Chapter 89.2

2.3K 215 0
                                    


အပိုင်း-၈၉.၂

ယွမ်ရိဟာ ယွမ်ကျဲနဲ့အတူ မြို့ထဲကိုကိုလျှောက်လည်သည့်အခါမျိုးတွင် အလကားသပ်သပ်လည်ပတ်ရုံတင်မဟုတ်ဘဲ အိမ်ဝန်းခြံဝန်းများကိုပါ လေ့လာကြည့်ရှူခဲ့သသည်။

သူမက နောင်ထပ်ခြံဝန်းတစ်ဝန်းထပ်ဝယ်ရန်အတွက်လည်း ငွေကိုလျာထားခဲ့သည်။

ထိုသို့ခြံဝန်းဝယ်မည့်အကြောင်းကိုလည်း သူမမိသားစုထံဖုံးကွယ်ထားခြင်း မလုပ်ခဲ့ချေ။

ယွမ်ချီကျီနဲ့အခြားသူများက ယွမ်ရိအား

"ဘာလို့ ခြံဝန်းတွေကို ထပ်ဝယ်ချင်နေရတာလဲ"

ဟု မေးမြန်းကြသည်။

သူတို့ဟာ ယွမ်ရိအနေနဲ့ မြို့အတွက်းမှာ ခြံဝန်းတစ်ခုကိုထပ်ဝယ်လိုပါက နားလည်နိုင်ပေမယ့် ယွမ်ရိက မြို့စွန်မှာဘဲ ခြံဝန်းကိုဝယ်ယူလိုနေသဖြင့် နားမလည်နိုင်ဖြစ်ကာ မေးမြန်းလိုက်ကြခြင်းဖြစ်သည်။

ယွမ်ရိကပြုံးလိုက်ပြီး "ဘာလို့လဲဆိုတော့ ဒီလိုမြို့စွန်မှာရှိတဲ့အိမ်ဝန်းတွေက မြို့တွင်းမှာရှိတာတွေထပ်ပိုပြီးတော့ ဈေးချိုတယ်လေ။ပြီးတော့ မြို့က ဒီလိုပုံသေကြီးဘဲ ဆက်သွားနေမှာမှမဟုတ်တာ။‌ဘာပြောကောင်းမလဲ နောက်ကျရင် သမီးတို့နေတဲ့နေရာကလည်း မြို့စွန်မဟုတ်တော့ဘဲ မြို့အတွင်းပိုင်းကျသွားနိုင်တာဘဲ။အဲ့ကျရင် အိမ်ဝန်းတွေရဲ့ဈေးက ပိုကြီးသွားမှာ။တကယ်လို့ အိမ်ဝန်းတွေကို ပြန်မရောင်းချင်ဘူးဆိုရင်လည်း အဖိုး၊အဖွားတို့လာတဲ့အခါကျရင် နေစရာပိုရတာပေါ့"

ဟု ရှင်းပြလိုက်သည်။

ထိုအခါမှ ယွမ်ချီကျီတို့လည်း ခေါင်းတညိတ်ညိတ်ဖြင့် နားလည်သွားကြတော့သည်။

မြို့စွန်တွင် အိမ်ရောင်းချင်သည့်သူတွေကအရမ်းများသည်။

ဒါ့ကြောင့် ယွမ်ရိဟာ သူ့မစိတ်တိုင်းကျတော့ အိမ်ဝန်းသုံးဝန်းအား ယွမ်ငွေ၂၅၀၀၀ဖြင့် ဝယ်ယူလိုက်၏။

အိမ်ဝန်းသုံးဝန်းဝယ်ယူပြီးသည့်နောက်မှာ ယွမ်ရိဟာ အိမ်ထဲမှာဘဲ နေကာ အပြင်ထွက်တာမျိုး သိပ်မလုပ်တော့ချေ။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now