အပိုင်း-၉၁.၁
စားသောက်ဆိုင်တစ်ခုအတွင်း လူလေးယောက်ဟာ စားပွဲတစ်လုံးမှာထိုက်လျက် စားသောက်နေကြ၏။
စားသောက်နေရင်းဖြင့် ယွမ်ရိက ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့ကိုကြည့်ကာ
"နင်တို့တွေ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်ရတာကြာပြီလား"
ဟု မေးလိုက်သည်။
"သိပ်တော့ မကြာသေးဘူး"
ယွမ်ကျဲက
"အမနဲ့ရူကျောင်းတို့တွေ့ပြီး မကြာခင်မှာဘဲ ချန်းဝေ့တုန်းနဲ့ ညီမတို့အဆက်အသွယ်ပြန်ရခဲ့တာရယ်"
ဟု ပြန်ဖြေပေးလိုက်၏။
ရူကျောင်းက ချန်းဝေ့တုန်းအား ယွမ်ကျဲ၏တက္ကသိုလ်လိပ်စာကိုပြောပြခဲ့သည်။ဒါ့ကြောင့် ချန်းဝေ့တုန်းဟာ ယွမ်ကျဲထံသို့ နှစ်နှစ်ကျော်ခန့် စာတွေအဆက်မပြက်ရေးပို့ခဲ့၏။
ပေကျင်းကိုရောက်လာသည့်အခါမှာတော့ တနဂ်နွေနေ့တိုင်း ယွမ်ကျဲ၏အဆောင်ရှေ့ကကိုသွားကာ ယွမ်ကျဲနဲ့လာတွေ့ဆုံလေ့ရှိ၏။
ယွမ်ရိလည်း ယွမ်ကျဲ၏နှဖူးအား အသာပုတ်ကာ
"ဒါတွေကို ဘာလို့ အမကိုမပြောရတာလဲ"
ဟု ဆူလိုက်၏။
ယွမ်ကျဲလည်း ခေါင်းငုံ့လိုက်ပြီး ရှက်ရွံ့နေဟန်လဖြင့်
"ညီမ၊ဘယ်ကနေ ဘယ်လိုစပြောရမှန်း မသိလို့ပါ"
ဟု လေသံတိုးတိုးလေးဖြင့် ပြန်ပြောလိုက်သည်။
တကာ်တော့ ယွမ်ရိဟာ ယွမ်ကျဲနဲ့ချန်းဝေ့တုန်းတို့ ကိစ္စမှာ ကြားဝင်မှာမဟုတ်ပေ။ယွမ်ကျဲဟာလည်း အရွယ်ရောက်လာပြီဖြစ်တာကြောင့် ကိုယ်တိုင်စဉ်းစားဆုံးဖြတ်နိုင်နေပြီဖြစ်သည်။ဒါ့အပြင် သူမအစက်အရွယ်ဖြင့် လူငယ်သဘာဝသမီးရည်းစားစိတ်ဝင်တာလည်း မဆန်းပါချေ။
တဖက်မှာတော့ ချန်းဝေ့တုန်းဟာလည်း လူရည်လူသန့်လေးဖြစ်၏။သူက ယွမ်ကျဲတို့ နှစ်အတော်ကြာအောင် သဘောကျခဲ့ပီ့း ဇွဲမလျော့ဘဲ ယွမ်ကျဲကို ကြိုးစားပမ်းစား ပိုးပန်ခဲ့သည်။ဒါ့အပြင် နှစ်ယောက်သားက ငယ်သူငယ်ချင်းတွေဟာ ပြောလို့ရသဖြင့်ဘတစ်ယောက်အကြောင်းတစ်ယောက် နားလည်ကြပေသည်။