Chapter 92

2.5K 217 0
                                    


အပိုင်း-၉၂

ယွမ်ချန်းရှန်ဟာ တဖက်၊ဆန်းဝူတို့ဆိုင်ကနေ ပြန်လာပြီးသည့်နောက်မှာ ယွမ်ရိအနီးတွင်ဝင်ထိုင်လိုက်၏။ထို့နောက် သူက အကြမ်းရည်တစ်ခွက်ကိုငှဲ့သောက်လိုက်ပြီးမှ

"နောက်ဆုံးတော့ ခွေးသူခိုးကောင်ကို ထပ်တွေ့စရာမလိုတော့ဘူး။ဒေါသထွက်စရာလည်း မခိုတော့ဘူး"

ဟု ပြောလိုက်တော့သည်။

နောက်ဆုံးမှာတော့ သူက ဆန်းဝူအပေါ်တွင် အချိန်အကြာကြီး သည်းခံခဲ့ရကာ ဒေါသတွေကိုမျိုသိပ်ထားခဲ့ရ၏။အခုချိန်မှာ‌ ဆန်းဝူလည်း အဖမ်းခံလိုက်ပြီဖြစ်၍ သူ့စိတ်ထဲ ပေါ့ပါးသွားတော့သည်။

ယွမ်ရိကလည်း နောက်ထပ်အကြမ်းရည်တစ်ခွက်ကိုငှဲ့ယူသောက်လိုက်ပြီး

"သမီးတို့ရဲ့အဝတ်အစားတွေကို ခိုးယူပြီးရောင်းချမယ့်လူတွေလည်း ထပ်ပေါ်မလာလောက်တော့ဘူးရယ်"

ဟု ပြောလိုက်၏။

အဘယ့်ကြောင့်ဆိုသော် ဆန်းဝူတစ်ယောက်ယွမ်ရိတို့၏ရို့ပါဗီလီယန်တံဆိပ်နဲ့ဝတ်စုံများအား ခွင့်ပြုချက်မရှိဘဲ ရောင်းချကာ မူပိုင်ခွင့်ဥပဒေအား ချိုးဖောင်သဖြင့် အဖမ်းခံလိုက်ရတာကို အနီးအနားမှာရှိသည့် ဈေးဆိုင်များမှ ဆိုင်ရှင်တွေမြင်တွေ့လိုက်ရတာမို့ပင်။

ယွမ်ရိတို့စကားပြောနေတုန်းမှာပင် အထည်ဆိုင်ဖွင့်ထားကြသည့်ဆိုင်ရှင်တွေဟာ သူတို့ဆိုင်ကနေ ရို့ပါဗီလီယန်တံဆိပ်ပါဝင်သော ဝတ်စုံများအား ဖယ်ထုတ်နေကြပီ့ဖြစ်သည်။သူတို့အနေနဲ့ ဆန်းဝူကဲ့သို့ မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် အဖမ်မခံလိုကြပေ။

ယွမ်ရိနဲ့ယွမ်ချန်းရှန်တို့ဟာ ညနေမစောင်းခင်မှာဘဲညဆိုင်ကိုစောစောပိန်လျက် ချန်ခွန်းရှိသည့်ညဆိုင်ခွဲကိုသွားခဲ့ကြသည်။ထို့နောက်ညသူတို့သုံးယောက်ဟာ အိမ်ကိုအတူတူပြန်ခဲ့ကြ၏။

လမ်းမှာ ယွမ်ချန်းရှန်ကညဆန်းဝူဆိုင်တွင် ဖြစ်သွားသော အဖြစ်အပျက်များကို ချန်ခွန်းအား အသေးစိတ်ပြောပြလိုက်၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now