Chapter 91.2

2.2K 212 0
                                    


အပိုင်း-၉၁.၂

ယွမ်ရိက ပြုံးလိုက်ပြီး

"ကျမက သေသေချာချာတွေးပြီးမှ အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ဒါ့ကြောင့် လုံးဝနောင်တရမှာမဟုတ်ဘူး"

ဟု ပြန်ပြောလိုက်သည်။

ယွမ်ရိ၏ပြတ်သားစွာဆုံးဖြတ်ထားပုံရသည့်အမူအရာကြောင့် လုပ်ဖော်ကိုင်ဖက်တွေလည်း အတင်းအကျပ်ထပ်မစည်းရုံးကြတောချေ။သူတို့၏စိတ်ထဲမှာတော့ ယွမ်ရိဟာခုလိုအလုပ်ကောင်းတစ်ခုကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်သည့်အတွက် အနာဂတ်တွင် သေချာပေါက် နောင်တရမည်ဟု တွေးတောနေကြတော့သည်။

ညနေအလုပ်ကနေ အိမ်ကိုပြန်ရောက် လာသည့်အခါ ယွမ်ရိက ယွမ်ချီကျီနဲ့အခြားသူများအား အလုပ်ထွက်စာတင်ခဲ့ပြီဖြစ်ကြောင်း အသိပေးလိုက်သည်။

ထိုစကားကြောင့် ယွမ်ချီကျီနဲ့ အခြားသူတွေအကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။

ယွမ်ချီကျီကမျက်တောင်ကို တဖြတ်ဖြတ်ခပ်ရင်း

"ရှောင်ရိ၊တကယ်ကြီး အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီလား"

ဟု သေချာအောင် ပြန်မေးလိုက်သည်။

ယွမ်ရိက ခေါင်းညိတ်ကာ

"ဟုတ်တယ်။ဆုံးဖြတ်လိုက်ပြီ။နောက်ကျရင် စက်ချုပ်တဲ့နေရာမှာဘဲ အာရုံစိုက်လုပ်တော့မှာ"

ဟု ပြန်ဖြေပေးလိုက်၏။

ရွယ်ဟောင်ဖန်းက

"ကောင်းပြီ၊ဒါဆိုရင် ငါတို့တွေ အတူတူ အလုပ်ကြိုးစားကြတာပေါ့"

ဟု နှစ်သိမ့်လိုက်သည်။

"ဟုတ်ကဲ့"

ယွမ်ရိကလည်း ခေါင်းညိတ်လျက် ပြန်ပြောလိုက်တော့သည်။

နောက်တစ်နေ့တွင် အထက်က သူမ၏အလုပ်ထွက်စာကို တရားဝင်လက်ခံလိုက်၏။ဒါ့ကြောင့် ယွမ်ရိလည်း သူမ၏ပစ္စည်းများကို သိမ်းဆည်းလျက် အလုပ်ကနေ ထွက်လာခဲ့တော့သည်။

အလုပ်ကနေ နုတ်ထွက်လာခဲ့ပြီး အိမ်ပြန်ရောက်တာနဲ့ သူမ၏အထည်ဆိုင်ကို ဘယ်လိုတိုးချဲ့ရမလဲဆိုတာကို စဉ်းစားတွေးတောတော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး (Complete ✅)Where stories live. Discover now