Chapter 120.2

1.9K 126 0
                                    

အပိုင်း - ၁၂၀.၂
၁၉၉၆ ခုနှစ်။

ဂျူလိုင်လက ပူပြင်းလှကာ အပူရှိန်က ကြက်ဥပင် ကြော်လို့ရလောက်ပေသည်။

လင်းယောင် သူ့အထုပ်အပိုးတွေကို လင်းကျီယွမ်၊ ကျိုးရွှယ်ယွင်တို့နှင့်အတူ ချလိုက်ပြီး အခန်းထဲက လေအေးပေးစက်ကြောင့် အခုမှနေသာထိုင်သာရှိသွားတော့သည်။
အခုဆို လင်းယောင်တို့ အရင်နေရာမှာမနေတော့ပဲ ဗီလာလေးတစ်ခု ဝယ်လိုက်ကာ ထိုနေရာမှာပဲ ပြောင်းနေကြလိုက်လေသည်။ အရင်နေရာက အိမ်ဟောင်းလေးထဲ အရင်က အိမ်အသုံးအဆောင်တွေသာ ထားထားလိုက်ကြလေသည်။

အိမ်မှာ နာနီတစ်ယောက်ခေါ်ထားလိုက်ကာ ခြံဝင်းကိုထိန်းသိမ်းဖို့ ဥယျာဉ်မှူးတစ်ယောက်လည်း ခန့်ထားလိုက်လေသည်။ ခြံထဲကပန်းတွေကို နွေဦးနဲ့နွေရာသီလိုမျိုးဆို ပုံစံလေးတွေလှနေအောင်ပါ ပြင်ထားတတ်တာကြောင့် ခြံဝင်းတစ်ခုလုံး ရနံ့မွှေးနေတတ်တော့သည်။

တံခါးဖွင့်သံကြားသည်နှင့် နာနီအန်တီဖုန်းလည်း လင်းယောင်လက်ထဲက အထုပ်တွေကို လှမ်းဆွဲလိုက်ရင်း နှုတ်ဆက်လာလေသည်။ လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့ကို ယဉ်ကျေးစွာနှုတ်ဆက်လာကာ လင်းယောင်ကို ပြုံး၍ ပြောလာလေသည်။ "ရှောင်ရိကလေးတွေ အပြင်ခေါ်သွားတယ် သားရေ"

ယွမ်ရိ ဒီနေ့ ကလေးတွေရဲ့မွေးနေ့မလို့ သူတို့ကိုခေါ်ကာ မွေးနေ့ကိတ်ဝယ်ဖို့သွားရန်ရှိမှန်း သူသိထားလေသည်။ လင်းယောင် မိဘနှစ်ပါးကို ဧည့်ခန်းထဲခေါ်သွားကာ သူတို့အတွက် တီဗီဖွင့်ပေးထားလိုက်ပြီး သူကတော့ မီးဖိုချောင်ဝင်ကာ ရေနွေးကြမ်းပြင်နေလိုက်လေသည်။

ဆိုဖာပေါ်ထိုင်လိုက်ကာ လင်းယောင်က မေးလာလေသည်။ "ဒီတစ်ခေါက် အမေတို့ မပြန်တော့ဘူးမလား?"

"အမေလည်း အလုပ်နားလိုက်ပြီးဆိုတော့ မပြန်တော့ဘူးလားလို့။ ဒီမှာပဲနေပြီး ကလေးတွေကြည့်ပေးမယ်လေ"

"သားကအဖေတို့ ဒီမှာနေမှာ စိတ်ရှုပ်လို့လား?"

"အဲ့လိုမထင်ပါနဲ့ အဖေရယ်။ ကျွန်တော်တို့က ဘယ်လိုလုပ် အဲ့လိုတွေးရမှာတုန်း? အရင်ကတည်းက အဖေတို့ကို ဒီမှာလာနေစေချင်နေတာ။ အိမ်ကြီးက ကြီးပေမဲ့ နေရာတွေ လွတ်နေတာပဲကို။ ဒီကိုပဲ လာနေတော့နော်"

ကျိုးရွှယ်ယွင် ဒီအတိုင်းဘာရယ်မဟုတ်‌ မေးလိုက်ခြင်းသာဖြစ်သည်။ သူမကြောင့် လင်းယောင်နဲ့ယွမ်ရိတို့ စိတ်ရှုပ်မှာမကြောက်ပေမဲ့ ဒီလိုကလေးနှစ်ယောက်က သူတို့ဘဝမှာကြိုးစားနေတဲ့အချိန် သူတို့ကသာ ဒီကလေးတွေဘဝကို ဒီမှာလာနေပြီး ရှုပ်မိနေမှာ၊ ရှက်အောင်လုပ်မိမှာကိုသာ စိုးရိမ်နေကြခြင်းသာ။

သို့သော် ဒီအိမ်မှာရှိတဲ့ ကလေးထိန်းနဲ့ကားမောင်းသမားအကြောင်း တွေးမိပြန်တော့ အဲ့လောက်လည်းနေရတော့မခက်တော့ပေ။
လင်းကျီယွမ်တို့ တီဗီကြည့်ရင်း လက်ဖက်ရည်သောက်ကာ လင်းယောင်နဲ့စကားပြောနေရင်း အချိန်ကညနေခင်းပင် ရောက်သွားတော့သည်။

လင်းယောင် သူ့လက်ကနာရီကို တစ်ချက်ကြည့်ရင်း ယွမ်ရိကိုခေါ်ဖို့ပြင်နေတုန်း သူ့လက်ထဲက ဖုန်း မြည်လာတော့သည်။ "ချစ်၊ ခုအိမ်မှာလား?"

"အင်း၊ ခုအိမ်မှာပဲ။ ကိုယ့်မိဘတွေ ရောက်နေကြလို့။"

"မ ထင်တော့ ထင်ပါတယ်။ ဒါဆို မတို့ ဒီနေ့အန်တီသုံးတို့အိမ်ဘက် သွားရအောင်လေ။ မ အဖိုးအဖွားတွေက မလာနိုင်‌ကြဘူးလေ။ မ လည်း ကိတ်ဝယ်ထားတာဆိုတော့ အဲ့မှာပဲညစာလာစားလိုက်ကြပါလား"

"အိုခေ။ ကိုယ်ခေါ်ခဲ့လိုက်မယ်"
ဖုန်းချလိုက်ကာ လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့ကိုကြည့်ကာ ပြောလာလေသည်။ "ရိရိက သူ့အဖိုးအဖွားတွေက လာဖို့ မလွယ်တော့တာမလို့ ဒီနေ့လဲ့လဲ့နဲ့ခိုခိုအာလေးတို့ မွေးနေ့ကို သူ့အဒေါ်တို့အိမ်မှာပဲ လုပ်လိုက်မယ်တဲ့။"

လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့ဆိုတာလည်း စကားများတဲ့လူတွေမလို့ အဆင်မပြေစရာမရှိပေ။

အခုဆို ဘယ်နေရာသွားသွား အဆင်ပြေနေတာမလို့ သွားဖို့ပြင်လိုက်ကြတော့သည်။
လင်းယောင်က အန်တီဖုန်းကို ဒီနေ့ညအတွက် ညစာချက်ဖို့မလိုကြောင်း မှာပြီးတာနှင့် မိဘနှစ်ပါးကိုခေါ်ကာ ထွက်လာခဲ့လိုက်လေသည်။

ယွမ်ရိတို့က ဗီလာလေးကို ရွှေ့လာပေမဲ့ ယွမ်ချီကျီတို့ကတော့ အရင်အိမ်နေရာကနေ မရွှေ့လာကြသေးပေ။ အဘယ်ကြောင့်ဆိုသော် ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ကလည်း ဒီလမ်းကြားလေးထဲမှာပဲ နေလာတာကြာတာမလို့ ဒီနေရာလေးကနေ ထွက်မသွားချင်ကြပေ။

ဒီနေ့က ခိုခိုအာလေးနဲ့လဲ့လဲ့လေး မွေးနေ့ကိုမှ ရှားရှားပါးပါးပိတ်ရက်လည်း ကျတာမလို့ အကုန်လုံးစုကာ ညစာစားဖို့ပြင်ထားကြလေ၏။ လင်းယောင်တို့ရောက်လာတော့ လူတိုင်းလိုလိုပင် ရောက်နေကြလေပြီဖြစ်လေသည်။

ချန်းဖုန်းနဲ့လျို့ဟုန်မေတို့ပါ ဒီမိသားစုစုဝေးပွဲလေးကို ရောက်လာကြလေသည်။
ရှေ့နှစ်တွေမှာ ချန်းဖုန်းတစ်ယောက် ယွမ်ချန်းရှန်နဲ့အတူ ကပွဲခန်းမစီးပွားရေးနှင့် သီချင်းအသံသွင်းထုတ်လုပ်ရေးဘက်မှာ အလုပ်ဖြစ်လှတာကြောင့် သူ့ကိုယ်ပိုင်အိမ်ပါဝယ်ထားခဲ့လိုက်ကာ အခုဆိုကလေးပါ ကျောင်းတက်နေတာ ၂ နှစ်ခန့်ပင်ရှိနေလေပြီ။

ယွမ်ချွေ့လန်ကတော့ မလာဖြစ်ပေ။ သူတို့အတွဲက နယ်ဘက်မှာ စိုက်ပျိုးရေးလုပ်ကောင်းနေကြသည်လေ။

လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့ကိုမြင်ရတာ စိတ်အလှုပ်ရှားဆုံးကတော့ လဲ့လဲ့နဲ့ခိုခိုအာပင်။ အရုပ်လေးနှစ်ရုပ်က လင်းယောင်ကိုပင် ကျော်သွားကာ လဲ့လဲ့က လင်းကျီယွမ်ဆီ ပြေးသွားပြီး ခိုခိုကတော့ ကျိုးရွှယ်ယွင်ဆီ အပြေးသွားလေတော့သည်။
"ဖိုးဖိုး၊ ဖွားဖွား။"

လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့ကတော့ အလွန်ပင်ပျော်နေကြကာ အရုပ်လေးနှစ်ရုပ်ကို ကောက်ချီလိုက်ကြလေသည်။
တစ်မိသားစုလုံးကို သူတို့က လာနှုတ်ဆက်ကြလေ၏။

ယွမ်ရိလည်း ရောက်လာကာ "အမေနဲ့အဖေ ရောက်လာပြီပေါ့"

ကျိုးရွှယ်ယွင် ခိုခိုလေးကို ချီထားရင်း ပြုံးကာ "ဒါပေါ့၊ အမေနောက်ကျရင်လည်း ပြန်မသွားတော့ဘူးနော်။"

ခိုခိုသူမလည်ပင်းကိုဖက်လိုက်ကာ မျက်နှာကိုနမ်းလာရင်း "ဖွားဖွား၊ ဒါဆို သမီးတို့နဲ့နေပြီး ဆော့ပေးရမယ်နော်။"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ဒီဖွားဖွားက ခိုခိုအာလေးတို့နဲ့ နေ့တိုင်းကို ဆော့ပေးဦးမှာ။"
အခုဆို သူတို့က မိသားစုတစ်ခုပင်ဖြစ်နေပြီဖြစ်ရာ ယွမ်ရိလည်း လင်းယောင်ကို တခြားနေရာခေါ်သွားပြီး အလုပ်ခိုင်းထားလိုက်လေသည်။

ဟင်းတွေချက်ပြီး ညစာစားဖို့ပြင်တော့ လူတွေများတာကြောင့် စားပွဲဝိုင်းက နှစ်ဝိုင်းပိုလာတော့သည်။
ယွမ်ကျီကောင်းတို့လျူရှင်းဟွာတို့ဆိုတာ ဒီလိုတက်ကြွပျော်ရွှင်နေတဲ့ မိသားစုလေးကို သဘောကျတတ်သူတွေမလို့ ယွမ်တပေါင်တို့ ကလေးတစ်စုနဲ့ အတူတူ အမြဲထိုင်တတ်ကြသေးသည်။ အခုတော့ လင်းကျီယွမ်နဲ့ကျိုးရွှယ်ယွင်တို့ပါ တိုးလာတာကြောင့် မိသားစုလေးက ၁၀ ယောက်အတိပင် ထပ်တိုးလာလေသည်။

လဲ့လဲ့နဲ့ခိုခိုတို့က ဒီနေ့ည၏ ဇာတ်လိုက်ကလေးများပင်။ အရွယ်အစားတူပေမဲ့ တစ်ခုကအပြာ တစ်ခုကပန်းရောင်နှင့် ကိတ်လေးနှစ်ခုက ဖယောင်းတိုင်ငါးခုထွန်းထားပြီး စားပွဲပေါ်မှာ နေရာယူထားလေသည်။

"ကဲ ကလေးလေးတွေက ခု ငါးနှစ်ပြည့်ပြီဆို‌တော့ ဆုတောင်းကြပါဦး။"

ငါးနှစ်ပြည့်ဇာတ်လိုက်လေးနှစ်ယောက်က ဆုဘယ်လိုတောင်းရမလဲသိကာ တောင်းပြီးသည်နှင့် လဲ့လဲ့လေးက ပြောလာလေသည်။ "သားကိတ်မုန့်စားချင်နေပြီ ဟီး။"
ခိုခိုအာလေးကပါ ပြောလာလေသည်၊ "သမီးလည်း စားချင်နေပြီ။"

"ကဲ ဒါဆို အရင်ဆုံးဖယောင်းတိုင်မှုတ်လိုက်ကြဦးလေ ကလေးတွေ။"
ဖယောင်းတိုင်အရင် မှုတ်လိုက်ကာ ကိတ်မုန့်တွေကိုခွဲလိုက်ကြလေသည်။ ညလေးက အလွန်ကို တက်ကြွနေတော့သည်။
စားသောက်ပြီးတဲ့အခါမှာတော့ ခြံဝင်းလေးက အတော်ပင်တိတ်ဆိတ်လာကာ အိမ်ပြန်ကြဖို့အချိန်ဟု ပြောနေသလိုပင်။ ယွမ်ချန်းရှန်နဲ့ချန်ခွန်းက နောက်ကျမှ တမင်ပြန်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ယွမ်ချန်းရှန်က မပြန်ခင်ဒီမှာ ရေချိုးသွားချင်လို့ပင်။ 
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့က အခုဆိုအသက် တော်တော်ကြီးလာကြလေပြီ။
တစ်ယောက်မှအိမ်မှာမရှိတဲ့အချိန်ဆို သူတို့ကိုနာနီက စောင့်ရှောက်ပေးထားကာ ညဘက်အလုပ်ကပြန်ရောက်တဲ့အခါမှာသာ ယွမ်ချီကျီနဲ့ရွယ်ဟောင်ဖန်းတို့က ကြည့်ရှုပေးနိုင်လေသည်။

ယွမ်ချန်းရှန်နဲ့ယွမ်ရိ၊ ယွမ်ကျဲတို့က တစ်ခါတလေ သူတို့ကလေးတွေခေါ်လာကာ သူတို့နဲ့အတူဆော့ကာ အဖော်ပြုကြပေးလေသည်။
လူကြီးတွေက အခုလို လှုပ်ရှားသက်ဝင်နေတဲ့ အချိန်တွေကိုသဘောကျပေမဲ့ အသက်ကြီးတာကြောင့် ပင်ပန်းလွယ်ကာ မြန်မြန်အိပ်ပျော်သွားတတ်ကြသေးသည်။

အိပ်ရာစောစောဝင်ကာ မနက်ဆိုအစောကြီး နိုးနေတတ်ကြသေးသည်။ အကယ်၍ အာရုံတက်ချိန်မတန်ခင်နိုးနေတတ်သေးက ပြန်မအိပ်တော့ပဲ အခန်းမှာထိုင်သာနေကြတော့သည်။

ဧည့်ခန်းထဲထိုင်ကာ မိသားစုဝင်တွေ အလုပ်ရှုပ်နေတာကို ကြည့်နေတတ်ကြသည်။
အခုက နွေရာသီကျောင်းပိတ်ချိန်မလို့ ကလေးတွေလည်း ကျောင်းသွားဖို့မလိုတော့ပေ။ ယွမ်ယွဲ့ဆို ၃ နာရီမတိုင်ခင်အထိ အိပ်နေတတ်ကာ ထို့နောက်မှသာ ရေမိုးချိုး၊ ထမင်းစားလေ့ရှိလေသည်။ ညစာစားပြီးတဲ့အခါမှာတော့ တီဗီကြည့်နေလိုက်ကာ တစ်နေ့တာက မျက်စိတစ်မှိတ်အတွင်းမှာကို အကုန်မြန်နေသလိုပင်။

ဒီနေ့အိမ်ကို ဘယ်သူမှရောက်မလာကြတာမလို့ သူမတီဗီသာ ကြည့်နေလိုက်လေသည်။
ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့ကတော့ အနားမယူနိုင်ပဲ လမ်းလေးထဲဆင်းကာ လူတွေကျားကွက်ထိုးတာကြည့်လိုက်၊ စကားပြောတာကြည့်လိုက်နှင့် အညောင်းပြေအညာပြေ လမ်းဆင်းလျှောက်နေကြလေသည်။ သူတို့တခြားနေရာမပြောင်းလိုတာကလည်း ဒီလမ်းကြားလေးက ဒီလိုလူစည်နေတတ်လို့ပင်။

လျူရှင်းဟွာ သူမလက်ထဲက ခုံအသေးလေးကိုချလိုက်ကာ အဖွားအိုကြီးဘေးမှာ ဝင်ထိုင်လိုက်လေသည်။
သူတို့က ထိုသက်ကြီးရွယ်အိုများနဲ့ ခင်မင်နေကြပြီး ငယ်ပေါင်းကြီးဖော်တွေလိုပင် ဖြစ်နေကြပြီဖြစ်သည်။

ယွမ်ကျီကောင်းက တခြားအဖိုးတွေနဲ့ ကျားကွက်ကစားနေကာ နိုင်ငံရေးအကြောင်းစကားစမြည်ပြောနေချေသည်။ သူတို့အတွက် ဒီလိုနိုင်ငံရေးဆွေးနွေးရတာ ထုံးစံတစ်ခုလိုပင်။

ယွမ်ကျီကောင်း ဒီရောက်ခါစက ဒီလိုတွေမပြောတတ်ပေမဲ့ အခုတော့ ပြောစရာကိုများလို့ပင်။
သူတို့စကားစမြည်‌ပြောနေတုန်း အဖွားတစ်ယောက်က အလောတကြီးလှမ်းခေါ်လာလေသည်။
"အမလျူ အပူလျှပ်သွားတာဖြစ်မယ် အကိုယွမ်ရေ မြန်မြန်လာပါဦး။" 

ယွမ်ကျီကောင်း အလျင်အမြန်ထသွားကြည့်လာကာ လျူရှင်းဟွာက အန်တောင်အန်လာတော့သည်။ သူမရဲ့မျက်နှာကလည်း ဖြူဖျော့ကာ သွေးမရှိသလိုဖြစ်နေသည်။

သူမက အပူလျှပ်တတ်တာမလို့ အိမ်ကိုအမြန်ပြန်လာခဲ့ကြကာ ယွမ်ကျီကောင်းက လျူရှင်းဟွာကို ကူညီပေးဖို့ ခြံဝင်းထဲက နာနီကိုလှမ်းခေါ်လိုက်ရလေသည်။

ယွမ်ယွဲ့ပါ နာနီနဲ့အတူရောက်ချလာကာ "ဖွားဖွား ဘာဖြစ်လို့လဲဟင်?"

"ရာသီဥတုက အရမ်းပူတော့ အပူလျှပ်တာထင်တယ်။"
ယွမ်ယွဲ့နဲ့နာနီတို့က လျူရှင်းဟွာကိုနှစ်ဖက်ကနေ မ,ကိုင်ကာ အခန်းထဲကို တွဲခေါ်လာပြီး အိပ်ယာပေါ်လှဲနေစေလိုက်ကြသည်။

ယွမ်ယွဲ့ လေအေးပေးစက်ရီမုကိုယူကာ ဖွင့်လိုက်ပြီး အပူချိန်ညှိပေးနေတုန်း နာနီကအပြင်ထွက်သွားကာ အပူလျှပ်တာအတွက် ဆေးသွားယူလာပေးလေသည်။

လျူရှင်းဟွာကို ထူလိုက်ကာ ဆေးတိုက်ထားလိုက်ပြီး ဖြည်းညင်းစွာ အိပ်ယာပေါ် ပြန်ချပေးလိုက်လေသည်။

အခန်းက အခုမှ အနည်းငယ်အေးလာကာ ယွမ်ကျီကောင်း အိပ်ယာဘေးထိုင်ချရင်း မေးလာချေသည်၊ "အခုရော နည်းနည်းအဆင်ပြေလာပြီလား ရှင်းဟွာ။"

"နည်းနည်းတော့ သက်သာလာပါပြီ။"

"ဒါဆိုခဏလောက် အိပ်လိုက်နော်။ နောက်ဆို ဒီလိုပူတဲ့နေ့တွေ အပြင်မထွက်ပဲ နေကြရအောင်။"

လျူရှင်းဟွာ ခေါင်းညိတ်ပြလိုက်ကာ "ခဏလောက် အိပ်လိုက်ဦးမယ်နော်။"

ယွမ်ကျီကောင်းတို့တွေ သူမကိုမနှောင့်ယှက်တော့ပဲ အေးအေးဆေးဆေးအိပ်လို့ရအောင် စောင်လေးခြုံပေးခဲ့ပြီး ထွက်လာခဲ့ကြလေသည်။

ယွမ်ယွဲ့ကတော့ အပြင်မှာ တီဗီပဲဆက်ကြည့်နေကာ ယွမ်ကျီကောင်းကတော့ အပြင်ထပ်မထွက်တော့ပဲ ယွမ်ယွဲ့ဘေးကဆိုဖာပေါ်မှာပဲ ထိုင်နေချေလေသည်။ ယွမ်ကျီကောင်းလည်း တီဗီကြည့်နေတာမလို့ ယွမ်ယွဲ့လည်းအော်ပရာလိုင်းကိုပြောင်းကာ ဖွင့်ပေးထားလိုက်ပြီး သူမကတော့ စာအုပ်ထိုင်ဖတ်နေလိုက်လေသည်။

စာအုပ်ဖတ်ရတာ တီဗီကြည့်နေရသလောက် စိတ်ဝင်စားဖို့မကောင်းတာမလို့ ယွမ်ယွဲ့ ၁၀ မိနစ်လောက်သာ ဖတ်ပြီးတဲ့အခါမှာတော့ ဆက်မဖတ်နိုင်တော့ပဲ အိမ်သာထသွားတော့သည်။
အိမ်သာကနေအပြန် လျူရှင်းဟွာကို ဝင်ကြည့်ကြည့်လိုက်၏။

ကြည့်ရတာအိပ်ပျော်နေသည့်ပုံပဲမလို့ ပြန်လှည့်ထွက်မယ်လုပ်နေတုန်း တစ်ခုခုမှားနေပုံရတာကြောင့် လျူရှင်းဟွာအိပ်ယာဘေးကို ချီတုံချတုံနှင့်လျှောက်သွားလိုက်ပြီး ခေါ်ကြည့်လိုက်လေသည်။ "ဖွားဖွား"
လျူရှင်းဟွာက ပုံမှန်ဆိုအအိပ်ဆက်တတ်တဲ့သူပေမဲ့ သူမနှစ်ခါလောက် အော်ခေါ်နေတာတောင်မှ ပြန်တုံ့ပြန်မလာပေ "ဖွားဖွား အဆင်ပြေရဲ့လား?"

သူမနှစ်ခါခေါ်တဲ့အထိ တုန့်ပြန်မလာတာကြောင့် လန့်သွားကာ ပုခုံးကိုပါကိုင်ပြီး ဆွဲလှုပ်ကြည့်လိုက်လေသည်။ သို့သော် ထိုအထိ ဘာမှ ပြန်တုံ့ပြန်မလာတာမလို့ ယွမ်ကျီကောင်းကို လှမ်းခေါ်လိုက်ကာ၊ "ဖိုးဖိုး၊ ဖွားဖွားမနိုးလာတော့ဘူး။"
သူမ စောင်ကိုလှန်လိုက်တော့ လျူရှင်းဟွာဘောင်းဘီတွေက စိုနေလေ၏။

ယွမ်ကျီကောင်းလည်း လန့်လာကာ အသက်ရှူတွေမြန်လာပြီး အလျင်အမြန် ပြောလာလေသည်၊ "ယွဲ့ယွဲ့ သမီးဦးလေးကိုအမြန်ခေါ်!"
ယွမ်ယွဲ့ ဖုန်းကို အမြန်ကောက်ကိုင်ကာ ခေါ်ဖို့လုပ်သော်လည်း သူမဦးလေးဖုန်းနံပါတ်ကို အလွတ်မရတာကြောင့် ယွမ်ချီကျီကိုပဲ လှမ်းခေါ်လိုက်ကာ "မေမေ၊ ဖွားဖွားမေ့နေလို့။ မြန်မြန်ပြန်လာခဲ့ပါနော်"

ယွမ်ချီကျီ ဖုန်းခေါ်ခံရတဲ့အချိန် သူမအလုပ်ထဲမှာသာ ရှိသေးသည်။

ယွမ်ယွဲ့ပြောတာ ကြားကြားချင်း အလုပ်ကိုထားခဲ့တာ ရွယ်ဟောင်ဖန်းကိုသွားတွေ့ကာ ဘာမှမပြောအားပဲ ဆွဲခေါ်လာလိုက်လေသည်။ "မြန်မြန်ပြန်ကြရအောင်၊ အိမ်မှာအမေ တစ်ခုခုဖြစ်သွားတဲ့ပုံပဲ"

အိမ်ကိုအမြန်ပြန်နေရင်း ယွမ်ချန်းရှန်ကို ဖုန်းလှမ်းခေါ်ထားလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် အခုချိန်ဆို ယွမ်ချန်းရှန်က အလုပ်မှာဖြစ်ကာ သူ့ company ကလည်း အိမ်နဲ့နီးတာမလို့ သူ အရင်ဆုံးရောက်သွားနိုင်သည်လေ။ ဖုန်းက ချိတ်မိသွားတာနဲ့ ယွမ်ချန်းရှန်ကို အိမ်ကိုအမြန်သွားဖို့ပြောလိုက်ပြီး သူတို့ကတော့ ကားနဲ့ပြန်လိုက်ကြ၏။

သူမကားထဲ ဝင်လိုက်တာနဲ့ ယွမ်ယွဲ့ဆီက ဖုန်းဝင်လာလေသည်။

"မေမေ သမီးအရေးပေါ်ဌာနကို ဆက်ပြီးပြီ။ မေမေတို့ တစ်ခါတည်း ဆေးရုံသာ လာခဲ့လိုက်တော့နော်"
သူတို့ဆေးရုံသာ တစ်ခါတည်း လာခဲ့လိုက်ကြပြီး တစ်ဖက်က ယွမ်ရိကို ဖုန်းလှမ်းဆက်ထားလိုက်လေသည်။

ထိုအချိန် ယွမ်ရိက စတူဒီယိုထဲမှာ အလုပ်သမားတွေအလုပ်လုပ်တာကို ကြည့်နေတာဖြစ်လေသည်။

သူမစတူဒီယိုက အခုဆို အလုပ် ပိုရှုပ်လာကာ ပန်းထိုးအလုပ်သမား ပမာဏကလည်း ၈၀ ထက်ပင် ကျော်လာချေပြီဖြစ်၏။

သူမအလုပ်လုပ်တာကြည့်နေတုန်း စတူဒီယိုတံခါးက အပြင်ကနေ ရုတ်ခြည်းဖွင့်တာခံလိုက်ရတာကြောင့် ယွမ်ရိ လှည့်အကြည့် အမောတကောနှင့်ကြောက်ရွံနေပုံပေါ်သည့် ချန်ခွန်းကို တွေ့လိုက်ရလေသည်။

သူက တံခါးကို အဆောတလျင် ဖွင့်လာကာ ယွမ်ရိကို ပြောလာလေသည်။ "ရှောင်ရိ၊ လာ ဆေးရုံကို အမြန်လိုက်ခဲ့တော့ အဖွား အခု ကိုမာဝင်နေတယ်"

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Donde viven las historias. Descúbrelo ahora