Chapter 28.1

3.4K 381 0
                                    

အပိုင်း - ၂၈

ယွမ်ရိတို့ညီအမလည်း ရေကန်အနီးသို့သွားလိုက်ကြသည်။ လူအုပ်အတွင်းသို့တိုးဝင်ကာ ဘာဖြစ်နေလဲဆိုတာမြင်ရဖို့ ကြိုးစားလိုက်ကြ၏။

အသက်သုံးဆယ်အရွယ်လောက်ရှိမည့် အမျိုးသားနှစ်ဦးဟာ ရေကန်အတွင်းမှာရေငုပ်လိုက်ပြန်ပေါ်လာလိုက်ဖြစ်ကာ တစ်ခုခုကိုအလျင်အမြန် ရှာနေကြ၏။ယွမ်ကျဲလည်း ဘေးမှလူ‌တစ်ယောက်အား

ထိုအခါအမေးခံရသည့်သူက

ထိုလူရဲ့စကားဆုံးတာနဲ့ ရေငုပ်နေသည့်လူနှစ်ယောက်ထဲမှ တစ်ယောက်ဟာ ကလေးမလေးတစ်ယောက်နဲ့အတူ ရေပေါ်ပြန်ပေါ်လာတော့သည်။ အခြားရေငုပ်နေသည့်သူကလည်း ပြန်ပေါ်လာပြီး
"ကလေးကိုတွေ့ပြီ" လို့ ဝမ်းသာအားရ အော်ပြောလိုက်တော့သည်။

ယွမ်ရိလည်း ရေကန်အတွင်းမှ လူတွေပွေ့ထားသည့်ကလေးမလေးကို ကြည့်လိုက်၏။ ထိုကလေးမလေးဟာ တစ်ကိုယ်လုံးရေတွေစိုရွှဲနေကာ နွမ်းလျလို့နေ၏။ ထိုကလေးမလေးကို ကမ်းပေါ်တင်ခါနီးမှာပဲ
"ငါ့ရဲ့ယန်ဇီလေး" ဆိုသည့် ငိုသံတွေပါနေသည့်အမျိုးသမီးတစ်ဦး၏အသံဟာ လူအုပ်ကြား‌ထဲ‌ကနေ ထွက်ပေါ်လာတော့သည်။

ကလေးမလေးအား ကမ်းပေါ်တင်ပြီးတာနဲ့ရေငုပ်သမားက
"ကလေးက အသက်မရှူတော့ဘူး" လို့ ရုတ်တရက်အော်ပြောလိုက်၏။

ထိုစကားကြောင့် ရေကန်အနီးကလူတွေအကုန်လုံး ထိတ်လန့်သွားကြတော့သည်။

"ငါ့သမီးလေး"
ကလေးမလေး၏အမေဖြစ်ပုံရသည့် အမျိုးသမီးကလည်း သည်းသည်းထန်ထန်ငိုကြွေးတော့သည်။

ကြည့်နေကြသည့်အထဲမှ တစ်စုံတစ်ယောက်ကအော်ပြောလိုက်သည်။
ဒါ့ကြောင့်ရေငုပ်သမားတစ်ယောက်က ကလေးမလေးအား ခြေထောက်ကနေမြှောက်၍ ဇောက်ထိုးကျောပိုးလိုက်သည်။ ပြီးတာနဲ့ခုန်တော့၏။ ဒါဟာရှေးဦးသူနာပြုနည်းလမ်းတစ်ခုဖြစ်ကာ အစာအိမ်ထဲဝင်နေသည့်ရေတွေကို ထုတ်ပေးနိုင်ပါသည်။
ဒါပေမယ့်ကလေးမလေးရဲ့မျက်နှာက တဖြည်းဖြည်းဖြင့် အဖြူရောင်သမ်းလာတာကို ယွမ်ရိသတိထားမိတော့သည်။ ဒါ့ကြောင့်သူမဟာ ကလေးမလေးအတွက် အလွန်စိုးရိမ်ကာသူမအနေနဲ့ ဘယ်လိုအကူအညီမျိုးပေးနိုင်မလဲ အသည်းအသန်စဉ်းစားတော့သည်။

ရုတ်တရက် လင်းယောင်ပြောခဲ့ဖူးသည့် သူ့အမေဟာအရင်တုန်းက ဆရာဝန်လုပ်ခဲ့တယ်ဆိုတာကို ယွမ်ရိသတိရသွားတော့သည်။ ဒါ့ကြောင့် သူမလက်ထဲက စပါးစည်းအားပစ်ချလိုက်၏။ ပြီးတာနဲ့ ရေကန်အနီးကနေ ပြေးထွက်သွားတော့သည်။

ယွမ်ကျဲက
"အမ၊ ဘယ်သွားမလို့လဲ" လို့ နောက်ကနေလှမ်းမေးလိုက်၏။
သေရေးရှင်ရေးအခြေအနေဖြစ်နေလို့ ယွမ်ရိက ယွမ်ကျဲရဲ့‌အမေးကို ပြန်မဖြေခဲ့ပဲ ဆက်ပြေးသွားတော့သည်။
ကံကောင်းစွာဖြင့် လင်းယောင်တို့မိသားစုနေသည့် မိုးပျံမျှော်စင်ဟာ ရေကန်ကြီးနဲ့နီးနေခဲ့သည်။ ဒါ့ကြောင့် ယွမ်ရိဟာခဏလေးအတွင်း မိုးပျံမျှော်စင်သို့ရောက်သွားတော့သည်။
မိုးပျံမျှော်စင်သို့ရောက်သည့်အခါမှာ ကျောင်းရွယ်ယန်လည်း အလုပ်ကပြန်ရောက်နေတာကို သူမတွေ့လိုက်ရသည်။ ဒါ့ကြောင့် ကျောင်းရွယ်ယန်၏ လက်ကိုဆွဲကာ
"အကူအညီတောင်းစရာလေးရှိလို့ပါ။ နောက်ကျလို့မဖြစ်တာမို့ မြန်မြန်လိုက်ခဲ့ပေးပါဦးရှင်။ တောင်းဆိုပါတယ်ရှင့်" လို့ပြောကာ ရေကန်ဆီသို့တဖန်ခေါ်သွားတော့သည်။

ကျောင်းရွယ်ယန်လည်း ရုတ်တရက်ဆွဲခေါ်ခံလိုက်ရတာ‌မို့ ကြောင်အ,အဖြင့် ယွမ်ရိနောက်ပါသွားတော့သည်။

ရေကန်ဆီသို့ တဖန်ပြန်ရောက်ပြီးတဲ့နောက်မှာ ယွမ်ရိက ကလေးမလေးအား ဇောက်ထိုးကျောပိုးထားသည့်လူထံသွားကာ
"အဲ့လိုနည်းလမ်းက အသုံးဝင်မှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ကလေးမလေးကို အောက်ချပေးပါ" လို့ တောင်းဆိုလိုက်၏။

ထိုလူက ခဏမျှတုံ့ဆိုင်းသွားပေမယ့် ကလေးမလေးအား ချက်ချင်းမြေပြင်ပေါ်ချပေးလိုက်တော့သည်။

ကျောင်းရွယ်ယန်လည်း အခုမှ ယွမ်ရိကလူကယ်ဖို့အတွက် သူမကိုခေါ်လာခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ ဒါ့ကြောင့် သူမကလည်း ကလေးမလေးအနီး ဒူးထောက်ထိုင်ချလိုက်သည်။

ကလေးမလေး၏ရင်ဘက်အား လက်ဖြင့်ဖိ,ဖိချနေတကြောင့် ကလေးမလေး၏အမေက ပြေးလာကာ
"ငါ့သမီးလေးကို ဘာလုပ်နေကြတာလဲ" လို့ ငိုယိုကာပြောလိုက်၏။
ယွမ်ရိလည်း ထိုအမျိုးသမီးထံသွားကာ လက်ကိုဆုပ်ကိုင်လိုက်ပြီး
"အဒေါ်စိတ်မပူပါနဲ့။ သမီးတို့က အဒေါ့်သမီး သက်သာလာအောင်လုပ်ပေးနေကြတာပါ။"

ထိုသို့သော ကယ်တင်သည့်နည်းလမ်းကို မမြင်ဖူးကြတာမို့ လူတွေအကုန် အံ့အားတကြီးဖြစ်သွားကြတော့သည်။

"ရေက အစာအိမ်ထဲဝင်နေတာလေ။ ဒါကို ရင်ဘက်ဖိတာဆိုတော့ ဒီနည်းနဲ့ကယ်တင်တာက အဆင်ပြေပါ့မလား"
လူတစ်ယောက်က သူသိချင်နေသည့်အကြောင်းအား ထမေးလိုက်သည်။

ထိုအချိန်ကျောင်းရွယ်ယန်ကတော့ ကလေးမလေး၏ရင်ဘက်အား ဖိနေတာကိုရပ်လိုက်၏။ သူမက ကလေးမလေးနဲ့နှုတ်ခမ်းခြင်းတေ့ကာ အတွင်းမှရေတွေကို စုပ်ထုတ်လိုက်ပြန်သည်။

"တကယ်တော့ ဒီနည်းလမ်နဲ့ယှဉ်ရင် ခုနကအသုံးပြုတဲ့နည်းလမ်းက ပိုပြီးတော့ ကလေးမလေးအတွက် အန္တရာယ်များတယ်။ ဘာလို့လည်းဆိုတော့ ရေက ကလေးမလေးရဲ့အစာအိမ်ထဲကို နည်းနည်းလေးပဲ ဝင်သွားပြီး အများစုက အဆုတ်ထဲဝင်သွားတာမို့လို့ပဲ။ အဆုတ်ထဲကရေကိုထုတ်ဖို့အတွက်တော့ အခုအသုံးပြုနေတဲ့နည်းလမ်းပဲ အသုံးပြုလို့ရမယ်" လို့ သေသေချာချာပြန်ရှင်းပြလိုက်၏။
တကယ်တော့ ဒီနေရာမှာရှိတဲ့သူတွေအကုန်လုံးရဲ့အသိဉာဏ်က အကန့်အသတ်နဲ့ရှိတာမို့ ယွမ်ရိ၏စကားတွေအကုန်လုံးကို နားမလည်ကြပေ။ သူတို့အတွက်တော့ တစ်နည်းနဲ့မရရင် နောက်တစ်နည်းအသုံးပြုပြီး ကယ်တင်ရမယ်လို့ပဲ ရိုးရိုးရှင်းရှင်းမှတ်ယူထားကြပေသည်။

ဒါ့ကြောင့် ဘေးကလူတွေက ယန်ဇီ၏အမေအား
"ယန်ဇီရဲ့ဗိုက်ထဲကနေ ရေတွေပြန်ထုတ်ဖို့ ကြိုးစားပြီးသွားပြီ။ ဒါပေမယ့် ထွက်မလာဘူးလေ။ ဒါ့ကြောင့်ဒီနည်းလမ်းနဲ့ စမ်းကြည့်လိုက်လည်း မကောင်းတာမရှိပါဘူး။ တစ်နည်းမဟုတ်တစ်နည်းနဲ့ နင့်သမီးပြန်သက်သာလာမှာပါကွယ်" လို့ ဝိုင်းဖျောင်းဖျပေးလိုက်ကြသည်။

ဒါ့ကြောင့် ယန်ဇီ၏မိခင်လည်း ယွမ်ရိ၏လက်အား အားကိုးတကြီးဖြင့်ဆုပ်ကိုင်ကာ
"ငါ့သမီးရဲ့အသက်ကို ကယ်တင်ပေးပါ" လို့ တောင်းဆိုလိုက်၏။
ထိုတောင်းဆိုချက်ကြောင့် ယွမ်ရိရဲ့စိတ်ထဲပိုပြီးတောင် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာတော့သည်။
သူမအချိန်အတော်ကြာအောင် ရင်ဘတ်ကိုဖိပေးတာတွေ၊ ရေကို စုပ်ထုတ်ပေးတာတွေ လုပ်ခဲ့ပေမယ့် ယန်ဇီကတော့ နိုးမလာသေးချေ။

ဒါ့ကြောင့်ယွမ်ရိလည်း စိုးရိမ်စိတ်တွေ များ,များလာတော့၏။

ကြည့်နေကြတဲ့လူတွေကလည်း အချိန်ကြာလာတာနဲ့အမျှ မျက်နှာတွေပျက်လာကြကာ
"ကာလကိုကြည့်ရတာ မကယ်လောက်တော့ဘူးထင်တယ်" လို့ တီးတိုးသံတွေ ထွက်လာကြတော့သည်။

ကျောင်းရွယ်ယန်ဟာလည်း ချွေးများဖြင့်ရေချိုးထားသည့်နှယ် ရွှဲနစ်နေ၏။ သူမကအချိန်ကြာနေပြီဖြစ်တာတောင်မှ လက်မလျော့သေးပေ။ ကလေးမလေး၏ရင်ဘက်ကိုလက်ဖြင့်ဖိလိုက်၊ နှုတ်ခမ်းချင်းတေ့၍လေတွေစုပ်ပစ်လိုက်ဖြင့် အကြိမ်ကြိမ်ကြိုးစားနေခဲ့သည်။
အချိန်တွေကြာနေပြီဖြစ်တာကြောင့် ယန်ဇီ၏မိခင်တောင် ယွမ်ရိ၏လက်ကိုဆုပ်ကိုင်ထားရာကနေ လွှတ်ကာမြေပြင်ပေါ် အားပြတ်စွာ ထိုင်ချလိုက်တော့သည်။
"ငါ့ရဲ့သနားစရာသမီးလေး။ ဒီအမေက ကောင်းကောင်းဂရုမစိုက်မိခဲ့လို့ပါကွယ်" လို့ ဝမ်းနည်းတကြီးရေရွတ်လိုက်၏။
ဘေးမှာကြည့်နေသည့်လူတွေကလည်း ခေါင်းတယမ်းယမ်းဖြင့် ဖြစ်နေကြတော့သည်။
အစကနေအဆုံးထိ ကလေးမလေးအပေါ်ကယ်တင်ရာမှာပဲ အာရုံစိုက်နေသည့်သူဆို၍ ကျောင်းရွယ်ယန်တစ်ယောက်သာ ကျန်ပါတော့သည်။ ယွမ်ရိတောင်မှ စိတ်ထဲမှာ အလွန်စိုးရိမ်နေပြီဖြစ်သည်။

ရုတ်တရက် ကျောင်းရွယ်ယန်၏အားထုတ်မှုအောက်မှာ ကလေးမလေးက ချောင်းတဟွတ်ဟွတ်ဆိုးလျက် သတိပြန်ရလာတော့သည်။
ယွမ်ရိလည်း ဝမ်းသာလွန်းသဖြင့် ပီတိမျက်ရည်များပင် ကျဆင်းလာရတော့သည်။

ကလေးမ၏အမေဟာလည်း ထိုအသံကြားတော့ မြေပြင်ပေါ်ထိုင်အားပြတ်စွာထိုင်နေရာကနေ ကမန်းကတန်းထကာ ကလေးမလေးအား ပြေးဖက်လျက်
"သမီးလေးရယ်။ အမေသမီးကိုဆုံးရှုံးလိုက်ရပြီလို့ထင်နေခဲ့တာ။ ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်ကွယ်"
ကျောင်းရွယ်ယန်လည်း ကလေးမလေးကို အောင်အောင်မြင်မြင်ကယ်တင်ပြီးသွားပြီမို့လို့ နွမ်းနယ်ပင်ပန်းစွာဖြင့် မတ်တပ်ထရပ်လိုက်သည်။ ပြီးတာနဲ့သူမအိမ်ကို သူမပြန်ဖို့ပြင်တော့သည်။

ထိုအချိန်မှာပဲ ယန်ဇီ၏မိခင်က ကျောင်းရွယ်ယန်ရှေ့ပြေးကာ ဒူးထောက်လိုက်ပြီး
"ကျေးဇူးတင်ပါတယ်ရှင်။ ကျမရဲ့ဇီအာကို ကယ်တင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်"

ကျောင်းရွယ်ယန်လည်း အလန့်တကြားဖြင့်
"အမရယ်။ ဒီလိုမျိုးလုပ်ဖို့မလိုပါဘူးရှင်"

အခြားသောလူတွေကလည်း ကျောင်းရွယ်ယန်တို့အနီးသို့ တိုးလာကြသည်။
"အမရယ်။ လူတစ်ယောက်ကို ကယ်တင်တယ်ဆိုတာက ကျွန်မအတွက် အခွင့်အခါကြုံလို့ပါပဲ။ ဒါ့ကြောင့် ကျေးဇူးတင်ဖို့ မလိုပါဘူးရှင်"
လို့ပြောကာ လူအုပ်ကြီးကိုတိုးထွက်ပြီး သူမအိမ်ကိုသူမပြန်သွားတော့သည်။

ကျောင်းရွယ်ယန်ဟာ ဘာမျှပြန်မပြောပဲ ပြုံးရုံလေးသာပြုံးပြခဲ့၏။ ထို့နောက် မိုးပျံမျှော်စင်သို့ ပြန်သွားတော့သည်။
ယွမ်ရိဟာ ထိုနေရာလေးမှာပဲရပ်ရင်း ထွက်သွားပြီဖြစ်သည့် ကျောင်းရွယ်ယန်အား ပျောက်ကွယ်သွားသည်အထိကြည့်နေခဲ့၏။ ထို့နောက် ရေကန်ဘက်ကိုပြန်သွားလိုက်တော့သည်။
လူတချို့ဟာ ယွမ်ရိထံလာပြီး ချီးကျူးကြ၏။အဘယ့်ကြောင့်ဆိုသော် ယွမ်ရိကကျောင်းရွယ်ယန်ကို‌ အပြေးသွားခေါ်ခြင်းအား မြင်လိုက်ကြရလို့ပင်။

အခြားလူတွေကလည်း ဟိုတစ်စု ဒီတစ်စုဖြင့် ယန်ဇီ၏အသက်အန္တရာယ် ကြုံတွေ့ခါနီးအခြေအနေများကို စမြုပ်ပြန်နေကြတော့သည်။ ကံကောင်းစွာဖြင့်ယန်ဇီ၏အသက်အား ကယ်တင်နိုင်လိုက်ပေလို့သာပင်။

ယွမ်ရိလည်း ယွမ်ကျဲအနီးကိုသွားရင်း စပါးစည်းအားပြန်ကောက်ယူလိုက်သည်။ ထို့နောက်ညီအမနှစ်ယောက် ထိုနေရာကနေထွက်လာခဲ့ကြတော့သည်။

လမ်းမှာယွမ်ကျဲက
"အဒေါ်ကျောင်းက ကလေးမလေးကို ကယ်တင်နိုင်ဆိုတာကို အမဘယ်လိုသိတာလဲ"
ယွမ်ရိပြန်မဖြေခင်မှာပဲ ယွမ်ကျဲကသူမဘာသာသူမ ပြန်ဖြေလိုက်သည်။
ယွမ်ရိကဘာမှပြန်မပြောသေးပဲ စပါစစည်းတွေကိုသူ့နေရာနဲ့သူ ချထားလိုက်သည်။ ပြီးတာနဲ့ထမင်းပို့လာတုန်းက ယူလာသည့်ဝါးခြင်းတောင်းကို ကောက်ကိုင်လိုက်ကာ
"စကားတွေများမနေနဲ့တော့။ အိမ်ပြန်ကြရအောင်"
သူမတို့နှစ်ယောက်လည်း အိမ်ကိုတန်းပြန်လာခဲ့ကြတော့သည်။
အိမ်ကိုရောက်တာနဲ့ လျူရှင်းဟွာအားဝိုင်ကူကာ အလုပ်တွေလုပ်ပေးခဲ့ကြ၏။ ဝိုင်းကူလုပ်ပေးရင်းဖြင့် ဒီနေ့အဖြစ်အပျက်ကို ပြန်ပြောပြနေခဲ့သည်။
လျူရှင်းဟွာလည်း ယွမ်ရိနဲ့ယွမ်ကျဲပြောသမျှကို ရင်တထိတ်ထိတ်ဖြင့်‌ နားထောင်နေခဲ့သည်။ ဖြစ်စဉ်အစအဆုံး သိပြီးသွားသည့်နောက်မှာ
"တော်သေးတာပေါ့။ ယန်ဇီလေးလည်း သေကံမရောက်သက်မပျောက်ပေးလို့သာပဲ" လို့ ရင်ဘတ်ကိုလက်ဖြင့်ဖိ၍ရေရွတ်လိုက်၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Donde viven las historias. Descúbrelo ahora