အပိုင်း - ၁၁၅
ယွမ်ရိနဲ့ရှဲ့သုန့်ရန်တို့ ရုံးခန်းထဲ ထိုင်လိုက်ကာ လက်ဖက်ရည်သောက်ရင်း သူတို့အိမ်ခြံမြေစီးပွားရေးအကြောင်း ဆွေးနွေးကြတော့သည်။ လောလောဆယ်တော့ အထူးတလည်ပြောစရာမရှိသေးပေ။ ယွမ်ရိက ရှဲ့သုန့်ရန်ကို အစိုးရဘက်က ကြေညာချက်ကိုသာ အာရုံစိုက်ထားရန် ပြောထားလိုက်လေသည်။
အစိုးရဘက်ကသာ မြေနေရာဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်ခဲ့မယ်ဆိုရင် သူတို့ချက်ချင်းကို ပူးပေါင်းပါဝင်မှာပင်။
ပြီးတော့ အစိုးရဘက်သာမက အိမ်ခြံမြေနယ်ပယ်ကိုလည်း နှံ့စပ်အောင် လေ့လာထားရန် ရှဲ့သုန့်ရန်ကို မှာထားလိုက်သေးသည်။ ဒီနယ်ပယ်မှာ ခြေချမယ်ဆိုရင် သေချာပေါက် နားလည်ဖို့က လိုသေးသည်။
ဒါက ထင်ထားသလို လွယ်ကူမှာ မဟုတ်ပေ။
သေချာပေါက်ကို စီးပွားရေးအား လူတိုင်းလိုလိုလုပ်နေကြပေမဲ့ ရှဲ့သုန့်ရန်ဆိုတာက နဂိုကတည်းက အလဲအလှယ် လုပ်တဲ့နယ်ပယ်နဲ့ ရင်းနှီးနေတဲ့သူမလို့ အိမ်ခြံမြေနယ်ပယ်ဘက်ကို လေ့လာရာမှာ သိပ်တော့ခက်ခဲမနေပေ။ အထူးသဖြင့် သက်ဆိုင်ရာဌာနတွေမှာ လုပ်နေတဲ့ သူငယ်ချင်း ၇ ယောက် ၈ ယောက်လောက်ကိုသာ အတူတူညစာစားဖို့ ခေါ်လိုက်ရင်ကို သိသင့်သလောက်က သိသွားနိုင်ပေသည်။
သုံးလအကြာမှာတော့ ရှဲ့သုန့်ရန်တစ်ယောက် မြေနေရာ ဆောက်လုပ်ခွင့် ကြေညာချက်ပါ နောက်ထပ် သတင်းစာတစ်ခုကို ကိုင်ကာ ရောက်ချလာပြန်တော့သည်။
ဒါက တကယ့်ကို အခွင့်အရေးကြီးပင်။ ယွမ်ရိနဲ့သူလည်း နောက်ထပ်တွေးမနေတော့ပဲ ဆောက်လုပ်ခွင့် ဖောင်သွားတင်ကာ မြေနေရာလေလံမဆွဲခင်အမှီ တရားဝင်နံပါတ်ပါ ရလာလေတော့သည်။
တရားဝင်နံပါတ်ရတာနဲ့ ရှဲ့သုန့်ရန်က ပြောလာလေသည်။
"အမှန်အတိုင်းပြောရရင် ငါအခုထိ ကြောက်နေတုန်းပဲ။ ဒါ ပထမဆုံး ဒီလိုစီးပွားရေး အကြီးစားလုပ်ဖူးတာပဲ၊ ပြီးတော့ ဒီမြေနေရာက ၉၀၀၀ စတုရန်းမီတာလောက်ရှိမှာနော်။ ဒီအစီအစဉ်က ပြည်သူပိုင်နေရာမှာကိုမှ နောက်သုံးရက်နေရင် လုပ်ငန်းက စတော့မှာနော်"
သူ ယွမ်ရိကို ဒီအကြောင်းပြောနေတုန်းမှာ ယွမ်ရိကိုယ်တိုင်လည်း ကြောက်နေသည်ပင်။ ပြောရမယ်ဆိုရင် သူမအတွက်လည်း ဒီလိုစီးပွားရေးမျိုးလုပ်ဖူးတာ မဟုတ်ပေ။
ဒီအချိန်မှာ ဘာတွေဖြစ်ခဲ့လဲ သူကြိုသိထားတာမလို့ ယုံကြည်မှုတော့ ရှိနေတုန်းပင်။
ရှဲ့သုန့်ရန်က ပြောလာလေသည်။
"ငါစိတ်ပူတာက ငါတို့ အဲ့မြေကိုမရမှာရယ်၊ ငါတို့ကောင်းကောင်း မလုပ်နိုင်မှာရယ် ပြီးတော့ ငါတို့ကောင်းကောင်း မဆောက်နိုင်မှာရယ် ပြီးကျ အဆုံးမှာ အဲ့အိမ်ကိုဘယ်သူမှ လာမဝယ်ကြမှာရယ်။ ဒါက ငါတို့ နှစ်များစွာအထိတွေးပြီး စ,နေကြသလိုပဲ မဟုတ်ဘူးလား?"
ယွမ်ရိ ရယ်လိုက်ကာ ပြောလာလေသည်။
"စိတ်မပူပါနဲ့။ ငါလည်း တခြားတော့ အာမ မခံနိုင်ပေမဲ့ ငါတို့သာ အိမ်ကို သေချာဆောက်လိုက်ရင် အရှုံးပေါ်မှာကို မဟုတ်ဘူး။ ဒီမြို့ကြီးထဲမှာ လူတော်တော်များများက အဆောက်အဦးတစ်ခုခုမှာတော့ နေချင်ကြတာကို သိသားနဲ့"
အခုထိ စီးပွားဖြစ်အိမ်ပုံစံမျိုး မရှိသေးတာကြောင့်လည်း ပါမည်။ နေရာတချို့မှာသာ အဆောက်အဦး ဆောက်ခွင့်ရှိကြပြီး အိမ်တော်တော်များများကလည်း ဘန်ဂလိုပုံတွေသာ။ တကယ်လို့ သင်သာ ချေးငွေနဲ့ အိမ်ဝယ်လို့ရမယ်ဆိုရင် လူတိုင်းလိုလို အိမ်ဝယ်ချင်ကြမှာပင်။
သို့သော် ရှဲ့သုန့်ရန်အတွေးက အခုထိ အခြေခံလောက်ကိုသာ ခန့်မှန်းကြည့်နေခြင်း ဖြစ်တာကြောင့် ရှေ့လျှောက် ဘာဖြစ်လာမယ်ဆိုတာက မသေချာမရေမရာသေးပေ။ အရင်ကရော အခုထိရော ဘယ်သူမှ သိပ်မလုပ်ရဲတာက ဒီစီးပွားရေးနယ်ပယ်က သိပ်ကြီးတာကြောင့်ပင်။
သို့သော်လည်း ဘယ်လိုစီးပွားရေးပဲ လုပ်ပါစေ ဘေးထွက်ဆိုးကျိုးကလည်း ရှိတတ်သေးသည်။ ဒါ့ကြောင့် ရှဲ့သုန့်ရန် အရမ်း ကြောက်နေလို့တော့ မရပေ။ အခုဆို ကုမ္ပဏီကလည်း ထောင်ပြီးပြီမလို့ အခွင့်အရေးကို အရယူလိုက်ရုံပင်။
၃ ရက်အကြာ ၃ နာရီမှာတော့ သူ အနက်ရောင်အနောက်တိုင်းဝတ်စုံနှင့် နက်ကတိုင်ကိုဝတ်ကာ ယွမ်ရိနဲ့အတူ လေလံဆွဲတဲ့ ခန်းမထဲသို့ ဝင်လာတော့သည်။
လေလံပွဲကို တခြား စီးပွားရေးပညာရှင်တွေ ၅၀ လောက် လာကြကာ ပြည်တွင်းစီးပွားရေး ပညာရှင်တွေအတွက် နေရာသာမက ဟောတစ်ခုလုံးပြည့်လုနီးပါးပင်။
ယွမ်ရိနဲ့ရှဲ့သုန့်ရန်လည်း လွတ်နေတဲ့ခုံနှစ်ခုမှာ ထိုင်နေလိုက်ကာ ပွဲစဖို့ကိုပဲ စောင့်နေလိုက်လေသည်။
ဒီတစ်ကြိမ် တူကို မြှောက်လိုက်သူကတော့ အစိုးရပိုင်းက ခေါင်းဆောင်ဖြစ်ကာ အနောက်တိုင်းဝတ်စုံနှင့် နက်ကတိုင်ကို ဝတ်ဆင်ထားလေသည်။
လေလံပွဲစသည်နှင့် မြေနေရာအချက် အချက်အလက်အကြောင်း စပြောကာ တူကိုစမြှောက်ထားလေတော့သည်။ ထိုမြေနေရာက ၉၁၅၈ စတုရန်းကီလိုမီတာကျယ်ကာ မြို့ပြနေရာ တစ်ခုဖြစ်ဖို့ ရည်ညွှန်းထားလေသည်။ စခေါ်သည့်ဈေးက ၂.၅ သန်း ယွမ်ဖြစ်ကာ ဈေးက ၅၀၀၀၀ အောက်တော့ လျှော့မသွားသေးပေ။
မိတ်ဆက်ပြီးသည်နှင့် ဘာမှ အပိုအလိုမပြောတော့ပဲ တူကိုစမြှောက်ကာ ပြောလာလေသည်။
"လေလံပွဲ စ"
သက်ဆိုင်ရာ ကုမ္ပဏီတွေက လေလံစဆွဲလာကာ ဈေးက ၂.၅ ကနေ ၃ သန်းအထိ ရောက်လို့သွားတော့သည်။
တဖြည်းဖြည်းတိုးလာတဲ့ ငွေပမာဏကို နားထောင်ရင်း ရှဲ့သုန့်ရန် ရင်တွေကလည်း တဒုန်းဒုန်းကို မရပ်မနား ခုန်နေလေတော့သည်။ ငွေ ၅၀၀၀၀၀ ဆိုတာ တော်တော်များတဲ့ပမာဏဆိုပေမဲ့ ဒီမှာတော့ဟာသ သာသာလိုပင်။
ယွမ်ရိ အခုထိ သူ့ကတ်ကို မမြှောက်လာသေးပေ။ ရှဲ့သုန့်ရန် သူမကို တိုးတိုးလေးသာ ကပ်မေးကြည့်လိုက်လေသည်။
"ငါတို့ မဆွဲတော့ဘူးလား?"
ယွမ်ရိလည်း ပြန်ဖြေလာလေသည်။ "ဒါက အရမ်းမြန်လွန်းနေတယ်။ ဆွဲစရာမလိုသေးဘူး ရတယ်။"
သူတို့သာ မဆွဲသေးဘူးဆိုရင် တခြားသူတွေက ဆွဲနေဦးမှာပင်။
ရှဲ့သုန့်ရန် အသက်ရှူလိုက်ကာ ပြောလာပြန်သည်။ "အနည်းဆုံးတော့ နောက်ထပ် ၄ သန်းလောက်အထိတော့ တိုးဖို့ လိုသေးတယ်"
ယွမ်ရိ : "ဒါဆို ဒါက ဒီကလူတွေရဲ့ စိတ်ပေါ် မူတည်သွားပြီလေ"
နှစ်ယောက်သား အတန်ကြာ တီးတိုးပြောနေလိုက်တဲ့အချိန်မှာပင် ဈေးက ၄ သန်းအထိ တိုးလာလေတော့သည်။ ကတ်တွေမြှောက်နေတဲ့ အရှိန်ကလည်း ၄.၅ သန်း ရောက်သည်နှင့် နှေးလာတော့သည်။ ၄.၅ သန်း ယွမ်ရောက်တာတောင် တချို့ ကုမ္ပဏီတွေက ဆက်ဆွဲနေကြတုန်းပင်။
ဒီတစ်ခေါက်မှာတော့ ယွမ်ရိ ၄.၅၅ သန်းကနေ ၅ သန်း ပြည့်အောင် နောက်ထပ် ၅၀၀၀၀ ပေါင်းပေးလိုက်လေသည်။
ဒုတိယအကြိမ်မှာတော့ သူတို့ ရှီးယန်ပါ အပါဆို ကုမ္ပဏီသုံးခုလောက်ကသာ ကတ်တွေမြှောက်နေကြဆဲဖြစ်လေသည်။ နောက်နှစ်ကြိမ်မှာတော့ ၅၂၀ သန်းအထိ ဈေးက မြင့်သွားကာ နောက် ကုမ္ပဏီတစ်ခုကပါ လက်လျှော့သွားတော့သည်။
ရှဲ့သုန့်ရန်ဆို နဖူးမှာချွေးတွေက ပြန်နေကာ ယွမ်ရိဘေးကနေ အသက်ပြင်းပြင်းသာ ရှူနေလေတော့သည်။
လေအေးပေးစက် ဖွင့်ထားတာတောင်မှ သူပူလောင်နေကာ မွန်းကြပ်နေသလိုပင်။
ယွမ်ရိကို အရင်တုန်းက နိုင်ငံရေးအပြောင်းအလဲတွေအကြောင်းပြောရင်း သူကိုယ်တိုင်လည်း အိမ်ခြံမြေဈေးကွက်အကြောင်း လေ့လာထားကာ ကျန်းဂါပေကျင်း ကုမ္ပဏီအတွက် တော်တော်တော့ပြင်ဆင်ထားခဲ့သေးသည်။ ဒီမလာခင် ဖြစ်လာနိုင်တဲ့ဈေးပမာဏကိုလည်း သူကြိုတွက်ချက်ထားခဲ့သေးသည်။
အခုတော့ ဈေးက သူမှန်းထားတဲ့နား ကပ်နေလေချေပြီ။
နောက် ကုမ္ပဏီဘက်ကို ကြည့်လိုက်တော့ ဟိုဘက်က လူတွေကလည်း သူတို့ကို လှမ်းကြည့်နေကြပုံပင်။ သူတို့ကြည့်ရတာလည်း လန့်နေပုံပေါ်ပေမဲ့ လက်တော့ မလျှော့ချင်သေးပုံပင် "၅၁.၃ သန်း"
ယွမ်ရိလည်း ကတ်ကို မြှောက်လိုက်လေသည်။ "၅၁.၄ သန်း"
တစ်ဖက်က ကတ်ကို မြှောက်လာပြန်လေသည်။
"၅ သန်း"
ရှဲ့သုန့်ရန် ချွေးသုတ်ဖို့ အဝတ်ကိုလှမ်းယူနေတုန်းမှာ တစ်ဖက်က ယွမ်ရိကတော့ ကတ်ကိုမြှောက်နေတုန်းပင်
"၅.၆၀၀,၀၀၀"
ဟောခန်းကြီးတစ်ခုလုံး တိတ်ဆိတ်နေသည်မှာ လူတိုင်းလိုလို အသက်ရှူအောင့်ထားကြသလိုပင်။ ဈေးက ဒီလောက်ထိ မြင့်လာတာကြောင့် တခြား ဘယ်သူမှ မလိုက်နိုင်တော့ပေ။ ဒါသာ အလုပ်မဖြစ်ဘူးဆို ဒေဝါလီခံရလောက်လေသည်။
တစ်ဖက်ကလူတွေ တုံ့ဆိုင်းနေတုန်းမှာပင် တူကိုင်အမျိုးသားက အော်လာလေသည်။ "၅၀၀,၀၀၀ဆ....၅၀၀...
"၅၇သန်း"
တစ်ဖက်က ကုမ္ပဏီက ထပ်အော်လာလေသည်။
ရှဲ့သုန့်ရန် သူ့လက်ချောင်းတွေကို ဖျစ်ညှစ်နေရင်း ယွမ်ရိကိုသာ ကြည့်နေနိုင်တော့သည်။ သူ့နဖူးကချွေးတွေကတော့ ရေအလား စီးကျနေတော့သည်။ သူ အသက်ရှူရပ်တော့မတတ်ပင်။ သူ ယွမ်ရိတစ်ယောက် ဈေးတွေ ထပ်မြှင့်ရင်းမြှင့်ရင်းနဲ့ တစ်ဖက်ကို တိုက်ခိုက်နေတာ မရပ်မှာစိုးလို့ မျက်လုံးတွေနဲ့သာ စိတ်ထိန်းဖို့ လှမ်းပြောရလေသည်။
ရလဒ်ကတော့ ယွမ်ရိတစ်ယောက် ကတ်ကလေးကို အသာလေး မြှောက်လာပြန်တော့တာပင်
"၅၈ သန်း"
အိုး တော်တော်စိတ်ထိန်းသွားတာပဲ။
ရှဲ့သုန့်ရန် အသက်သာ ပြင်းပြင်းထပ်ရှူလိုက်ကာ ခုံအနောက်ကိုသာ မှီချလိုက်လေတော့သည်။
တခြားဘက်က လူတွေက ယွမ်ရိကို ကြည့်လာကြလေသည်။ သူတို့လည်း ဒီမြေကို ယူချင်ပေမယ့် ဈေးကအတော်ကို မခံနိုင်လောက်အောင် များနေတာကြောင့် ဒေါသထွက်နေကြပုံပင်။
အတန်ကြာ တိတ်ဆိတ်ပြီးတဲ့နောက်မှာတော့ ဟောခန်းထဲက ဘယ်သူမှ ကတ်ကိုမြှောက်မလာကြတော့ပေ။ တူကိုင်သည့် အမျိုးသားလည်း ထပ်ပြောလာချေသည်။
"၅၀၀၀၀၀ဆ... ၅.၈၀၀၀၀၀ဆ နှစ်ဆ.... ၅.၈၀၀၀၀၀ဆ..."
"ဝှမ်"
တူသံတစ်ချက်က ထွက်လာလေသည်။
တူသံအဆုံးမှာ ကင်မရာတွေက လင်းလပ်လာကြတော့သည်။ ရှဲ့သုန့်ရန် သူ့နှုတ်ခမ်းတွေကို တင်းနေအောင်စိကာ ယွမ်ရိနဲ့အတူ ကင်မရာတွေဘက်ကို အနိုင်ရသူလို ကြည့်ပေးလိုက်တော့သည်။
ယွမ်ရိနဲ့ရှဲ့သုန့်ရန်တို့လည်း လေလံပွဲ လွှဲပြောင်းစာကို လက်မှတ်ထိုးခဲ့လိုက်ကြတော့သည်။
သူတို့ လုပ်ထုံးလုပ်နည်းတွေ လုပ်ပြီးတာနဲ့ ထွက်သွားဖို့ ပြင်နေတုန်းမှာပင် တစ်ဖက် ကုမ္ပဏီနှင့် တွေ့ကြလေတော့သည်။
တစ်ဖက်က ခေါင်းဆောင်ဖြစ်ဟန်တူသူက ယွမ်ရိနဲ့ရှဲ့သုန့်ရန်တို့ကို ပြုံးပြကာ
"ဒီမြေကို ဒီလောက်ဈေးနဲ့ယူဖို့က မတန်ဘူးလားလို့။ မင်းတို့တွေ အိမ်ခြံမြေဈေးကွက်ထဲရော ဝင်ဖူးကြရဲ့လား? ရုတ်တရက်ကြီး ပိုက်ဆံတွေ ဆုံးရှုံးသွားတာမျိုးလည်း ဖြစ်တတ်တယ်နော်"
ယွမ်ရိ သူတို့ကို ပြန်ပြုံးပြလိုက်ရင်း
"ဘယ်အရာမဆို ပထမဆုံးဆိုတာ ရှိတာပဲလေ။ ဘယ်သူကရော ဒါရှုံးမလား မြတ်မလား သေချာပေါက် သိမှာတုန်းရှင်"
ရှဲ့သုန့်ရန်လည်း အပြုံးလေးနှင့် ပြန်ကြည့်လိုက်ကာ "ဒီဘက်က စိတ်ပူပေးဖို့ လိုမယ်တော့ မထင်ပါဘူး"