Chapter 113.1

1.8K 143 0
                                    

အပိုင်း - ၁၁၃.၁
ရှဲ့သုန့်ရန်နှင့်ဝမ်ရှောင်တို့ လက်ထပ်ပွဲက တစ်ပတ်အကြာမှာ ကျင်းပလေသည်။
ယွမ်ရိနဲ့လင်းယောာင်တို့ကိုလည်း ဖိတ်ထားတာကြောင့် နှစ်ယောက်သား ခမ်းနားစွာ ပြင်ဆင်ထားသည့် ဟောခန်းကြီးထဲ ဝမ်ရှောင်ထွက်လာမည့်အချိန်ကို စောင့်နေလိုက်ကြလေသည်။

ဝမ်ရှောင် ထွက်ပေါ်လာသည်နှင့် အလင်းက တစ်ချိန်တည်း သူမဆီရောက်သွားကာ ဟောခန်းကြီးထဲ "ဝိုး"ဆိုသော အံ့အားသင့်သည့်အသံတွေကိုသာ ကြားလိုက်ရလေတော့သည်။

ပန်းပွင့်တွေကြားထဲကနေ မြေပြင်ပေါ် လှပသိမ်မွေ့စွာ ယိမ်းနွဲ့နေသည့် ချည်မျှင်လေးတစ်ခုအလား နတ်သမီးလေးတစ်ပါးနှယ် ထွက်ပေါ်လာခဲ့လေ၏။

ဝမ်ရှောင်​၏ လက်ထပ်ပွဲမှာ နဂိုကတည်းက သူမကအဆိုတော်တစ်ယောက်ဖြစ်တာကြောင့် သတင်းစာ စာမျက်နှာတွေမှာပါ ပါတာမလို့ ခမ်းနားစွာကျင်းပထားလေသည်။ ဝမ်ရှောင်၏ဝတ်စုံဆိုတာလည်း ဤ မင်္ဂလာဆောင်၏ အဓိကပြယုဂ် ဖြစ်လာလေသည်။

သာမန်လူတွေကတော့ ဒါကိုဘယ်သူလုပ်တယ် ဘယ်ကလာတယ် ဂရုမစိုက်လောက်ပေ။ ဒီအတိုင်းလှလိုက်တာလောက်ပဲ ရှိချေမည်။
ဝမ်ရှောင့်ဝတ်စုံကို ပြီးသည်နှင့် ယွမ်ရိကိုယ်တိုင်လည်း အဲ့လောက်ထိအော်ဒါတွေပုံပြီး ရလာမယ်လို့ ထင်မထားခဲ့ပေ။ သူမကိုယ်တိုင်လည်း ဒီနယ်ပယ်မှာ မင်္ဂလာဝတ်စုံကို အဲ့လောက်ထိ ပိုက်ဆံတွေသုံးလိမ့်မည်ဟု ထင်မထားတာကြောင့်လည်း ပါလိမ့်မည်။

သူမ ဝမ်ရှောင့်အတွက် ချုပ်ပေးခဲ့သည်ဆိုတာက ရှဲ့သုန့်ရန်နှင့်သူမက ရင်းနှီးလို့သာ။
ဘယ်လိုဖြစ်‌စေ တစ်ပတ်အကြာမှာတော့ ဝမ်ရှောင်ဟွေ့က သူမကို နောက်တစ်နေ့ နေ့လယ်ကျ နောက်ထပ်တွေ့စရာရှိကြောင်း၊ ဧည့်သည်တစ်ယောက်ပါ ခေါ်လာကြောင်းနှင့် ထိုဧည့်သည်က စုရဲ့ဖြစ်ပြီး သူမတို့အဆို‌တော်အဖွဲ့၏ အဓိကလူဖြစ်ကြောင်းပါ ပြောလာလေသည်။

ယွမ်ရိလည်း ဝမ်ရှောင်နှင့်စုရဲ့တို့ကို ရုံးခန်းထဲ ဖိန်ခေါ်ကာ ဧည့်ခံလိုက်လေသည်။

ခဏအကြာမှာတော့ ယွမ်ရိ စုရဲ့ကို မေးလိုက်လေသည်။ "မိန်းကလေးရော ဝတ်စုံတစ်စုံများ အပ်ချင်လို့လားမသိဘူး?"

စုရဲ့နှင့်ဝမ်ရှောင်ဆိုတာ လုံးဝကို စတိုင်ပိုင်းက ကွာခြားကြလေသည်။ ဝမ်ရှောင်က ချိုသာကာနူးညံ့သည့်ပုံပေါက်ပေမဲ့ တစ်ဖက်က စုရဲ့ကတော့ပြတ်သားကာ ကြော့မော့သည့်ပုံပေါက်လေသည်။ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုရင်လည်း စုရဲ့က ပိုဇီဇာကြောင်ကာ ပိုလည်း ဂျီးများလေသည်။

အထူးသဖြင့် အလွန်ထူးခြားကာ လှပသည့်အရာမျိုးတွေဆိုလျှင် ဖြစ်လေသည်။
ယွမ်ရိကို သူမက ပြန်ပြောလာလေသည်။
"ဟုတ်ပါတယ်၊ ကျွန်မလည်း ရှောင်ရှောင်ကို ဒီပဲ ခေါ်လာဖို့ပြောခဲ့လိုက်တာ ဒီဘက်က ရှောင်ရှောင့်အတွက် လုပ်ပေးထားတဲ့ ဝတ်စုံကိုကြည့်ပြီးတော့လေ။"

ယွမ်ရိလည်း သူမကို ခုလိုအသိအမှတ်ပြုပေးတာကြောင့် ခေါင်းညိတ်ကာ ကျေးဇူးတင်လိုက်ပြီး မေးလာလေသည်။
"ဒါနဲ့ ဘယ်‌နေရာမှာများ ဝတ်ချင်တာလဲရှင့်?"

သူမအတွက် လူတစ်ယောက်ချင်းစီနှင့် သူတို့သွားမည့်နေရာတွေကို မူတည်ပြီး အဝတ်အစားတစ်ခု ဖန်တီးရတာမလို့ ထိုအချက်တွေအားလုံး သိထားဖို့လိုသည်လေ။ အဝတ်အစားတွေဆိုတာ ဒီအတိုင်း ဝတ်စရာတစ်ခုသက်သက်သာ မဟုတ်ပေ။ လိုက်ဖက်တဲ့အဝတ်ကသာ ကိုယ့်ကို ပိုယုံကြည်မှုရှိစေတာဖြစ်လေသည်။

စုရဲ့သူမကို ပြန်ဖြေလိုက်လေသည်။
"ပွဲတစ်ခု အတွက်ပါ။ ကျွန်မ ဒီနှစ်ရဲ့ နွေဦးပွဲတော် Gala တက်ဖို့ ရှိလို့ပါ"

ယွမ်ရိ ကြောင်သွားတော့သည်- နွေဦးပွဲတော် Gala?

စုရဲ့ သူမ၏ အံ့အားသင့်နေပုံကို ကြည့်လိုက်ကာ ပြုံးလိုက်ပြီး "တစ်ခုခု မှားသွားလို့လားဟင်? တစ်ခုခုခက်ခဲတာများ ရှိလို့လား?"

ယွမ်ရိ အလျင်အမြန် ပြန်ပြောလာလေသည်။
"မဟုတ် မဟုတ်ပါဘူး၊ ကျွန်မကိုယ်တိုင်လည်း ဒီလိုထူးခြားပြီးလှပတဲ့ အရာတွေကို ကြိုက်တော့လေ၊ မဟုတ်ရင် ဒီလိုအဝတ်အစားထုတ်လုပ်တဲ့ နယ်ပယ်ဘက်ဒီလောက် စိတ်အားထက်သန်မိမှာတောင်မဟုတ်ဘူး တကယ်ပါ။ အခုက ကျွန်မကို ဒီလို ဝတ်စုံမျိုးဖန်တီးပေးဖို့ မိန်းကလေးဘက်က ဆုံးဖြတ်ပေးတာနဲ့တင် အကောင်းဆုံးဝတ်စုံ ဖြစ်လာအောင် လုပ်ပေးပါ့မယ်ရှင့်။"

စုရဲ့လည်း ပြုံးလိုက်ကာ ပြန်ပြောလာလေသည်။
"ကျွန်မလည်း ရှောင်ရှောင့်ဆီက ကြားထားပါတယ်၊ ရှင့်မှာမတူညီတဲ့ စတိုင်နဲ့ဝတ်စုံတွေက အလုပ်နေရာမှာတင် ရှိတယ်ဆို။ ကျွန်မတစ်ချက်လောက် ကြည့်လိုရမလား?"

ယွမ်ရိလည်း သူတို့ကို စတူဒီယိုထဲက အန်တီချင်အလုပ်လုပ်တဲ့နေရာဆီ ခေါ်လာခဲ့လိုက်လေသည်။ စုရဲ့လည်း အန်တီချင် ပန်းထိုးနေသည့်ကိုကြည့်ရင်း မျောပါသွားတော့သည်။ ဘေးမှာ မတ်တတ်ရပ်နေရင်း အတန်ကြာကြည့်နေကာ နောက်မှပြောလာလေသည်။ "ဒါက တကယ်ကို လှပတာပဲ"

အန်တီချင် အနောက်ကို လှည့်ကြည့်လိုက်ကာ အပြုံးလေးနှင့် ပြောလာလေသည်။
"ဒီဘက်ကသူလည်း အရမ်းတွေ လှနေပါတယ်နော်"

ပြောပြီးကာမှ သူမကိုသူမ အရမ်းစိတ်လှုပ်ရှားနေမှန်း သိလိုက်ကာ မေးလာလေသည်။
"ဒါနဲ့ အဆိုတော်လား မသိဘူး? နာမည်က ဘယ်သူပါလိမ့်?"

စုရဲ့ သူမကို ပြုံးကြည့်လိုက်ကာ
"ကျွန်မနာမည်က စုရဲ့ပါရှင့်။ တွေ့ရတာဝမ်းသာပါတယ်ရှင့်။"

အန်တီချင် မတ်တတ်ရပ်လိုက်ကာ "ဒါဆို ဒီကို ဝတ်စုံချုပ်ဖို့ လာတာလားမသိဘူး?"
စုရဲ့ ခေါင်းညိတ်ပြလိုက်ကာ
"ပွဲတစ်ခုအတွက် လာတာပါ"
အန်တီချင်ကြည့်ရတာ စိတ်လှုပ်ရှားနေပုံ ပေါ်နေပြီး စုရဲ့နဲ့ သိပ်စကားပြောမနေတော့ပေ။
"အဲ့ဒါဆို ဂရုစိုက်ပေးပါဦးရှင့်"

စုရဲ့လျှောက်ကြည့်ရင်း သူမစိတ်ကြိုက် စတိုင်တချို့ကိုပါ ပြောပြခဲ့လိုက်လေသည်။ သူတို့ ရုံးထဲကိုရောက်တာနဲ့ ယွမ်ရိကို ပြောလာလေသည်။
"ကျွန်မ ဒီလို အရောင်သုံးထားပုံကို သဘောကျလိုက်တာ။ ဒီလိုမျိုးက စင်ပေါ်မှာဆို ပိုထင်းနေမယ်ထင်တယ်။ အဲ့လိုလေး လုပ်ပေးလို့ရမလား"

ယွမ်ရိခေါင်းညိတ်ပြလိုက်ကာ
"အဲ့ဒါဆို ပုံကြမ်းတချို့ဆွဲကြည့်လိုက်မယ်လေ။ အချိန်ယူပြီး သေချာကြည့်,ကြည့်လိုက်ပါနော်။ အစီအစဉ်အလိုက်ပြီးတာနဲ့ စချုပ်ကြည့်လိုက်မယ်လေ။"

စုရဲ့ မေးကြည့်လိုက်သည်။ "ဒါဆို ဘယ်တော့လောက် စဆွဲမှာလဲ?"
"မနက်ဖြန်လောက် စဆွဲလို့ရပါတယ် ဒါပေမယ့်မိန်းကလေးစုမှာ အချိန်ရှိမရှိအရင် ကြည့်ကြတာပေါ့။"

စုရဲ့က အခုဆို ယွမ်ရိထက်တောင် ပိုစိတ်ပူနေသေးသည်။
"အခုတလော အချိန်လည်း ရနေတာဆိုတော့ မနက်ဖြန်ဆို လာကြည့်လိုက်မယ်နော်"

ယွမ်ရိသူမကို ကြည့်ကာ တစ်ချက်ရယ်လိုက်ရင်း "အိုခေ၊ ဒါဆို မနက်ဖြန် စောင့်နေမယ်နော်"
ပြောပြီးတာနဲ့ စုရဲ့နှင့်ဝမ်ရှောင်တို့ ပြန်ဖို့အသင့်ပြင်နေကြလေသည်။

မပြန်ခင်လေးမှာပဲ ယွမ်ရိက ဝမ်ရှောင်လက်ကိုဆွဲကာ
"ကျေးဇူးပဲနော်။ တကယ်ပါ ဒီလိုမျိုး စီးပွားရေးဖက်ပါလာပြီး မိတ်ဆက်ပေးလို့"

ဝမ်ရှောင်လည်း ပြန်ပြုံးပြလိုက်ပြီး
"ဒါက မိတ်ဆက်ပေးတယ်ရယ်လို့လည်း မဟုတ်ပါဘူးနော်။ ရှင့်ရဲ့အဝတ်အစားတွေကိုက လူတိုင်းသဘောကျချင်စရာဖြစ်နေတာလေ။ သူကိုယ်တိုင်ကိုက ဒီကို အတင်းခေါ်လာခိုင်းနေခဲ့တာ။နောက်ဆုံးတော့ ရှင်ကိုယ်တိုင်ကိုက သူဌေးမကြီးပါနော်"

ယွမ်ရိလည်း ပြုံးလိုက်ကာ
"အဲ့‌လောက်လည်း မဟုတ်ပါဘူး။ ငါက ဒီအတိုင်းစက်ချုပ်သမားလေးပါ"

ဝမ်ရှောင်က"ငါတော့ ဒီလောက် လုပ်နိုင်စွမ်းရှိတဲ့ စက်ချုပ်သမားမျိုး မမြင်ဖူးသေး‌ပေါင်"
ဟု စနောက်သည့်ဟန်လေးဖြင့် ပြန်ပြောလိုက်လေသည်။

နှစ်ယောက်သား ခဏလောက်စကားပြောပြီးတာနှင့် ဝမ်ရှောင်လည်း လက်ပြကာ စုရဲ့နှင့်အတူပြန်သွားလေသည်။
ယွမ်ရိနဲ့ချန်နော်တို့ အောက်လှေကားနားအထိ သူတို့ကိုလိုက်ပို့ကာ ပြန်လာခဲ့ကြလေသည်။

ပြန်ရောက်ရောင်ချင်း ယွမ်ရိက စတူဒီယိုထဲ ချက်ချင်းဝင်သွားကာ စုရဲ့၏အကြိုက်ဆုံးစတိုင်ကိုကြည့်ကာ ပုံဆွဲသည့်ဘောင်ရှေ့ထိုင်၍ ဘောပင်ကို တန်းကောက်ကိုင်လိုက်လေတော့သည်။
ဘောပင်၏ထိပ်ဖျားက ဆက်တိုက်ထိနေပြီး စာရွက်သံတဖြတ်ဖြတ်ကို ကြားနေရလေသည်။

ယွမ်ရိ နောက်ဆုံးပုံကြမ်းကို ဆွဲပြီးသွားချေပြီ။ နောက်တစ်နေ့ နေ့ခင်းမှာတော့ ပုံကြမ်းစုစုပေါင်း ၅ ခုကို စုရဲ့မလာခင် ဆွဲပြီးသွားလေသည်။ စုရဲ့ကို ရောက်ရောက်ချင်း ရုံးခန်းထဲမှာပဲ ပုံကြမ်းတွေကိုပြလိုက်ရာ စုရဲ့ သဘောကျနေတော့သည်။

စုရဲ့ ထိုပုံကြမ်းတွေကို အလွန်သဘောကျနေပြီး ပြောလာလေသည်။ "ဒါတွေအကုန်လုံး ကျွန်မအကြိုက်နဲ့ တစ်ထပ်တည်းပဲရှင်။"

ယွမ်ရိလည်း ပျော်သွားကာ
"မိန်းကလေးစု ဒီထဲကတစ်ခုကို ရွေးလို့ရပါတယ် မဟုတ်လည်း တခြားစိတ်ကူးများ ရှိသေးလား? တစ်ခုခုများရှိသေးရင် ကျွန်မတို့လုပ်လို့ရအောင် ပြောပြလို့ရတယ်ရှင့်။ တကယ်လို့ သဘောကျတယ်ဆိုရင် အခုပဲ ကျွန်မစလိုက်တော့မယ်ရှင့်"
စုရဲ့မှာ တခြားအတွေးတော့မရှိပေ။ ဒါပေမယ့် သူ့အတွေးတချို့က ဒီ ဒီဇိုင်း ငါးခုလုံးက အသေးစိတ်လေးတွေကို ဆက်ထားလိုက်သလိုပင်။ ယွမ်ရိ သူမအတွေးတွေကို နားထောင်လိုက်ကာ ပြောလာလေသည်။ "အဲ့ဒါက အရမ်း ရှုပ်ထွေးလွန်းနေမယ် ထင်တာပဲ၊ မဟုတ်ဘူးလား?"

သူမလည်း ပြန်ပြောင်းကာ ပြောလာလေသည်။
"အင်း အဲ့လိုပေါင်းပစ်ဖို့ကလည်း မသင့်တော်သလိုပဲ။ နည်းနည်း ထူးဆန်းနေသလားလို့"

နောက်ဆုံးမှာတော့ ယွမ်ရိ နဂိုပုံကြမ်းတွေထဲကတစ်ခုကိုပဲ ရွေးလိုက်လေသည်။
ပုံမှန်ဆို ယွမ်ရိ ဘာမှ သိပ်မပြောတတ်ပေ။ သူကြိုက်တာ သူကြိုက်တာပင်။ သူသေချာပြီဆိုတာနဲ့ သူမ၏အချိုးအစားတွေကို တိုင်းထားလိုက်လေသည်။ နောက်ဆုံး တိုင်းတာပြီးတဲ့နောက်မှာတော့ ပြောလာလေသည်။
"အဲ့ဒါဆို ကျွန်မပထမဆုံး အကြမ်းထည်တစ်ခုလုပ်ချင်လိုက်မယ်လေ။ ဝတ်ကြည့်ပြီးကာမှ တစ်ခုခုမှားနေတယ်ထင်ရင် လဲကြည့်ကြတာပေါ့"

စုရဲ့ စိတ်တိုင်းကျသွားကာ ပြောလာလေသည်။
"ပြီးသွားရင် ကျွန်မကိုခေါ်လိုက်ပါ။ လာပြီး စမ်းဝတ်ကြည့်မယ်လေနော်"
အဘယ်ကြောင့်ဆိုသော် စုရဲ့အကြိုက်ဝတ်စုံအတွက် စက်ရုံဘက်ကပြင်ဆင်ဖို့ကို ဘာမှမလိုပေမဲ့ ဤဝတ်စုံ၏ အဓိကအချက်က မိမိုက်စွာချုပ်ထားသည့်ပုံနှင့် စတိုင်ရယ်၊ အရောင်ဆက်ပုံရယ်တို့သာ ဖြစ်လေသည်။ ပြီးတော့ ထုတ်လုပ်ဖို့အချိန်က ဝမ်ရှောင်နှင့်မတူ အချိန်က သိပ်မရပေ။

ယွမ်ရိဘက်က ပြီးသည်နှင့် စုရဲ့ချက်ချင်းလာဝတ်ကြည့်ကာ တခြားလိုအပ်သည့် အသေးစိတ်အချက်လေးတချို့ကို ထောက်ပြသွားကာ နောက်ထပ်ပြင်ဆင်မှုလေးတွေ လုပ်လိုက်ကြလေသည်။
စုရဲ့ဆီက သေချာပြီဆိုမှ တရားဝင်ဝတ်စုံကို စချုပ်လေသည်။

စုရဲ့က သူမ၏ဤဝတ်စုံနှင့်ပတ်သက်ပြီး သေချာအာရုံစိုက်ထားလေသည်။ သူ့မှာ တခြားလုပ်စရာမရှိရင် ယွမ်ရိဆီလာကာ ကြည့်နေတတ်သေးသည်။ ဤသည်မှာနောက်ဆုံး အဆုံးသတ်ဝတ်စုံ ပြီးသွားသည် အထိပင်။

သူဝတ်စုံကို ယူကာ ပြန်ဖို့ပြင်နေရင်း ယွမ်ရိကို ပြောလာလေသည်။
"ဒီလိုပွဲတွေဆို နောက်ကျ ရှင့်ဆီပဲလာပြီး အပ်မယ်နော် အိုခေ? ဝမ်ရှောင် ပြောတာတော့ ရှင်ကဆရာကြီးဆို?  တခြားသူတွေအတွက် ချုပ်ပေးရတာ လွယ်တာမှမဟုတ်ကာ အခုတော့ ကျွန်မ သူပြောချင်တာသိပြီ ထင်တာပဲ။"

ဝမ်ရှောင် သူမကို မြှောက်ပေးထားတာကို ကျေးဇူးတင်ရမည်။ ယွမ်ရိလည်း ပြုံးပြကာ
"ဟုတ်ကဲ့၊ တခြားလူတွေလည်း ချုပ်နိုင်ကြမှာပါ မြှောက်နေပြန်ပြပြီ။ ကျွန်မတို့က ဒီအတိုင်း ဖက်ရှင် ကုမ္ပဏီပါပဲ။"

စုရဲ့ ထပ်မေးလာလေသည်။
"ကျွန်မတို့နယ်ပယ်က တခြားအဆိုတော်ရော လာလို့ရလား?"
ယွမ်ရိလည်း ခေါင်းညိတ်ပြလိုက်ကာ
"ဟုတ်ကဲ့ အဆင်ပြေပါတယ်"

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Donde viven las historias. Descúbrelo ahora