အပိုင်း-၉၀
စားသောက်ဆိုင်တစ်ခုအတွင်းမှာ။
ယွမ်ချန်းရှန်ဟာ ရေကိုသုံးခွက်လောက်သောက်ပြီး စိတ်ငြိမ်သွားအောင် လုပ်လိုက်သည်။
ဒါပေမယ့်လည်း အဖြစ်အပျက်တွေကိုပြန်တွေးလေ ဒေါသတွေထွက်လေဖြစ်လာရတာကြောင့် နှုတ်မှ
"ခွေးမသားဆွန်းဝေ"
ဟု ကျိန်ဆဲလိုက်မိ၏။
ယွမ်ချီကျီက မျက်မှောင်ကြုတ်ကာ
"သူ့ဆီက ဝတ်စုံတွေက ဘယ်ကနေရတယ်ထင်ကြလဲ"
ဟု အရေးကြီးသော ပြဿနာတစ်ခုအား မေးမြန်းလိုက်သည်။
ယွမ်ချန်းရှန်က
"အဲ့ခွေးမသားက ငါတို့ဆိုင်ကနေ ဝတ်စုံအနည်းငယ်ဝယ်သွားတယ်လေ။ပြီးတော့ အဲ့ဝတ်စုံတွေနဲ့အတူ စက်ရုံတစ်ခုကိုသွားပြီး နမူနာပြ၊ဝတ်စုံတွေ ချုပ်ခိုင်းတာ။လူရည်လည်ခွေးမသားက ငါဆို့ထက်ဈေးလျော့ရောင်းနိုင်ဖို့ အရည်းအသွေးညံ့တဲ့ပိတ်စတွေကိုတောင်မှ သုံးလိုက်သေးတယ်"
ဟု ကြိတ်မနိုင်ခဲမရ ပြန်ဖြေပေးလိုက်သည်။
ချန်ခွန်းက
"ဒီလိုမျိုးအဖြစ်အပျက်တွေကို ငါတို့တွေ ဘယ်လိုတားကြမလဲ"
ဟု ဝင်ပြောလိုက်သည်။
ပြီးမှ သူမက ယွမ်ရိဘက်ကို လှည့်ကာ
"ရှောင်ရိ၊ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ဟု မေးလိုက်၏။
ယွမ်ရိလည်း သက်ပြင်းအသာချပြီး ခေါင်းခါလိုက်ကာ
"ဘာမှလုပ်လို့မရဘူး"
ဟု ပြန်ဖြေလိုက်တော့သည်။
ဤခေတ်ဤကာလဟာ ဖွံဖြို့ဆိုးတိုးဖို့အတွက် ခြေးလှမ်းစနေဆဲကာလဖြစ်၍ ထုတ်ကုန်ပစ္စည်းများတွင် မူပိုင်ခွင့်တင်ဖို့က မလွယ်ကူလှပေ။အကယ်၍ မူပိုင်ခွင့်ရခဲ့လျှင်တောင်မှ အတူအပပြုလုပ်ထားသော ပစ္စည်းများက ရှိနေဦးမှာပင်။
ထိုကဲ့သို့သော အရာမျိုးကို အစိုးရကလည်း ထိထိရောက်ရောက် အရေးယူနိုင်သေးမှာ မဟုတ်ချေ။