Chapter 60

2.7K 262 0
                                    

Chapter 60.1
August 2, 2023 by Yamin Aung
အပိုင်း - ၆၀.၁

ယွမ်ရိသည် လင်းယောင်အနီးသို့ ဖြည်းညင်းစွာလျှောက်သွားလိုက်၏။ ပြီးတာနဲ့ လှပသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်ကာ
"နင်ငါ့ကိုလွမ်းနေလား"
ဟု မေးလိုက်တော့သည်။

"အင်း"
လင်းယောင်က မဆိုင်းမတွဘဲ အဖြေပြန်ပေးလိုက်၏။
"ငါ နင့်ကိုအရမ်းလွမ်းနေခဲ့တာ။ နင်သွားပြီးကတည်းက နေ့တိုင်း ဒီတောင်စောင်းလေးမှာ ထိုင်ရင်း နင်မြို့မှာအဆင်ပြေပါ့မလား။ နေလို့ထိုင်လို့ရော ကောင်းပါ့မလား၊ ဘယ်အချိန်မှများ နင်ပြန်လာမလဲစတဲ့အကြောင်းတွေကို ငါအမြဲတွေးဖြစ်တယ်"

လင်းယောင်၏စကားကြောင့် ယွမ်ရိရင်ထဲမှာ လုံးဝကြည်နူးသွားရ၏။

ထို့နောက် သူမက သူမလွယ်အိတ်အတွင်းမှ ချောကလက်တောင့်နှစ်တောင့်ကိုထုတ်ကာ လင်းယောင်ကို ပေးလိုက်ပြီး
"ရော့၊ ဒီချောကလက်က နင့်အတွက်ဆိုပြီး ငါဝယ်လာတာ။ အရမ်းစားကောင်းတယ် စားကြည့်"

ဒီခေတ်၊ ဒီကာလမှာ ချောကလက်ဆိုသည့်စားစရာက အရမ်းဈေးကြီးပါသည်။ တော်ရုံတန်ရုံဆို ဈေးကြီးပေးဝယ်စားသူရှား၏။ လင်းယောင်သည်လည်း ယခင်ကမြို့မှာ နေထိုင်ဖူး၍ ချောကလက်ကအရမ်းဈေးကြီးကြောင်း သိနေ၏။

ဒါ့ကြောင့် သူက ချောက်ကလက်နှစ်တောင့်လုံးကိုအကုန်မယူဘဲ တစ်တောင့်အား ယွမ်ရိကိုပြန်ပေးလိုက်ကာ
"အတူတူမျှစားကြတာပေါ့"
ဟု ပြောလိုက်တော့သည်။

ယွမ်ရိလည်း ပြောစရာမလိုသည့်နားလည်မှုတစ်ခုရှိနေသည့်အလား လင်းယောင် ပြန်ပေးသည့် ချောကလက်တစ်တောင့်အား ချက်ချင်းယူလိုက်၏။ ပြီးတာနဲ့ ဖောက်စားလိုက်တော့သည်။

တောင်စောင်းလေးပေါ်မှာ လူနှစ်ယောက်ထိုင်ရင်း ချောကလက်စားနေကြသည့် မြင်ကွင်းဟာ တကယ့်ကို ကြည်နူးဖွယ်ရာအတိပင်။ မတွေ့ရသည့် တစ်နှစ်နီးပါးကာလအတွင်း ဘာအရာမှ သိပ်ပြောင်းလဲတာမျိုး မရှိပေမယ့် တစ်ချို့‌တစ်လေကတော့ ပြောင်းလဲသွားကြ၏။

"ဒီနှစ်အတွင်း နင့်အရပ်ကြီး ပိုရှည်လာတယ်နော်"
ဟု ပြောလိုက်၏။

လင်းယောင်ကလည်း ခေါင်းညိတ်လိုက်ပြီးမှ
"အင်း၊ နင်ရော ပြောင်းလဲသွားတာဘဲ"
ဟု ပြန်ပြောလိုက်၏။

ထိုစကားကြောင့် ယွမ်ရိလည်း ထိုင်နေရာကနေ ခါးဆန်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်ကြည့်ကောင်းအောင် နည်းနည်းပါးပါးပြုပြင်လိုက်၏။ ပြီးမှ လင်းယောင်ကိုကြည့်ကာ
"ဟုတ်လား။ ဒါဆိုရင် ငါက ဘယ်နားများ ပြောင်းလဲသွားတာတုန်း"
ဟု ပြန်မေးလိုက်သည်။

လင်းယောင်လည်း ယွမ်ရိအား ဂရုတစိုက်ဖြင့် သေချာကြည့်လိုက်၏။
"နင်က အသားတွေပိုဖြူလာတယ်၊ အရပ်လည်း ပိုရှည်လာတယ်"

လင်းယောင်စကားကြောင့် ယွမ်ရိအလွန်ပျော်သွားတော့သည်။ သူမက ချောကလက်အား ကိုက်စားလိုက်ပြီး
"ငါက မြို့မှာတုန်းက တစ်နှစ်လုံး အခန်းထဲအောင်းနေတာ အပြင်သိပ်မထွက်ဘူးလေ။ ဒီတော့ နေရောင်နဲ့လည်း ထိတွေ့ရတာနည်းသွားတယ်။ ဒါ့ကြောင့်မို့လည်း ငါအသားတွေဖြူလာတာဖြစ်မယ်"

ယွမ်ရိစကားကြောင့် လင်းယောင်က အံ့ဩသလိုဖြစ်သွားပြီး
"အိုး၊ နင်က ကျောင်းမသွားဘူးလား"
ဟု ပြန်မေးလိုက်၏။

"ငါဟို‌ကိုရောက်တော့ စာသင်နှစ်က နှစ်ဝက်ကျိုးနေပြီ။ ဒီတော့ သင်ခန်းစာတွေက ငါနဲ့တော်တော်လေးအဆက်ပြတ်တာတွေဖြစ်ပြီး အခက်အခဲတွေ တွေ့လာတယ်လေ။ ဒါ့ကြောင့်မို့ ဒီစာသင်နှစ်ကို အိမ်မှာဘဲ စာတွေလေ့လာရင်း ကုန်ဆုံးခဲ့ပြီး နောက်နှစ်မှ ကျောင်းတက်တော့ဖို့ဘဲ စီစဉ်ဖြသ်သွားတယ်"
ဟု သူမ ကျောင်းမသွားရသည့်အကြောင်းအရင်းကို ရှင်းပြလိုက်၏။

လွန်ခဲ့သည့်ခြောက်လအတွင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စာတွေအပြန်အလှန်ပို့ပြီး အဆက်အသွယ်ရှိခဲ့ကြပေမယ့် ယခုကဲ့သို့ တွေ့ဆုံကြချိန်မှာလည်း ပြောစရာစကားတွေက မကုန်မခမ်းနိုင်ရှိနေကြသေး၏။

ယွမ်ရိကလည်း မြို့ပေါ်မှာ သူမကြုံခဲ့ရသည့်အဖြစ်အပျက်တစ်ခုချင်းစီကို အသေးစိတ်ပြောပြနေသကဲ့သို့ လင်းယောင်ကလည်း ယွမ်ရိပြောပြသည့်ဘအကြောင်းအရာမှန်သမျှအား အသေးစိတ်ကအစ သေချာအာရုံစိုက်၍ နားထောင်ပေးခဲ့သည်။

လင်းယောင်ကိုယ်၌ကတော့ ‌လွန်ခဲ့သည့်ခြောက်အတွင်း ဘာမှထူးထူးခြားခြားမရှိခဲ့၍ ယွမ်ရိအား ပြောစရာအကြောင်းများ သိပ်မရှိခဲ့ချေ။ ဒါ့ကြောင့်မို့လည်း ဘာစကားမှ မပြောခဲ့ဘဲ ယွမ်ရိပြောသမျှကိုသာ အာရုံစိုက်နားထောင်နေခဲ့ခြင်းဖြစ်ပေသည်။

ယွမ်ရိက လင်းယောင်ဘေးမှာ ချထားသည့်ပုလွေလေးကိုကြည့်ကာ

လင်းယောင်လည်း ခေါင်းညိတ်ကာ
"အင်း။ အရင်တုန်းက အဖေသင်ပေးထားလို့ နည်းနည်းပါးပါးတော့ မှုတ်တတ်တယ်"

ထိုအခါ ယွမ်ရိ၏ မျက်ဝန်းလေးတွေ တောက်ပသွားပြီး
"ငါ့ကို သီချင်းတစ်ပုဒ်လောက်မှုတ်ပြပါလား"
ဟု တောင်းဆိုလိုက်၏။

လင်းယောင်က မဆိုင်းမတွပင်
"ကောင်းပြီလေ"
ဟု ပြောရင်း ပုလွေအား ကောက်ကိုင်လိုက်တော့သည်။

ပြီးတာနဲ့နှုတ်ခမ်းလွှာအနီးသို့ တိုးကပ်ကာ စတင်တီးမှုတ်တော့သည်။

ချိုသာသည့်ပုလွေသံလေးဟာ တောင်စောင်တလျှောက်မှာ ပျံ့လွင့်လို့နေတော့သည်။
ယွမ်ရိသည်လည်း မျက်လုံးကိုစုံမှိတ်လို့ ပုလွေသံစဉ်အတွင်း နှစ်ဝင်ခံစားနားဆင်နေခဲ့၏။

တစ်ဖက်မှာတော့ ကျောင်းရွယ်ယန်ဟာ ယွမ်ချူးရွယ်၏ခြေထောက်မှ အ‌ရည်ကြည်ဖုများအား ဆေးသေချာလိမ်းပေး၍ ပတ်တီးဖြင့် စည်းနှောင်ပေးခဲ့သည်။ စည်းနှောင်ပေးနေရင်းဖြင့်
"ဒီဟာကို ရေမထိစေနဲ့နော်"
ဟု သတိပေးလိုက်၏။

ပတ်တီးစည်းနှောင်ပြီးသွားတော့ ယွမ်ချူးရွယ်ဟာ ဖိနှပ်စီးလိုက်ပြီး နှစ်လှမ်းသုံးလှမ်းခန့်လမ်းလျှောက်ကြည့်လိုက်၏။ မသက်မသာဖြစ်နေတာလုံးဝမရှိတာကို ခံစားလိုက်ရပြီးနောက် ဝမ်းသာအားရဖြစ်သွားကာ ကျောင်းရွယ်ယန်အား
"ကျေးဇူးအများကြီးတင်ပါတယ်အဒေါ်ရယ်"
ဟု ပြောလိုက်တော့သည်။
ယွမ်ကျဲကတော့ ယွမ်ရိ၏ပြန်လာပြီလားသိချင်၍ မိုးပျံမျှော်စင်အပြင်ဘက်သို့ မကြာခဏငေးကြည့်နေမိ၏။

သူတို့က ယွမ်ရိကိုစောင့်နေရင်းဖြင့် ကျောင်းရွယ်ယန်ဖြင့် ထွေရာလေးပါးစကားများကို ပြောဆိုနေခဲ့ကြ၏။

တစ်ခဏကြာအောင် စောင့်ပြီးသည့်နောက်မှာ မိုးပျံမျှော်စင်အပြင်ဘက်ကနေ ယွမ်ရိနဲ့လင်းယောင်တို့ပြန်လာကြတာကို သူတို့‌တွေ့လိုက်ရ၏။ ယွမ်ရိနဲ့လင်းယောင်တို့၏မျက်နှာပေါ်မှ ရွှင်လန်းနေသည့်အပြုံးပန်းများကိုလည်း သူတို့မြင်လိုက်ကြရ၏။

ကျောင်းရွယ်ယန်သည်လည်း သူမသားထံမှာ မမြင်မတွေ့တာကြာနေပြီဖြစ်သည့် အပြုံးပန်းများကို မြင်တွေ့လိုက်ရ၍ သူမရင်ထဲ အတိုင်းမသိကြည်နူးဝမ်းသာသွားရတော့သည်။
'နောက်ဆုံးမှာတော့ ငါ့သားလေး ပြန်ပြီးပြုံးပြုံးပျော်ပျော်ရှိလာပြီဘဲ'

ယွမ်ရိတို့ဟာ မိုးပျံမျှော်စင်မှာ အချိန်အကြာကြီးမနေခဲ့ကြဘဲ နှုတ်ဆက်ကာ မိုးပျံမျှော်စင်အပြင်သို့ ထွက်လာခဲ့ကြတော့သည်။

အပြင်ရောက်တော့ လင်းကျီယွမ်ပြန်လာတာနဲ့ကြုံ၍ ယဉ်ယဉ်ကျေးကျေးပြုံးပြ၍ နှုတ်ဆက်ခဲ့‌ကြသေး၏။
လင်းကျီယွမ်ဟာ ယွမ်ရိတို့အုပ်စုဖြင့်ပါသွားသည့် သူ့သားလင်းယောင်ကိုကြည့်ရင်း သူ့မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြစ်တည်လာရတော့သည်။
ထို့နောက် မိုးပျံမျှော်စင်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

မိုးပျံမျှော်စင်အတွင်းကိုရောက်တော့ ရေတစ်ခွက်ကို ခပ်သောက်လိုက်ပြီး သူ့မိန်းမအနီးမှာဝင်ထိုင်လိုက်၏။
"ရှောင်ရိနဲ့ရှောင်ကျဲတို့က တကယ့်ကို တတ်သိလိမ္မာတဲ့ကလေးမလေးနှစ်ယောက်ဘဲဟ။ မြို့ပေါ်ကိုတစ်နှစ်လောက် ရောက်သွားခဲ့တာတောင်မှ မြို့ရဲ့ခေတ်မှီတိုးတတ်တဲ့အရာတွေရဲ့ စွဲဆောင်မှုအောက်မှာ ကျရှုံးမသွားဘဲ ကျေးလက်မှာရှိတဲ့အဖိုးအဖွားတွေထံကို အလည်ပြန်လာဖို့ သတိရကြသေးတယ်လေ"

ကျောင်းရွယ်ယန်ကတော့ သူမရဲ့ဆေးသေတ္တာကိုပြန်သိမ်းနေသဖြင့် လင်းကျီယွမ်၏စကားအား အဖြေပြန်မပေးခဲ့ချေ။

လင်းကျီယွမ်က ဆက်လက်ပြီးတော့
"ဒီနေ့ ရှောင်ရိနဲ့ရှောင်ကျဲတို့ပြန်လာကြတာကြောင့် လင်းယောင်လည်း အရမ်းပျော်နေတယ်လေ။မင်း‌ကရော ဘာလို့များ မပျော်ရွှင်တဲ့ပုံပေါက်နေရတာတုန်း"
ဟု သူ့မိန်းမ၏မျက်နှာထားကိုအကဲခတ်လျက် မေးမြန်းလိုက်၏။
ထိုအခါ ကျောင်းရွယ်ယန်က ဆေးသေတ္တာအား ဘေးမှာချလိုက်ပြီး
"ဟုတ်တယ်၊ ငါတကယ့်ကို ပျော်ရွှင်မနေဘူး"
ဟု ပြန်ဖြေလိုက်၏။

လင်းကျီယွမ်က
'ဘာလို့မပျော်တာလဲ'
ဟုသော မေးခွန်းပါနေသည့် မျက်ဝန်းများဖြင့် သူ့မိန်းမကို ကြည့်လိုက်၏။

ကျောင်းရွယ်ယန်လည်း အသက်ခပ်ပြင်းပြင်းလေးရှုထုတ်လိုက်ပြီး
"ငါတို့ ဒီတောင်ပေါ်ကိုစပြောင်းလာကတည်းက လင်းယောင်က ‌ရုပ်သေးရုပ်တစ်ရုပ်လိုဘဲ၊ ရယ်မောပျော်ရွှင်တာတွေလုံးဝမရှိဘူး။ ယွမ်ရိနဲ့မတွေ့ခင်ထိပေါ့။ ယွမ်ရိနဲ့တွေ့ပြီးတဲ့နောက်မှ သူ့မျက်နှာပေါ်မှာ အပြုံးပန်းလေးတွေဖြစ်ပေါ်လာရတာ။ ဒါပေမဲ့ သူက ယွမ်ရိနဲ့တစ်သက်လုံးနေရမှာမဟုတ်ဘူးလေ။ ယွမ်ရိသာ မြို့ပေါ်ကိုပြန်သွားခဲ့ရင် လင်းယောင်အနေနဲ့အရင်လိုမျိုး အရယ်အပြုံးမရှိ၊ တစ်ယောက်တည်းနေတတ်တဲ့သူဖြစ်သွားမှာကို တွေးပူနေရတယ်ရှင်"
ဟု သူမစိုးရိမ်နေရသည့်အရာကို ထုတ်ပြောလိုက်တော့သည်။

လင်းကျီယွမ်လည်း ရုတ်တရက်တိတ်ဆိတ်သွားတော့သည်။
တစ်ခဏကြာမှ
"အဲ့‌တာတော့ဟုတ်တယ်။ ရှောင်ရိရဲ့အဖေက စစ်တပ်ကအရာရှိတစ်ဦးဆိုတော့ စစ်တပ်ထဲမှာဘဲ အနေများမှာ။ ဒီတော့ ယွမ်ရိအနေနဲ့လည်း ကျေးလက်ကို ခဏခဏပြန်လာခွင့်ရမှာမဟုတ်ဘူး။ ငါတို့ကလည်း မြို့ပေါ်ကို သွားလို့ကအခွင့်မသာသေးတော့ နောက်ပိုင်းတွေမှာ လင်းယောင်နဲ့ယွမ်ရိတို့တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ ခက်ခဲသွားနိုင်တယ်။ အဲ့ကျရင် လင်းယောင် ဘယ်လိုဖြစ်သွားမလဲ မသိဘူး"
ဟု သူ့သား၏ရှေ့ရေးကို ရင်မောသည့်ဟန်ဖြင့် ရေရွတ်လိုက်တော့သည်။

ကျောင်းရွယ်ယန်ဟာ အရမ်းနောင်တရနေသောလေသံဖြင့်
"လင်းယောင် ဒီလိုမျိုးပုံစံဖြစ်သွားရတာ ကျွန်မကြောင့်ဘဲ။ ကုန်လွန်ခဲ့တဲ့နှစ်တွေအတွင်း လင်းယောင်ကို ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ခိုင်းဘဲ တစ်ယောက်တည်းနေခိုင်းခဲ့မိတယ်။ ဒါ့ကြောင့်လည်း လင်းယောင်က သူနဲ့ရင်းနှီးတဲ့ ယွမ်ရိအပေါ်မှာ အရမ်းခင်တွယ်သွားခဲ့တာဘဲ"

လင်းကျီယွမ်ကလည်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်သောလေသံဖြင့်
"တကယ်တော့ အားလုံးဟာ ကိုယ့်အပြစ်ပါဘဲ။ ကိုယ့်ကြောင့်နဲ့မင်းတို့သားအမိနှစ်ယောက်ပါ တောင်ပေါ်ဒေသကို လိုက်လာခဲ့ပြီး ဆင်းရဲဒုက္ခကို ခံစားနေကြရတာ။ ကိုယ်သာ ဒီတောင်ပေါ်ကိုပြောင်းရွေ့မခံခဲ့ရရင် မင်းနဲ့လင်းယောင်လည်း ပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက်စရာ လိုမှာမဟုတ်သလို လင်းယောင်လည်း အခုလိုမျိုး ပုံစံဖြစ်သွားမှာမဟုတ်ဘူး"

တကယ်တော့ လင်းကျီယွမ်ဟာ တောင်ပေါ်ကိုပြောင်းရွေ့မလာခင် ကျောင်းရွယ်ယန်အား ကွာရှင်းပေးခဲ့ဖို့ဆုံးဖြတ်ထားခဲ့၏။ ထိုသို့ ဆုံးဖြတ်လိုက်တာဟာ မချစ်လို့မဟုတ်ဘဲ၊ ချစ်လွန်း၍ သူနဲ့အတူ ဆင်းရဲဒုက္ခများကို မခံစားစေလိုသဖြင့်ဖြစ်ပေသည်။

ဒါပေမယ့် ကျောင်းရွယ်ယန်ကတော့ လုံးဝကွာရှင်းမပေးဘဲ သူနဲ့အတူတူ တောင်ပေါ်ဒေသသို့ ရဲရဲဝံ့ဝံ့လိုက်လာခဲ့ပေသည်။

"ကဲပါ၊ နောင်တရစရာအကြောင်းတွေကို ပြန်တွေးမနေပါနဲ့တော့။ အရာရာက ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ဘဲ သတ်မှတ်လိုက်ပါ"
ဟု ပြောလိုက်တော့သည်။

ထို့နောက် သူမက မီးဖိုချောင်အတွင်းဝင်သွားရင်းဖြင့်
"မနက်ဖြန်ဆိုရင် နွေဦးပွဲတော်ရောက်ပြီ။ နွေ‌ပွဲတော်မှာစားဖို့အတွက် မုန့်တချို့လုပ်မလို့။ ကျွန်မကို ဝိုင်းကူပါဦး"
ဟု သူမယောက်ျားအား ပြောလိုက်တော့သည်။
တစ်ဖက်မှာတော့ ယွမ်ရိက လင်းယောင်အား ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်၊ ယွမ်ချူးရွယ်တို့ဖြင့် မိတ်ဆက်ပေးခဲ့၏။ လင်းယောင်ဟာ ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်တို့ဖြင့် တစ်ခဏအတွင်းရင်းနှီးသွားခဲ့၏။

လင်းယောင်ဟာ လူမှုဆက်‌ဆံ‌ရေးခေါင်းပါးတာမျိုးမဟုတ်ဘဲ အဆက်အဆံမလုပ်လို၍သာ တစ်ယောက်တည်းနေခဲ့ခြင်းသည်။
လင်းယောင်အတွက် ဤနေ့ဟာ နှစ်တစ်နှစ်၏အလွန်ပျော်ရွှင်ရသော နေ့လေးတစ်နေ့ဖြစ်ပေသည်။

ညနေခင်းသူအိမ်ပြန်ရောက်သည့်အခါ အလွန်ပျော်ရွှင်နေ၍ သူ့မိဘများဖြင့်ပင် စကားတွေအများကြီးပြောခဲ့သေး၏။

ကျောင်းရွယ်ယန်သည်လည်း သူ့သား၏အတိုင်းမသိပျော်ရွှင်နေသည့်ပုံစံကိုမြင်တွေ့လိုက်ရ‌တာကြောင့် သူမ၏စိုးရိမ်စိတ်တွေ လျော့ကျသွားရတော့သည်။

ယွမ်ရိတို့ဖက်မှာတော့ ယွမ်ချီကျီဟာ တောင်ပေါ်ကရွာတွေအနှံ့ ဝတ်စုံတွေလိုက်လံချုပ်လုပ်ပေးနေရာကနေ ပြန်ရောက်လာပြီဖြစ်သည်။
သူမဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့ကိုတွေ့တော့ ဝမ်းသာအားရဖြစ်သွားကာ ပွေ့ဖက်လိုက်၏။
သူမက ပြုံးလိုက်ပြီး သူ့တူမနှစ်ယောက်အား ခေါင်းအစခြေအဆုံး သေချာကြည့်လိုက်ပြီး
"မြို့မှာနေတာဘယ်လောက်မှတောင်မကြာသေးဘူး။ ငါ့တူမနှစ်ယောက်လုံး ပိုချော၊ ပိုလှပြီး အသားတွေလည်း ဖွေးလာကြပါလားဟယ်"
ဟု ချီးမွမ်းလိုက်၏။

ယွမ်ကျဲက သူမမျက်နှာကိုယ်သူမအသာထိတွေ့လိုက်ကာ
"တကယ်ကြီး အသားဖွေးလာတာလား"
ဟု စပ်ဖြဲဖြဲဖြင့်ပြန်‌မေးလိုက်သည်။

ယွမ်ချီကျီက ခေါင်းညိတ်ပြကာ
"အမှန်ပြောတာ။ ငါ့တူမကြီးနှစ်ယောက်လုံး အသားတွေတကယ်ဖွေးလာကြတာ။ အထူးသဖြင့် ရှောင်ရိဘဲ။ အရင်တုန်းကထက်စာရင် အသားတွေသိသိသာသာကိုဖြူဖွေးလာတာ"

ထိုအချိန်မှာဘဲ ယွမ်ချူးရွယ်က
ဟု ဝင်ပြောလိုက်၏။

ထိုအခါကျမှဘဲ ယွမ်ချီကျီဟာ ယွမ်ရိနဲ့ယွမ်ကျဲတို့အပြင် အိမ်မှာနောက်ထပ်လူသုံးယောက်လည်း ရှိနေသေးတာကို သတိထားမိလိုက်တော့သည်။

ယွမ်ရိလည်း ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်တို့အား ယွမ်ချီကျီဖြင့် သေချာလေးမိတ်ဆက်ပေးလိုက်၏။ ချက်ချင်းပဲ ယွမ်ချီကျီဟာ သူ့တူတွေတူမအသစ်တွေဖြင့် ရင်းနှီးသွားခဲ့၏။
သူတို့တွေအကုန်လုံးရင်းနှီးသွားကြပြီဖြစ်၍ ညစာစားကြသည့်အခါ တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းဖြစ်မနေတော့ဘဲ ညစာစားပွဲ‌လေးဟာ မနေ့ကထက်ပို၍ အသက်ဝင်နေခဲ့သည်။

ယွမ်ချီကျီက ညစာစားနေရင်းဖြင့်
ဟု ယွမ်ချန်းရှန်အား စကားစလိုက်၏။

ယွမ်ချန်းရှန်က နှာခေါင်းရှုံ့ရင်းဖြင့်
"စားစရာရှိတာကို ‌အာရုံစိုက်ပြီးစားကြပါ"
ဟု ပြောလိုက်သည်။

သူ့ဘေးမှ သူ့မိန်းမချန်ခွန်းကတော့ ရှက်ပြုံးလေးဆင်မြန်းလျက် ယွမ်ချန်းရှန်၏လက်မောင်းကို အသာရိုက်လိုက်၏။
သူတို့နှစ်ယောက်ဟာ အိမ်ထောင်ကျတာ တစ်နှစ်ပြည့်ပြီးဖြစ်ပေမယ့် သားသမီးတော့မထွန်းကားကြသေးချေ။

သူတို့မိသားစုဟာ ညစာစားပြီးသည်နောက်မှာ တစ်ယောက်နဲ့တစ်ယောက် ဟို‌အကြောင်းဒီအကြောင်းထွေရာလေးပါးစကားတွေ ပြောဆိုခဲ့ကြ၏။
တော်တော်လေးမိုးချုပ်လာသည့်နောက်မှာတော့ ယွမ်ချီကျီဟာ ယွမ်ရိ၊ ယွမ်ကျဲ၊ ရဲ့ဖန်၊ ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်တို့ကိုခေါ်ကာ ရွှေသရဖူရွာသို့ ပြန်လာခဲ့ကြတော့သည်။
အပ်ချုပ်ဆိုင်(အဖိုးဆောင်း၏အိမ်အဟောင်းအစား အပ်ချုပ်ဆိုင်လို့ပြောင်းသုံးသွားပါ့မယ်ဗျ)ကိုရောက်တော့ သူမက ရဲ့ဖန်နဲ့ယွမ်ဟောင်ဂျန်တို့အား ယခင်နေ့ကအတိုင်း တစ်ခန်းတည်းအိပ်စေ၏။

သူမကတော့ ယွမ်ရိ၊ ယွမ်ကျဲ၊ ယွမ်ချူးရွယ်တို့ဖြင့် ပေါင်းအိပ်လိုက်တော့သည်။
သူမတို့ဟာ အခန်းထဲရောက်တာတောင် တန်းမအိပ်ကြသေးဘဲ စကားတွေပြောနေခဲ့ကြသေး၏။ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့သုံးယောက်ဟာ ယွမ်ချီကျီအား မြို့နဲ့ပတ်သက်သည့်အကြောင်းအရာတွေကို ပြောပြနေခဲ့ကြ၏။ ယွမ်ချီကျီသည်လည်း သူ့တူမသုံးယောက်ပြောသမျှအား စိတ်ဝင်တစားဖြင့် နားထောင်ပေးနေခဲ့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now