Chapter 34-1

3K 385 0
                                    

အပိုင်း - ၃၄.၁

နေ့လည်ခင်း။
အဖွားလျူရှင်းဟွာက အဖွားကျောင်းတို့အိမ်မှာ တောင်းရက်လုပ်ရင်း စကားကောင်းနေကြသည်။

တဖြည်းဖြည်းဖြင့် မြင့်တက်လာသောနေကို ကြည့်ပြီး သူမက အဖွားကျောင်းအား
"နေတောင် တော်တော်မြင့်နေပြီဟယ်။ အိမ်မှာ နေ့လည်စာ မချက်ရသေးဘူး။ ဒါ့ကြောင့် ငါပြန်တော့မယ်။" လို့ ပြောကာ အဖွားကျောင်းကို နှုတ်ဆက်လိုက်သည်။

အဖွားကျောင်းကလည်း လျူရှင်းဟွာကို ခြံပေါက်ဝထိအောင် လိုက်ပို့ပေးခဲ့သည်။

လျူရှင်းဟွာက အိမ်ကိုပြန်ရောက်တာနဲ့ မီးဖိုချောင်ထဲဝင်ကာ နေ့လည်စာအတွက် ချက်ပြုတ်တော့သည်။ ထိုအချိန်မှာပဲ အိမ်တံခါးကို တစ်ယောက်ယောက် ခေါက်သံကြားလိုက်ရ၍ လျူရှင်းဟွာလည်း သွားဖွင့်ပေးလိုက်သည်။

တံခါးခေါက်သည့်သူက အောင်သွယ်တော်ဖန်း ဖြစ်နေတာကို မြင်ပြီးသည့်နောက် သူမ၏မျက်နှာထားက နည်းနည်းတင်းသွားတော့သည်။

အောင်သွယ်တော်ဖန်းကတော့ လျူရှင်းဟွာ၏ မျက်နှာထားကို လျစ်လျူရှုလိုက်ပြီး အိမ်ထဲကိုခြေချလိုက်သည်။ အိမ်ထဲကို ရောက်တာနဲ့ လျူရှင်းဟွာအား
"ညည်းသားနဲ့ ရှဲ့မိန်းကလေးတို့က ဘယ်လိုတွေဖြစ်ကြတာလဲအေ။ တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီးသိပြီး လက်ထပ်ဖို့အတွက်အချိန်အခါ ဆုံးဖြတ်ခါနီးမှ ဘာလို့ဒီလိုကြီး ဖြစ်သွားရတာလဲ"

လျူရှင်းဟွာက မီးဖိုထဲကမီးကို ပိုပြီးတောက်အောင်လုပ်ရင်း အောင်သွယ်တော်ဖန်းအား
"နင်က သူတို့နှစ်ယောက်ရဲ့ကြားကနေ အောင်သွယ်တော်လုပ်ပေးရတဲ့သူပဲလေ။ အခုဖြစ်နေတဲ့ကိစ္စကို နင်မသိဘူးဆိုတာက ဖြစ်နိုင်ပါ့မလား။ သိသိရဲ့‌နဲ့တော့ ငါ့ကိုလာမမေးစမ်းပါနဲ့အေ။ အာရုံတွေနောက်လွန်းလို့"
အောင်သွယ်တော်ဖန်းကတော့ ဆက်လက်ပြီး တုံး,အချင်ယောင်ဆောင်နေခဲ့ကာ
"ရှဲ့မိန်းကလေးက နင့်ရဲ့ငါးယောက်မြောက်သားအတွက် တကယ့်ကိုအိမ်ထောင်ဖက်ကောင်း တစ်ယောက်နော်။ သူမက လူတစ်ရာမှာတစ်ယောက်၊ မဟုတ်သေးဘူး။ လူတစ်ထောင်မှာတစ်ယောက် တွေ့ရခဲတဲ့ အမျိုးကောင်းသမီးလေးတစ်ယောက်နော်"
အောင်သွယ်တော်ဖန်းဟာ အောင်သွယ်တော်တစ်ယောက်လို့ မပြောရပေ။ တကယ့်ကို စကားပြောကောင်းကာ စကားလုံးလေးတွေကလည်း အလွန်ချိုမြိန်လှ၏။

တကယ်တော့ အောင်သွယ်တော်ဖန်းဟာ သူမအောင်သွယ်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့လူနှစ်ယောက်ကို ပေါင်းဖက်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားလေ့ရှိသည်။ ထို့သို့ကြိုးစားရာမှာ သူမက နည်းလမ်းကုန်သုံးလေ့ရှိကာ နှမ်းဖြူးထားသည့် မုသားစကားတွေကလည်း မပါမဖြစ်ပေ။
သူမ အောင်သွယ်လုပ်နေသည့် လူနှစ်ယောက်သာ လက်ထပ်ဖြစ်သွားခဲ့ရင် သူမကလည်း အောင်သွယ်ခတွေ မျိုးမျိုးမြတ်မြတ်ရလေ့ရှိသည်။

အနာဂတ်မှာ သူမ‌ အောင်သွယ်ပေးလိုက်သည့် အတွဲ အဆင်ပြေမပြေကိုတော့ သူမက လုံးဝဂရုမစိုက်ပေ။

ယခု ယွမ်အိမ်ကို သူမရောက်လာရတာကလည်း သူမအကျိုးအမြတ်အတွက်သာမက ရှဲ့မိသားစု၏ တောင်းဆိုမှုကြောင့်လည်း ပါဝင်ပေသည်။
ရှဲ့မိသားစုဘက်က သူတို့၏သမီးကို ယွမ်အိမ်၏ငါးယောက်မြောက်သားနဲ့ တကယ်ပင် အိမ်ထောင်ရက်သားချပေးလိုကြသည်။ ဒါပေမယ့် တောင်းဆိုချက်တချို့တော့ ရှိနေခဲ့၏။ ဒါ့ကြောင့်မို့လည်း အောင်သွယ်တော်ဖန်းက ယွမ်ကျီကောင်း၊ လျူရှင်းဟွာတို့ဖြင့် ဆွေးနွေးညှိနှိုင်းကြဖို့အတွက် ယွမ်အိမ်ကိုရောက်လာခဲ့ခြင်းဖြစ်ပေသည်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ နင့်ရဲ့သားနဲ့ ရှဲ့မိန်းကလေးတို့နှစ်ယောက်က ရွှေနဲ့မြ၊ နေနဲ့လလို လိုက်ဖက်ညီတဲ့ အစစ်အမှန် နတ်ဖက်တဲ့စုံတွဲတစ်တွဲနော်" လို့ အောင်သွယ်တော်ဖန်းက ဟန်ပါပါ မာန်ပါပါဖြင့် ပြောလိုက်ပြန်သည်။
လျူရှင်းဟွာက အရမ်းတွေ အပိုပြောလွန်းသည့် အောင်သွယ်တော်အား လှောင်ပြောင်ဟန်ကြည့်ကာ
"နင်ဒီကိုလာရတဲ့ အဓိကအကြောင်းကိုပဲ ပြောစမ်းပါ။ မဟုတ်ကဟုတ်က အပိုစာသားတွေ ပြောပြီး အချိန်တွေကို မဖြုန်းစမ်းနဲ့"
"ရှဲ့မိသားစုဘက်က နင့်ရဲ့ငါးယောက်မြောက်သားနဲ့ သူတို့သမီးကို တကယ်စိတ်ရင်းနဲ့ လက်ထပ်ပေးလိုနေကြတယ်။ သူတို့ဘက်က တောင်းဆိုထားတဲ့ ဟာလေးကိုပဲ လိုက်လျောပေးရုံဘဲ။ ဒါ့ကြောင့် နင့်ရဲ့တတိယသမီးကို သူ့ယောက္ခမအိမ် ပြန်ပို့လိုက်ပါနော်" လို့ ဖျောင်းဖျလိုက်သည်။
ဒါ့ကြောင့် သူမက အောင်သွယ်တော်ဖန်းအား ဖော်ရွေမှုကင်းမဲ့နေသောလေသံဖြင့်
"ဒီစကားတွေကို‌ နောင်ထပ်မပြောပါနဲ့တော့။ ချန်းရှန် အိမ်ထောင်မပြုရရင်လည်း နေပါစေတော့ ကျမရဲ့သမီးကိုတော့ သူ့ယောက္ခမတွေအိမ်ကို လုံးဝပြန်ပို့‌မပေးနိုင်ဘူး"
အောင်သွယ်တော်ဖန်းဟာ စိတ်ရှည်ရှည်ထားပြီး လျူရှင်းဟွာကို နည်းလမ်းအမျိုးမျိုးသုံးကာ စည်းရုံးဖျောင်းဖျခဲ့သည်။

ဒါပေမယ့် လျူရှင်းဟွာက အောင်သွယ်တော်ဖန်း၏ ဖျောင်းဖျ နားချမှုတွေကို နားမထောင်တော့‌ပဲ
"တော်ပါပြီရှင်။ အဲ့ဒီရှဲ့မိန်းကလေးနဲ့ ကျွန်မသားတို့ နှစ်ယောက်ကြား ဖူစားမပါတော့ဘူးထင်တယ်။လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ကြတာပေါ့"

"ငါတို့ဘက်ကတော့ တစ်ခါတည်း အပြတ်ပြောထားမယ်။ ငါတို့သမီးကို ကွာရှင်းထားတဲ့သူတစ်ယောက်ရှိတဲ့ မိသားစုထဲ အဝင်မခံနိုင်ဘူး။ ဒီတော့ ယွမ်အိမ်ကသူတို့ရဲ့သမီးကို ယောက္ခမအိမ် ပြန်မပို့ခဲ့ဘူးဆိုရင် လက်ထပ်ပွဲက လုံးဝမဖြစ်နိုင်တော့ဘူး"

ရှဲ့မိသားစုဟာ သူတို့သမီးက ကွာရှင်းထားသည့်သူရှိသည့် မိသားစုအတွင်း လက်ထပ်ပြီး ဝင်ရောက်လိုက်ပါက သူတို့ကိုပါ အရှက်ရစေမှာစိုးသည့်အတွက် ယွမ်ချန်းရှန်နဲ့ အိမ်ထောင်ရက်သားချပေးဖို့ကိစ္စကို စိတ်ပါခြင်း မရှိကြတော့ချေ။

တစ်ဖက်မှာ လျူရှင်းဟွာက သူမ၏ငါးယောက်မြောက်သားအတွက် အိမ်ထောင်ပြုမယ့်ကိစ္စကို အောင်သွယ်တော်ဖန်းနဲ့ ယုံယုံကြည်ကြည် အပ်လို့မရဘူးလို့ ထင်မြင်နေခဲ့သည်။ ဒါ့ကြောင့် သူမက နောက်ထပ် အောင်သွယ်တော်တစ်ယောက် ထပ်ငှားဖို့ ဆုံးဖြတ်ခဲ့သည်။
ဒီလိုနဲ့ သတင်းတစ်ပတ်လောက်အကြာမှာ ဖန်ယန်ရွာအတွင်း ကောလာဟလတစ်ခု ပြန့်လာတော့သည်။

"ဟယ်။ တကယ်ကြီး သူ့ကြောင့်မို့ သူ့မောင်ရဲ့မင်္ဂလာပွဲ ပျက်သွားတာလား"
လျူရှင်းဟွာတို့ကလည်း ထိုအတင်းအဖျင်းတွေကို ယွမ်ချီကျီအား ပေးမသိကြပေ။

ဒါ့ကြောင့်လည်း ယွမ်ချီကျီက အများကြီးတွေးမနေပဲ သူမလုပ်စရာရှိသည်များကိုသာ နေ့စဉ်လုပ်ကိုင်ရင်း နေ့ရက်တွေကို ဖြတ်သန်းနေတော့သည်။


နွေရာသီ ကုန်လွန်လာပြီးတဲ့နောက် ရောက်ရှိလာသည့် ဧပြီလ၏ရာသီဥတုသည် တစ်နှစ်တာ၏ အသာယာဆုံး ရာသီဥတုဖြစ်သည်။ ကျေးငှက်သာရကာတွေကလည်း မြူးထူးပျော်ပါးနေကြသလို ပေါင်းပင်မြက်ပင်များကလည်း ဟိုတစ်စု ဒီတစ်စုဖြင့် စိမ်းစိုလို့နေ၏။
အချိန်တွေသာ ကုန်ဆုံးသွားခဲ့ပေမယ့် အဖိုးဆောင်းကတော့ အသက်အရွယ်ကြောင့် ထိခိုက်ဒဏ်ရာ ရထားမှုကနေ အရှင်းမပျောက်သေးချေ။

ဒါပေမယ့် အရင်လို အိပ်ရာထဲချည်း လဲလျောင်းမနေရတော့ဘဲ ဟိုနားဒီနား နည်းနည်းပါးပါးတော့ လမ်းလျှောက်န်ိုင်ပြီဖြစ်သည်။ ဘာဘဲဖြစ်ဖြစ် ဒဏ်‌ရာတွေ အရှင်းမပျောက်သေး၍ တချို့သော ကိစ္စတွေမှာ ယွမ်ရိ၊ ယွမ်ချီကျီတို့၏ အကူအညီကိုယူနေရဆဲဖြစ်သည်။
အဖိုးဆောင်းဟာ မေ့လဲပြီး ထိခိုက်ထားပြီးကတည်းက အပ်ချုပ်တာမျိုး မလုပ်တော့ချေ။ သူက နေ့စဉ် ခြံထဲက ကုလားထိုင်ပေါ်မှာထိုင်ရင်း နေပူဆာလှုံလိုက် လမ်းလျှောက်လိုက်ဖြင့်သာ ကျန်းမာရေး မြန်မြန်ပြန်ကောင်းအောင် ကြိုးစားတော့သည်။
ဒါကြောင့်မို့ အပ်ချုပ်တဲ့အလုပ်ဟာ ယွမ်ရိ ခေါင်းပေါ်သို့ ကျရောက်သွားတော့သည်။

အဖိုးဆောင်းက အမျိုးမျိုးသော ဝတ်စုံတွေရဲ့ ချုပ်လုပ်နည်းတွေကို ယွမ်ရိအား သင်ကြားပေးခဲ့သည်။
ဒါ့အပြင် သူက ယွမ်ရိကို ဘယ်လိုမျိုး အရောင်နှစ်ရောင်ကို တွဲဖက်ဝတ်သင့်ကြောင်း၊ ဘယ်လိုပုံစံလေးတွေ ဝတ်ရင် ပိုပြီးကြည့်ကောင်းလေ့ရှိကြောင်း အစရှိသဖြင့် ပညာစားမချန် မကြွင်းမကျန်သင်ပေးခဲ့သည်။
ယွမ်ရိဟာ အဖိုးဆောင်းအိမ်မှာပဲ နေ့တိုင်း အပ်ချုပ်သင်နေရတာကြောင့် အဖိုးဆောင်းတစ်ယောက် တစ်နေ့တခြား အားနည်းလာတာကို သူမ တွေ့နေရတော့သည်။
မေ့လဲပြီးတဲ့နောက် အဖိုးဆောင်းဟာ လမ်းလျှောက်ဖို့အတွက် လမ်းလျှောက်တုတ်၏ အကူအညီယူနေရပြီဖြစ်သလို ထမင်းစားတဲ့အခါမှာလည်း လက်တွေတုန်သဖြင့် တူပင်မကိုင်နိုင်တော့ပေ။ ဒါ့ကြောင့် ယွမ်ရိဟာ အဖိုးဆောင်းထမင်းစားဖို့အတွက် တူကို ဇွန်းဖြင့် လဲလှယ်ပေးထားရသည်။
ရာသီဥတုကလည်း အခါတိုင်းထက် ပိုပြီးပူသလို နေ့တာကလည်း ပိုပြီးရှည်လာ၏။ ဒါ့ကြောင့် ယွမ်ရိ၊ယွမ်ချီကျီနဲ့ အဖိုးဆောင်းတို့ ညစာ,စားပြီးတဲ့အချိန်ထိအောင် အပြင်ဘက်မှာ မမှောင်သေးချေ။
ယွမ်ရိနဲ့ယွမ်ချီကျီတို့ကတော့ မီးဖိုချောင်ထဲက ဆေးကြောစရာရှိသည်တို့ကို ဆေးကြော၍ ရေနွေးအိုးတည်ထားလိုက်သည်။


အဖိုးဆောင်းလည်း ယွမ်ချန်းရှန်၏ ကျယ်လောင်သော အသံကြောင့် မျက်လုံးပွင့်လာကာ
"ဘယ်သူ့ကို အဖိုးကြီးလို့ ခေါ်လိုက်တာလဲကွ။ မင်းလိုကောင်မျိုးနဲ့ ရေးမချိုးချင်တော့‌ဘူး။ လာရာလမ်းကို လှည့်ပြန်လိုက်တော့ကွာ"

ယွမ်ချန်းရှန် စိတ်မကောင်းဖြစ်သွားသည့် လေသံမျိုး‌ ပြောင်းလိုက်ပြီး
"အိုက်ယား။ ကျွန်တော်က ဒီကို စေတနာပါပါနဲ့ လာကူညီပေးတာပါ။ ဒါကို ဒီလိုမျိုး အပြောခံလိုက်ရတော့ တကယ် စိတ်မကောင်းဖြစ်သွားပြီဗျာ"
လို့ ဟန်ဆောင် ပန်ဆောင် ပြောလိုက်၏။

"ဟမ့်"
အဖိုးဆောင်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး
"ဘာကို စေတနာပါပါတွေ ပြောပြီး လိမ်ညာချင်နေတာလဲ။ မင်းဒီကိုလာတာက ငါ့ရဲ့မီးဖိုချောင်ကြောင်အိမ်ထဲက မုန့်တွေကို မျက်စောင်းထိုးနေလို့ဆိုတာ ငါမသိဘူးများ ထင်နေလားကွ"
ယွမ်ချန်းရှန်လည်း အဖိုးဆောင်းရဲ့ စကားကြောင့် ခပ်ရှက်ရှက်လေးရယ်လိုက်ပြီး
"အဲ့ဒီအကြောင်းပြချက်ကလည်း တစ်စိတ်တစ်ပိုင်းပဲ ပါဝင်တာပါဗျာ" လို့ ထပ်ပြောလိုက်ပြန်သည်။
အဖိုးဆောင်းကတော့ ယွမ်ချန်းရှန်နဲ့ စကားထပ်ပြောဖို့ ပျင်းသွားကာ မျက်လုံးကိုသာ ပြန်မှိတ်ထားလိုက်တော့၏။
ယွမ်ချန်းရှန်လည်း ပုခုံးကို အသားတွန့်လိုက်ပြီး ယွမ်ရိနဲ့ယွမ်ချီကျီတို့ ရှိသည့် မီးဖိုချောင်ဘက်ကို ထွက်လာခဲ့တော့သည်။

ယွမ်ချန်းရှန်လည်း ခေါင်းညိတ်လိုက်၏။ ထို့နောက် ယွမ်ရိအနီး ပိုသွားပြီး ယွမ်ရိ အိတ်ကပ်ထဲကနေ သော့တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ယွမ်ရိက သူမ၏ဦးလေးကို မတားပေ။

ယွမ်ချန်းရှန်ဟာ လက်ထဲကနေ သော့ဖြင့် မီးဖိုချောင်အတွင်းက ကြောင်အိမ်အားဖွင့်ကာ အတွင်းမှ မုန့်တချို့ကို ထုတ်ယူလိုက်သည်။ ပြီးတာနဲ့ ပါးစပ်အတွင်း ထည့်စားလိုက်ကာ
"အဖိုးဆောင်းက ဘဝအဆက်ဆက်က ကုသိုလ် ကောင်းမှုတွေကို ဒီဘဝမှာ ခံစားနေရတာထင်တယ်။ကံမကောင်းတာက သူ့မှာ သားသမီးမရှိတာဘဲ"
ယွမ်ချန်းရှန်လည်း ခေါင်းတညိတ်ညိတ်ဖြင့် ပါးစပ်ထဲဝါးနေသည့် မုန့်ကိုမျိုချလိုက်သည်။ ထိုအခါ လည်ချောင်းထဲမှာ မုန့်က နင်သွားကာ ချောင်းတဟွတ်ဟွတ် ဆိုးတော့သည်။
ပြီးတာနဲ့ ယွမ်ချန်းရှန်က အဖိုးဆောင်းကို သွားထူကာ ရေ‌ကူချိုးပေးလိုက်၏။
အဖိုးဆောင်းကို ရေချိုးပေးပြီးတာနဲ့ အိပ်ရာပေါ်မှာ သက်သောင့်သက်သာ လဲလျောင်းခိုင်းလိုက်ကြတော့သည်။
တကယ်တော့ တစ်ချိန်လုံး သူ့ရဲ့အရိုးတွေက တဆစ်ဆစ်ဖြင့် ကိုက်ခဲနာကျင်နေခြင်းဖြစ်သည်။ဒါပေမယ့် ယွမ်ရိနဲ့ယွမ်ချီကျီတို့ စိတ်ပူနေမှာစိုး၍ နေ့ခင်းဘက်တွေမှာ နာကျင်မှုကို မျိုသိပ်ကာ ငြီးငြူတာမျိုးတွေ မလုပ်ခဲ့ပေ။ ဒါ့ကြောင့် အခုလို တစ်ယောက်တည်း ရှိသည့်အချိန်မှသာ နာကျင်မှုတွေကို ဖွင့်ထုတ်လိုက်ခြင်းဖြစ်သည်။

အခုလို ဘဝရဲ့အဆုံးသတ်ခါနီးအချိန်မှာ ယွမ်ရိ၊ယွမ်ချီကျီတို့နဲ့ တွေ့ဆုံခွင့်ရခဲ့သည့်အတွက် အလွန် ကျေနပ်နေခဲ့ပါသည်။

တစ်နေ့တစ်နေ့ ရေကူချိုးပေးရန် လာလေ့ရှိသည့် လူယုတ်မာလေးကိုလည်း အဖိုးဆောင်းက တကယ်ခင်မင်ပေသည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now