အပိုင်း - ၇၁
ညနေခင်း၏ပုစွန်ဆီရောင် နေအလင်းရောင်က အနောက်အရပ်မှသည်အခန်းအတွင်းသို့ ဖြန့်ကြက်လွှမ်းခြုံလို့ထား၏။
လျူရှင်းဟွာဟာ ဂေါ်ဖီထုပ်(မုန်လာထုပ်) များအား ခပ်ပါးပါးဖြစ်အောင်လှီးလျက် ဆန်ကြမ်းမှုန့်များဖြင့် ရောနယ်လျက်ရှ်ိသည်။
ကိုယ်ဝန်ငါးလပြည့်နေပြီဖြစ်သည့် ချန်ခွန်းက လျူရှင်းဟွာကို ဝိုင်းကူလုပ်ပေးရန်အတွက် မီးဖိုခန်းထဲကိုဝင်လာခဲ့သည်။
ဒါပေမယ့် လျူရှင်းဟွာက ဝိုင်းကူလုပ်ပေးခြင်းအား လက်မခံဘဲ အနားမှာဘဲ ငြိမ်ငြိမ်လေးထိုင်နေရန်သာ ပြောလိုက်သည်။
ဒါ့ကြောင့် ချန်ခွန်းလည်း အနားမှာ ဝင်ထိုင်ရင်းဖြင့် လျူရှင်းဟွာနဲ့စကားပြောကာ အဖော်ပြုပေးနေခဲ့သည်။
ယောက္ခမနဲ့ချွေးမကြားက ဆက်ဆံရေးဟာ အလွန်ကောင်းမွန်ပြီး မြင်သူအပေါ်အား ကြည်နူးဖွယ်ရာ ခံစားချက်ကိုပေးစွမ်းလို့နေတော့သည်။
ဂေါ်ဖီထုပ်များအား ဆန်ကြမ်းမှုန့်ဖြင့်သမအောင် ရောနှယ်ပြီးသည့်နောက်မှာ လျူရှင်းဟွာက မီးမွှေးလိုက်သည်။ မီးစွဲသွားသည့်အခါ ဒယ်အိုးတစ်လုံးအတွင်း ရေအပြည့်နီးပါးထည့်ကာ မီးဖိုပေါ်တည်လိုက်သည်။
တဖန် ဇကာပေါက်များပါသည့် ဒယ်အိုးတစ်လုံးအား ရေထည့်ထားသော ဒယ်အိုးအပေါ်မှဆင့်၍ တင်ထားလိုက်သည်။
မီးအပူရှိန်ကြောင့် ရေတွေပွက်ပွက်ဆူလာကာ ရေငွေ့များ ဇကာပေါက်မှတဆင့်အပေါ်ဘက် ဒယ်အိုးအတွင်းသို့ပျံ့နှံ့လာတော့သည်။
ထိုအခါ လျူရှင်းဟွာက အသင့်ပြင်ထားသည့် ဂေါ်ဖီထုပ်နဲ့ဆန်ကြမ်းမှုန့်အား ရောနယ်ထားသည့်အရာအား ဇကာပေါက်ဒယ်အိုးအတွင်းသေချာထည့်ကာ အပေါ်မှအဖုံးအုပ်ထားလိုက်တော့သည်။
ဂေါ်ဖီပေါင်းများကျက်သွားသည့်အခါ နေတောင်ဝင်တော့မည့်ဖြစ်သည်။
ချန်ခွန်းလည်း ခါးကိုထိန်းလျက် ထိုင်နေရာက ထလိုက်သည်။ သူမက အပေါ့အပါးသွားဖို့အတွက် အပြင်ကိုထွက်လာလိုက်သည်။