်ထိုးထားရလေသည်။ အသံသွင်းထုတ်လုပ်ရေး comapnay တွေဆိုတာ မိမိအဆိုတော် အယ်ဘမ်တွေရောင်း၊ သီချင်းတွေထုတ်ပြီး တီဗွီမှာကြော်ငြာရအောင် လုပ်ရမှာပင်။

မည်သို့ပင်ဆိုစေ အခုနောက်ပိုင်း တိုးတက်လာသော အနုပညာနယ်ပယ်ကြောင့် ထင်သည် အခုနေ သင်သာ တီဗီဖွင့်လိုက်ရင် ဇာတ်လမ်းတွေကြည့်လို့ရသလို တခြားဘာပရော်ဖက်ရှင်နယ်အဆင့်တွေ ဘာတွေထည့်မတွက်ပဲ သီချင်းပင် တက်ဆိုလို့ပင် ရသေးသည်။

"ဒါနဲ့ ဦးလေး၊ ရှဲ့သုန့်ရန်လည်း ဝမ်ရှောင်အတွက် အသံသွင်း company ထောင်မလို့တဲ့။ အဲ့ဒါ ဦးလေးတခြားစီစဉ်ထားတာမရှိသေးရင် သူနဲ့ပြောကြည့်ပါလား။"

ဒါတကယ်ကို ကောင်းလှသည်။ ယွမ်ချန်းရှန်ခေါင်းညိတ်လိုက်ကာ ပြောလာလေသည်၊ "အိုခေ၊ ဦးလေးအရင်ဆုံး ကပွဲခန်းမနဲ့ စကြည့်လိုက်မယ်"

နွေဦးမှ နေဝင်ချိန်က ကောင်းကင်တစ်ခွင် နီရဲနေအောင် အလှဆင်ထားလေသည်။
ဒီနေ့က ကပွဲခန်းမ ဖွင့်ပွဲနေ့မလို့ ယွမ်ချန်းရှန်နဲ့ချန်ခွန်းက ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ကို ဂိတ်ကနေကြိုလာကာ ယွမ်ချီကျီ၊ ရွယ်ဟောင်ဖန်းနှင့် လျို့ဟုန်မေတို့ပါ တစ်ပါတည်း လိုက်လာခဲ့ကြလေသည်။ သေချာပေါက် ယွမ်တပေါင်နဲ့ ယွမ်ယွဲ့တို့ကတော့ အိမ်မှာ အိမ်စာလုပ်ဖို့ ကျန်ခဲ့ရလေသည်။

ယွမ်ကျီကောင်းနဲ့ လျူရှင်းဟွာတို့က မလိုက်ချင်ပေမယ့် ယွမ်ချန်းရှန်နဲ့ချန်ခွန်းတို့ ဘဝမှာ အသစ်အဆန်းလေးတွေ စမ်းကြည့်ကြည့်ပါဆိုပြီး ခေါ်လာတာကြောင့် ရောက်လာကြရလေသည်။

တစ်မိသားစုလုံး ကပွဲခန်းမဆီ မှောင်နေတော့မှ ရောက်လာကြတော့သည်။ သူတို့ရောက်တဲ့အချိန် ယွမ်ရှီလင်နဲ့ယွမ်ကျဲ၊ ချန်းဝေ့သုန်တို့ပါ ရောက်လာတာနှင့် တိုးလေတော့သည်။
သေချာပေါက် ယွမ်ချန်းရှန်သူငယ်ချင်း‌တွေပါ ရောက်လာကြတာကြောင့် မြင်ကွင်းက တက်ကြွနေလေသည်။
ချန်ဖုန်းကတော့ ဒီည အလုပ်ရှုပ်ဆုံးပင်၊ အဘယ်ကြောင့်ဆိုသော် သူက ဘော့စ်ဆိုသည့် ခေါင်းစဉ်ကြောင့်ပင်။

ယွမ်ရိ ဗိုက်ကလေးကလည်း အမွှာလွယ်ထားရတာကြောင့် ပိုပူလာပြီဖြစ်ကာ အဝတ်ပွပွတွေကပါ မဖုံးနိုင်တော့သည်အထိပင်။ သို့သော် သူမနေ့တိုင်းလည်း လေ့ကျင့်ခန်းပါ လုပ်ပေးတာကြောင့် အရမ်းကြီးတော့ ဝမနေတော့ပေ။ 

တစ်မိသားစုလုံး ကပွဲခန်းမထဲက အကြီးဆုံးစားပွဲမှာပဲ စုထိုင်လိုက်ကြလေသည်။
ယွမ်ချန်းရှန်၊ ချန်ခွန်းနှင့် လျို့ဟုန်မေတို့က ဧည့်သည်တွေ နှုတ်ဆက်ဖို့လိုတာမလို့ အတူတူမထိုင်ကြတော့ပေ။

သူတို့အတွက် စားပွဲအပြည့် စားစရာတွေ၊ အအေးတွေကို တည်ခင်းပေးထားကာ အကုန်လုံးစကားစမြည် ပြောနေလိုက်ကြလေသည်။ "ဒီတလော ဘယ်လိုနေတုန်း?"

ယွမ်ရိ လိမ္မော်သီးစားနေရင်း ပြန်ဖြေလာသည်။ "သိပ်တော့ မထူးပါဘူး"

ဝမ်ရှောင် : "ဒါဆို အဆင်ပြေပါတယ်။ တို့ဗိုက်လည်း တဖြည်းဖြည်းကြီးလာတုန်းက လေ့ကျင့်ခန်းပဲ ဖိလုပ်လိုက်တာပဲ"

"ဒီမှာလည်း လေ့ကျင့်ခန်းပဲ နေ့တိုင်းလုပ်နေရတာ"
စကားပြောနေရင်း ဆိုဖာပေါ်မှာ မျက်နှာတည်ကြီးတွေနှင့်ထိုင်နေကြတဲ့ ယွမ်ကျီကောင်း၊ လျူရှင်းဟွာ၊ယွမ်ချီကျီနှင့် ရွယ်ဟောင်ဖန်းတို့ကိုကြည့်ကာ ရယ်လိုက်ရင်း ယွမ်ကျဲကို လှမ်းပြောလာလေသည်။ "ရှောင်ကျဲ၊ ငါတို့မိသားစုက လူတွေကို ကြည့်လိုက်ပါဦး။"

ကပွဲက ဘယ်လောက်ပဲ တက်ကြွနေပါစေ ထိုလူသုံးယောက်မျက်နှာတွေက မည်းနက်နေကြပြီး ငါတို့ကဒီကမ္ဘာကလူတွေ မဟုတ်ဘူးလို့ ကြွေးကြော်ထားသလိုပင်။ လူတိုင်းကတော့ ပြပွဲကို တီဗီကြည့်သလို စိတ်ဝင်စားစွာ ကြည့်နေကြလေသည်။

"ဖိုးဖိုးနဲ့ဖွားဖွား ပျော်ဖို့မကောင်းလို့လားဟင်?"
နှစ်ယောက်သား မျက်ခုံးကြီးတွေကျုံ့ကာ ခေါင်းကိုခါပြလာကြလေ၏။

ဒီနေ့ခေတ် ပေါ့သီချင်းတွေကို နားမထောင်တတ်သလို သူတို့ဘာတွေဆိုနေမှန်းလည်း သူတို့နားမလည်နိုင်ပေ။ ဒီခေတ်လူငယ်တွေများ ဘောင်းဘီအကားတွေဝတ်ထားကြပြီး ဒီနေရာကြီးကိုလည်း သူတို့နားမလည်နိုင်သေးပေ။

"ခဏလောက်တော့ နေလိုက်ရအောင်နော်"
အစကနေ အဆုံးထိစကားမပြောပဲ နှစ်ယောက်သားခေါင်းသာ ညိတ်ပြလာကြလေသည်။

သီချင်းနှစ်ပုဒ်ခန့် နားထောင်ပြီးတဲ့အခါမှာတော့ ယွမ်ကျဲနဲ့ဝမ်ရှောင်တို့ သန့်စင်ခန်းသို့ အတူတူထွက်သွားကြတော့သည်။ ယွမ်ရိလည်း ထလာကာ လင်းယောင်ကို မေးလာပြန်သည်။ "ရှင်ဒီနေရာကိုကြိုက်ရဲ့လား?"

"ကိုယ်တော့ သိပ်မကြိုက်ဘူး"

"ရှင်တောင် အသက်အရွယ်ရလာပြီပဲ"
လင်းယောင် ငြင်းတောင်မငြင်းပဲ ခေါင်းညိတ်ပြလာကာ "ဟုတ်တယ် ကိုယ်တော့ အိုနေပြီထင်တယ်"

မြူးကြွကာ ဖက်ရှင်ကျနေသည့် ပတ်ဝန်းကျင်က ၂၀ အရွယ်လေးတွေအတွက်သာ ဖြစ်လောက်လေသည်။
သီချင်းနားထောင်ကာ ဆိုလို့လည်းရသလို အေးဆေး ထိုင်နေလို့လည်း ရသေးသည်။

ကပွဲနေရာမှ မီးရောင်က တောက်ပလာကာ လူငယ်တွေအားလုံး ထကကြတော့သည်။ ထိုအချိန်ရောက်တော့ လူကြီးလေးယောက်လည်း မနေနိုင်တော့ပေ။

မိန်းကလေးနဲ့ယောက်ျားလေးတွေ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြတာကို ကြည့်ပြီး လျူရှင်းဟွာက လက်တစ်ဖက်နှင့် မျက်နှာကိုကာထားကာ ထပ်ခါထပ်ခါ ရေရွတ်လာလေသည်။ "ဘုရား ဘုရား ဘုရား ဒါဘာတွေတုန်း? အပျော်တွေလည်း တော်ပါပြီ အိမ်ပဲ အမြန်ပြန်ကြရအောင်"

ပြောပြီးတာနဲ့ ယွမ်ကျီကောင်းကို လက်ဆွဲကာထွက်သွားလေတော့သည်။
ခေတ်အမျိုးမျိုးက လူတွေ၏တုံ့ပြန်ပုံတွေကိုကြည့်ကာ ယွမ်ရိရယ်လိုက်ပြီး လင်းယောင်နဲ့အတူ ထပြန်လာကြလေတော့သည်။ လူကြီးနှစ်ယောက်ထပြန်သွားတာကို မြင်တာနှင့် ယွမ်ချီကျီတို့ပါ ထလာကြတော့သည်။

ကပွဲခန်းမကျယ်ထဲ ယွမ်ရိနဲ့တခြားလူတွေက ယွမ်ကျီကောင်းတို့ကို အဖော်ပြုကာ ထွက်လာခဲ့ကြလေသည်။

ယွမ်ချန်းရှန်လည်း သူတို့ပြန်တာမြင်တာနှင့် လာမေးလေသည်။ "ဘာဖြစ်လို့လဲ? ဘာလို့အတူတူ လိုက်ပျော်မကြည့်ကြတာတုန်း?"

လျူရှင်းဟွာ တုန်တုန်ရီရီနှင့် ပြောလာလေသည်။ "ဘာကိုလိုက်ပျော်ရမှာတုန်း? ငါတို့ဖြင့် ကြည့်ရတာနဲ့တင် ရှက်နေပြီ။ တော်ပြီ အိမ်ပဲပြန်တော့မယ်"

ယွမ်ချန်းရှန် ဆက်ပြောလာချင်သေးသော်လည်း ယွမ်ရိက ပြုံးကာ "ဦးလေးငါး၊ အဖွားတို့က မပျော်တော့ဘူးဆို မပျော်တော့ဘူးနော်၊ အဲ့ဒါနဲ့ အန်တီသုံးတို့ပါ မပျော်တော့တာပဲ။ အခုဆို ကျွန်မယောက်ျားကပါ မပျော်ချင်တော့ဘူးတဲ့။ အရင်ပြန်လိုက်ဦးမယ်နော် ဦးလေးရေ"
ယွမ်ကျီကောင်းတို့ပုံကြည့်ရတာ ပတ်ဝန်းကျင်အသစ်မှာ နေသားကျပုံမရတာကြောင့် ယွမ်ချန်းရှန်လည်း "ဖေဖေနဲ့မေမေ၊ ကျွန်တော် ပြန်ပို့ပေးပါရစေ။"

ယွမ်ကျဲနဲ့ဝမ်ရှောင်ကတော့ ရှဲ့သုန့်ရန်၊ ချန်းဝေ့တုန်းတို့နှင့်အတူ ကခုန်ကာ ကျန်ခဲ့ကြလေသည်။

အိမ်အပြန်လမ်းမှာ လျူရှင်းဟွာတစ်ယောက် သက်ပြင်းချကာ ပြောလာလေသည်။ "ခေတ်တွေများ ပြောင်းလဲသွားလိုက်တာ"

"အင်း တော်တော်ပြောင်းလဲသွားတာပဲ"
သူမမျက်နှာကို ကားပြတင်းနားကပ်ကာ ညနေခင်းလေပြည်လေးကို တစ်ချက်မှုတ်ထုတ်လိုက်ရင်း အကြည့်တွေကတော့ ည၏နီယွန်မီးရောင်အောက်မှာ တလက်လက်ဖြစ်နေလေသည်။

တောက်ပနေတဲ့ရှုခင်းက ပြတင်းကနေတစ်ဆင့်ရောင်ပြန်ရိုက်ကာ အချိန်စက်ဝန်းကလည်း အရှေ့ကိုဖြည်းညင်းစွာ ရွေ့လျားနေလေသည်။

၁၉၉၁ ခုနှစ်မှာတော့ ယွမ်ရိဟာ သူမ၏အမွှာရင်သွေးလေးနှစ်ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကာ နာမည်ကို လဲ့လဲ့နဲ့ခိုခိုအာဟု ပေးထားလိုက်လေသည်။

၁၉၉၂ ခုနှစ်မှာတော့ ယွမ်ချန်းရှန်နဲ့ရှဲ့သုန့်ရန်တို့တွေ တေးသံသွင်းကုမ္ပဏီတစ်ခုကို ဖွင့်နိုင်ခဲ့ပြီး ပထမဆုံးအဆိုတော် ဝမ်ရှောင်နှင့် လက်မှတ်ထိုးခဲ့ကြလေသည်။ တစ်နှစ်တည်းမှာပဲ ဝမ်ရှောင်က ဟောင်ကောင်နဲ့ထိုင်ဝမ်မှ နာမည်ကြီးသီချင်းတွေကို ကာဗာဆိုထားသည့် တစ်ကိုယ်တော်အခွေ ထုတ်ခဲ့ပြီး သူမ၏အသံချိုချိုကြောင့် အယ်ဘမ်က ပေါက်သွားခဲ့လေသည်။

၁၉၉၃ ခုနှစ်မှာတော့ တရုတ်-နိုင်ငံတကာအဝတ်အစားပြသပွဲကနေတစ်ဆင့် နိုင်ငံရပ်ခြားမှ အဝတ်အစားဘရန်းတွေက နိုင်ငံဈေးကွက်ထဲ စဝင်လာခဲ့ပြီး လူထု၏စိတ်ဝင်စားမှုလည်း ရလာခဲ့လေသည်။ ယွမ်ရိလည်း ထိုပြပွဲတွေထဲ ဝင်ပြခဲ့ပြီး အမြင့်ဆုံးနဲ့အကောင်းဆုံးဆုကို ရရှိခဲ့လေသည်။

၁၉၉၅ မှာတော့ ယွမ်ရိ သူမ၏ကိုယ်ပိုင်ရှိုးပွဲကို စပြဖို့ပြင်ဆင်လေတော့သည်။ သူမ၏ကိုယ်ပိုင်ဘရန်း XIXI ကလည်း တရုတ်မှာ နာမည်အရဆုံး ဘရန်း ဖြစ်လာခဲ့လေသည်။
....

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now