အပိုင်း - ၃၅.၂
ယွမ်ရွယ်ဂျင်းက
"ပြီးခဲ့တာတွေလည်း ပြီးကုန်ပါပြီဗျာ။ အဲ့တာတွေကို ပြန်တွေးပြီး အစဖော်မနေပါနဲ့တော့"
ဆန်းရှောင်ဟိုင်က
"ဟဲ့ ငါက စကားအဖြစ်ပြောနေတာလေ။ ပြောလို့မရဘူးလား"
ယွမ်ရွယ်ဂျင်း
"မရဘူး"
ဆန်းရှောင်ဟိုင် : "...…...."
ရုတ်တရက် ဆန်းရှောင်ဟိုင်စိတ်ထဲ ယွမ်ရွယ်ဂျင်းအား စိတ်ရှိလက်ရှိ ရိုက်နှက်ချင်စိတ်တွေပေါ်လာတော့၏။
အဖိုးဆောင်းရဲ့ စည်းစိမ်တွေအကုန်လုံး ယွမ်ရိအမွေရခဲ့တာကို အစတုန်းက လူတွေ မသိခဲ့ကြပေမယ့် အဖိုးဆောင်းရဲ့ အမျိုးတွေ အမွေခွဲဖို့ ပြဿနာလာရှာပြီးသည့်နောက် လူတွေအကုန်လုံး ယွမ်ရိဟာအဖိုးဆောင်း၏အမွေတွေ လက်ခံရရှိခဲ့ကြောင်း သိကုန်ကြပြီဖြစ်၏။
ဒါ့ကြောင့် မနာလိုသူတချို့က ယွမ်ရိ၏အကြောင်းတွေကို မဟုတ်က၊ ဟုတ်ကပြောဆိုကြတော့သည်။
"ဟို ယွမ်အိမ်ကယွမ်ရိဆိုတဲ့တစ်ယောက်လေ။ သူက အစကတည်းက အကြံကြီးတာတဲ့အေ"
"ယွမ်ရိဆိုတဲ့ကောင်မက အပ်ချုပ်ဆရာကြီးထံမှာ တစ်နှစ်ကျော်ကျော်လေး ပညာသင်ပြီး အဖိုးဆောင်းလည်းသေရော ချက်ချင်းပဲ အမွေတွေရသွားတော့တာပဲ။ ဒါသွေးရိုးသားရိုး လုံးဝမဖြစ်နိုင်ဘူး"
"ဟဲ့။ ယွမ်ရိဆိုတဲ့ တစ်ယောက်ပေါ့။ သူက အစကတည်းက အက်ချုပ်ဆရာထံမှာ အပ်ချုပ်သင်တာက အကြံအစည်တွေ အပြည့်နဲ့တဲ့တော့"
ယွမ်ရိကတော့ ဘယ်လိုမျိုး အပုပ်ချစကားတွေကို မဆို လျစ်လျူရှုထားပြီး ကိုယ်လုပ်စရာရှိတာများကိုသာ လုပ်ကိုင်နေခဲ့သည်။
အဖိုးဆောင်း၏ အမျိုးတွေဆိုတဲ့သူသုံးယောက်လည်း ယွမ်ကျီကောင်း၏ သေနတ်ဖြင့် မောင်းထုတ်တာကို ခံရပြီးသည့်နောက် သူတို့၏နေရပ်ကို ပြန်ပြေးသွားကြပြီဖြစ်သည်။ သူတို့၏ နေရပ်ဟာ ဖန်ယန်ရွာ၊ ရွှေသရဖူရွာတို့နဲ့ အရမ်းဝေးကွာလွန်းသဖြင့် အချိန်တိုအတွင်း အနှောင့်အယှက်ထပ်ပေးနိုင်တော့မှာ မဟုတ်ပေ။
နောက်ထပ် တစ်လကြာပြီးသည့်နောက် ယွမ်ရိနဲ့ယွမ်ချီကျီတို့ နှစ်ယောက်လည်း အဖိုးဆောင်း၏ခြံကို ပြန်လာကြပြီး အပ်ချုပ်ဆိုင်အား ပြန်ဖွင့်လိုက်ကြတော့သည်။
အပ်ချုပ်ဆိုင်ပြန်ဖွင့်တာကို တောင်ပေါ်ကလူတွေ သတင်းကြားကြတာနဲ့ ချုပ်စရာရှိတာတွေကို ယွမ်ရိတို့ထံ အမြန်ယူလာကြတော့သည်။ အချိန်အကြာကြီး အပ်ချုပ်ဆိုင်ကိုပိတ်ထားခြင်းဖြစ်၍ ဝတ်စုံအသစ် ချုပ်ချင်သည့်သူတွေ တော်တော်လေးများပြားလှပေသည်။
ယွမ်ရိနဲ့ယွမ်ချီကျီတို့ဟာ နေ့ခင်းဘက်တွေမှာ အဖိုးဆောင်း၏ခြံထဲက အပ်ချုပ်ဆိုင်လေးထဲမှာပဲ အလုပ်လုပ်ခဲ့ကြသည်။ ညဘက်ရောက်မှသာ ဖန်းယန်ရွာကို ပြန်လာခဲ့ကြ၏။
ယွမ်အိမ်သို့ ပြန်ရောက်တာနဲ့ ယွမ်ရိက ယွမ်ချန်းရှန်အား စာရွက်တစ်ရွက်နဲ့ငွေတချို့ထုတ်ပေးရင်း
"ဦးလေးငါး အပ်ချုပ်ဆိုင်မှာ ပစ္စည်းတချို့လိုနေလို့။ သမီးတို့ကိုယ်တိုင်သွားရင် ကြာနေမှာစိုးလို့။ အဲ့တာကြောင့် တုန်းဖန်မြို့ကို ဦးလေးကိုယ်တိုင်သွားဝယ်ပေးလို့ ရမလားရှင်"
နောက်ရက်မနက်ရောက်တာနဲ့ ယွမ်ချန်းရှန်ဟာ စောစောထကာ ညကတည်းကပြင်ထားသည့် အထုပ်အပိုးတွေကို ယူလျက် တောင်အောက်ကိုဆင်းလာခဲ့တော့သည်။
သူက အားကောင်းမောင်းသန်ယောက်ျားတစ်ဦးဖြစ်၍ အခြားသူများ နှစ်ရက်လောက်သွားရသည့် ခရီးကို တစ်ရက်ခွဲတည်းဖြင့် သူအရောက်သွားနိုင်ပေသည်။
ဒါပေမယ့်သူက စက်ရုပ်မဟုတ်၍ ညဘက်တွေမှာအနားယူဖို့လိုနေပါသေးသည်။
ထိုည လမ်းမှာ အနားယူဖို့အတွက် သူကကောက်ရိုးပုံတစ်ခုကိုရှာတွေ့ခဲ့၏။ ဒါ့ကြောင့် ထိုကောက်ရိုးပုံထဲကနေ ကောက်ရိုးအနည်းငယ်ယူကာ မြေပြင်ပေါ်ဖြန့်ခင်းလိုက်၏။ ပြီးတာနဲ့ ခင်းထားသည့်ကောက်ရိုးတွေအပေါ် ဇိမ်ကျကျ လဲချလိုက်တော့သည်။
သူအိပ်ပျော်ခါနီးလေးမှာပဲ သူ့နားအတွင်း တီးတိုးသံတချို့ကို ကြားလိုက်ရသည်။
ဖြာကျနေသည့် လရောင်အောက်မှာ ထိုလူက စုတ်ပြဲနေသည့် စစ်ဝတ်စုံ၊ စစ်ဦးထုပ်တွေဆောင်းလျက် ဆေးလိပ်တစ်လိပ်အား လက်နှစ်ချောင်းကြားညှပ်၍ ခဲနေခဲ့သည်။
ဆေးလိပ်အနံ့ဟာ သူ့နှာခေါင်းအတွင်းထိအောင်ပါ ပျံ့နှံ့လာပြီး သူ့ရဲ့စိတ်ကို မရိုးမရွဖြစ်အောင်လာလုပ်နေ၏။
ထိုလူကလည်း ယွမ်ချန်းရှန် သူ့ကို ကြည့်နေသည်အား မြင်သွား၏။ တခဏကြာပြီးသည့်နောက် သူ့လက်ထဲက ဆေးလိပ်ကို မြှောက်ပြလိုက်ပြီး
စက္ကူဖြင့်ပြုလုပ်ထားသော ဆေးလိပ်က တောင်ပေါ်မှာအလွန်တွေ့ရခဲ၏။ များသောအားဖြင့် တောင်ပေါ်က လူတွေဟာ ပြောင်းဖူးဖက်ဖြင့်ဖြစ်စေ၊ အိုးထဲထည့်၍ဖြစ်စေ ဆေးလိပ်သောက်ကြသည်။
"တောင်ပေါ် လမ်းခရီးမှာ မသိတဲ့သူစိမ်းတစ်ယောက်ကို ဆေးလိပ်သောက်မလားလို့ မေးတယ်ဆိုတော့ တော်တော် စေတနာရှိတာပဲ"
"မင်းမှာ ဘာတွေပါတာတုန်း"
လို့ထပ်မေးပြန်သည်။
"မင်းလိုချင်တာကိုသာ ပြောစမ်းပါ"
လူငယ်ကလည်း ယွမ်ချန်းရှန်၏ မေးခွန်းကို မေးခွန်းဖြင့်သာ ခွန်းတုံ့ပြန်နေခဲ့သည်။
ဒါ့ကြောင့် ယွမ်ချန်းရှန်လည်း မျက်နှာကြီးရှုံ့မဲ့သွားကာ
"ကောင်းပြီး ကောင်းပြီ။ ငါ့ကို ဆေးလိပ်တစ်လိပ်နဲ့ မီးခြစ်ဆံတစ်ဗူးပေး"
လို့ ပြောလိုက်၏။
ဒါကိုကြားတော့ လူငယ်က သူ့ဘေးက အိတ်ထဲကနေ မီးခြစ်ဆံတစ်ဗူးထုတ်ကာ ယွမ်ချန်းရှန်အား ကမ်းပေးရင်း
လို့ ပြောလိုက်သည်။
ယွမ်ချန်းရှန်လည်း သူ့အိတ်ထဲကနေ ငွေတစ်ပဲနီထုတ်ကာ လူငယ်ကိုပေးလိုက်သည်။ထိုလူငယ်ကလည်း လက်ဆန့်ရင်း ယွမ်ချန်းရှန်ပေးသောငွေကို ယူဖို့ပြင်လိုက်သည်။
ထိုအချိန်မှာဘဲ ယွမ်ချန်းရှန်ကာ ထိုလူငယ်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ မြေပြင်ပေါ်သို့ ရုတ်တရက် ဖိချလိုက်တော့သည်။
ယွမ်ချန်းရှန်က ပြုံးလိုက်ပြီး
လို့မေးလိုက်၏။
"အဲ့တာ မင်းကိစ္စလားကွ။ ငါ့ဆီကနေ ပစ္စည်းတွေ ဝယ်မှာလား။ မဝယ်တော့ဘူးဆိုရင်လည်း ငါ့အပေါ်ကနေဖယ်တော့ကွာ"
ယွမ်ချန်းရှန်က ထိုလူငယ်၏ရုန်းကန်မှုတွေကို လျစ်လျူရှုထားပြီး
"ငါသာ မင်းကို စစ်ဘက်ဆိုင်ရာရုံးကို ခေါ်သွားရင် ဆုငွေလေး ဘာလေးများရမလားမသိဘူး"
လို့ ပြောလိုက်သည်။
"ဒီမယ် မင်းကငါ့ကို တပ်ပြေးတစ်ယောက်လို့ ဘာကိုကြည့်ပြီးပြောရတာတုန်းကွ။ မင်းမှာ သက်သေရှိလို့လား။ သက်သေမရှိရင် လူတစ်ယောက်ကို လက်လွတ်စပယ် မစွပ်စွဲသင့်ဘူးနော်"
ထိုလူငယ်ပြောတာကလည်း မှန်ကြောင်း ယွမ်ချန်းရှန်သိလိုက်သည်။ ထိုလူငယ်ကို တပ်ပြေးတစ်ယောက်လို့ သတ်မှတ်ဖို့ သူ့မှာသက်သေမရှိပေ။
"အဲ့တာဆိုရင်လည်း မင်းရဲ့အိတ်ကို စစ်ဆေးကြည့်ရသေးတာပေါ့ကွာ"
လူငယ်ကလည်း ခေါင်းညိတ်လိုက်ပြီး
ခပ်ဖောင်းဖောင်းဖြစ်နေသည့် အထိအတွေ့ကြောင့် ယွမ်ချန်းရှန်လည်း လန့်သွားကာ လူငယ်အားဖိထားရာကနေ အမြန်ဖယ်ပေးလိုက်ပြီး
"မင်းက မိန်းကလေးလား"
လို့ အံ့အားတကြီးမေးလိုက်သည်။
လူငယ်က ပြန်မဖြေ။ သူက သူ့အိတ်ကို ယူပြီးတာနဲ့ အဝေးကို ချက်ချင်းပြေးတော့သည်။
ထိုလူက အရမ်းပြဿနာများမယ်မှန်းသာ သူမ ကြိုသိခဲ့ရင် ထိုလူအားအဖက်လုပ်ပြီး စကားပြောခဲ့မိမှာမဟုတ်ပေ။
တောင်ပေါ်မှာ သူ ကုန်စည်ရောင်းလာသည့်သက်တမ်းတစ်လျှောက် ထိုကဲ့သို့ လူ့ဂွစာများနဲ့ တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။
ဒါ့ကြောင့်မို့ တောင်ခြေမှမြို့ကနေတဆင့် တောင်ပေါ်သို့ ပစ္စည်းတွေယူရောင်းလေ့ရှိသည့် သူမဟာ တောင်ပေါ်ကလူတွေအတွက်တော့ ကျေးဇူးရှင်တစ်ဦးလိုဖြစ်နေတော့သည်။
ထိုအကြောင်းကို ပြန်တွေးမိတာနဲ့ သူမက ယွမ်ချန်းရှန်ကို စိတ်ထဲကနေ ကျိန်ဆဲမိလိုက်တော့သည်။
ယွမ်ချန်းရှန်က
"ငါ ဆေးလိပ်မဝယ်ချင်တော့ဘူး။ မင်းအိတ်ထဲမှာ ဘာတွေပါသေးလဲ။ ငါကြိုက်တာတွေ့ရင်တော့ ဝယ်ချင်သေးတယ်"
ဒါ့ကြောင့် လူငယ်လည်း စိတ်မရှည်ဖြစ်လာကာ
"ဘာယူမှာလဲဆိုတာကို မြန်မြန် မဆုံးဖြတ်နိုင်သေးဘူးလား"
လို့ မေးလိုက်၏။
ယွမ်ချန်းရှန်က ထိုမေးခွန်းကို မဖြေဘဲ သူကပဲ မေးခွန်းတစ်ခု ထပ်ထုတ်လိုက်သည်။
"ဒီပစ္စည်းတွေ အကုန်လုံးကို ဘယ်ကနေရတာလဲ"
လို့ပြောပြီး လူငယ်လိုဝတ်ထားသည့် မိန်းကလေးက ထိုနေရာကနေ ထွက်သွားဖို့ပြင်လိုက်သည်။
လူငယ်က
"ငါ မင်းနဲ့ မိတ်ဆွေမဖွဲ့ချင်ဘူး"
ယွမ်ချန်းရှန်လည်း အသာ ချောင်းဟန့်ကာ
"တကယ်တော့ ငါကမကောင်းတဲ့သူမဟုတ်ဘူး။လူကောင်းတစ်ယောက်ပါကွာ"
လို့ မေးလိုက်သည်။
မနက်ခင်း လှုပ်လှုပ်ရွရွအသံကြောင့် ယွမ်ချန်းရှန်လည်း နိုးလာကာ အသံလာရာဘက်သို့ကြည့်လိုက်သည်။
ထိုအခါ ကောက်ရိုးပုံအတွင်းမှ ထိုးထွက်လာသည့် လူငယ်ပုံစံဝတ်ဆင်ထားသည့် မိန်းကလေးထွက်လာတာကို မြင်တွေ့လိုက်ရတော့သည်။
ထိုမိန်းကလေးဟာ သူမ၏ဆံပင်ကို စစ်ဦးထုပ်အတွင်း သပ်သပ်ရပ်ရပ် သိမ်းဆည်းထားကာ ယောက်ျားလေးဝတ်စစ်ဝတ်စုံကို ဝတ်ဆင်ထား၍ ယောက်ျားလေးတစ်ယောက်နဲ့ လုံးဝတူညီနေတော့သည်။
"အခုလို ခရီးရှည်ကြီးထွက်ရတာ ငါ့အတွက် တော်တော်ပင်ပန်းနေပြီ။ ဒီလိုလုပ်ကြရင်ရော မင်းက ငါ့ကို မြို့ထဲရောက်တဲ့အထိ ကျောပိုးပေး။ အဲ့တာဆိုရင် ငါတို့ သူငယ်ချင်းလုပ်မယ်ကွာ။ ဘယ်လိုလဲ"
လို့ ပြောလိုက်တော့သည်။
ယွမ်ချန်းရှန်ကလည်း ချက်ချင်းခါးကုန်းလိုက်ပြီး
"ဟေးး မင်းကိုယ်က ပေါ့လိုက်တာ။ မင်းက ယောက်ျားလား မိန်းမလားကွ။"
"မင်းက သူငယ်ချင်းတစ်ယောက်အဖြစ်ပေါင်းဖို့အတွက် အဲ့လိုလိင်အမျိုးအစားနဲ့ ခွဲခြားခွဲခြား လုပ်တတ်တဲ့သူလား"
လို့ ပြန်ပြောလိုက်တော့၏။